မွန်လွှတ်တော် ဖေဖော်ဝါရီ ၉ တွင် စတင်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဟု လွှတ်တော်က ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်လွှတ်တော်သစ်ကို အဆင်ပြေချောမွေ့စွာနှင့် စတင်လည်ပတ်သွားနိုင်ရန် လက်ရှိလွှတ်တော်က မဟာဗျူဟာစီမံကိန်း ရေးဆွဲပြီး ဆောင်ရွက်ထားသည်ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ က ပြောသည်။
“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ သက်တမ်းစစမှာ ချောမွေ့စွာ အဆင်ပြေစွာ လွှဲပြောင်းပေးဖို့ ဆောင်ရွက်ထားပြီးသားဖြစ်ပါတယ်။ အဲလိုဆောင်ရွက်ထားတဲ့နေရာမှာ မွန်ပြည်နယ် ဒုတိယအကြိမ် လွှတ် တော်မှာကတည်းက မဟာဗျူဟာစီမံကိန်း ရေးဆွဲထားပါတယ် ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဆိုတော့ကာ ၂၀၂၁ မှာ တက်မယ့် လွှတ်တော်ဥက္ကဌ လွှတ်တော်သည် ရေးဆွဲထားသော မဟာဗျူဟာစီမံကိန်းအရ ၂၀၂၂ ဆို တော့ ဒီဗျူဟာကို ကြည့်ချင်းအားဖြင့် သက်တမ်းတစ်နှစ်လောက် ဆက်လက်လုပ်နိုင်တာပေါ့ နောက်ပြီးတော့ ချောမွေ့မှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ဒုတိယအကြိမ် လွှတ်တော်ဥက္ကဌက တာဝန်ယူ လုပ်ဆောင်ပေးရမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးပထမနေ့တွင် ပေါ်ထွက်လာသည့် လွှတ်တော် ဥက္ကဌ ထံ လွှတ်တော်လုပ်ငန်းဆိုင်ရာများကို လွှဲပြောင်းပေးသွားမည်ဟု လက်ရှိလွှတ်တော်ဥက္ကဌက ပြောသည်။
“ဒုတိယအကြိမ် လွှတ်တော်ဥက္ကဌက အားလုံး တာဝန်ယူလုပ်ပေးရတယ် အဲဒီပထမနေ့မှာပဲ သဘာပတိရွေးမယ် ဥက္ကဌ ပေါ်မယ် ဒုဥက္ကဌပေါ်မယ် အဲဒီဖြစ်ပေါ်လာတဲ့ ဥက္ကဌကို အန်တီတို့က လွှဲပေးမယ်”
၎င်းအပြင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းက ဖွဲ့စည်းထားခဲ့သည့် လွှတ်တော် ရေးရာကော်မ တီ ၈ ခုတို့၏ ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ အစီရင်ခံစာများကိုလည်း တတိယအကြိမ် လွှတ် တော်သို့ လွှဲပြောင်းပေးနိုင်ရန်ကိုလည်း ဆောင်ရွက်ထားပြီးဖြစ်သည်ဟု လွှတ်တော် ဥက္ကဌက ဆက်ပြောသည်။
မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မွန်ညီညွတ်ရေးပါတီ (MUP)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ (NLD) တို့ကသာ အနိုင်ရရှိထားခဲ့သည်။
ထို့ကြောင့် လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပါဝင်ကြမည့် ကိုယ်စားလှယ်များသည် အမျိုး သားဒီမိုကရေးအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားပြု ကိုယ်စားလှယ် ၁၇ ဦး မွန်ညီညွတ်ရေးပါတီ(MUP) ကိုယ် စားပြု ကိုယ်စားလှယ် ၆ နှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ ဖြစ်ကြသည်။
*** ZAWGYI ***
မြန္လႊတ္ေတာ္ ေဖေဖာ္ဝါရီ ၉ တြင္ စတင္မည္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၉ ရက္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ကို ၂၀၂၁ ခုနစ္ ေဖေဖာ္ဝါရီ ၉ ရက္ေန႔တြင္ စတင္က်င္းပသြားမည္ဟု လႊတ္ေတာ္က ဇန္နဝါရီလ ၁၈ ရက္ေန႔က ထုတ္ျပန္ထားသည္။
မြန္ျပည္နယ္လႊတ္ေတာ္သစ္ကို အဆင္ေျပေခ်ာေမြ႕စြာႏွင့္ စတင္လည္ပတ္သြားႏိုင္ရန္ လက္ရွိလႊတ္ေတာ္က မဟာဗ်ဴဟာစီမံကိန္း ေရးဆြဲၿပီး ေဆာင္႐ြက္ထားသည္ဟု မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ က ေျပာသည္။
“တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ရဲ႕ သက္တမ္းစစမွာ ေခ်ာေမြ႕စြာ အဆင္ေျပစြာ လႊဲေျပာင္းေပးဖို႔ ေဆာင္႐ြက္ထားၿပီးသားျဖစ္ပါတယ္။ အဲလိုေဆာင္႐ြက္ထားတဲ့ေနရာမွာ မြန္ျပည္နယ္ ဒုတိယအႀကိမ္ လႊတ္ ေတာ္မွာကတည္းက မဟာဗ်ဴဟာစီမံကိန္း ေရးဆြဲထားပါတယ္ ၂၀၁၇ ခုႏွစ္ကေန ၂၀၂၂ ခုႏွစ္အထိ ဆိုေတာ့ကာ ၂၀၂၁ မွာ တက္မယ့္ လႊတ္ေတာ္ဥကၠဌ လႊတ္ေတာ္သည္ ေရးဆြဲထားေသာ မဟာဗ်ဴဟာစီမံကိန္းအရ ၂၀၂၂ ဆို ေတာ့ ဒီဗ်ဴဟာကို ၾကည့္ခ်င္းအားျဖင့္ သက္တမ္းတစ္ႏွစ္ေလာက္ ဆက္လက္လုပ္ႏိုင္တာေပါ့ ေနာက္ၿပီးေတာ့ ေခ်ာေမြ႕မွာျဖစ္ပါတယ္” ဟု မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠဌ ေဒၚတင္အိက ေျပာသည္။
တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္ ပထမအႀကိမ္အစည္းအေဝးကို ဒုတိယအႀကိမ္ လႊတ္ေတာ္ဥကၠဌက တာဝန္ယူ လုပ္ေဆာင္ေပးရမည္ျဖစ္ၿပီး အဆိုပါအစည္းအေဝးပထမေန႔တြင္ ေပၚထြက္လာသည့္ လႊတ္ေတာ္ ဥကၠဌ ထံ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာမ်ားကို လႊဲေျပာင္းေပးသြားမည္ဟု လက္ရွိလႊတ္ေတာ္ဥကၠဌက ေျပာသည္။
“ဒုတိယအႀကိမ္ လႊတ္ေတာ္ဥကၠဌက အားလုံး တာဝန္ယူလုပ္ေပးရတယ္ အဲဒီပထမေန႔မွာပဲ သဘာပတိေ႐ြးမယ္ ဥကၠဌ ေပၚမယ္ ဒုဥကၠဌေပၚမယ္ အဲဒီျဖစ္ေပၚလာတဲ့ ဥကၠဌကို အန္တီတို႔က လႊဲေပးမယ္”
၎အျပင္ ဒုတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္သက္တမ္းက ဖြဲ႕စည္းထားခဲ့သည့္ လႊတ္ေတာ္ ေရးရာေကာ္မ တီ ၈ ခုတို႔၏ ၅ ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္မ်ား အစီရင္ခံစာမ်ားကိုလည္း တတိယအႀကိမ္ လႊတ္ ေတာ္သို႔ လႊဲေျပာင္းေပးႏိုင္ရန္ကိုလည္း ေဆာင္႐ြက္ထားၿပီးျဖစ္သည္ဟု လႊတ္ေတာ္ ဥကၠဌက ဆက္ေျပာသည္။
မြန္ျပည္နယ္လႊတ္ေတာ္ကို ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ၂၃ ဦးႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္ ၈ ဦး စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၃၁ ဦးတို႔ျဖင့္ ဖြဲ႕စည္းထားသည္။
မြန္ျပည္နယ္တြင္ ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲအတြင္း မြန္ညီၫြတ္ေရးပါတီ (MUP)ႏွင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ ပါတီ (NLD) တို႔ကသာ အႏိုင္ရရွိထားခဲ့သည္။
ထို႔ေၾကာင့္ လာမည့္ တတိယအႀကိမ္ မြန္ျပည္နယ္လႊတ္ေတာ္တြင္ ပါဝင္ၾကမည့္ ကိုယ္စားလွယ္မ်ားသည္ အမ်ိဳး သားဒီမိုကေရးအဖြဲ႕ခ်ဳပ္ (NLD) ပါတီမွ ကိုယ္စားျပဳ ကိုယ္စားလွယ္ ၁၇ ဦး မြန္ညီၫြတ္ေရးပါတီ(MUP) ကိုယ္ စားျပဳ ကိုယ္စားလွယ္ ၆ ႏွင့္ တပ္မေတာ္သားကိုယ္စားလွယ္ ၈ ဦးတို႔ ျဖစ္ၾကသည္။