ညောင်လေးပင် ကရင် စစ်ရှောင်များ ထောက်ပံ့မှု လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း ဖြစ်ပွားနေသည့် တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ တစ်ထောင်နီးပါးအတွက် စားနပ် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ညောင်လေးပင်ခရိုင် ကရင် လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော်က “ လိုတာကတော့ ပစ္စည်းတွေက အစုံပဲ၊ စောင်ရော၊ ကလေးအဝတ်အစား၊ လူကြီးအဝတ်အစား၊ အကုန်ပဲ၊ ဒီစား သောက်စရာတွေ ဆေးဝါးတွေ အကုန်ပဲ လိုတယ်။ ဘယ်သူမှလည်း သွားမပို့ရဲတဲ့ အခြေအနေပေါ့” ဟု ပြောသည်။

တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေရကြသည့် အတွက် ယခုခါ ကလေးငယ်များ ကျန်းမာရေး ထိခိုက်မှု များ ရှိလာနေသည်ဟု စောစိပတြော်က ဆက်ပြောသည်။

“အခြေအနေကတော့ ခက်ခဲတာပေါ့။ အခုနကပြောသလို မထင်မှတ်တဲ့အချိန်မှာဖြစ်တော့ ပြေးကြတဲ့အခါမှာ အဆင်သင့်မဖြစ်ဘူးလေနော်။ တချို့က ကလေးတွေနဲ့ဆိုတော့ ဖြစ်တာနဲ့ပြေးရတာဆိုတော့ စားစရာတွေ အကုန် လုံး အိမ်မှာပဲ ကျန်နေခဲ့တယ်။ ဒါပေ မယ့် အဓိကလိုအပ်ချက်က ဆေးဝါးတို့ဘာတို့၊ အခုလောလောဆယ် က တော်တော်အေးတော့၊ အခု တစ်ပတ် နှစ်ပတ်အတွင်းမှာ သူတို့ကလေးတွေ နေမကောင်းတာတွေ အဲ့လိုတွေ ရှိတယ်။”

KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ လယ်ပိုင်းကစတင်ကာ ယနေ့အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ လည်း ဆက်တိုက် ဖြစ်ပွားနေခဲ့ရာ အနီးအနားကျေးရွာများမှ ဒေသခံတစ်ထောင်နီးပါးခန့်သည် တောတောင်များ ထဲ စစ်ဘေး လွတ်ရာနေရာများတွင် ပုန်းရှောင်နေခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အခုတစ်ထောင်နီးပါးရှိနေပြီ။ အဲ့နားက လေးငါးရွာနဲ့ တချို့ ဒီကွင်းကနေပြီးမှ အမျိုးတွေ၊ ရွာကလူတွေ၊ သား သမီးတွေ အပေါ်ပြန်တက်တော့ တိုက်ပွဲဖြစ်တော့ အကုန်လုံးအတူတူပြေးကြတာ၊ အခု အကုန်လုံးပေါင်းရင် တစ်ထောင်နီးပါးဖြစ်နေပြီ။ ရွာကနေ ဒီတောင်ပေါ်မှာပေါ့၊ နည်းနည်းလုံခြုံတဲ့နေရာပဲပေါ့၊ တောထဲမှာပဲ လိုက် ပုန်းနေရတာပေါ့။ တောင်ပေါ်မှာပေါ့ တောထဲမှာပဲ ရှောင်နေရတာပေါ့” ဟု စောစိပတြော် က ဆက်ပြောသည်။

ဒေသအတွင်းက စစ်ရေးအခြေအနေနှင့် ပတ်သက်၍လည်း ဒေသခံ တစ်ဦးက “အခုအခြေအနေကတော့ တနင်္ဂ နွေနေ့အထိတော့ တပ်ကပစ်တာတော့ လက်နက်ကြီးနဲ့ ပစ်တော့ ဘုရားရှိခိုး နေတဲ့ အချိန် လက်နက်ကြီးနဲ့ ပစ် တော့ နည်းနည်း နီးကပ်တော့ ထွက်ပြေးနေရတယ်။ မူသယ် အထက်ဘက်မှာပေါ့၊ ဟိုး အရင်ဖြစ်တဲ့ နေရာတွေ ပဲလေ၊ အဲ့ဒီအနီးအနားမှာပဲ။ တကောဒေါ၊ ပါကောခီး၊ ပါကောထာ၊ သဲဒေါ အဲဒီနေရာတွေပဲလေ။ ဟိုးတနင်္ဂနွေ နေ့ မတိုင်ခင်ကလိုပဲ တဖက်ကပဲ ပစ်တာပဲ။ အဲ့လို နေ့တိုင်းပစ်တာပဲ။ ဟိုတနေ့ကတော့ နည်းနည်းပိုနီးတော့ Sunday မှာတော့ဖြစ်တာ နီးတော့ ဘုရားမရှိ ခိုးရပဲ ထွက်ပြေးရတာပေါ့။ အခြေအနေက တော့ နေ့တိုင်းလိုလို ဖြစ်နေ တယ်” ဟု ပြောသည်။

ယခုခါ ကူညီထောက်ပံ့မှုအချို့ ကျောက်ကြီးမြို့နယ်အတွင်း ရောက်ရှိလာပြီဖြစ်သော်လည်း နှစ်ဖက်ကြားက စစ်ရေးတင်းမာမှုများ၊ ပဋိပက္ခများ၊ ပစ်ခတ်မှုများ ရှိနေသေးခြင်း၊ နှစ်ဖက်တွေ့ဆုံမှုများ မရှိသေးခြင်းကြောင့် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် စောင်၊အဝတ်အထည်များ သွားရောက် ပေးပို့နိုင်ခြင်း မရှိသေးဘူးဟု ညောင်လေးပင်ခရိုင် ကရင် လူမှုရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

ဇန္နဝါရီ ၂၀ ရက်နေ့ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးက စစ် ဘေးဒုက္ခသည်များ အတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ကျောက်ကြီး မြို့နယ်အတွင်းရှိ KNU ဆက်ဆံရေးရုံးတွင် ကရင်လူမှုရေးရာအဖွဲ့ကို ပေးအပ်ခဲ့သည်ဟု စောစိပတြော် က ပြော သည်။

တပ်မဟာ ၃ နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများသည် တပ်မတော်မှ လမ်းဖောက်လုပ်နေသည့် နေရာ များ တစ်လျှောက်တွင် ဖြစ်ပွားနေပြီး အဆိုပါလမ်းမှာ တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ဖက်ကို ဆက်သွယ်ထား သည့် လမ်းကြောင်းဖြစ်သည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက သတင်းနှင့် မီဒီယာ ကွန် ရက် သတင်းဌာန ကို ပြောသည်။

တပ်မတော်နှင့် KNU တို့အကြား တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း ညောင်လေးပင် ခရိုင်၊ ကျောက်ကြီး မြို့ နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဖြစ်ပွားနေသကဲ့သို့ KNU တပ်မဟာ ၅ နယ်မြေ ကရင်ပြည် နယ် ဖာပွန် (မူတြော်) ခရိုင်နှင့် တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထံခရိုင် တို့တွင်လည်း နှစ်ဖက်ထိတွေ့မှုများ ရှိနေသည်ဟု ပဒိုမန်းမန်းက ပြောသည်။

*** ZAWGYI ***
ေညာင္ေလးပင္ ကရင္ စစ္ေရွာင္မ်ား ေထာက္ပံ့မႈ လိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၆ ရက္။

ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္အတြင္း ျဖစ္ပြားေနသည့္ တပ္မေတာ္ ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔အၾကားက တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ ေဒသခံ တစ္ေထာင္နီးပါးအတြက္ စားနပ္ ရိကၡာႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား အေရးေပၚလိုအပ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေညာင္ေလးပင္ခ႐ိုင္ ကရင္ လူမႈေရးရာ အဖြဲ႕မွ တာဝန္ရွိသူ ေစာစိပေၾတာ္က “ လိုတာကေတာ့ ပစၥည္းေတြက အစုံပဲ၊ ေစာင္ေရာ၊ ကေလးအဝတ္အစား၊ လူႀကီးအဝတ္အစား၊ အကုန္ပဲ၊ ဒီစား ေသာက္စရာေတြ ေဆးဝါးေတြ အကုန္ပဲ လိုတယ္။ ဘယ္သူမွလည္း သြားမပို႔ရဲတဲ့ အေျခအေနေပါ့” ဟု ေျပာသည္။

ေတာေတာင္မ်ားထဲ ထြက္ေျပးတိမ္းေရွာင္ေနရၾကသည့္ အတြက္ ယခုခါ ကေလးငယ္မ်ား က်န္းမာေရး ထိခိုက္မႈ မ်ား ရွိလာေနသည္ဟု ေစာစိပေၾတာ္က ဆက္ေျပာသည္။

“အေျခအေနကေတာ့ ခက္ခဲတာေပါ့။ အခုနကေျပာသလို မထင္မွတ္တဲ့အခ်ိန္မွာျဖစ္ေတာ့ ေျပးၾကတဲ့အခါမွာ အဆင္သင့္မျဖစ္ဘူးေလေနာ္။ တခ်ိဳ႕က ကေလးေတြနဲ႔ဆိုေတာ့ ျဖစ္တာနဲ႔ေျပးရတာဆိုေတာ့ စားစရာေတြ အကုန္ လုံး အိမ္မွာပဲ က်န္ေနခဲ့တယ္။ ဒါေပ မယ့္ အဓိကလိုအပ္ခ်က္က ေဆးဝါးတို႔ဘာတို႔၊ အခုေလာေလာဆယ္ က ေတာ္ေတာ္ေအးေတာ့၊ အခု တစ္ပတ္ ႏွစ္ပတ္အတြင္းမွာ သူတို႔ကေလးေတြ ေနမေကာင္းတာေတြ အဲ့လိုေတြ ရွိတယ္။”

KNU တပ္မဟာ ၃ နယ္ေျမျဖစ္သည့္ ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္၊ ေက်ာက္ႀကီးၿမိဳ႕နယ္အတြင္း အတြင္း ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ လယ္ပိုင္းကစတင္ကာ ယေန႔အခ်ိန္ထိ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား လည္း ဆက္တိုက္ ျဖစ္ပြားေနခဲ့ရာ အနီးအနားေက်း႐ြာမ်ားမွ ေဒသခံတစ္ေထာင္နီးပါးခန႔္သည္ ေတာေတာင္မ်ား ထဲ စစ္ေဘး လြတ္ရာေနရာမ်ားတြင္ ပုန္းေရွာင္ေနခဲ့ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“အခုတစ္ေထာင္နီးပါးရွိေနၿပီ။ အဲ့နားက ေလးငါး႐ြာနဲ႔ တခ်ိဳ႕ ဒီကြင္းကေနၿပီးမွ အမ်ိဳးေတြ၊ ႐ြာကလူေတြ၊ သား သမီးေတြ အေပၚျပန္တက္ေတာ့ တိုက္ပြဲျဖစ္ေတာ့ အကုန္လုံးအတူတူေျပးၾကတာ၊ အခု အကုန္လုံးေပါင္းရင္ တစ္ေထာင္နီးပါးျဖစ္ေနၿပီ။ ႐ြာကေန ဒီေတာင္ေပၚမွာေပါ့၊ နည္းနည္းလုံၿခဳံတဲ့ေနရာပဲေပါ့၊ ေတာထဲမွာပဲ လိုက္ ပုန္းေနရတာေပါ့။ ေတာင္ေပၚမွာေပါ့ ေတာထဲမွာပဲ ေရွာင္ေနရတာေပါ့” ဟု ေစာစိပေၾတာ္ က ဆက္ေျပာသည္။

ေဒသအတြင္းက စစ္ေရးအေျခအေနႏွင့္ ပတ္သက္၍လည္း ေဒသခံ တစ္ဦးက “အခုအေျခအေနကေတာ့ တနဂၤ ေႏြေန႔အထိေတာ့ တပ္ကပစ္တာေတာ့ လက္နက္ႀကီးနဲ႔ ပစ္ေတာ့ ဘုရားရွိခိုး ေနတဲ့ အခ်ိန္ လက္နက္ႀကီးနဲ႔ ပစ္ ေတာ့ နည္းနည္း နီးကပ္ေတာ့ ထြက္ေျပးေနရတယ္။ မူသယ္ အထက္ဘက္မွာေပါ့၊ ဟိုး အရင္ျဖစ္တဲ့ ေနရာေတြ ပဲေလ၊ အဲ့ဒီအနီးအနားမွာပဲ။ တေကာေဒါ၊ ပါေကာခီး၊ ပါေကာထာ၊ သဲေဒါ အဲဒီေနရာေတြပဲေလ။ ဟိုးတနဂၤေႏြ ေန႔ မတိုင္ခင္ကလိုပဲ တဖက္ကပဲ ပစ္တာပဲ။ အဲ့လို ေန႔တိုင္းပစ္တာပဲ။ ဟိုတေန႔ကေတာ့ နည္းနည္းပိုနီးေတာ့ Sunday မွာေတာ့ျဖစ္တာ နီးေတာ့ ဘုရားမရွိ ခိုးရပဲ ထြက္ေျပးရတာေပါ့။ အေျခအေနက ေတာ့ ေန႔တိုင္းလိုလို ျဖစ္ေန တယ္” ဟု ေျပာသည္။

ယခုခါ ကူညီေထာက္ပံ့မႈအခ်ိဳ႕ ေက်ာက္ႀကီးၿမိဳ႕နယ္အတြင္း ေရာက္ရွိလာၿပီျဖစ္ေသာ္လည္း ႏွစ္ဖက္ၾကားက စစ္ေရးတင္းမာမႈမ်ား၊ ပဋိပကၡမ်ား၊ ပစ္ခတ္မႈမ်ား ရွိေနေသးျခင္း၊ ႏွစ္ဖက္ေတြ႕ဆုံမႈမ်ား မရွိေသးျခင္းေၾကာင့္ လုံၿခဳံေရးအေျခအေနေၾကာင့္ စားနပ္ရိကၡာ၊ ေဆးဝါး ႏွင့္ ေစာင္၊အဝတ္အထည္မ်ား သြားေရာက္ ေပးပို႔ႏိုင္ျခင္း မရွိေသးဘူးဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္ လူမႈေရးရာ အဖြဲ႕မွ တာဝန္ရွိသူ ေစာစိပေၾတာ္ က ေျပာသည္။

ဇႏၷဝါရီ ၂၀ ရက္ေန႔ကလည္း ပဲခူးတိုင္းအစိုးရအဖြဲ႕ဝင္ ကရင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ေနာ္ပြယ္ေစးက စစ္ ေဘးဒုကၡသည္မ်ား အတြက္ အစားအေသာက္၊ ေဆးဝါးပစၥည္းမ်ား၊ ေစာင္ႏွင့္ အေႏြးထည္မ်ားကို ေက်ာက္ႀကီး ၿမိဳ႕နယ္အတြင္းရွိ KNU ဆက္ဆံေရး႐ုံးတြင္ ကရင္လူမႈေရးရာအဖြဲ႕ကို ေပးအပ္ခဲ့သည္ဟု ေစာစိပေၾတာ္ က ေျပာ သည္။

တပ္မဟာ ၃ နယ္ေျမတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည့္ေနရာမ်ားသည္ တပ္မေတာ္မွ လမ္းေဖာက္လုပ္ေနသည့္ ေနရာ မ်ား တစ္ေလွ်ာက္တြင္ ျဖစ္ပြားေနၿပီး အဆိုပါလမ္းမွာ တပ္မဟာ ၃ ႏွင့္ တပ္မဟာ ၅ ဖက္ကို ဆက္သြယ္ထား သည့္ လမ္းေၾကာင္းျဖစ္သည္ဟု KNU တပ္မဟာ (၅) ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္းက သတင္းႏွင့္ မီဒီယာ ကြန္ ရက္ သတင္းဌာန ကို ေျပာသည္။

တပ္မေတာ္ႏွင့္ KNU တို႔အၾကား တပ္မဟာ ၃ နယ္ေျမျဖစ္သည့္ ပဲခူးတိုင္း ေညာင္ေလးပင္ ခ႐ိုင္၊ ေက်ာက္ႀကီး ၿမိဳ႕ နယ္အတြင္း တိုက္ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ား ျဖစ္ပြားေနသကဲ့သို႔ KNU တပ္မဟာ ၅ နယ္ေျမ ကရင္ျပည္ နယ္ ဖာပြန္ (မူေၾတာ္) ခ႐ိုင္ႏွင့္ တပ္မဟာ ၁ နယ္ေျမ မြန္ျပည္နယ္ သထံခ႐ိုင္ တို႔တြင္လည္း ႏွစ္ဖက္ထိေတြ႕မႈမ်ား ရွိေနသည္ဟု ပဒိုမန္းမန္းက ေျပာသည္။