NMSP ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးဝါးနှင့် ရိက္ခာလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။

မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဖြတ်စခန်းများတွင် လူဦးရေများလာသည့်အတွက် ထောက်ပံ့မှုများ ပိုလိုအပ်နေသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“ကျနော်တို့မှာ ဆေးတွေလုံလောက်မရှိဘူး။ ပြီးတော့ သူတို့ကို ကျွေးမွေးဖို့အတွက် ရိက္ခာဆန် လုံလောက်မှု မရှိဘူး။ ကျနော်တို့တတ်နိုင်သမျှ ကျနော်တို့ စားနေတဲ့ကြားကပဲ ဝိုင်းဝန်းကျွေးမွေးနေတာ၊ ဥပမာ လူ တစ်ယောက်ဆိုလို့ရှိရင် ဆန်တစ်တင်းနီးပါးတော့ ကုန်ကျမှုရှိတယ်၊”

မူးယစ်ဆေးဖြတ်စခန်းများတွင် ဆေးလာဖြတ်သူများလာသည့်အတွက် လက်ရှိတွင် ကုသမှုအတွက် ဆေး ဝါးများ လိုအပ်ချက်ရှိနေသည့်အပြင် စားနပ်ရိက္ခာအတွက်လည်း အခက်အခဲရှိလာသည်ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“ပြီးခဲ့တဲ့လက အစိုးရအနေနဲ့တော့ မဟုတ်ဘူးပေါ့။ ဒေသတွင်းမှာရှိတဲ့ မွန်ဆရာဝန်တွေ စုပြီးတော့ ကျနော်တို့ ခရိုင်မှာရှိတဲ့ မူးယစ်ဆေးဖြတ် စခန်းတွေ အတွက် ဆန်အိတ် ၂၀၀ လောက် ထောက်ပံ့ပေးထားပြီးပြီ။”

လိုအပ်ချက်ကို အစိုးရထံ တင်ပြခဲ့ရာ ပြည်နယ်အစိုးရက ပထမဆုံး အကြိမ်အနေဖြင့် ဆန်အိတ် ၄၀၀ နှင့် အားကစားပစ္စည်းများ ဇန္နဝါရီလ ၂၅ ရက်နေ့က ထောက်ပံ့ပေးလာခဲ့သည်ဟု မွန်ပြည် သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“အခု ဒေသခံဆရာဝန်တွေကတဆင့် အစိုးရဆီမှာ တင်ပြပြီးတော့ အခု မွန်ပြည်နယ်အစိုးရအနေနဲ့ မူးယစ် ဆေးဝါးဖြတ်တဲ့စခန်း ခရိုင် ၃ ခုအတွက် ဆန် အိတ် ၄၀၀ နဲ့ အခြား အားကစားပစ္စည်းတွေ ပေးအပ်တယ်။”

မွန်ပြည်သစ်ပါတီအနေဖြင့် မူးယစ်ဆေးသုံးစွဲနေသူများကို ၎င်းတို့ပါတီခရိုင်ဌာနချုပ်များဖြစ်သည့် ထားဝယ် ခရိုင်၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ထိန်းသိမ်းထားရှိကာ ဆေးဖြတ်ခြင်း ပညာပေးခြင်းဖြင့် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေသည်။

မူးယစ်ဆေးဖြတ်စခန်းတွင် ရောက်ရှိလာသူအချို့သည် မိဘများကိုယ်တိုင် လာရောက်အပ်နှံထားကြသူများ လည်းရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

ထားဝယ်ခရိုင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ထိန်းသိမ်းထားသည့် ဆေးလာဖြတ်သူများသည် ပုံမှန် ၂၀၀ ကျော် ရှိနေသည်ဟုလည်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူက ပြောသည်။

“အခုဆိုလို့ရှိရင် လူငယ်တွေ အများအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုက တော်တော်များလာတယ်၊ အချို့လူငယ် တွေကျတော့ မိဘတွေ ထိန်းသိမ်းဖို့ မတတ်နိုင်ဘူး။ မတတ်နိုင်ကျတော့ ကျနော်တို့ မွန်ပြည်သစ်ပါတီကို လာ အပ်နှံကြတယ်၊ အဲဒီအပ်နှံတဲ့ လူငယ်တွေကို ကျနော်တို့က အခုဆိုလို့ရှိရင် ထားဝယ်ခရိုင်မှာ center တစ်ခုအနေ နဲ့ ဆောက်လုပ်နေဆဲပဲဆိုတော့ အဲဒီလူငယ်တွေကိုထားဖို့တော့ အခက်အခဲဖြစ်နေတယ်။ ဒါကြောင့်မို့ အခုလော လောဆယ်မှာ ခရိုင် ၃ ခုဖြစ်တဲ့ ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်မှာရှိတဲ့ ခရိုင်ဌာနချုပ်မှာပဲ ဆေး ဖြတ်ဖို့လာတဲ့ခလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်၊ ခရိုင် ၃ ခုမှာ ပုံမှန် ၂၀၀ ကျော်ကျော် လောက် ရှိ တယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

မွန်ပြည်သစ်ပါတီသည် မူးယစ်ဆေးစွဲနေသူများကို ဆေးဖြတ်စခန်းတို့တွင် ထိန်းသိမ်းပြီး ပညာပေးနေသည့် အပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး အရေးယူမှုများလည်း လုပ်ဆောင်နေသည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။

မူးယစ်ဆေးဝါး ဆိုးဝါးစွာ ကျယ်ပြန့်လာနေသည့် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်ရန် အတွက် မွန်ပြည်သစ်ပါတီက ၂၀၁၂ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှိမ်နင်းရေးအစီအစဉ်ကို စတင်ခဲ့ကာ သက်ဆိုင် ရာရဲ၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ပညာပေးခြင်း၊ မိဘများမှတဆင့် မူးယစ်သုံးစွဲနေသူများ ကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။

*** ZAWGYI ***
NMSP ထိန္းခ်ဳပ္နယ္ေျမ မူးယစ္ေဆးျဖတ္စခန္းမ်ားတြင္ ေဆးဝါးႏွင့္ ရိကၡာလိုအပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၆ ရက္။

မြန္ျပည္သစ္ပါတီ (NMSP) ထိန္းခ်ဳပ္နယ္ေျမ မူးယစ္ေဆးျဖတ္စခန္းမ်ားတြင္ လူဦးေရမ်ားလာသည့္အတြက္ ေထာက္ပံ့မႈမ်ား ပိုလိုအပ္ေနသည္ဟု မြန္ျပည္သစ္ပါတီ (NMSP) ျပည္တြင္းေရးရာ တာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။

“က်ေနာ္တို႔မွာ ေဆးေတြလုံေလာက္မရွိဘူး။ ၿပီးေတာ့ သူတို႔ကို ေကြၽးေမြးဖို႔အတြက္ ရိကၡာဆန္ လုံေလာက္မႈ မရွိဘူး။ က်ေနာ္တို႔တတ္ႏိုင္သမွ် က်ေနာ္တို႔ စားေနတဲ့ၾကားကပဲ ဝိုင္းဝန္းေကြၽးေမြးေနတာ၊ ဥပမာ လူ တစ္ေယာက္ဆိုလို႔ရွိရင္ ဆန္တစ္တင္းနီးပါးေတာ့ ကုန္က်မႈရွိတယ္၊”

မူးယစ္ေဆးျဖတ္စခန္းမ်ားတြင္ ေဆးလာျဖတ္သူမ်ားလာသည့္အတြက္ လက္ရွိတြင္ ကုသမႈအတြက္ ေဆး ဝါးမ်ား လိုအပ္ခ်က္ရွိေနသည့္အျပင္ စားနပ္ရိကၡာအတြက္လည္း အခက္အခဲရွိလာသည္ဟု မြန္ျပည္သစ္ ပါတီ ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။

“ၿပီးခဲ့တဲ့လက အစိုးရအေနနဲ႔ေတာ့ မဟုတ္ဘူးေပါ့။ ေဒသတြင္းမွာရွိတဲ့ မြန္ဆရာဝန္ေတြ စုၿပီးေတာ့ က်ေနာ္တို႔ ခ႐ိုင္မွာရွိတဲ့ မူးယစ္ေဆးျဖတ္ စခန္းေတြ အတြက္ ဆန္အိတ္ ၂၀၀ ေလာက္ ေထာက္ပံ့ေပးထားၿပီးၿပီ။”

လိုအပ္ခ်က္ကို အစိုးရထံ တင္ျပခဲ့ရာ ျပည္နယ္အစိုးရက ပထမဆုံး အႀကိမ္အေနျဖင့္ ဆန္အိတ္ ၄၀၀ ႏွင့္ အားကစားပစၥည္းမ်ား ဇႏၷဝါရီလ ၂၅ ရက္ေန႔က ေထာက္ပံ့ေပးလာခဲ့သည္ဟု မြန္ျပည္ သစ္ပါတီ ျပည္တြင္းေရးရာတာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။

“အခု ေဒသခံဆရာဝန္ေတြကတဆင့္ အစိုးရဆီမွာ တင္ျပၿပီးေတာ့ အခု မြန္ျပည္နယ္အစိုးရအေနနဲ႔ မူးယစ္ ေဆးဝါးျဖတ္တဲ့စခန္း ခ႐ိုင္ ၃ ခုအတြက္ ဆန္ အိတ္ ၄၀၀ နဲ႔ အျခား အားကစားပစၥည္းေတြ ေပးအပ္တယ္။”

မြန္ျပည္သစ္ပါတီအေနျဖင့္ မူးယစ္ေဆးသုံးစြဲေနသူမ်ားကို ၎တို႔ပါတီခ႐ိုင္ဌာနခ်ဳပ္မ်ားျဖစ္သည့္ ထားဝယ္ ခ႐ိုင္၊ ေမာ္လၿမိဳင္ခ႐ိုင္ႏွင့္ သထုံခ႐ိုင္တို႔တြင္ ထိန္းသိမ္းထားရွိကာ ေဆးျဖတ္ျခင္း ပညာေပးျခင္းျဖင့္ ျပန္လည္ထူ ေထာင္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေပးေနသည္။

မူးယစ္ေဆးျဖတ္စခန္းတြင္ ေရာက္ရွိလာသူအခ်ိဳ႕သည္ မိဘမ်ားကိုယ္တိုင္ လာေရာက္အပ္ႏွံထားၾကသူမ်ား လည္းရွိသည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

ထားဝယ္ခ႐ိုင္ ေမာ္လၿမိဳင္ခ႐ိုင္ႏွင့္ သထုံခ႐ိုင္တို႔တြင္ ထိန္းသိမ္းထားသည့္ ေဆးလာျဖတ္သူမ်ားသည္ ပုံမွန္ ၂၀၀ ေက်ာ္ ရွိေနသည္ဟုလည္း မြန္ျပည္သစ္ပါတီ တာဝန္ရွိသူက ေျပာသည္။

“အခုဆိုလို႔ရွိရင္ လူငယ္ေတြ အမ်ားအားျဖင့္ မူးယစ္ေဆးဝါးသုံးစြဲမႈက ေတာ္ေတာ္မ်ားလာတယ္၊ အခ်ိဳ႕လူငယ္ ေတြက်ေတာ့ မိဘေတြ ထိန္းသိမ္းဖို႔ မတတ္ႏိုင္ဘူး။ မတတ္ႏိုင္က်ေတာ့ က်ေနာ္တို႔ မြန္ျပည္သစ္ပါတီကို လာ အပ္ႏွံၾကတယ္၊ အဲဒီအပ္ႏွံတဲ့ လူငယ္ေတြကို က်ေနာ္တို႔က အခုဆိုလို႔ရွိရင္ ထားဝယ္ခ႐ိုင္မွာ center တစ္ခုအေန နဲ႔ ေဆာက္လုပ္ေနဆဲပဲဆိုေတာ့ အဲဒီလူငယ္ေတြကိုထားဖို႔ေတာ့ အခက္အခဲျဖစ္ေနတယ္။ ဒါေၾကာင့္မို႔ အခုေလာ ေလာဆယ္မွာ ခ႐ိုင္ ၃ ခုျဖစ္တဲ့ ထားဝယ္ခ႐ိုင္၊ ေမာ္လၿမိဳင္ခ႐ိုင္၊ သထုံခ႐ိုင္မွာရွိတဲ့ ခ႐ိုင္ဌာနခ်ဳပ္မွာပဲ ေဆး ျဖတ္ဖို႔လာတဲ့ခေလးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ထားတယ္၊ ခ႐ိုင္ ၃ ခုမွာ ပုံမွန္ ၂၀၀ ေက်ာ္ေက်ာ္ ေလာက္ ရွိ တယ္” ဟု ႏိုင္ဗညားလယ္က ေျပာသည္။

မြန္ျပည္သစ္ပါတီသည္ မူးယစ္ေဆးစြဲေနသူမ်ားကို ေဆးျဖတ္စခန္းတို႔တြင္ ထိန္းသိမ္းၿပီး ပညာေပးေနသည့္ အျပင္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားကိုလည္း ျပစ္ဒဏ္ခ်မွတ္ၿပီး အေရးယူမႈမ်ားလည္း လုပ္ေဆာင္ေနသည္ဟု မြန္ျပည္သစ္ပါတီက ေျပာသည္။

မူးယစ္ေဆးဝါး ဆိုးဝါးစြာ က်ယ္ျပန႔္လာေနသည့္ မြန္ျပည္နယ္အတြင္း မူးယစ္ေဆးဝါးအႏၲရာယ္ကို ကာကြယ္ရန္ အတြက္ မြန္ျပည္သစ္ပါတီက ၂၀၁၂ ခုႏွစ္မွစၿပီး မူးယစ္ေဆးဝါးႏွိမ္နင္းေရးအစီအစဥ္ကို စတင္ခဲ့ကာ သက္ဆိုင္ ရာရဲ၊ မူးယစ္ေဆးဝါးႏွိမ္နင္းေရးအဖြဲ႕တို႔ႏွင့္ ပူးေပါင္းၿပီး ပညာေပးျခင္း၊ မိဘမ်ားမွတဆင့္ မူးယစ္သုံးစြဲေနသူမ်ား ကို ထိန္းသိမ္းေစာင့္ေရွာက္ေပးျခင္းတို႔ကို လုပ္ေဆာင္လာခဲ့သည္။