ကချင် လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးအား အသရေဖျက်မှုဖြင့် တပ်မတော် တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။
တပ်မတော်အကြီးအကဲများအား ဂုဏ်သိက္ခာ ကျဆင်းစေအောင် ပြုလုပ်သည်ဟု စွပ်စွဲပြီး ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၀) အသရေဖျက်မှု ဖြင့် တပ်မတော်က တရားစွဲဆိုထားသည်။
တပ်မတော်က စွဲဆိုထားသည့် အဆိုပါအမှုကို ဖားကန့်မြို့နယ်တရားရုံးက လက်ခံခဲ့ပြီး ဇန္နဝါရီလ (၈) ရက်နေ့က ပထမရုံးချိန်းအနေဖြင့် စတင်စစ်ဆေးခဲ့သည်။
တရားစွဲ ခံရသူ ဦးခင်မောင်မြင့်(ခ)ဦးချို ၏ အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်း က “ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က ဖားကန့်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုတယ်။ ရာဇဝတ် ကြီး အမှတ် ၅၈၁၊ ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတာဖြစ်တယ်။ စွဲဆိုရတဲ့ အကြောင်းအရင်းက တပ်မတော်၏ ဂုဏ် သိက္ခာကျဆင်းအောင် ရေးသားပြောဆိုတဲ့အတွက် စွဲတင်ခြင်း ဖြစ်တယ်ပေါ့” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က အမှုဖွင့်ခဲ့ခြင်းဖြစ် သည်။
ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးချိန်း ဖြစ်ပြီး တရားလိုပြသက်သေများ စစ်နိုင်ရေး စတင်လုပ် ဆောင် သွားမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ဆက်ပြီး ရှင်းပြသည်။
“၁၈ ရက်နေ့ပေါ့၊ အဲ့နေ့ လာမယ့်ရုံးချိန်းမှာကတော့ တရားလိုပြသက်သေတွေ စစ်ဖို့အတွက် အချိန်ဇယားစွဲမှာ ပေါ့။ လာမယ့်ရုံးချိန်းမှာတော့ တရားလိုပြသက်သေတွေကို စစ်ဖို့အတွက် အချိန်ဇယားတွေကို ဆွဲမှာပေါ့၊ အဲ့နေ့ က အမှုကို စစ်မှာတော့ မဟုတ်ဘူး။ တရားစွဲဆိုခံရသူက ဦးခင်မောင်မြင့်ပေါ့။”
ဇန္နဝါရီလ ၈ ရက်နေ့ က ပထမရုံးချိန်းပြုလုပ်ခဲ့ပြီး အဆိုပါ ရုံးချိန်းတွင် တရားသူကြီးထံမှ အာမခံယူခဲ့သည်။
ဦခင်မောင်မြင့်(ခ) ဦးချို တရားစွဲဆိုခံရသည့်ကိစ္စမှာ ဖားကန့်မြို့နယ် ၊ ဟောင်းပါးကျေးရွာအုပ်စုတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖမ်းဆီးရမိခဲ့သည့် ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်၊ စက်ယန္တရားကြီးများ ဖမ်းဆီးခဲ့ရ သည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော် သမ္မတထံ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က တင်ပြခဲ့သည်။
ထိုသို့ နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့သည့် ဦးခင်မောင်မြင့်(ခ) ဦးချို၏ တင်ပြစာတွင် တပ်မတော်အကြီးအကဲများ၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေသည့် အသုံးအနှုန်းဝေါဟာရများ ပါရှိနေ ခြင်းကြောင်း၊ အဆိုပါ တင်ပြစာသည် တမင်ကြံလုပ်တင်ပြခဲ့မှုများ ရှိခဲ့သည်ဟု ဆိုကာ ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက ဖားကန့်မြို့နယ်တရားရုံးကို တိုင် ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုင်ကြားမှုအား ဖားကန့်မြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးအမှုအမှတ် ၅၈၁/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၅၀၀) ဖြင့် လက်ခံခဲ့သည်။
ဦးခင်မောင်မြင့်(ခ) ဦးချိုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီ၏ အမတ်တစ်ဦးဖြစ်ပြီး၊ လက်ရှိ တွင်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်ကာ ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲတွင်လည်း ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နေရာကနေ ထပ်မံ အနိုင်ရရှိထား သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
*** ZAWGYI ***
ကခ်င္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဉီးအား အသေရဖ်က္မႈျဖင့္ တပ္မေတာ္ တရားစြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၅ ရက္။
တပ္မေတာ္အႀကီးအကဲမ်ားအား ဂုဏ္သိကၡာ က်ဆင္းေစေအာင္ ျပဳလုပ္သည္ဟု စြပ္စြဲၿပီး ကခ်င္ျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ (၅၀၀) အသေရဖ်က္မႈ ျဖင့္ တပ္မေတာ္က တရားစြဲဆိုထားသည္။
တပ္မေတာ္က စြဲဆိုထားသည့္ အဆိုပါအမႈကို ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးက လက္ခံခဲ့ၿပီး ဇႏၷဝါရီလ (၈) ရက္ေန႔က ပထမ႐ုံးခ်ိန္းအေနျဖင့္ စတင္စစ္ေဆးခဲ့သည္။
တရားစြဲ ခံရသူ ဦးခင္ေမာင္ျမင့္(ခ)ဦးခ်ိဳ ၏ အမႈအားလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္း က “ဒုတိယဗိုလ္မႉးႀကီးသန္းထိုက္က ဖားကန႔္ၿမိဳ႕နယ္ တရား႐ုံးကို ဦးတိုက္ေလွ်ာက္ တရားစြဲဆိုတယ္။ ရာဇဝတ္ ႀကီး အမွတ္ ၅၈၁၊ ပုဒ္မ ၅၀၀ နဲ႔ တရားစြဲဆိုတာျဖစ္တယ္။ စြဲဆိုရတဲ့ အေၾကာင္းအရင္းက တပ္မေတာ္၏ ဂုဏ္ သိကၡာက်ဆင္းေအာင္ ေရးသားေျပာဆိုတဲ့အတြက္ စြဲတင္ျခင္း ျဖစ္တယ္ေပါ့” ဟု ေျပာသည္။
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၉) အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ျမင့္ (ခ) ဦးခ်ိဳအား ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ (မပခ) မွ ဒုတိယဗိုလ္မႉးႀကီး သန္းထိုက္ က အမႈဖြင့္ခဲ့ျခင္းျဖစ္ သည္။
ဇႏၷဝါရီလ ၁၈ ရက္ေန႔တြင္ ဒုတိယအႀကိမ္ ႐ုံးခ်ိန္း ျဖစ္ၿပီး တရားလိုျပသက္ေသမ်ား စစ္ႏိုင္ေရး စတင္လုပ္ ေဆာင္ သြားမည္ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္းက ဆက္ၿပီး ရွင္းျပသည္။
“၁၈ ရက္ေန႔ေပါ့၊ အဲ့ေန႔ လာမယ့္႐ုံးခ်ိန္းမွာကေတာ့ တရားလိုျပသက္ေသေတြ စစ္ဖို႔အတြက္ အခ်ိန္ဇယားစြဲမွာ ေပါ့။ လာမယ့္႐ုံးခ်ိန္းမွာေတာ့ တရားလိုျပသက္ေသေတြကို စစ္ဖို႔အတြက္ အခ်ိန္ဇယားေတြကို ဆြဲမွာေပါ့၊ အဲ့ေန႔ က အမႈကို စစ္မွာေတာ့ မဟုတ္ဘူး။ တရားစြဲဆိုခံရသူက ဦးခင္ေမာင္ျမင့္ေပါ့။”
ဇႏၷဝါရီလ ၈ ရက္ေန႔ က ပထမ႐ုံးခ်ိန္းျပဳလုပ္ခဲ့ၿပီး အဆိုပါ ႐ုံးခ်ိန္းတြင္ တရားသူႀကီးထံမွ အာမခံယူခဲ့သည္။
ဦခင္ေမာင္ျမင့္(ခ) ဦးခ်ိဳ တရားစြဲဆိုခံရသည့္ကိစၥမွာ ဖားကန႔္ၿမိဳ႕နယ္ ၊ ေဟာင္းပါးေက်း႐ြာအုပ္စုတြင္ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ အတြင္းက ဖမ္းဆီးရမိခဲ့သည့္ ဘက္ဖိုးယာဥ္၊ ေျမသယ္ယာဥ္၊ စက္ယႏၲရားႀကီးမ်ား ဖမ္းဆီးခဲ့ရ သည့္ ကိစၥႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္သမၼတ႐ုံးႏွင့္ ႏိုင္ငံေတာ္ သမၼတထံ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၃ ရက္ေန႔က တင္ျပခဲ့သည္။
ထိုသို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ၊ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ထံ ေပးပို႔တင္ျပခဲ့သည့္ ဦးခင္ေမာင္ျမင့္(ခ) ဦးခ်ိဳ၏ တင္ျပစာတြင္ တပ္မေတာ္အႀကီးအကဲမ်ား၏ ဂုဏ္သိကၡာ ညိဳးႏြမ္းေစသည့္ အသုံးအႏႈန္းေဝါဟာရမ်ား ပါရွိေန ျခင္းေၾကာင္း၊ အဆိုပါ တင္ျပစာသည္ တမင္ႀကံလုပ္တင္ျပခဲ့မႈမ်ား ရွိခဲ့သည္ဟု ဆိုကာ ဥပေဒအရ ထိေရာက္စြာ အေရးယူေပးရန္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္မွ တပ္မေတာ္အရာရွိတစ္ဦးက ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးကို တိုင္ ၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါတိုင္ၾကားမႈအား ဖားကန႔္ၿမိဳ႕နယ္တရား႐ုံးမွ ရာဇဝတ္ႀကီးအမႈအမွတ္ ၅၈၁/၂၀၂၀၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ (၅၀၀) ျဖင့္ လက္ခံခဲ့သည္။
ဦးခင္ေမာင္ျမင့္(ခ) ဦးခ်ိဳသည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ (NLD) ပါတီ၏ အမတ္တစ္ဦးျဖစ္ၿပီး၊ လက္ရွိ တြင္လည္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တာဝန္ ထမ္းေဆာင္ေန ဆဲျဖစ္ကာ ၂၀၂၀ အေထြေထြ ေ႐ြး ေကာက္ပြဲတြင္လည္း ဖားကန႔္ၿမိဳ႕နယ္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာကေန ထပ္မံ အႏိုင္ရရွိထား သည့္ ကိုယ္စားလွယ္တစ္ဦး ျဖစ္သည္။