မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းမှု ပိုများလာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၅ ရက်။

လွန်ခဲ့သည့် နှစ်အတွင်း မွန်ပြည်နယ်တွင် ဖြစ်ပွားသည့် မုဒိန်းမှုများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် သက်ငယ် မုဒိန်းမှု များဖြစ်သည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူး (ဦးစီး) ထွန်းထွန်း က ပြောသည်။

မွန်ပြည်နယ်အတွင်း သက်ငယ်မုဒိန်းဖြစ်ပွားမှု များလာသည့်အခြေအနေရှိပြီး ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု အများစုသည်လည်း အသက်မပြည့်ကြသူ အချင်းချင်း ကျူးလွန်မှုဖြစ်စဉ်က များသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ တာ ဝန်ရှိသူက ပြောသည်။

“မုဒိန်းမှုမှာတော့ ပုံမှန်က ၂၀ ရာခိုင်နှုန်းပဲရှိတာပေါ့ အမှု ၁၀၀ ဖြစ်လို့ရှိရင် ၂၀ လောက်ကတော့ ပုံမှန်ပေါ့ သူ့ ဟာသူ အဓမ္မပြုကျင့်တာပေါ့။ အရွယ်ရောက်ပြီးသားပေါ့ ၈၀ ရာခိုင်နှုန်းလောက်က အရွယ်မရောက်ပေါ့။ အရွယ်မရောက်ဆိုတဲ့နေရာမှာလဲ အသက်ကြီးတဲ့ လူကနေပြီးတော့ ခလေးကို ပြုမူလိုက်တဲ့အမှုမျိုး မဟုတ် ပါဘူး” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။

ယခုစာရင်းသည် ၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမှုများကို ဆိုလိုသည်။ အသက်မပြည့်ကြသူအချင်းချင်း ကြား ဖြစ်ပွားခဲ့သည့် ကျူးလွန်မှုများအပြင် အသက်ပြည့်သည့် လူကြီးများမှ အသက်မပြည့် ကလေးများအပေါ် ကျူးလွန်သည့် အမှုများလည်း ရှိသည်ဟု ရဲမှူး (ဦးစီး) ထွန်းထွန်းက ဆက်ပြောသည်။

“များသောအားဖြင့်တော့ ၁၈ နှစ်မပြည့်သေးတဲ့ သမီးရည်းစားစုံတွဲတွေ အချစ်နယ်ကျွန်ရာကနေ မိသားစု ပါ လာတာ။ လူမှုရေးကိစ္စတွေ ရှင်းမရတဲ့အဆုံးမှာ ရဲစခန်းမှာ လာအမှုဖွင့်ရင်းနဲ့ မုဒိန်းမှုတွေ ဖြစ်တာများပါတယ်။ အသက်မပြည့်တဲ့ခလေးကို အသက်ကြီးတဲ့လူက ပြစ်မှုကျူးလွန်တယ်ဘာညာကတော့ ရှိတော့ ရှိပါတယ် နည်း တယ်။”

သက်ငယ်မုဒိန်းကျူးလွန်သူတို့သည် မိသားစုဝင်များနှင့် ဆွေမျိုးတော်စပ်သူတို့က အများစု ဖြစ်နေသည်ဟု မွန် ပြည်နယ်အတွင်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားလုပ်ကိုင်နေကြသည့် အဖွဲ့အစည်းတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သက်ငယ်မုဒိန်းဖြစ်ပွားမှု များပြားလာကြောင်း အထူးသဖြင့် ကိုဗစ်ကူးစက်ရောဂါဖြစ် ပွားနေ သည့်ကာလတွင် သက်ငယ်မုဒိန်းကျူးလွန်မှု ပိုပြီးဆိုးလာသည်ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့က တာဝန်ရှိသူက ပြောသည်။

“သက်ငယ်မုဒိန်းက ပိုဆိုးလာတယ်၊ ဘာကြောင့်ပိုဆိုးလာလဲဆိုတော့ စိတ်ထွက်ပေါက် မရှိကြတော့တာ ကျမတို့ ဆီကိုတက်လာတဲ့ (သက်ငယ်မုဒိန်းဖြစ်စဉ်တွေ) ကိုကြည့်ရင် မိသားစုဝင်တွေ၊ နောက် အချင်းချင်းထဲက ပတ် ဝန်းကျင်ထဲကပဲ ကျူးလွန်ကြတယ်၊ ဒီ ကိုဗစ်ကာလထဲမှာ သက်ငယ်မုဒိန်းတွေက ပိုများလာပါတယ်” ဟု မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ရှေ့ဆောင်အဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းထွေး က ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိန်းမှု ၉၆ မှုဖြစ်ပွားခဲ့ပြီး ၎င်းထဲတွင် သက်ငယ်မုဒိန်းမှု ၆၇ မှု ဖြစ်ပွားခဲ့ သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ရှိ စာရင်းအရ သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္အတြင္း သက္ငယ္မုဒိန္းမႈ ပိုမ်ားလာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၅ ရက္။

လြန္ခဲ့သည့္ ႏွစ္အတြင္း မြန္ျပည္နယ္တြင္ ျဖစ္ပြားသည့္ မုဒိန္းမႈမ်ားအနက္ ၈၀ ရာခိုင္ႏႈန္းခန႔္သည္ သက္ငယ္ မုဒိန္းမႈ မ်ားျဖစ္သည္ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕ ရဲမႉး (ဦးစီး) ထြန္းထြန္း က ေျပာသည္။

မြန္ျပည္နယ္အတြင္း သက္ငယ္မုဒိန္းျဖစ္ပြားမႈ မ်ားလာသည့္အေျခအေနရွိၿပီး ျဖစ္ပြားခဲ့သည့္ သက္ငယ္မုဒိန္းမႈ အမ်ားစုသည္လည္း အသက္မျပည့္ၾကသူ အခ်င္းခ်င္း က်ဴးလြန္မႈျဖစ္စဥ္က မ်ားသည္ဟု ျပည္နယ္ရဲတပ္ဖြဲ႕ တာ ဝန္ရွိသူက ေျပာသည္။

“မုဒိန္းမႈမွာေတာ့ ပုံမွန္က ၂၀ ရာခိုင္ႏႈန္းပဲရွိတာေပါ့ အမႈ ၁၀၀ ျဖစ္လို႔ရွိရင္ ၂၀ ေလာက္ကေတာ့ ပုံမွန္ေပါ့ သူ႔ ဟာသူ အဓမၼျပဳက်င့္တာေပါ့။ အ႐ြယ္ေရာက္ၿပီးသားေပါ့ ၈၀ ရာခိုင္ႏႈန္းေလာက္က အ႐ြယ္မေရာက္ေပါ့။ အ႐ြယ္မေရာက္ဆိုတဲ့ေနရာမွာလဲ အသက္ႀကီးတဲ့ လူကေနၿပီးေတာ့ ခေလးကို ျပဳမူလိုက္တဲ့အမႈမ်ိဳး မဟုတ္ ပါဘူး” ဟု မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲမႉး (ဦးစီး) ထြန္းထြန္းက ေျပာသည္။

ယခုစာရင္းသည္ ၂၀၂၀ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ အမႈမ်ားကို ဆိုလိုသည္။ အသက္မျပည့္ၾကသူအခ်င္းခ်င္း ၾကား ျဖစ္ပြားခဲ့သည့္ က်ဴးလြန္မႈမ်ားအျပင္ အသက္ျပည့္သည့္ လူႀကီးမ်ားမွ အသက္မျပည့္ ကေလးမ်ားအေပၚ က်ဴးလြန္သည့္ အမႈမ်ားလည္း ရွိသည္ဟု ရဲမႉး (ဦးစီး) ထြန္းထြန္းက ဆက္ေျပာသည္။

“မ်ားေသာအားျဖင့္ေတာ့ ၁၈ ႏွစ္မျပည့္ေသးတဲ့ သမီးရည္းစားစုံတြဲေတြ အခ်စ္နယ္ကြၽန္ရာကေန မိသားစု ပါ လာတာ။ လူမႈေရးကိစၥေတြ ရွင္းမရတဲ့အဆုံးမွာ ရဲစခန္းမွာ လာအမႈဖြင့္ရင္းနဲ႔ မုဒိန္းမႈေတြ ျဖစ္တာမ်ားပါတယ္။ အသက္မျပည့္တဲ့ခေလးကို အသက္ႀကီးတဲ့လူက ျပစ္မႈက်ဴးလြန္တယ္ဘာညာကေတာ့ ရွိေတာ့ ရွိပါတယ္ နည္း တယ္။”

သက္ငယ္မုဒိန္းက်ဴးလြန္သူတို႔သည္ မိသားစုဝင္မ်ားႏွင့္ ေဆြမ်ိဳးေတာ္စပ္သူတို႔က အမ်ားစု ျဖစ္ေနသည္ဟု မြန္ ျပည္နယ္အတြင္း ကေလးသူငယ္အခြင့္အေရးဆိုင္ရာ လႈပ္ရွားလုပ္ကိုင္ေနၾကသည့္ အဖြဲ႕အစည္းတို႔ထံမွ သိရသည္။

မြန္ျပည္နယ္တြင္ သက္ငယ္မုဒိန္းျဖစ္ပြားမႈ မ်ားျပားလာေၾကာင္း အထူးသျဖင့္ ကိုဗစ္ကူးစက္ေရာဂါျဖစ္ ပြားေန သည့္ကာလတြင္ သက္ငယ္မုဒိန္းက်ဴးလြန္မႈ ပိုၿပီးဆိုးလာသည္ဟု မြန္ျပည္နယ္လုံးဆိုင္ရာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား စြမ္းေဆာင္ရည္ျမႇင့္တင္ေရး ေရွ႕ေဆာင္အဖြဲ႕က တာဝန္ရွိသူက ေျပာသည္။

“သက္ငယ္မုဒိန္းက ပိုဆိုးလာတယ္၊ ဘာေၾကာင့္ပိုဆိုးလာလဲဆိုေတာ့ စိတ္ထြက္ေပါက္ မရွိၾကေတာ့တာ က်မတို႔ ဆီကိုတက္လာတဲ့ (သက္ငယ္မုဒိန္းျဖစ္စဥ္ေတြ) ကိုၾကည့္ရင္ မိသားစုဝင္ေတြ၊ ေနာက္ အခ်င္းခ်င္းထဲက ပတ္ ဝန္းက်င္ထဲကပဲ က်ဴးလြန္ၾကတယ္၊ ဒီ ကိုဗစ္ကာလထဲမွာ သက္ငယ္မုဒိန္းေတြက ပိုမ်ားလာပါတယ္” ဟု မြန္ျပည္နယ္လုံးဆိုင္ရာ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား စြမ္းေဆာင္ရည္ျမႇင့္တင္ေရး ေရွ႕ေဆာင္အဖြဲ႕ ဥကၠဌ ေဒၚခင္သန္းေထြး က ေျပာသည္။

၂၀၂၀ ခုႏွစ္အတြင္း မြန္ျပည္နယ္တြင္ မုဒိန္းမႈ ၉၆ မႈျဖစ္ပြားခဲ့ၿပီး ၎ထဲတြင္ သက္ငယ္မုဒိန္းမႈ ၆၇ မႈ ျဖစ္ပြားခဲ့ သည္ဟု ျပည္နယ္ရဲတပ္ဖြဲ႕ရွိ စာရင္းအရ သိရသည္။