လက်ကျန် မွန် ဝန်ကြီးသုံးဦး ပြန်လွတ်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။
တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ဆုံး ကျန်ရှိသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦး ၃ ရက်မြောက်နေ့ ည ၁၀ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု လွတ်မြောက်လာသည့် ဝန်ကြီး များက ပြောသည်။
တပ်မတော်မှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ဖမ်းဆီးသွားသည့်နေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ပြန်လွှတ်ပေးခဲ့ခြင်းမရှိပဲ ပြင်ပနှင့်လည်း အဆက်အသွယ်ပြတ်နေခဲ့သည်။
သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင်မှသာ နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီးအိမ်ရာသို့ ပြန်ပို့ပေးခဲ့သည်ဟု ပြန်လွတ်လာသည့် ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။
“ခေါ်သွားတုန်းကတော့ အမှတ် (၆) ဆက်သွယ်ရေးတပ်ကို ခေါ်သွားတယ်၊ အဲမှာ ဝန်ကြီးချုပ်ရော အခြားဝန် ကြီး တွေရောပဲ၊ အဲဒီကနေ ကျနော်နဲ့ ဦးရွှေမြင့်ကို ကော့ခိုက်မှာရှိတဲ့ ၉၀၄ တပ်ကို ခေါ်သွားတယ်၊ အဲနောက်မှာ အဆက်အသွယ်ပြတ်သွားကြတယ်။ မနေ့ည ၁၀ နာရီကျော်လောက်မှာပေါ့ အိမ်ပြန်ရမယ်ဆိုပြီး လာခေါ်တော့ ကျနော်နဲ့ ဦးရွှေမြင့် နောက် အမှတ် (၆) ဆက်သွယ်ရေးတပ်မှာ ဒေါက်တာထိန်လင်းကို ဝင်ခေါ်ပြီးတော့ ကျနော် တို့ ၃ ယောက်ပေါ့ နောက်ဆုံးပဲ ပြန်ရောက်လာတယ်” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
ပြန်လွတ်လာသည့် ဝန်ကြီးများသည် ဝန်ကြီးအိမ်ရာတွင် ရှိနေကြပြီး ၃ ရက်အတွင်း ပစ္စည်းများ သိမ်းဆည်း ပြန် အပ်ပြီးလျှင် ဝန်ကြီးများအိမ်ရာမှ ထွက်ခွာသွားရမည်ဟု တပ်မတော်ဘက်က ပြောဆိုထားကြောင်း ဝန်ကြီးများ က ပြောသည်။
ခေါ်ဆောင်ထိန်းသိမ်းထားစဉ် ကာလအတွင်း တပ်မတော်ဘက်က တစ်စုံတစ်ရာ စစ်ဆေးမေးမြန်းခြင်းမရှိဘူး ဟုလည်း ထိန်းသိမ်းခံခဲ့ရသည့် ဝန်ကြီးများ က ပြောသည်။
“သူတို့ခေါ်ထားတဲ့ကာလမှာ ဘာမှပြောတာတော့မရှိဘူး။ ကျနော်တို့ မေးတာတောင် မပြောဘူး” ဟု ဒေါက်တာ မင်းကြည်ဝင်း က ဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့နံနက်ပိုင်းတွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်သမ္မတ နိုင်ငံတော် အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်နှင့် ဝန်ကြီးအများ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးက NLD ပါတီမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအချို့တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
*** ZAWGYI ***
လက္က်န္ မြန္ ဝန္ႀကီးသုံးဦး ျပန္လြတ္ၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၄ ရက္။
တပ္မေတာ္က ဖမ္းဆီးေခၚေဆာင္သြားၿပီး ေနာက္ဆုံး က်န္ရွိသည့္ မြန္ျပည္နယ္ ဝန္ႀကီး ၃ ဦး ၃ ရက္ေျမာက္ေန႔ ည ၁၀ နာရီေက်ာ္တြင္ ျပန္လည္လြတ္ေျမာက္လာခဲ့သည္ဟု လြတ္ေျမာက္လာသည့္ ဝန္ႀကီး မ်ားက ေျပာသည္။
တပ္မေတာ္မွ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံအပါအဝင္ အစိုးရအဖြဲ႕ဝန္ႀကီးအခ်ိဳ႕တို႔ကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးအခ်ိဳ႕တို႔ကို ဖမ္းဆီးသြားသည့္ေန႔၌ပင္ ျပန္လႊတ္ေပးခဲ့ေသာ္လည္း သယံဇာတႏွင့္ သဘာဝထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္း၊ လူမႈေရးဝန္ႀကီး ေဒါက္တာ ထိန္လင္းႏွင့္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ဦးေ႐ႊျမင့္တို႔ကို ျပန္လႊတ္ေပးခဲ့ျခင္းမရွိပဲ ျပင္ပႏွင့္လည္း အဆက္အသြယ္ျပတ္ေနခဲ့သည္။
သုံးရက္ေျမာက္ေန႔ျဖစ္သည့္ ေဖေဖာ္ဝါရီ ၃ ရက္ေန႔ ည ၁၀ နာရီေက်ာ္အခ်ိန္တြင္မွသာ ေနာက္ဆုံးက်န္ေနသည့္ ဝန္ႀကီး ၃ ဦးစလုံးကို ဝန္ႀကီးအိမ္ရာသို႔ ျပန္ပို႔ေပးခဲ့သည္ဟု ျပန္လြတ္လာသည့္ ေဒါက္တာမင္းၾကည္ဝင္း က ေျပာသည္။
“ေခၚသြားတုန္းကေတာ့ အမွတ္ (၆) ဆက္သြယ္ေရးတပ္ကို ေခၚသြားတယ္၊ အဲမွာ ဝန္ႀကီးခ်ဳပ္ေရာ အျခားဝန္ ႀကီး ေတြေရာပဲ၊ အဲဒီကေန က်ေနာ္နဲ႔ ဦးေ႐ႊျမင့္ကို ေကာ့ခိုက္မွာရွိတဲ့ ၉၀၄ တပ္ကို ေခၚသြားတယ္၊ အဲေနာက္မွာ အဆက္အသြယ္ျပတ္သြားၾကတယ္။ မေန႔ည ၁၀ နာရီေက်ာ္ေလာက္မွာေပါ့ အိမ္ျပန္ရမယ္ဆိုၿပီး လာေခၚေတာ့ က်ေနာ္နဲ႔ ဦးေ႐ႊျမင့္ ေနာက္ အမွတ္ (၆) ဆက္သြယ္ေရးတပ္မွာ ေဒါက္တာထိန္လင္းကို ဝင္ေခၚၿပီးေတာ့ က်ေနာ္ တို႔ ၃ ေယာက္ေပါ့ ေနာက္ဆုံးပဲ ျပန္ေရာက္လာတယ္” ဟု ေဒါက္တာမင္းၾကည္ဝင္းက ေျပာသည္။
ျပန္လြတ္လာသည့္ ဝန္ႀကီးမ်ားသည္ ဝန္ႀကီးအိမ္ရာတြင္ ရွိေနၾကၿပီး ၃ ရက္အတြင္း ပစၥည္းမ်ား သိမ္းဆည္း ျပန္ အပ္ၿပီးလွ်င္ ဝန္ႀကီးမ်ားအိမ္ရာမွ ထြက္ခြာသြားရမည္ဟု တပ္မေတာ္ဘက္က ေျပာဆိုထားေၾကာင္း ဝန္ႀကီးမ်ား က ေျပာသည္။
ေခၚေဆာင္ထိန္းသိမ္းထားစဥ္ ကာလအတြင္း တပ္မေတာ္ဘက္က တစ္စုံတစ္ရာ စစ္ေဆးေမးျမန္းျခင္းမရွိဘူး ဟုလည္း ထိန္းသိမ္းခံခဲ့ရသည့္ ဝန္ႀကီးမ်ား က ေျပာသည္။
“သူတို႔ေခၚထားတဲ့ကာလမွာ ဘာမွေျပာတာေတာ့မရွိဘူး။ က်ေနာ္တို႔ ေမးတာေတာင္ မေျပာဘူး” ဟု ေဒါက္တာ မင္းၾကည္ဝင္း က ဆက္ေျပာသည္။
ေဖေဖာ္ဝါရီ ၁ ရက္ေန႔နံနက္ပိုင္းတြင္ တပ္မေတာ္က အာဏာသိမ္းလိုက္ၿပီး ႏိုင္ငံေတာ္သမၼတ ႏိုင္ငံေတာ္ အတိုင္ ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အသီးသီးက ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးအမ်ား၊ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္ႏွင့္တိုင္း ေဒသႀကီးအသီးသီးက NLD ပါတီမွ ဥကၠ႒မ်ား၊ အတြင္းေရးမႉးမ်ားႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီအခ်ိဳ႕တို႔ကို ဖမ္းဆီးထိန္းသိမ္းခဲ့သည္။