ကောင်းခါး ဆရာမ နှစ်ဦးအမှု အမှုမှန်ပေါ်ရေး ဆက်လက်တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စာပေသာသနာ၏ ပညာဒါန စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ် သက်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် တပ်မတော်နှင့် အစိုးရတို့အနေဖြင့် တာဝန်ယူကာ ဆောင်ရွက်ပေးရန် ကချင် အရပ်ဘက်အဖွဲ့အစည်း ၃၉ ဖွဲ့ က တောင်းဆိုလိုက်သည်။
ဇန္နဝါရီလ ၁၉ ရက်နေ့ (ယနေ့) တွင်ကျရောက်သည့် စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အသတ်ခံရသည့်နေ့ ၆ နှစ် ပြည့်တွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့ ဆရာမနှစ်ယောက်နဲ့ ပတ်သက်ပြီးမှ အမှုမှန် ပေါ်ပေါက်ရေး၊ ပြီးတော့ တရားမျှတမှုရရှိရေး ရရှိရေးကို ကျမတို့ လိုချင်တယ်။ အဲ့ဒီ လိုတောင်းဆိုတဲ့အခါမှာ ကျမတို့ ဘယ်သူတွေကို တောင်းဆိုသလဲ ပထမဦးဆုံးတော့ တပ်မတော်သားတွေ အဲ့ဒီ ဘေးပတ်ဝန်းကျင်မှာ ရှိ တဲ့အတွက်ကြောင့်မို့လို့ တပ်မတော်အနေနဲ့လည်း အမှုမှန် ပေါ်ပေါက်ဖို့ရန်အတွက် ပံ့ပိုး ပေးပါလို့ ကျမတို့ တောင်းဆိုချင်တယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ရဲ့ လုံခြုံရေးကို ပေးတဲ့တပ်ဖွဲ့ ကြီး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပေါ့နော်၊ ကူညီပေးပါလို့ တောင်းဆိုချင်တယ်။ နောက်တစ်ခု ကတော့ လက်ရှိအစိုးရကနေ ပြီးမှ တရားဥပဒေ စိုးမိုးရေးကို ခိုင်ခိုင်မာမာ ဖြောင့်ဖြောင့်မှန် မှန်နဲ့လုပ်ဖို့ ဦးဆောင် လာဖို့ရန်အတွက် လက်ရှိ အစိုးရကိုလည်း အမှု မှန်ပေါ် ပေါက်ဖို့ရန်အတွက် တောင်းဆိုချင်တယ်” ဟု Htoi Gender and Development Foundation အဖွဲ့မှ ဒါရိုက်တာ ဒေါ်နန်ပူ က ပြောသည်။
ထို့အပြင် အမှုမှန်ပေါ်ပေါက်ရေး ဦးဆောင်နေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်ရေး လုပ်ငန်းစဉ်များကို ရပ်တန့်မသွားစေပဲ တရားမျှမှုနှင့် အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရေး ဆက်လက်ဦးဆောင်ကာ လုပ်ပေးစေလိုသည်ဟု ဒေါ်နန်ပူ က ဆက် ပြောသည်။
“နောက်တစ်ခုတော့ ဒီအမှုမှန်ပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးဆိုပြီးတော့ လုပ်ဆောင်တဲ့ KBC မှာ ကော်မ တီဖွဲ့ ထားတယ်။ အဲ့ဒီကော်မတီအနေနဲ့ ဆက်ပြီးလုပ်ဆောင်မှုတွေ မရှိပဲ ရပ်တန့်နေတဲ့ နေတာကို ကျမတို့ ကြား သိရတဲ့အခါကြတော့ အဲ့ဒီကော်မတီမှာလည်း ကချင်ရှေ့နေကြီးတွေ အများကြီးပါဝင်တယ်၊ ဆိုတော့ အဲ့ဒီကော် မတီ ကလည်း ဆက်ပြီးတော့မှ အမှုမှန်ပေါ်အောင် လုပ်ဆောင်ပေးဖို့ရန်အတွက်၊ ဘာလို့လဲဆိုရင် ကျမတို့ CSO တွေ က ကိုင်တွယ်ခွင့်မရဘူးပေါ့နော်။ ကျမတို့ကိုလည်း ပါဝင်ခွင့်မပေးတဲ့အခါကြတော့ သူတို့ဆီမှာလည်း အထောက် အထားတွေရှိမယ်။ သူတို့ကနေ KBC ကနေ တဆင့် ဆရာမသွားလုပ်တာဖြစ်တဲ့အတွက် ရဲစစ်ချက် တွေ အကုန် လုံးရှိလိမ့်မယ်ပေါ့နော်။ KBC အမှုမှန်ပေါ်ပေါက်ရေး ကော်မတီကိုလည်း တောင်းဆိုချင်တယ်။”
အမှုမှန်ပေါ်ပေါက်ရေးအတွက် လက်ရှိတွင် ကြုံနေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍လည်း ကချင်အမျိုးသမီး များအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မဆန်ထွယ် က “အဓိကတော့ စုံစမ်းစစ်ဆေး တဲ့အခါ လွတ်လွတ်လပ်လပ်မရှိတာလည်း တစ်ခုပေါ့နော်။ ပြီးလို့ရှိရင် ကျမတို့ရဲ့ အစိုးရပေါ့နော် ကျမတို့ရဲ့ အာ ဏာပြန်လွဲယူရမယ့် အစိုးရကလည်း NLD ပဲ ဒီဟာကို စွမ်းစွမ်းတမံ လုပ်ဆောင်တဲ့ အပိုင်းက အားနည်းတယ် ပေါ့နော်။ ပြီးတော့ တစ်ခါမှလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးမှ ဖြေရှင်းမယ်လို့ ပြောတာတို့ မရှိခဲ့ဘူး။ အမှန်တရား ရှာဖွေရေးလို့ပြောတဲ့အချိန်မှာ ဒီအရေးကို ကချင်တွေကပဲ ပြောနေရတဲ့ အခြေအနေမျိုး ရှိတယ်။ ကချင် တောင်မှ လူထုပဲ ဖြစ်နေတယ်။ တကယ်အာဏာရှိတဲ့ အဖွဲ့အစည်းတွေ၊ တကယ်လုပ်နိုင်စွမ်းရှိတဲ့ လူတွေက ဒါကို မပြောဘူး။ လုပ်ဆောင်ဖို့အတွက်လည်း တွန်းအားမပေးဘူး” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ပေးခြင်းကင်းလွတ်နေမှုများကို အဆုံးသတ်နိုင်ရေး နိုင်ငံတကာ၏ ဖိအားများ အရေးတကြီးလိုအပ်နေသလို အမှန်တရားဖော်ထုတ်ရေးကို အဟန့်အတား ဖြစ်စေ သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် အလိုအပ်သည်ဟု မဆန်ထွက် က ဆက်ပြောသည်။
“ပြီးလို့ရှိရင် နောက်တစ်ခုက နိုင်ငံ တကာအဖွဲ့အစည်းတွေကိုလည်း ဝင်ခွင့်မပြုဘူး။ ဒါမျိုးတွေက အမှန်တရား ရှာဖွေမှုမှာ အဟန့်အတားတွေ အများကြီးဖြစ်တယ်။ သူတို့ရဲ့ ပါဝင်လုပ်ဆောင်တဲ့ အခန်းကဏ္ဍမရှိတာ ကျမတို့ အတွက်က အမှုမှန်ပေါ်ပေါက်ဖို့အတွက် အများကြီးအခက်အခဲဖြစ်တယ်ပေါ့နော်။ ပြီးလို့ရှိရင် စစ်တပ်က power over ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက သူတို့ကို အခွင့်ထူးခံလူတန်းစားတစ်ရပ်လို ပေးထားတော့ အဲ့မှာကျော်ပြီး တော့ ကျမတို့ လုပ်လို့မရတဲ့ အခြေအနေတွေ အဓိက အဟန့်အတားဖြစ်တယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက ဒီအမှန် တရားဖော်ထုတ်ဖို့ အဟန့်အတားဖြစ်တယ်ဆိုတဲ့ဟာကို ထည့်ထားတာဖြစ်တယ်။”
မြစ်ကြီးနားမြို့၊ နန်နောင်းကျေးရွာ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ပြုလုပ်သည့် ၆ နှစ်ပြည့်အထိမ်းအမှတ် ဝတ်ပြုခြင်းအစီအစဉ်တွင် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန် က “ဆရာမ နှစ်ဦးရဲ့ အရေးဟာ ကချင်အရေး တစ်ခုတည်း မဟုတ်ပါဘူး။ KBC ရဲ့ အရေးတစ်ခုတည်းလည်း မဟုတ်ပါဘူး။ ကျနော် တို့ လူသားအရေးဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာ့အရေး၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကမ္ဘာမှာရှိတဲ့ လူသား တိုင်းရဲ့ အရေးဖြစ်ပါတယ်။ တကယ်တမ်းဆို အခု ခြောက်နှစ်ရှိပါပြီ။ သတင်းတွေကလည်း မြန်မာ့သတင်းတွေ ကအစ၊ ကမ္ဘာ့သတင်းတွေ အားလုံးက တရားခံပေါ်ပြီလားလို့ အားလုံးက မေးပါတယ်။ ကျနော်တို့ ဖြေဖို့ အဖြေမရှိခဲ့ ပါဘူး” ဟု ပြောသည်။
“ဆိုတော့ ဒီလိုအဖြေမဖော်ထုတ်နိုင်တာဟာဆိုရင် ကျနော်တို့ ခေါင်းဆောင်တဲ့လူတွေ ဦးဆောင်မှုပိုင်း ညံ့တယ် ဆိုရင်လည်း ကျနော်တို့ ခံရမှာပါ။ ကျနော်တို့ မတတ်နိုင်တော့ပါဘူး။ ဒါပေမယ့် အမှန်တရားဆိုတာဟာ ရပ်တန့် မသွားပါဘူး။ ဆက်ပြီးမှ ရှင်သန်သွားမှာဖြစ်ပါတယ်။ ကျနော်တို့လုပ်နိုင်တာကတော့ ဒီနေ့ ဇန္နဝါရီ ၁၉ ရက်နေ့ ရောက်တိုင်း ဒီ ဆရာမနှစ်ဦးရဲ့ သတိရအောက်မေ့ ဆုတောင်းအစည်းအဝေးနဲ့ ဒီအမှန်တရားဟာ ဆက်လက် ရှင် သန်နေမယ် ဆို တာကိုပဲ ကျနော်တို့ လုပ်လို့ရပါတယ်။ ဒါပေမယ့် တဖက်ကလည်း အမှုမှန်ပေါ်ပေါက်ရေး အတွက် ကြိုးစားတဲ့ လုပ်ငန်းတွေလည်း ဆက်လက်ကျနော်တို့ လုပ်ဆောင်ပါတယ်။”
အမှုနှင့် ပတ်သက်၍ မည်ကဲ့သို့လုပ်ဆောင်သွားမည်ကို တိတိကျကျ မပြောနိုင်သေးသော်လည်း အမှုမှန်ပေါ် ပေါက်ရေးကော်မတီ အနေဖြင့် အမှုမှန်ပေါ်အောင် ဆက်လက်ကြိုးစားသွားမည်ဟု KBC ဥက္ကဋ္ဌ က ပြောသည်။
ထို့အပြင် အရပ်ဘက်အဖွဲ့စည်း အသီးသီးမှလည်း အမှုမှန်ပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ သံရုံးများသည်လည်း အမှုမှန်ပေါ် ပေါက်ရေး လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်အား ဆက်လက်တွန်းအားပေးရန် လို သည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်း ၄၁ ဖွဲ့တို့က သဘောထားထုတ်ပြန်ကာ တောင်းဆိုထားသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦးဖြစ်ကြသည့် ဆရာမ မရန်လုရာ (အသက် ၂၀) နှစ် နှင့် ဆရာမ မတန်ဘောင်ခေါန်နန်စင် (အသက် ၂၁) နှစ်တို့သည် ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ကောင်းခါးကျေးရွာတွင် ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့က မုဒိမ်းပြုကျင့်ကာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။
ကောင်းခါးကျေးရွာ ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်အတွင်း ၎င်းတို့၏ ခန္ဓာကိုယ်တွင် ဓါးဒဏ်ရာများ၊ ဦး ခေါင်းတွင်လည်း အပြင်းအထန် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ၊ မုဒိမ်းကျင့်ခံထားရပြီး အဝတ်ဗလာဖြင့် သေ ဆုံးခဲ့ရခြင်းဖြစ်သည်။
အမှုမှန်ပေါ်ပေါက်ရေး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC မှ ဦးဆောင်ကာ လုပ်ဆောင်လျှက်ရှိသော်လည်း ယနေ့အချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးသည့်အတွက် နစ်နာသူများအတွက် တရားမျှတမှု ဆုံးရှုံးနေဆဲ ဖြစ်သည်ဟု ကချင်အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး၏ အမှုနှင့်ပတ်သက်၍ မိသားစုဝင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့များ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကချင်ပြည်သူများက နှစ်စဉ် အောက်မေ့ သတိရဆုတောင်းပွဲ အခမ်းအနားများပြုလုပ်ပြီး အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့သည်မှာ ယနေ့နှင့်ဆိုပါက ၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
*** ZAWGYI ***
ေကာင္းခါး ဆရာမ ႏွစ္ဦးအမႈ အမႈမွန္ေပၚေရး ဆက္လက္ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၁၉ ရက္။
ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) စာေပသာသနာ၏ ပညာဒါန ေစတနာ့ဝန္ထမ္း ဆရာမႏွစ္ဦး မုဒိမ္းက်င့္ သတ္ျဖတ္ခံရမႈႏွင့္ ပတ္ သက္၍ အမႈမွန္ေပၚေပါက္ေရးအတြက္ တပ္မေတာ္ႏွင့္ အစိုးရတို႔အေနျဖင့္ တာဝန္ယူကာ ေဆာင္႐ြက္ေပးရန္ ကခ်င္ အရပ္ဘက္အဖြဲ႕အစည္း ၃၉ ဖြဲ႕ က ေတာင္းဆိုလိုက္သည္။
ဇႏၷဝါရီလ ၁၉ ရက္ေန႔ (ယေန႔) တြင္က်ေရာက္သည့္ ေစတနာ့ဝန္ထမ္း ဆရာမႏွစ္ဦး အသတ္ခံရသည့္ေန႔ ၆ ႏွစ္ ျပည့္တြင္ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။
“က်မတို႔ ဆရာမႏွစ္ေယာက္နဲ႔ ပတ္သက္ၿပီးမွ အမႈမွန္ ေပၚေပါက္ေရး၊ ၿပီးေတာ့ တရားမွ်တမႈရရွိေရး ရရွိေရးကို က်မတို႔ လိုခ်င္တယ္။ အဲ့ဒီ လိုေတာင္းဆိုတဲ့အခါမွာ က်မတို႔ ဘယ္သူေတြကို ေတာင္းဆိုသလဲ ပထမဦးဆုံးေတာ့ တပ္မေတာ္သားေတြ အဲ့ဒီ ေဘးပတ္ဝန္းက်င္မွာ ရွိ တဲ့အတြက္ေၾကာင့္မို႔လို႔ တပ္မေတာ္အေနနဲ႔လည္း အမႈမွန္ ေပၚေပါက္ဖို႔ရန္အတြက္ ပံ့ပိုး ေပးပါလို႔ က်မတို႔ ေတာင္းဆိုခ်င္တယ္။ ဘာပဲျဖစ္ျဖစ္ ႏိုင္ငံေတာ္ရဲ႕ လုံၿခဳံေရးကို ေပးတဲ့တပ္ဖြဲ႕ ႀကီး ျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ ေပါ့ေနာ္၊ ကူညီေပးပါလို႔ ေတာင္းဆိုခ်င္တယ္။ ေနာက္တစ္ခု ကေတာ့ လက္ရွိအစိုးရကေန ၿပီးမွ တရားဥပေဒ စိုးမိုးေရးကို ခိုင္ခိုင္မာမာ ေျဖာင့္ေျဖာင့္မွန္ မွန္နဲ႔လုပ္ဖို႔ ဦးေဆာင္ လာဖို႔ရန္အတြက္ လက္ရွိ အစိုးရကိုလည္း အမႈ မွန္ေပၚ ေပါက္ဖို႔ရန္အတြက္ ေတာင္းဆိုခ်င္တယ္” ဟု Htoi Gender and Development Foundation အဖြဲ႕မွ ဒါ႐ိုက္တာ ေဒၚနန္ပူ က ေျပာသည္။
ထို႔အျပင္ အမႈမွန္ေပၚေပါက္ေရး ဦးေဆာင္ေနသည့္ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) အေနျဖင့္လည္း အမႈမွန္ေပၚေပါက္ေရး လုပ္ငန္းစဥ္မ်ားကို ရပ္တန႔္မသြားေစပဲ တရားမွ်မႈႏွင့္ အမႈမွန္အျမန္ဆုံးေပၚေပါက္ေရး ဆက္လက္ဦးေဆာင္ကာ လုပ္ေပးေစလိုသည္ဟု ေဒၚနန္ပူ က ဆက္ ေျပာသည္။
“ေနာက္တစ္ခုေတာ့ ဒီအမႈမွန္ေပၚေပါက္ေရး တရားမွ်တမႈရရွိေရးဆိုၿပီးေတာ့ လုပ္ေဆာင္တဲ့ KBC မွာ ေကာ္မ တီဖြဲ႕ ထားတယ္။ အဲ့ဒီေကာ္မတီအေနနဲ႔ ဆက္ၿပီးလုပ္ေဆာင္မႈေတြ မရွိပဲ ရပ္တန႔္ေနတဲ့ ေနတာကို က်မတို႔ ၾကား သိရတဲ့အခါၾကေတာ့ အဲ့ဒီေကာ္မတီမွာလည္း ကခ်င္ေရွ႕ေနႀကီးေတြ အမ်ားႀကီးပါဝင္တယ္၊ ဆိုေတာ့ အဲ့ဒီေကာ္ မတီ ကလည္း ဆက္ၿပီးေတာ့မွ အမႈမွန္ေပၚေအာင္ လုပ္ေဆာင္ေပးဖို႔ရန္အတြက္၊ ဘာလို႔လဲဆိုရင္ က်မတို႔ CSO ေတြ က ကိုင္တြယ္ခြင့္မရဘူးေပါ့ေနာ္။ က်မတို႔ကိုလည္း ပါဝင္ခြင့္မေပးတဲ့အခါၾကေတာ့ သူတို႔ဆီမွာလည္း အေထာက္ အထားေတြရွိမယ္။ သူတို႔ကေန KBC ကေန တဆင့္ ဆရာမသြားလုပ္တာျဖစ္တဲ့အတြက္ ရဲစစ္ခ်က္ ေတြ အကုန္ လုံးရွိလိမ့္မယ္ေပါ့ေနာ္။ KBC အမႈမွန္ေပၚေပါက္ေရး ေကာ္မတီကိုလည္း ေတာင္းဆိုခ်င္တယ္။”
အမႈမွန္ေပၚေပါက္ေရးအတြက္ လက္ရွိတြင္ ႀကဳံေနရသည့္ စိန္ေခၚမႈမ်ားႏွင့္ ပတ္သက္၍လည္း ကခ်င္အမ်ိဳးသမီး မ်ားအစည္းအ႐ုံး-ထိုင္းႏိုင္ငံ (KWAT) အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ မဆန္ထြယ္ က “အဓိကေတာ့ စုံစမ္းစစ္ေဆး တဲ့အခါ လြတ္လြတ္လပ္လပ္မရွိတာလည္း တစ္ခုေပါ့ေနာ္။ ၿပီးလို႔ရွိရင္ က်မတို႔ရဲ႕ အစိုးရေပါ့ေနာ္ က်မတို႔ရဲ႕ အာ ဏာျပန္လြဲယူရမယ့္ အစိုးရကလည္း NLD ပဲ ဒီဟာကို စြမ္းစြမ္းတမံ လုပ္ေဆာင္တဲ့ အပိုင္းက အားနည္းတယ္ ေပါ့ေနာ္။ ၿပီးေတာ့ တစ္ခါမွလည္း ဒီကိစၥနဲ႔ ပတ္သက္ၿပီးမွ ေျဖရွင္းမယ္လို႔ ေျပာတာတို႔ မရွိခဲ့ဘူး။ အမွန္တရား ရွာေဖြေရးလို႔ေျပာတဲ့အခ်ိန္မွာ ဒီအေရးကို ကခ်င္ေတြကပဲ ေျပာေနရတဲ့ အေျခအေနမ်ိဳး ရွိတယ္။ ကခ်င္ ေတာင္မွ လူထုပဲ ျဖစ္ေနတယ္။ တကယ္အာဏာရွိတဲ့ အဖြဲ႕အစည္းေတြ၊ တကယ္လုပ္ႏိုင္စြမ္းရွိတဲ့ လူေတြက ဒါကို မေျပာဘူး။ လုပ္ေဆာင္ဖို႔အတြက္လည္း တြန္းအားမေပးဘူး” ဟု ေျပာသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ျပစ္ဒဏ္ေပးျခင္းကင္းလြတ္ေနမႈမ်ားကို အဆုံးသတ္ႏိုင္ေရး ႏိုင္ငံတကာ၏ ဖိအားမ်ား အေရးတႀကီးလိုအပ္ေနသလို အမွန္တရားေဖာ္ထုတ္ေရးကို အဟန႔္အတား ျဖစ္ေစ သည့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း ျပင္ဆင္ရန္ အလိုအပ္သည္ဟု မဆန္ထြက္ က ဆက္ေျပာသည္။
“ၿပီးလို႔ရွိရင္ ေနာက္တစ္ခုက ႏိုင္ငံ တကာအဖြဲ႕အစည္းေတြကိုလည္း ဝင္ခြင့္မျပဳဘူး။ ဒါမ်ိဳးေတြက အမွန္တရား ရွာေဖြမႈမွာ အဟန႔္အတားေတြ အမ်ားႀကီးျဖစ္တယ္။ သူတို႔ရဲ႕ ပါဝင္လုပ္ေဆာင္တဲ့ အခန္းက႑မရွိတာ က်မတို႔ အတြက္က အမႈမွန္ေပၚေပါက္ဖို႔အတြက္ အမ်ားႀကီးအခက္အခဲျဖစ္တယ္ေပါ့ေနာ္။ ၿပီးလို႔ရွိရင္ စစ္တပ္က power over ျဖစ္ေနတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံက သူတို႔ကို အခြင့္ထူးခံလူတန္းစားတစ္ရပ္လို ေပးထားေတာ့ အဲ့မွာေက်ာ္ၿပီး ေတာ့ က်မတို႔ လုပ္လို႔မရတဲ့ အေျခအေနေတြ အဓိက အဟန႔္အတားျဖစ္တယ္။ ဒီ ၂၀၀၈ ဖြဲ႕စည္းပုံက ဒီအမွန္ တရားေဖာ္ထုတ္ဖို႔ အဟန႔္အတားျဖစ္တယ္ဆိုတဲ့ဟာကို ထည့္ထားတာျဖစ္တယ္။”
ျမစ္ႀကီးနားၿမိဳ႕၊ နန္ေနာင္းေက်း႐ြာ ေဂ်ာ္ဘြမ္ဆုေတာင္းေတာင္တြင္ ျပဳလုပ္သည့္ ၆ ႏွစ္ျပည့္အထိမ္းအမွတ္ ဝတ္ျပဳျခင္းအစီအစဥ္တြင္ KBC ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာခါလမ္ဆမ္ဆြန္ က “ဆရာမ ႏွစ္ဦးရဲ႕ အေရးဟာ ကခ်င္အေရး တစ္ခုတည္း မဟုတ္ပါဘူး။ KBC ရဲ႕ အေရးတစ္ခုတည္းလည္း မဟုတ္ပါဘူး။ က်ေနာ္ တို႔ လူသားအေရးျဖစ္ပါတယ္။ ဒီေန႔ ကမာၻ႔အေရး၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံေနရတဲ့ ကမာၻမွာရွိတဲ့ လူသား တိုင္းရဲ႕ အေရးျဖစ္ပါတယ္။ တကယ္တမ္းဆို အခု ေျခာက္ႏွစ္ရွိပါၿပီ။ သတင္းေတြကလည္း ျမန္မာ့သတင္းေတြ ကအစ၊ ကမာၻ႔သတင္းေတြ အားလုံးက တရားခံေပၚၿပီလားလို႔ အားလုံးက ေမးပါတယ္။ က်ေနာ္တို႔ ေျဖဖို႔ အေျဖမရွိခဲ့ ပါဘူး” ဟု ေျပာသည္။
“ဆိုေတာ့ ဒီလိုအေျဖမေဖာ္ထုတ္ႏိုင္တာဟာဆိုရင္ က်ေနာ္တို႔ ေခါင္းေဆာင္တဲ့လူေတြ ဦးေဆာင္မႈပိုင္း ညံ့တယ္ ဆိုရင္လည္း က်ေနာ္တို႔ ခံရမွာပါ။ က်ေနာ္တို႔ မတတ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ အမွန္တရားဆိုတာဟာ ရပ္တန႔္ မသြားပါဘူး။ ဆက္ၿပီးမွ ရွင္သန္သြားမွာျဖစ္ပါတယ္။ က်ေနာ္တို႔လုပ္ႏိုင္တာကေတာ့ ဒီေန႔ ဇႏၷဝါရီ ၁၉ ရက္ေန႔ ေရာက္တိုင္း ဒီ ဆရာမႏွစ္ဦးရဲ႕ သတိရေအာက္ေမ့ ဆုေတာင္းအစည္းအေဝးနဲ႔ ဒီအမွန္တရားဟာ ဆက္လက္ ရွင္ သန္ေနမယ္ ဆို တာကိုပဲ က်ေနာ္တို႔ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ တဖက္ကလည္း အမႈမွန္ေပၚေပါက္ေရး အတြက္ ႀကိဳးစားတဲ့ လုပ္ငန္းေတြလည္း ဆက္လက္က်ေနာ္တို႔ လုပ္ေဆာင္ပါတယ္။”
အမႈႏွင့္ ပတ္သက္၍ မည္ကဲ့သို႔လုပ္ေဆာင္သြားမည္ကို တိတိက်က် မေျပာႏိုင္ေသးေသာ္လည္း အမႈမွန္ေပၚ ေပါက္ေရးေကာ္မတီ အေနျဖင့္ အမႈမွန္ေပၚေအာင္ ဆက္လက္ႀကိဳးစားသြားမည္ဟု KBC ဥကၠ႒ က ေျပာသည္။
ထို႔အျပင္ အရပ္ဘက္အဖြဲ႕စည္း အသီးသီးမွလည္း အမႈမွန္ေပၚေပါက္ေစေရးအတြက္ ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ လူ႔အခြင့္အေရးအဖြဲ႕မ်ား၊ သံ႐ုံးမ်ားသည္လည္း အမႈမွန္ေပၚ ေပါက္ေရး လုပ္ေဆာင္ႏိုင္ရန္ ျမန္မာႏိုင္ငံအစိုးရႏွင့္ ျမန္မာ့တပ္မေတာ္အား ဆက္လက္တြန္းအားေပးရန္ လို သည္ဟု ကခ်င္အရပ္ဘက္အဖြဲ႕အစည္း ၄၁ ဖြဲ႕တို႔က သေဘာထားထုတ္ျပန္ကာ ေတာင္းဆိုထားသည္။
ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC မွ ေစတနာ့ဝန္ထမ္း ဆရာမႏွစ္ဦးျဖစ္ၾကသည့္ ဆရာမ မရန္လုရာ (အသက္ ၂၀) ႏွစ္ ႏွင့္ ဆရာမ မတန္ေဘာင္ေခါန္နန္စင္ (အသက္ ၂၁) ႏွစ္တို႔သည္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ၿမိဳ႕မွ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္အတြင္းရွိ ေကာင္းခါးေက်း႐ြာတြင္ ၂၀၁၅ ခုႏွစ္ ဇႏၷဝါရီလ ၁၉ ရက္ေန႔က မုဒိမ္းျပဳက်င့္ကာ အသတ္ခံခဲ့ရျခင္းျဖစ္သည္။
ေကာင္းခါးေက်း႐ြာ ဘုရားေက်ာင္းဝင္းအတြင္းရွိ ေနအိမ္အတြင္း ၎တို႔၏ ခႏၶာကိုယ္တြင္ ဓါးဒဏ္ရာမ်ား၊ ဦး ေခါင္းတြင္လည္း အျပင္းအထန္ ႐ိုက္ႏွက္ခံထားရသည့္ဒဏ္ရာမ်ား၊ မုဒိမ္းက်င့္ခံထားရၿပီး အဝတ္ဗလာျဖင့္ ေသ ဆုံးခဲ့ရျခင္းျဖစ္သည္။
အမႈမွန္ေပၚေပါက္ေရး ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC မွ ဦးေဆာင္ကာ လုပ္ေဆာင္လွ်က္ရွိေသာ္လည္း ယေန႔အခ်ိန္ထိ အမႈမွန္ေပၚေပါက္ျခင္းမရွိေသးသည့္အတြက္ နစ္နာသူမ်ားအတြက္ တရားမွ်တမႈ ဆုံးရႈံးေနဆဲ ျဖစ္သည္ဟု ကခ်င္အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။
ေစတနာ့ဝန္ထမ္း ဆရာမႏွစ္ဦး၏ အမႈႏွင့္ပတ္သက္၍ မိသားစုဝင္မ်ား၊ ကခ်င္အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ အမ်ိဳးသမီးအဖြဲ႕မ်ား၊ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) ႏွင့္ ကခ်င္ျပည္သူမ်ားက ႏွစ္စဥ္ ေအာက္ေမ့ သတိရဆုေတာင္းပြဲ အခမ္းအနားမ်ားျပဳလုပ္ၿပီး အမႈမွန္ေပၚေပါက္ေရး ေတာင္းဆိုခဲ့သည္မွာ ယေန႔ႏွင့္ဆိုပါက ၆ ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္သည္။