ကျောက်ကြီး ကရင် စစ်ရှောင်များအတွက် အကူအညီပေးရန် အခက်တွေ့နေ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။

ဒေသအတွင်း လုံခြုံရေး အာမခံချက် မရှိသည့်အတွက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းက စစ်ရှောင်ပြည်သူများအတွက် ရိက္ခာနှင့် ဆေးဝါးများ သွားရန် ကူညီရန် အခက်အခဲရှိနေသည်ဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့ က ပြောသည်။

KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်း တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများအတွက် အကူအညီအချို့ကို လက်ခံရရှိထားပြီဖြစ်သော်လည်း နှစ်ဖက်တွေ့ဆုံမှု မရှိသေးသည့်အတွက် ရိက္ခာများ သွားရောက်ပို့ပေးရန် မဖြစ်နိုင်သေးဘူးဟု ညောင်လေးပင်ခရိုင် ကရင် လူမှု့ရေးရာ အဖွဲ့မှ တာဝန်ရှိသူ စောစိပတြော် က ပြောသည်။

“အဖွဲ့အစည်းအသီးသီးကနေ ပြည်တွင်းကနေတော့ ထောက်ပံ့တာတွေလာနေပြီ လက်ခံထားပြီ၊ ဒါပေမယ့် ကျောက်ကြီးမြို့ထဲမှာပဲ လောလောဆယ် သတ်မှတ်ထားတဲ့နေရာပဲ။ ဘာလို့လဲဆိုတော့ နှစ်ဖက်ခေါင်းဆောင် တွေ မတွေ့ပဲနဲ့ သွားဖို့ကလည်း အဲ့လမ်းကလည်း ဘယ်သူမှ မသွားရဲတဲ့အခြေအနေမှာ ရှိတယ်။ ကျနော်တို့ ဒေသခံ တွေပဲဖြစ်ဖြစ် အဖွဲ့ အစည်းအသီးသီးကပဲ ဖြစ်ဖြစ် ဝိုင်းတွန်းအားပေးတာပေါ့။ နှစ်ဖက် တွေ့ဆုံ ဖို့။ တွေ့ဆုံပြီးမှ သူ့တပ်သူထိန်း၊ ကိုယ့်တပ်ကိုယ်ထိန်း။ အဲ့လို နှစ်ဖက်တွေ့ဆုံမှပဲ သွားလို့အဆင်ပြေမှာကိုး။”

ထို့သို့ နှစ်ဖက်တွေ့ဆုံမှု မလုပ်နိုင်ပါက “တွေ့ဆုံမှုကတော့ လုပ်ပေးရမှာပဲ။ ကတိကဝတ်လုပ်ထားတဲ့အပေါ်မှာ ဖိအားပေးတာတော့ မဟုတ်ဘူး။ ဒါ နှစ် ဖက်ခေါင်းဆောင်တွေ အတူတကွ ကတိပြုထားတဲ့အပေါ်မှာ တွေ့ကို တွေ့ရမယ့် အခြေအနေပဲ၊ မတွေ့ရင်တော့ အခုနက ပြောသလိုပေါ့ လာလှူထားတဲ့ပစ္စည်းတွေက လာလှူတဲ့လူ တွေလည်း ကိုယ်တိုင်မပို့ရဲ၊ ဒေသခံတွေလည်း မပို့ရဲတဲ့အခါကြတော့ သူတို့လည်း အခက်အခဲရှိတာပေါ့” ဟု စောစိပတြော် က ဆက်ပြောသည်။

ယခုလ ၂၀ ရက်နေ့ကလည်း ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးက စစ် ဘေးဒုက္ခသည်များ အတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းများ၊ စောင်နှင့် အနွေးထည်များကို ကျောက်ကြီး မြို့နယ်အတွင်းရှိ KNU ဆက်ဆံရေးရုံးတွင် ကရင်လူမှုရေးရာအဖွဲ့ကို ပေးအပ်ခဲ့သည်ဟု စောစိပတြော် က ပြော သည်။

“သူတို့ နှစ်ဖက်တွေ့ဆုံမှပဲ အခုနက ပြောသလို ပစ္စည်းတွေ၊ အကူအညီ ထောက်ပံ့တာတွေ သွားပို့ရဲမှာလေ။ မဟုတ်ရင် ကျနော်တို့လည်း သွားမပို့ရဲဘူး။ လှူပေးတဲ့ ဝန်ကြီးတွေလည်း သူတို့ကိုယ်တိုင်လည်း သွားမပို့ရဲ ပါဘူး။ ဘာလို့လဲဆို အဲ့ဒီလမ်းကလည်း တပ်စခန်းတွေ သုံး လေး ငါး နေရာ လောက်ရှိတယ်၊ နှစ်ဖက်တွေ့ဆုံ ပြီးတော့ ဒီဘက်ကလည်း သူ့တပ်ကို သူထိန်း၊ ဟိုဘက်ကလည်း သူ့တပ်ပို သူထိန်း အဲ့ဒါမှလည်း သွားပို့ရဲမှာ လေ။ လောလောဆယ်ကတော့ ပစ္စည်းတွေကတော့ သတ်မှတ်နေရာမှာပဲ ရှိထားတယ်။”

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ လလယ်ပိုင်းကနေ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက မူသယ်၊ ခဲဒဲ၊ တကောဒေါ၊ ပါကောခီး၊ ပါကောထာ၊ သဲဒေါ ကျေးရွာများက ဒေသခံ တစ်ထောင်နီးပါးက အနီးအနား တောတောင်များထဲသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံ များနှင့် ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

“ဟိုတနေ့ကတော့ Sunday မှာဖြစ်တာ၊ နီးတော့ ဘုရားမရှိ ခိုးရပဲ ထွက်ပြေးရတာပေါ့။ အခြေအနေကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ တနင်္ဂနွေနေ့အထိတော့ တပ်ကပစ်တာတော့ လက်နက်ကြီးနဲ့ ပစ်တော့ ဘုရားရှိခိုး နေတဲ့ အချိန် လက်နက်ကြီးနဲ့ ပစ်တော့ နည်းနည်း နီးကပ်တော့ ထွက်ပြေးနေရတယ်” ဟု ကျောက်ကြီး ဒေသ ခံတစ်ဦး က ပြောသည်။

ဇန္နဝါရီလ ၂၄ ရက်နေ့ကလည်း သထုံခရိုင်အတွင်းက ဒေသခံ ၈၀၀ ကျော်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နှစ်ဖက် လေးစား လိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ကို လိုက်နာဆောင်ရွက်ရေး၊ ဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများ အလိုမရှိ၊ ကျေးရွာအတွင်း တပ်စွဲထား သည့် တပ်စခန်းများ အလိုမရှိ၊ အောက်ခြေတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအား အစိုးရမှ ညှိနှိုင်းဖြေရှင်း ပေး ရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး စသည့်အချက်များကို ဆန္ဒထုတ်ဖော် တောင်းဆို ခဲ့ကြသည်။

“ကျနော်တို့ကတော့ ပြည်သူတွေတောင်းဆိုတာတော့ အခုထွက်ပြေးတိန်းရှောင်နေရတဲ့ သူတွေ အဓိကတောင်း ဆို တာကတော့ အဲ့ဒါပဲလေ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းဖို့၊ နှစ်ဖက်တွေ့ဆုံဖို့၊ ပြီးတော့ ဌာနေပြည်သူတွေနေ တဲ့ နေရာမှာ ချထားတဲ့ တပ်စခန်းတွေ အကုန်လုံး ပြန်ရုတ်သိမ်းဖို့ ၊ ဒါမှ လူမှုဘဝဆိုတာ လုံခြုံမှုရှိမှာလေ။ ဒေသခံတွေ တောင်းဆိုတဲ့အချက်တွေပေါ့၊ အဓိက က နှစ်ဖက်တွေ့ဆုံဖို့ဗျ။ တွေ့ဆုံဖို့ဆိုတော့ NCA ထဲမှာလည်း ပါ တယ်” ဟု စောစိပတြော် က ပြောသည်။

တပ်မတော် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်- KNU တပ်မဟာ ၃ နယ်မြေအတွင်း သာမကပဲ ကရင်ပြည် နယ်၊ ဖာပွန် (မူတြော်) ခရိုင်- KNU တပ်မဟာ ၅ နယ်မြေ နှင့် မွန်ပြည်နယ် သထုံခရိုင်-KNU တပ်မဟာ ၁ နယ်မြေတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “စောစောက စကားရပ်အရ ပြောရမယ်ဆိုရင်တော့ တင်း မာနေဆဲပေါ့။ ဒေသခံတွေကိုလည်း မြန်မာစစ်တပ်ဖက်က သွားလာမှုလည်း ကန့်သတ်နေတဲ့ အခါကျတော့ ကျနော်တို့ တစ်ဖက်က လူထုတွေ အတွက် အကူ အညီပေးနိုင်မယ့် အဖွဲ့အစည်းတွေက အစပေါ့ ဝင်လို့ ထွက်လို့ မရတဲ့ အချိန်မှာဖြစ်တယ်။ ဒီအတွက်လည်းကျနော်တို့ကလည်း ဒီဖက် KNU ဖက်ကတော့ လက်လှမ်းမှီနိုင် သလောက် ထိုးဝင်နိုင်လို့ ရနိုင်သလောက်တော့ တတ်နိုင်တဲ့ ကူညီမှုလေးတွေကိုတော့ ကျနော်တို့ ဆောင်ရွက်နေ တာတွေတော့ ရှိပါတယ်။ သို့သော်လည်း NGO တွေ INGO ဝင်နိုင်ဖို့အထိကတော့ ကူညီနိုင်တဲ့ အဆင့်မရှိ သေးဘူ လို့ တော့ ပြောရမှာ ဖြစ်ပါတယ်” ဟု ဇန္နဝါရီလ ၁၆ ရက်နေ့က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

ဇန္နဝါရီလ ၂၀ ရက်နေ့ကလည်း တပ်မတော်နှင့် KNU တို့ အကြားဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် ပြည်တွင်းအရပ်ဖက်အဖွဲ့ ၁၇၂ ဖွဲ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အိတ်ဖွင့် ပေး စာ ပေးပို့ခဲ့ကြသည်။

*** ZAWGYI ***
ေက်ာက္ႀကီး ကရင္ စစ္ေရွာင္မ်ားအတြက္ အကူအညီေပးရန္ အခက္ေတြ႕ေန

သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇႏၷဝါရီလ ၂၆ ရက္။

ေဒသအတြင္း လုံၿခဳံေရး အာမခံခ်က္ မရွိသည့္အတြက္ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္ အတြင္းက စစ္ေရွာင္ျပည္သူမ်ားအတြက္ ရိကၡာႏွင့္ ေဆးဝါးမ်ား သြားရန္ ကူညီရန္ အခက္အခဲရွိေနသည္ဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္ လူမႈ႕ေရးရာ အဖြဲ႕ က ေျပာသည္။

KNU တပ္မဟာ ၃ နယ္ေျမ၊ ေညာင္ေလးပင္ခ႐ိုင္အတြင္း တပ္မေတာ္ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔အၾကားက တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးေနၾကရသည့္ ေဒသခံျပည္သူမ်ားအတြက္ အကူအညီအခ်ိဳ႕ကို လက္ခံရရွိထားၿပီျဖစ္ေသာ္လည္း ႏွစ္ဖက္ေတြ႕ဆုံမႈ မရွိေသးသည့္အတြက္ ရိကၡာမ်ား သြားေရာက္ပို႔ေပးရန္ မျဖစ္ႏိုင္ေသးဘူးဟု ေညာင္ေလးပင္ခ႐ိုင္ ကရင္ လူမႈ႕ေရးရာ အဖြဲ႕မွ တာဝန္ရွိသူ ေစာစိပေၾတာ္ က ေျပာသည္။

“အဖြဲ႕အစည္းအသီးသီးကေန ျပည္တြင္းကေနေတာ့ ေထာက္ပံ့တာေတြလာေနၿပီ လက္ခံထားၿပီ၊ ဒါေပမယ့္ ေက်ာက္ႀကီးၿမိဳ႕ထဲမွာပဲ ေလာေလာဆယ္ သတ္မွတ္ထားတဲ့ေနရာပဲ။ ဘာလို႔လဲဆိုေတာ့ ႏွစ္ဖက္ေခါင္းေဆာင္ ေတြ မေတြ႕ပဲနဲ႔ သြားဖို႔ကလည္း အဲ့လမ္းကလည္း ဘယ္သူမွ မသြားရဲတဲ့အေျခအေနမွာ ရွိတယ္။ က်ေနာ္တို႔ ေဒသခံ ေတြပဲျဖစ္ျဖစ္ အဖြဲ႕ အစည္းအသီးသီးကပဲ ျဖစ္ျဖစ္ ဝိုင္းတြန္းအားေပးတာေပါ့။ ႏွစ္ဖက္ ေတြ႕ဆုံ ဖို႔။ ေတြ႕ဆုံၿပီးမွ သူ႔တပ္သူထိန္း၊ ကိုယ့္တပ္ကိုယ္ထိန္း။ အဲ့လို ႏွစ္ဖက္ေတြ႕ဆုံမွပဲ သြားလို႔အဆင္ေျပမွာကိုး။”

ထို႔သို႔ ႏွစ္ဖက္ေတြ႕ဆုံမႈ မလုပ္ႏိုင္ပါက “ေတြ႕ဆုံမႈကေတာ့ လုပ္ေပးရမွာပဲ။ ကတိကဝတ္လုပ္ထားတဲ့အေပၚမွာ ဖိအားေပးတာေတာ့ မဟုတ္ဘူး။ ဒါ ႏွစ္ ဖက္ေခါင္းေဆာင္ေတြ အတူတကြ ကတိျပဳထားတဲ့အေပၚမွာ ေတြ႕ကို ေတြ႕ရမယ့္ အေျခအေနပဲ၊ မေတြ႕ရင္ေတာ့ အခုနက ေျပာသလိုေပါ့ လာလႉထားတဲ့ပစၥည္းေတြက လာလႉတဲ့လူ ေတြလည္း ကိုယ္တိုင္မပို႔ရဲ၊ ေဒသခံေတြလည္း မပို႔ရဲတဲ့အခါၾကေတာ့ သူတို႔လည္း အခက္အခဲရွိတာေပါ့” ဟု ေစာစိပေၾတာ္ က ဆက္ေျပာသည္။

ယခုလ ၂၀ ရက္ေန႔ကလည္း ပဲခူးတိုင္းအစိုးရအဖြဲ႕ဝင္ ကရင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ေနာ္ပြယ္ေစးက စစ္ ေဘးဒုကၡသည္မ်ား အတြက္ အစားအေသာက္၊ ေဆးဝါးပစၥည္းမ်ား၊ ေစာင္ႏွင့္ အေႏြးထည္မ်ားကို ေက်ာက္ႀကီး ၿမိဳ႕နယ္အတြင္းရွိ KNU ဆက္ဆံေရး႐ုံးတြင္ ကရင္လူမႈေရးရာအဖြဲ႕ကို ေပးအပ္ခဲ့သည္ဟု ေစာစိပေၾတာ္ က ေျပာ သည္။

“သူတို႔ ႏွစ္ဖက္ေတြ႕ဆုံမွပဲ အခုနက ေျပာသလို ပစၥည္းေတြ၊ အကူအညီ ေထာက္ပံ့တာေတြ သြားပို႔ရဲမွာေလ။ မဟုတ္ရင္ က်ေနာ္တို႔လည္း သြားမပို႔ရဲဘူး။ လႉေပးတဲ့ ဝန္ႀကီးေတြလည္း သူတို႔ကိုယ္တိုင္လည္း သြားမပို႔ရဲ ပါဘူး။ ဘာလို႔လဲဆို အဲ့ဒီလမ္းကလည္း တပ္စခန္းေတြ သုံး ေလး ငါး ေနရာ ေလာက္ရွိတယ္၊ ႏွစ္ဖက္ေတြ႕ဆုံ ၿပီးေတာ့ ဒီဘက္ကလည္း သူ႔တပ္ကို သူထိန္း၊ ဟိုဘက္ကလည္း သူ႔တပ္ပို သူထိန္း အဲ့ဒါမွလည္း သြားပို႔ရဲမွာ ေလ။ ေလာေလာဆယ္ကေတာ့ ပစၥည္းေတြကေတာ့ သတ္မွတ္ေနရာမွာပဲ ရွိထားတယ္။”

၂၀၂၀ ခုႏွစ္ ဒီဇင္ဘာလ လလယ္ပိုင္းကေန ယေန႔အခ်ိန္ထိ ျဖစ္ပြားေနသည့္ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ေက်ာက္ႀကီးၿမိဳ႕နယ္အတြင္းက မူသယ္၊ ခဲဒဲ၊ တေကာေဒါ၊ ပါေကာခီး၊ ပါေကာထာ၊ သဲေဒါ ေက်း႐ြာမ်ားက ေဒသခံ တစ္ေထာင္နီးပါးက အနီးအနား ေတာေတာင္မ်ားထဲသို႔ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသခံ မ်ားႏွင့္ ေဒသအတြင္းက အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

“ဟိုတေန႔ကေတာ့ Sunday မွာျဖစ္တာ၊ နီးေတာ့ ဘုရားမရွိ ခိုးရပဲ ထြက္ေျပးရတာေပါ့။ အေျခအေနကေတာ့ ေန႔တိုင္းလိုလို ျဖစ္ေနတယ္။ တနဂၤေႏြေန႔အထိေတာ့ တပ္ကပစ္တာေတာ့ လက္နက္ႀကီးနဲ႔ ပစ္ေတာ့ ဘုရားရွိခိုး ေနတဲ့ အခ်ိန္ လက္နက္ႀကီးနဲ႔ ပစ္ေတာ့ နည္းနည္း နီးကပ္ေတာ့ ထြက္ေျပးေနရတယ္” ဟု ေက်ာက္ႀကီး ေဒသ ခံတစ္ဦး က ေျပာသည္။

ဇႏၷဝါရီလ ၂၄ ရက္ေန႔ကလည္း သထုံခ႐ိုင္အတြင္းက ေဒသခံ ၈၀၀ ေက်ာ္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ပါအခ်က္မ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရး၊ ႏွစ္ဖက္ ေလးစား လိုက္နာရမည့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဘက္ဆိုင္ရာ က်င့္ဝတ္မ်ား ကို လိုက္နာေဆာင္႐ြက္ေရး၊ ေဒသအတြင္း လက္နက္ကိုင္ ပဋိပကၡမ်ား အလိုမရွိ၊ ေက်း႐ြာအတြင္း တပ္စြဲထား သည့္ တပ္စခန္းမ်ား အလိုမရွိ၊ ေအာက္ေျခတြင္ ျဖစ္ေပၚေနသည့္ ပဋိပကၡမ်ားအား အစိုးရမွ ညႇိႏႈိင္းေျဖရွင္း ေပး ေရးႏွင့္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းေရး စသည့္အခ်က္မ်ားကို ဆႏၵထုတ္ေဖာ္ ေတာင္းဆို ခဲ့ၾကသည္။

“က်ေနာ္တို႔ကေတာ့ ျပည္သူေတြေတာင္းဆိုတာေတာ့ အခုထြက္ေျပးတိန္းေရွာင္ေနရတဲ့ သူေတြ အဓိကေတာင္း ဆို တာကေတာ့ အဲ့ဒါပဲေလ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းဖို႔၊ ႏွစ္ဖက္ေတြ႕ဆုံဖို႔၊ ၿပီးေတာ့ ဌာေနျပည္သူေတြေန တဲ့ ေနရာမွာ ခ်ထားတဲ့ တပ္စခန္းေတြ အကုန္လုံး ျပန္႐ုတ္သိမ္းဖို႔ ၊ ဒါမွ လူမႈဘဝဆိုတာ လုံၿခဳံမႈရွိမွာေလ။ ေဒသခံေတြ ေတာင္းဆိုတဲ့အခ်က္ေတြေပါ့၊ အဓိက က ႏွစ္ဖက္ေတြ႕ဆုံဖို႔ဗ်။ ေတြ႕ဆုံဖို႔ဆိုေတာ့ NCA ထဲမွာလည္း ပါ တယ္” ဟု ေစာစိပေၾတာ္ က ေျပာသည္။

တပ္မေတာ္ ႏွင့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔အၾကား ပဲခူးတိုင္း၊ ေညာင္ေလးပင္ခ႐ိုင္- KNU တပ္မဟာ ၃ နယ္ေျမအတြင္း သာမကပဲ ကရင္ျပည္ နယ္၊ ဖာပြန္ (မူေၾတာ္) ခ႐ိုင္- KNU တပ္မဟာ ၅ နယ္ေျမ ႏွင့္ မြန္ျပည္နယ္ သထုံခ႐ိုင္-KNU တပ္မဟာ ၁ နယ္ေျမတို႔တြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိသည္။

KNU တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္းက “ေစာေစာက စကားရပ္အရ ေျပာရမယ္ဆိုရင္ေတာ့ တင္း မာေနဆဲေပါ့။ ေဒသခံေတြကိုလည္း ျမန္မာစစ္တပ္ဖက္က သြားလာမႈလည္း ကန႔္သတ္ေနတဲ့ အခါက်ေတာ့ က်ေနာ္တို႔ တစ္ဖက္က လူထုေတြ အတြက္ အကူ အညီေပးႏိုင္မယ့္ အဖြဲ႕အစည္းေတြက အစေပါ့ ဝင္လို႔ ထြက္လို႔ မရတဲ့ အခ်ိန္မွာျဖစ္တယ္။ ဒီအတြက္လည္းက်ေနာ္တို႔ကလည္း ဒီဖက္ KNU ဖက္ကေတာ့ လက္လွမ္းမွီႏိုင္ သေလာက္ ထိုးဝင္ႏိုင္လို႔ ရႏိုင္သေလာက္ေတာ့ တတ္ႏိုင္တဲ့ ကူညီမႈေလးေတြကိုေတာ့ က်ေနာ္တို႔ ေဆာင္႐ြက္ေန တာေတြေတာ့ ရွိပါတယ္။ သို႔ေသာ္လည္း NGO ေတြ INGO ဝင္ႏိုင္ဖို႔အထိကေတာ့ ကူညီႏိုင္တဲ့ အဆင့္မရွိ ေသးဘူ လို႔ ေတာ့ ေျပာရမွာ ျဖစ္ပါတယ္” ဟု ဇႏၷဝါရီလ ၁၆ ရက္ေန႔က သတင္းႏွင့္မီဒီယာကြန္ရက္ သတင္းဌာနကို ေျပာသည္။

ဇႏၷဝါရီလ ၂၀ ရက္ေန႔ကလည္း တပ္မေတာ္ႏွင့္ KNU တို႔ အၾကားျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ရပ္တန႔္ေပးရန္ ျပည္တြင္းအရပ္ဖက္အဖြဲ႕ ၁၇၂ ဖြဲ႕က ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ အိတ္ဖြင့္ ေပး စာ ေပးပို႔ခဲ့ၾကသည္။