ကချင်ပြည်နယ်တွင် COVID-19 လူနာသစ် တစ်နေ့တည်း ၂၂ ဦးတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်။

ကချင်ပြည်နယ်တွင် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ပိုးတွေ့လူနာများ နေ့စဉ်နှင့်အမျှ တိုးလာနေပြီး ယနေ့ စာရင်းအရ တစ်ရက်တည်းတွင် ပိုးတွေ့ရှိသူ လူနာသစ် ၂၂ ဦး အထိ ကူးစက်ခံရမှုများရှိနေသည်ဟု ကချင် ပြည်နယ် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက ထုတ်ပြန်ချက်များအရသိရသည်။

ဇန္နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ အချိန်အထိ ထုတ်ပြန်ချက်အရ မြစ်ကြီးနားတွင် ၁၁ ဦး၊ ဖားကန့်တွင် ၉ ဦး၊ မိုးညှင်းနှင့် ရွှေကူမြို့နယ်တို့တွင် ၁ ဦး စီ၊ စုစုပေါင်း ပိုးတွေ့ရှိသူ လူနာသစ် ၂၂ ဦး ဖြစ်ပြီး၊ ယခုအခါ တစ်ပြည် နယ်လုံး အတိုင်းအတာ အနေဖြင့် COVID-19 ရောဂါကူးစက်ခံရသူမှာ ၇၇၇ ဦးရှိပြီ ဟု ထုတ်ပြန်ထားသည်။

တစ်ရက်တည်းတွင် ရောဂါကူးစက်မှု ၉ ဦး အထိရှိခဲ့သည့် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းက နေအိမ် ၇ လုံးကိုလည်း Lock Down ချထားသည်ဟု ရမ်ပူရပ်ကွက်မှ ပြည်သူ ဒေါ်ခင် ဆွေက ပြောသည်။

“ကျမတို့ ရမ်ပူက ကျမတို့ရပ်ကွက်ထဲကပေါ့နော် နယ်မြေ ၂၀ ရယ်၊ ၂၁ ရယ်၊ နောက်ပြီး ၂၃ ပေါ့ အဲ့ဒီထဲက အိမ်တွေ ၇ လုံးရှိတယ် ချိတ်ပိတ်လိုက်ပြီ၊ ဘယ်လိုလဲ ကန့်သတ်နယ်မြေဆိုပြီး စာသားနဲ့ ပိတ်ထားလိုက်ပြီ။ အဲ့ က လူတွေက မနေ့ကနော် ၁၈ ရက်နေ့ဟုတ်တယ်၊ အဲ့နေ့က အဲ့မှာလူတစ်ယောက် ပိုးတွေ့တယ်လို့ပြောတယ်၊ သူနဲ့ ထိတွေ့တဲ့လူတွေကို ထပ်စစ်တယ်၊ လူဘယ်လောက်လဲ ၃၀ လား၊ ၃၀ ကျော်လားမသိဘူး။ အဲ့ဒါထပ်စစ် တော့ အဲ့ဒီမှာ နောက်ထပ် ၉ ဦးပေါ့ ရောဂါရှိတယ်ဆိုပြီး ပြန်ပြောတယ်၊ အဲ့ဒါကြောင့် ပိတ်လိုက်တယ်လို့တော့ ပြောတာပဲ” ဟု ပြောသည်။

ထို့အပြင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် MB Bar ကိုလည်း COVID-19 ပိုးတွေ့လူနာ သွားရောက်ခဲ့သည့်အတွက် ယခုခါ Lock Down ချထားသည်ဟု ဒေသခံများက ပြောသည်။

စီတာပူရပ်ကွက်မှ ကိုအောင်မိုင် က “ဘယ်နေ့က Lock Down ချတာလည်းတော့ သတိမထားမိဘူး။ ဒီနေ့ မနက် သွားကြည့်တော့ ပိတ်ထားလိုက်ပြီ၊ ဘေးကလူတွေကိုမေးကြည့်တော့ ဒီ Bar ကို လာခဲ့တဲ့လူတစ် ယောက်က positive ပေါ့ ကိုရိုနာရောဂါ ကူးခံရတယ်ပေါ့နော်။ အဲ့ဒါကို အခုက Bar လည်း ပိတ်လိုက်ပြီပေါ့ အဲ့လိုမျိုး ပြောတယ်” ဟု ပြောသည်။

ယခုနောက်ပိုင်း ကူးစက်မှုအခြေအနေများအရ မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့အတွင် ခရီး သွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မှုမရှိသည့် အတည်ပြုလူများ တွေ့ရှိလာနေရသည့် အတွက် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေ ဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ လိုက်နာရမည့် အချက်အလက်များကို စနစ်တကျ စည်းကမ်းလိုက်နာပြီး ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟုလည်း တိုက်တွန်းပြောဆိုထားသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ် ၁၈ မြို့နယ် ရှိသည့်အနက် ဖားကန့်မြို့နယ်သည် COVID-19 ကပ်ရောဂါ ကူး စက်ခံရမှုအများဆုံးဖြစ်ပြီး၊ ဖားကန့်မြို့နယ်တွင် ၄၅၆ ဦး၊ မြစ်ကြီးနားမြို့နယ်တွင် ၁၃၃ ဦး၊ ရွှေကူတွင် ၉၁ ဦး၊ မိုးညှင်းတွင် ၆၁ ဦး၊ မိုးကောင်းတွင် ၁၃ ဦး၊ မိုးမောက်တွင် ၈ ဦး၊ တနိုင်းနှင့် ပူတာ အိုမြို့နယ်တို့တွင် ၁ ဦးစီ၊ စုစုပေါင်း ၇၇၇ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ တစ်ဦး ရှိခဲ့သည်ဟု ကချင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန က ထုတ်ပြန်ထားသည်။

ဇန္နဝါရီလ (၁၉)ရက်နေ့ (ယနေ့) ည ၈ နာရီခွဲအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်း ထုတ် ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၀,၆၉၄) ခု အားစစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် ၄၄၈ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ယနေ့ သေဆုံးသူ လူနာ ၁၃ ဦး ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံလုံးတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း (၁၃၅,၂၄၃) ဦး ရှိပြီဖြစ်ပြီး ၎င်းတို့ အနက် ပြန်လည်သက်သာသူ (၁၁၈,၆၅၇)ဦး ၊ သေဆုံးသူပေါင်း (၂၉၈၆)ဦး ရှိပြီဖြစ်သည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ COVID-19 လူနာသစ္ တစ္ေန႔တည္း ၂၂ ဦးေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ဇႏၷဝါရီလ ၁၉ ရက္။

ကခ်င္ျပည္နယ္တြင္ COVID-19 (ကို႐ိုနာဗိုင္းရပ္စ္) ပိုးေတြ႕လူနာမ်ား ေန႔စဥ္ႏွင့္အမွ် တိုးလာေနၿပီး ယေန႔ စာရင္းအရ တစ္ရက္တည္းတြင္ ပိုးေတြ႕ရွိသူ လူနာသစ္ ၂၂ ဦး အထိ ကူးစက္ခံရမႈမ်ားရွိေနသည္ဟု ကခ်င္ ျပည္နယ္ ျပည္သူ႔က်န္းမာ ေရး ဦးစီးဌာနက ထုတ္ျပန္ခ်က္မ်ားအရသိရသည္။

ဇႏၷဝါရီလ ၁၉ ရက္ေန႔ ညေန ၅ နာရီ အခ်ိန္အထိ ထုတ္ျပန္ခ်က္အရ ျမစ္ႀကီးနားတြင္ ၁၁ ဦး၊ ဖားကန႔္တြင္ ၉ ဦး၊ မိုးညႇင္းႏွင့္ ေ႐ႊကူၿမိဳ႕နယ္တို႔တြင္ ၁ ဦး စီ၊ စုစုေပါင္း ပိုးေတြ႕ရွိသူ လူနာသစ္ ၂၂ ဦး ျဖစ္ၿပီး၊ ယခုအခါ တစ္ျပည္ နယ္လုံး အတိုင္းအတာ အေနျဖင့္ COVID-19 ေရာဂါကူးစက္ခံရသူမွာ ၇၇၇ ဦးရွိၿပီ ဟု ထုတ္ျပန္ထားသည္။

တစ္ရက္တည္းတြင္ ေရာဂါကူးစက္မႈ ၉ ဦး အထိရွိခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္အတြင္းက ေနအိမ္ ၇ လုံးကိုလည္း Lock Down ခ်ထားသည္ဟု ရမ္ပူရပ္ကြက္မွ ျပည္သူ ေဒၚခင္ ေဆြက ေျပာသည္။

“က်မတို႔ ရမ္ပူက က်မတို႔ရပ္ကြက္ထဲကေပါ့ေနာ္ နယ္ေျမ ၂၀ ရယ္၊ ၂၁ ရယ္၊ ေနာက္ၿပီး ၂၃ ေပါ့ အဲ့ဒီထဲက အိမ္ေတြ ၇ လုံးရွိတယ္ ခ်ိတ္ပိတ္လိုက္ၿပီ၊ ဘယ္လိုလဲ ကန႔္သတ္နယ္ေျမဆိုၿပီး စာသားနဲ႔ ပိတ္ထားလိုက္ၿပီ။ အဲ့ က လူေတြက မေန႔ကေနာ္ ၁၈ ရက္ေန႔ဟုတ္တယ္၊ အဲ့ေန႔က အဲ့မွာလူတစ္ေယာက္ ပိုးေတြ႕တယ္လို႔ေျပာတယ္၊ သူနဲ႔ ထိေတြ႕တဲ့လူေတြကို ထပ္စစ္တယ္၊ လူဘယ္ေလာက္လဲ ၃၀ လား၊ ၃၀ ေက်ာ္လားမသိဘူး။ အဲ့ဒါထပ္စစ္ ေတာ့ အဲ့ဒီမွာ ေနာက္ထပ္ ၉ ဦးေပါ့ ေရာဂါရွိတယ္ဆိုၿပီး ျပန္ေျပာတယ္၊ အဲ့ဒါေၾကာင့္ ပိတ္လိုက္တယ္လို႔ေတာ့ ေျပာတာပဲ” ဟု ေျပာသည္။

ထို႔အျပင္ ျမစ္ႀကီးနားၿမိဳ႕ စီတာပူရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ MB Bar ကိုလည္း COVID-19 ပိုးေတြ႕လူနာ သြားေရာက္ခဲ့သည့္အတြက္ ယခုခါ Lock Down ခ်ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

စီတာပူရပ္ကြက္မွ ကိုေအာင္မိုင္ က “ဘယ္ေန႔က Lock Down ခ်တာလည္းေတာ့ သတိမထားမိဘူး။ ဒီေန႔ မနက္ သြားၾကည့္ေတာ့ ပိတ္ထားလိုက္ၿပီ၊ ေဘးကလူေတြကိုေမးၾကည့္ေတာ့ ဒီ Bar ကို လာခဲ့တဲ့လူတစ္ ေယာက္က positive ေပါ့ ကို႐ိုနာေရာဂါ ကူးခံရတယ္ေပါ့ေနာ္။ အဲ့ဒါကို အခုက Bar လည္း ပိတ္လိုက္ၿပီေပါ့ အဲ့လိုမ်ိဳး ေျပာတယ္” ဟု ေျပာသည္။

ယခုေနာက္ပိုင္း ကူးစက္မႈအေျခအေနမ်ားအရ ျမစ္ႀကီးနားႏွင့္ ဖားကန႔္ၿမိဳ႕နယ္တို႔အတြင္ ခရီးသြားရာဇဝင္မရွိ၊ ပိုးေတြ႕လူနာမ်ားႏွင့္ ထိေတြ႕မႈမရွိသည့္ အတည္ျပဳလူမ်ား ေတြ႕ရွိလာေနရသည့္အတြက္ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားမႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ျပည္သူမ်ားအေနျဖင့္လည္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ား၊ လိုက္နာရမည့္ အခ်က္အလက္မ်ားကို စနစ္တက် စည္းကမ္းလိုက္နာၿပီး ပူးေပါင္းပါဝင္ရန္ လိုအပ္သည္ဟုလည္း တိုက္တြန္းေျပာဆိုထားသည္။

ကခ်င္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၁၈ ၿမိဳ႕နယ္ ရွိသည့္အနက္ ဖားကန႔္ၿမိဳ႕နယ္သည္ COVID-19 ကပ္ေရာဂါ ကူး စက္ခံရမႈအမ်ားဆုံးျဖစ္ၿပီး၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ၄၅၆ ဦး၊ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ၁၃၃ ဦး၊ ေ႐ႊကူတြင္ ၉၁ ဦး၊ မိုးညႇင္းတြင္ ၆၁ ဦး၊ မိုးေကာင္းတြင္ ၁၃ ဦး၊ မိုးေမာက္တြင္ ၈ ဦး၊ တႏိုင္းႏွင့္ ပူတာ အိုၿမိဳ႕နယ္တို႔တြင္ ၁ ဦးစီ၊ စုစုေပါင္း ၇၇၇ ဦး ရွိၿပီျဖစ္ၿပီး ေသဆုံးသူ တစ္ဦး ရွိခဲ့သည္ဟု ကခ်င္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာန က ထုတ္ျပန္ထားသည္။

ဇႏၷဝါရီလ (၁၉)ရက္ေန႔ (ယေန႔) ည ၈ နာရီခြဲအခ်ိန္အထိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ သတင္း ထုတ္ ျပန္ခ်က္အရ တစ္ႏိုင္ငံလုံးတြင္ ဓာတ္ခြဲနမူနာ စုစုေပါင္း (၂၀,၆၉၄) ခု အားစစ္ေဆးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳ လူနာသစ္ ၄၄၈ ဦး ထပ္မံေတြ႕ရွိခဲ့ေၾကာင္း၊ ယေန႔ ေသဆုံးသူ လူနာ ၁၃ ဦး ရွိခဲ့သည္ဟု ထုတ္ျပန္ထားသည္။

ယခုအခ်ိန္ထိ ျမန္မာႏိုင္ငံလုံးတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း (၁၃၅,၂၄၃) ဦး ရွိၿပီျဖစ္ၿပီး ၎တို႔ အနက္ ျပန္လည္သက္သာသူ (၁၁၈,၆၅၇)ဦး ၊ ေသဆုံးသူေပါင္း (၂၉၈၆)ဦး ရွိၿပီျဖစ္သည္ဟု က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ထားသည္။