မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်မှုနှင့် ရောဂါကြောင့် သေဆုံးမှု ပိုများလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ဇန္နဝါရီလ၊ ၂၀ ရက်။
မွန်ပြည်နယ်တွင် COVID-19 ရောဂါကူးစက်မှုကြောင့် ဇန္နဝါရီလ အတွင်း၌ သေဆုံးသူ ဆက်တိုက် တိုးလာနေ သည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် COVID-19 ကုသရေးစင်တာ စာရင်းများတွင် ဖော်ပြထားသည်။
ပြည်နယ်အတွင်း COVID-19 ကြောင့် သေဆုံးမှုအခြေအနေသည် ဒီဇင်ဘာလကုန်အထိ ၂၂ ဦးသာရှိခဲ့ရာမှ ဇန္နဝါရီလ အတွင်း၌ ၃၁ ဦးအထိရှိလာသည် ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှုန်းသည် နေ့စဉ်တိုးလာနေသည့်အပြင် ယခုရက်ပိုင်းအတွင်း ကိုဗစ် ရောဂါဖြင့် သေဆုံးသူလည်း များလာသည်ဟု မော်လမြိုင်ဆေးရုံ သီးသန့်ဆောင်-၃ တာဝန်ခံ ဒေါက်တာသက်ကျော်စိုး က ပြောသည်။
“ဒီရက်ပိုင်းမှာဆိုရင် လွန်ခဲ့တဲ့ ၁၀ ရက် နှစ်ပတ်အတွင်းမှာ မော်လမြိုင် fever clinic မှာ ပိုးတွေ့နှုန်းက တစ် ရက်မှာ ၂၀ ဝန်းကျင် အထိဖြစ်လာပြီးတော့ Iso-3 (သီးသန့်ဆောင်-၃) ရော Iso-1 (သီးသန့်ဆောင်-၁) ရော အကုန် လူနာ ပြည့်လုပြည့်ခင်နီးပါးဖြစ်သွားတယ်၊ အခုလည်း ကျနော်တို့မှာ ၂၅၀ ဝန်းကျင်လောက် ရှိ တယ်။ Iso -1 မှာလည်း ၁၂၀ ဝန်းကျင်လောက်ရှိတယ်၊ ပိုးတွေ့လူနာအရေအတွက်လည်းများလာတယ် စိုးရိမ် ရတဲ့ လူနာအရေအတွက်လည်းများလာတယ် ဒီ ၁၀ ရက်လောက်မှာ သေဆုံးတဲ့လူနာတွေလည်း နည်းနည်း ပို များလာတယ်” ဟု ဒေါက်တာသက်ကျော်စိုးက ပြောသည်။
ယခု နောက်ပိုင်း သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူများ မဟုတ်ပဲ အဓိက ကိုဗစ်ကူးစက်ရောဂါ ကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည် ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံ က ပြောသည်။
“သေဆုံးတာက အခုတလောမှာ တစ်ရက်ခြား နှစ်ရက်ခြားလောက်ကို တစ်ယောက်နှုန်းလောက်ရှိနေတယ် တစ် ချို့ရက်တွေဆို တစ်ယောက်ရှိတယ် ဒီရက်ပိုင်းမှာ သေဆုံးမှုက များလာတယ်” ဟု ဒေါက်တာဝတ်မှုံ က ပြော သည်။
မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့်တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။
မွန်ပြည်နယ်တွင် ၂၃-၃-၂၀ မှ ၁၉-၁-၂၁ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၂၉၆၃ ဦး ရှိပြီဖြစ်သည်ဟု ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
၎င်းတို့အနက် ရောဂါသက်သာကာ ဆေးရုံမှ ဆင်းသွားသူ ၂၆၀၀ ကျော်ရှိသည်ဟုလည်း ပြည်နယ်ပြည်သူ့ ကျန်း မာရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။
လက်ရှိတွင် ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာများကို မော်လမြိုင်အပြင် သထုံမြို့တို့တွင် ကုသပေးနေပြီး ထိတွေ့သူကိုတော့ နေအိမ်တွင်ထားရှိ စောင့်ကြည့်မှု လုပ်ဆောင်နေသည်။
ပြည်နယ်အတွင်း ရောဂါကူးစက်မှု လျော့ကျသွားခြင်းမရှိသေးသည့်အခြေအနေတွင် အစိုးရဘက်က COVID-19 ဆိုင်ရာကန့်သတ်ချက်အချို့ ဖြေလျှော့လာသည့်အပေါ် ရောဂါကူးစက်မှုအတွက် စိုးရိမ်နေကြသည်လည်း ရှိ သည်။
*** ZAWGYI ***
မြန္ျပည္နယ္အတြင္း COVID-19 ကူးစက္မႈႏွင့္ ေရာဂါေၾကာင့္ ေသဆုံးမႈ ပိုမ်ားလာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ဇႏၷဝါရီလ၊ ၂၀ ရက္။
မြန္ျပည္နယ္တြင္ COVID-19 ေရာဂါကူးစက္မႈေၾကာင့္ ဇႏၷဝါရီလ အတြင္း၌ ေသဆုံးသူ ဆက္တိုက္ တိုးလာေန သည္ဟု မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ႏွင့္ COVID-19 ကုသေရးစင္တာ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။
ျပည္နယ္အတြင္း COVID-19 ေၾကာင့္ ေသဆုံးမႈအေျခအေနသည္ ဒီဇင္ဘာလကုန္အထိ ၂၂ ဦးသာရွိခဲ့ရာမွ ဇႏၷဝါရီလ အတြင္း၌ ၃၁ ဦးအထိရွိလာသည္ ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရွိ စာရင္းအရ သိရသည္။
ျပည္နယ္အတြင္း ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းသည္ ေန႔စဥ္တိုးလာေနသည့္အျပင္ ယခုရက္ပိုင္းအတြင္း ကိုဗစ္ ေရာဂါျဖင့္ ေသဆုံးသူလည္း မ်ားလာသည္ဟု ေမာ္လၿမိဳင္ေဆး႐ုံ သီးသန႔္ေဆာင္-၃ တာဝန္ခံ ေဒါက္တာသက္ေက်ာ္စိုး က ေျပာသည္။
“ဒီရက္ပိုင္းမွာဆိုရင္ လြန္ခဲ့တဲ့ ၁၀ ရက္ ႏွစ္ပတ္အတြင္းမွာ ေမာ္လၿမိဳင္ fever clinic မွာ ပိုးေတြ႕ႏႈန္းက တစ္ ရက္မွာ ၂၀ ဝန္းက်င္ အထိျဖစ္လာၿပီးေတာ့ Iso-3 (သီးသန႔္ေဆာင္-၃) ေရာ Iso-1 (သီးသန႔္ေဆာင္-၁) ေရာ အကုန္ လူနာ ျပည့္လုျပည့္ခင္နီးပါးျဖစ္သြားတယ္၊ အခုလည္း က်ေနာ္တို႔မွာ ၂၅၀ ဝန္းက်င္ေလာက္ ရွိ တယ္။ Iso -1 မွာလည္း ၁၂၀ ဝန္းက်င္ေလာက္ရွိတယ္၊ ပိုးေတြ႕လူနာအေရအတြက္လည္းမ်ားလာတယ္ စိုးရိမ္ ရတဲ့ လူနာအေရအတြက္လည္းမ်ားလာတယ္ ဒီ ၁၀ ရက္ေလာက္မွာ ေသဆုံးတဲ့လူနာေတြလည္း နည္းနည္း ပို မ်ားလာတယ္” ဟု ေဒါက္တာသက္ေက်ာ္စိုးက ေျပာသည္။
ယခု ေနာက္ပိုင္း ေသဆုံးသူမ်ားသည္ ေရာဂါအခံႀကီးႀကီးမားမားရွိသူမ်ား မဟုတ္ပဲ အဓိက ကိုဗစ္ကူးစက္ေရာဂါ ေၾကာင့္သာ ေသဆုံးသြားၾကျခင္းျဖစ္သည္ ဟု ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒု-ျပည္နယ္ဦးစီးမႉး ေဒါက္တာဝတ္မႈံ က ေျပာသည္။
“ေသဆုံးတာက အခုတေလာမွာ တစ္ရက္ျခား ႏွစ္ရက္ျခားေလာက္ကို တစ္ေယာက္ႏႈန္းေလာက္ရွိေနတယ္ တစ္ ခ်ိဳ႕ရက္ေတြဆို တစ္ေယာက္ရွိတယ္ ဒီရက္ပိုင္းမွာ ေသဆုံးမႈက မ်ားလာတယ္” ဟု ေဒါက္တာဝတ္မႈံ က ေျပာ သည္။
မြန္ျပည္နယ္တြင္ အထူးသျဖင့္ ေမာ္လၿမိဳင္၊ သထုံႏွင့္ က်ိဳက္ထိုၿမိဳ႕နယ္တို႔တြင္ ႏိုဝင္ဘာလဆန္းပိုင္းခန႔္မွစၿပီး ကိုဗစ္ပိုးေတြ႕လူနာ သိသိသာသာျမင့္တက္လာခဲ့ၿပီး ထိေတြ႕သူေတြလည္း မ်ားျပားလာခဲ့သည္။
မြန္ျပည္နယ္တြင္ ၂၃-၃-၂၀ မွ ၁၉-၁-၂၁ ရက္ေန႔အထိ ကိုဗစ္ကူးစက္ခံရသူ ၂၉၆၃ ဦး ရွိၿပီျဖစ္သည္ဟု က်န္းမာ ေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စာရင္းမ်ားတြင္ ေဖာ္ျပထားသည္။
၎တို႔အနက္ ေရာဂါသက္သာကာ ေဆး႐ုံမွ ဆင္းသြားသူ ၂၆၀၀ ေက်ာ္ရွိသည္ဟုလည္း ျပည္နယ္ျပည္သူ႔ က်န္း မာေရးဦးစီးဌာနရွိ စာရင္းအရ သိရသည္။
လက္ရွိတြင္ ျပည္နယ္အတြင္း ကိုဗစ္အတည္ျပဳလူနာမ်ားကို ေမာ္လၿမိဳင္အျပင္ သထုံၿမိဳ႕တို႔တြင္ ကုသေပးေနၿပီး ထိေတြ႕သူကိုေတာ့ ေနအိမ္တြင္ထားရွိ ေစာင့္ၾကည့္မႈ လုပ္ေဆာင္ေနသည္။
ျပည္နယ္အတြင္း ေရာဂါကူးစက္မႈ ေလ်ာ့က်သြားျခင္းမရွိေသးသည့္အေျခအေနတြင္ အစိုးရဘက္က COVID-19 ဆိုင္ရာကန႔္သတ္ခ်က္အခ်ိဳ႕ ေျဖေလွ်ာ့လာသည့္အေပၚ ေရာဂါကူးစက္မႈအတြက္ စိုးရိမ္ေနၾကသည္လည္း ရွိ သည္။