မြစ်ကြီးနား တက္ကသိုလ် ဆရာ/မ များ ဖဲကြိုးနီ လှုပ်ရှားမှု စတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်။

တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖွဲ့စည်းခဲ့သည့် အစိုးရအဖွဲ့အား လုံးဝလက်ခံမည် မဟုတ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တက္ကသိုလ်မှ ဆရာ/ဆရာမများ က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ယနေ့နံနက်တွင် ပြုလုပ်သော တပ်မတော်မှ အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဖဲ ကြိုးနီလှုပ်ရှားမှုတွင် မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြစ်ကြီးနား တက္ကသိုလ် စီးပွားရေး ပညာဌာနမှ ဆရာမ ဒေါ်ခိုင်ချိုချိုခက်က“ကျမတို့က ဓမ္မနဲ့ အဓမ္မပေါ့နော ဒီအဓမ္မ အာဏာသိမ်းပိုက်တာကိုတော့ ကျမတို့ မခံနိုင်ပါဘူး။ ကျမတို့ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ ရဲ့ လက်အောက်မှာပဲ ကျမတို့က တာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ ကျမတို့ ပြည်သူတွေ နှစ်ပေါင်းများစွာ ဒီအတွက်ကို ကျမတို့တွေက ပြည်သူတွေက ရင်းခဲ့ကြတာပါ။ ဒါကလည်း ကျမတို့က စစ်အာဏာရှင် စစ် သားကို မုန်းလို့လည်း မဟုတ်ပါဘူး။ ကျမတို့ လိုချင်တာက ဓမ္မနော တရားနည်းလမ်းကျတဲ့ ပြည်သူတွေ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရလက်အောက်မှာ နေဖို့အတွက် ကျမတို့ အကုန်လုံးလာကြတာပါ” ဟု ပြောသည်။

မြစ်ကြီးနား တက္ကသိုလ်မှ ဆရာ/ဆရာမများ၏ ဖဲကြိုးနီလှုပ်ရှားမှုကို ယနေ့ နံနက် ၁၀ နာရီခွဲတွင်ပြုလုပ် ခဲ့ ကြပြီး ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်ရသည့်အပေါ် ဆရာ/ဆရာမများက ယခုကဲ့သို့ ပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဆရာမ မရမ်ဂျာဆိုင်းမိုင် က “တစ်နိုင်ငံလုံး တရားမျှတမှု ရဖို့ရယ်၊ ကိုယ်ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို ပြန်ပြီးတော့ သူ့နေရာနဲ့သူ ရပ်တည်နိုင်ဖို့အတွက် ပါဝင်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် အခြား ဆရာမတစ်ဦးကလည်း “မတရားမှုကို မလိုလားလို့ပါရှင့် တရားမျှတတဲ့ အုပ် ချုပ်မှုကို လိုလားလို့ပါ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဖဲကြိုးနီလှုပ်ရှားမှုတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်း မြင့် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ချက်ချင်း လွတ်ပေးရန်၊ ၂၀၂၀ ရွေးကောက်ပွဲ ဆုံး ဖြတ်ချက်အတိုင်း လုပ်ဆောင်ရန်၊ စစ်အာဏာရှင် ဖွဲ့စည်းထားသော အစိုးရ အဖွဲ့အား သဘောမတူပါ၊ စစ် အာဏာရှင် စနစ်ကျဆုံးပါစေ စသည့်အချက်များကို ကြွေးကြော်ကာ တောင်းဆိုခဲ့ကြသည်။

တပ်မတော်မှ အာဏာသိမ်းယူမှုကို လုံး၀ လက်ခံမည် မဟုတ်ကြောင်းနှင့် နောင်လာနောက်သားများ၏ ရှေ့ အနာဂတ်အတွက် ပြည်သူတစ်ရပ်လုံးကလည်း ယခုကဲ့သို့ လှုပ်ရှားမှုတွင် အားလုံးပါဝင်ပူးပေါင်းကြရန် လို အပ်သည်ဟု ဆရာမ ဒေါ်ခိုင်ချိုချိုခက် က ပြောသည်။

“လက်ရှိအာဏာသိမ်းတယ်ဆိုတာက ဒါမဖြစ်သင့်တဲ့ ကိစ္စ ကျမတို့ ဒီလို ကမ္ဘာမှာအားလုံးကလည်း ဒါကိုပူး ပေါင်း ပါဝင်ရမယ်။ ကျမတို့ နိုင်ငံနိုင်ငံသူ နိုင်ငံသားတွေ အားလုံးဟာလည်း ပူးပေါင်းပါဝင် ဖို့တာ ဝန်ရှိပါ တယ်။ ပြည်သူတစ်ယောက်အနေနဲ့ လုပ်ကိုလုပ်ရမယ်။ ကျမတို့က ရှေ့အနာဂတ်ကာလ အတွက်ပါ ဟုတ် သလို အခုအတွက်လည်း ကျမတို့က ဒါကို ရဲရဲဝံ့ဝံ့ လုပ်ကြရမှာပါ။ ဒီအာဏာသိမ်းတာကို ကျမတို့ ဘယ်လို မှ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။”

တပ်မတာ်မှ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုအား ပြည်သူအားလုံးက ပါဝင်လာမည်ဆိုပါက အောင်မြင်မှုပန်းတိုင်ကို ရရှိမည်ဟု ယုံကြည်ကြောင်းလည်း ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာ/ဆရာ မ များက ပြောသည်။

လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာမတစ်ဦးက “အားလုံး တစ်ညီတစ်ညွှတ်တည်း စုပေါင်းပြီးတော့ ကျမတို့ စည်းလုံးညီညွှတ်စွာ လှုပ်ရှားမယ်ဆိုရင် အောင်မြင်မှု ပန်းတိုင်ဟာ မလွဲမသွေ ရောက်လာမှာပါရှင့်” ဟု ပြောသည်။

အင်္ဂလိပ်စာဌာနမှ လက်ထောက်ကထိက ဆရာမ မရမ်ဂျာဆိုင်းမိုင်ကလည်း “အားလုံးစည်းလုံးနေမယ်ဆို လို့ရှိရင်တော့ အောင်နိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ အကုန်လုံးလည်း အဲလိုယုံကြည်ပြီးတော့ လုပ်နေ မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်မှာ တရားမျှတမှု မ ရှိဟု ဆိုကာ တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD အစိုးရထံမှ အာဏာသိမ်းယူ ခဲ့သည်။

အဆိုပါ အာဏာသိမ်းယူမှုနောက်ပိုင်း တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ကျန်း မာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဖဲကြိုးနီလှုပ်ရှားမှုများကို လုပ်ဆောင်လာခဲ့ကြသကဲ့သို့ မြန် မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူများကလည်း သံဗုံးတီလှုပ်ရှားမှုများကို ပြည်နယ်နှင့် တိုင်းဒေသအသီးသီး တွင် လုပ်ဆောင်လာခဲ့ ကြသည်။

*** ZAWGYI ***
ျမစ္ႀကီးနား တကၠသိုလ္ ဆရာ/မ မ်ား ဖဲႀကိဳးနီ လႈပ္ရွားမႈ စတင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၅ ရက္။

တပ္မေတာ္မွ အာဏာသိမ္းယူၿပီးေနာက္ ဖြဲ႔စည္းခဲ့သည့္ အစိုးရအဖြဲ႔အား လံုး၀လက္ခံမည္ မဟုတ္ေၾကာင္း ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ တကၠသိုလ္မွ ဆရာ/ဆရာမမ်ား က ေျပာဆိုလိုက္သည္။

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ ယေန႔နံနက္တြင္ ျပဳလုပ္ေသာ တပ္မေတာ္မွ အာဏာသိမ္းမႈကို ကန္႔ကြက္သည့္ ဖဲ ႀကိဳးနီလႈပ္ရွားမႈတြင္ ျမစ္ႀကီးနား တကၠသိုလ္မွ ဆရာ/ဆရာမမ်ားက ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

ျမစ္ႀကီးနား တကၠသိုလ္ စီးပြားေရး ပညာဌာနမွ ဆရာမ ေဒၚခိုင္ခ်ိဳခ်ိဳခက္က “က်မတို႔က ဓမၼနဲ႔ အဓမၼေပါ့ေနာ ဒီအဓမၼ အာဏာသိမ္းပိုက္တာကိုေတာ့ က်မတို႔ မခံႏိုင္ပါဘူး။ က်မတို႔ ေရြးခ်ယ္တင္ေျမာက္ထားတဲ့ အစိုးရ ရဲ႕ လက္ေအာက္မွာပဲ က်မတို႔က တာ၀န္ကို ထမ္းေဆာင္ခ်င္ပါတယ္။ က်မတို႔ ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာ ဒီအတြက္ကို က်မတို႔ေတြက ျပည္သူေတြက ရင္းခဲ့ၾကတာပါ။ ဒါကလည္း က်မတို႔က စစ္အာဏာရွင္ စစ္ သားကို မုန္းလို႔လည္း မဟုတ္ပါဘူး။ က်မတို႔ လိုခ်င္တာက ဓမၼေနာ တရားနည္းလမ္းက်တဲ့ ျပည္သူေတြ ေရြးေကာက္တင္ေျမာက္ထားတဲ့ အစိုးရလက္ေအာက္မွာ ေနဖို႔အတြက္ က်မတို႔ အကုန္လံုးလာၾကတာပါ” ဟု ေျပာသည္။

ျမစ္ႀကီးနား တကၠသိုလ္မွ ဆရာ/ဆရာမမ်ား၏ ဖဲႀကိဳးနီလႈပ္ရွားမႈကို ယေန႔ နံနက္ ၁၀ နာရီခြဲတြင္ျပဳလုပ္ ခဲ့ ၾကၿပီး ဖဲႀကိဳးနီလႈပ္ရွားမႈတြင္ ပါ၀င္ရသည့္အေပၚ ဆရာ/ဆရာမမ်ားက ယခုကဲ့သို႔ ေျပာသည္။

အဂၤလိပ္စာဌာနမွ လက္ေထာက္ကထိက ဆရာမ မရမ္ဂ်ာဆိုင္းမိုင္ က “တစ္ႏိုင္ငံလံုး တရားမွ်တမႈ ရဖို႔ရယ္၊ ကိုယ္ေရြးခ်ယ္တင္ေျမာက္ထားတဲ့ အစိုးရကို ျပန္ၿပီးေတာ့ သူ႔ေနရာနဲ႔သူ ရပ္တည္ႏိုင္ဖို႔အတြက္ ပါ၀င္ရျခင္း ျဖစ္ပါတယ္” ဟု ေျပာသည္။

လႈပ္ရွားမႈတြင္ ပါ၀င္သည့္ အျခား ဆရာမတစ္ဦးကလည္း “မတရားမႈကို မလိုလားလို႔ပါရွင့္ တရားမွ်တတဲ့ အုပ္ ခ်ဳပ္မႈကို လိုလားလို႔ပါ” ဟု ေျပာသည္။

ယေန႔ျပဳလုပ္သည့္ ဖဲႀကိဳးနီလႈပ္ရွားမႈတြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ႏိုင္ငံေတာ္ သမၼတႀကီး ဦး၀င္း ျမင့္ အပါအ၀င္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အားလံုး ခ်က္ခ်င္း လြတ္ေပးရန္၊ ၂၀၂၀ ေရြးေကာက္ပြဲ ဆံုး ျဖတ္ခ်က္အတိုင္း လုပ္ေဆာင္ရန္၊ စစ္အာဏာရွင္ ဖြဲ႔စည္းထားေသာ အစိုးရ အဖြဲ႔အား သေဘာမတူပါ၊ စစ္ အာဏာရွင္ စနစ္က်ဆံုးပါေစ စသည့္အခ်က္မ်ားကို ေႂကြးေၾကာ္ကာ ေတာင္းဆိုခဲ့ၾကသည္။

တပ္မေတာ္မွ အာဏာသိမ္းယူမႈကို လုံး၀ လက္ခံမည္ မဟုတ္ေၾကာင္းႏွင့္ ေနာင္လာေနာက္သားမ်ား၏ ေရွ႕ အနာဂတ္အတြက္ ျပည္သူတစ္ရပ္လံုးကလည္း ယခုကဲ့သို႔ လႈပ္ရွားမႈတြင္ အားလံုးပါ၀င္ပူးေပါင္းၾကရန္ လို အပ္သည္ဟု ဆရာမ ေဒၚခိုင္ခ်ိဳခ်ိဳခက္ က ေျပာသည္။

“လက္ရွိအာဏာသိမ္းတယ္ဆိုတာက ဒါမျဖစ္သင့္တဲ့ ကိစၥ က်မတို႔ ဒီလို ကမၻာမွာအားလံုးကလည္း ဒါကိုပူး ေပါင္း ပါ၀င္ရမယ္။ က်မတို႔ ႏိုင္ငံႏိုင္ငံသူ ႏိုင္ငံသားေတြ အားလံုးဟာလည္း ပူးေပါင္းပါ၀င္ ဖို႔တာ ၀န္ရွိပါ တယ္။ ျပည္သူတစ္ေယာက္အေနနဲ႔ လုပ္ကိုလုပ္ရမယ္။ က်မတို႔က ေရွ႕အနာဂတ္ကာလ အတြက္ပါ ဟုတ္ သလို အခုအတြက္လည္း က်မတို႔က ဒါကို ရဲရဲ၀ံ့၀ံ့ လုပ္ၾကရမွာပါ။ ဒီအာဏာသိမ္းတာကို က်မတို႔ ဘယ္လို မွ လက္ခံႏိုင္စရာ အေၾကာင္းမရွိပါဘူး။”

တပ္မတာ္မွ အာဏာသိမ္းယူမႈကို ဆန္႔က်င္သည့္ လႈပ္ရွားမႈအား ျပည္သူအားလံုးက ပါ၀င္လာမည္ဆိုပါက ေအာင္ျမင္မႈပန္းတိုင္ကို ရရွိမည္ဟု ယံုၾကည္ေၾကာင္းလည္း ဖဲႀကိဳးနီလႈပ္ရွားမႈတြင္ ပါ၀င္သည့္ ဆရာ/ဆရာ မ မ်ားက ေျပာသည္။

လႈပ္ရွားမႈတြင္ ပါ၀င္သည့္ ဆရာမတစ္ဦးက “အားလံုး တစ္ညီတစ္ၫႊတ္တည္း စုေပါင္းၿပီးေတာ့ က်မတို႔ စည္းလံုးညီၫႊတ္စြာ လႈပ္ရွားမယ္ဆိုရင္ ေအာင္ျမင္မႈ ပန္းတိုင္ဟာ မလြဲမေသြ ေရာက္လာမွာပါရွင့္” ဟု ေျပာသည္။

အဂၤလိပ္စာဌာနမွ လက္ေထာက္ကထိက ဆရာမ မရမ္ဂ်ာဆိုင္းမိုင္ကလည္း “အားလံုးစည္းလံုးေနမယ္ဆို လို႔ရွိရင္ေတာ့ ေအာင္ႏိုင္မယ္လို႔ က်မယံုၾကည္ပါတယ္။ အကုန္လံုးလည္း အဲလိုယံုၾကည္ၿပီးေတာ့ လုပ္ေန မယ္လို႔ ေမွ်ာ္လင့္ပါတယ္” ဟု ေျပာသည္။

၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ျပဳလုပ္သည့္ အေထြေထြ ေရြးေကာက္ပြဲ ရလဒ္မွာ တရားမွ်တမႈ မ ရွိဟု ဆိုကာ တပ္မေတာ္မွ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ NLD အစိုးရထံမွ အာဏာသိမ္းယူ ခဲ့သည္။

အဆိုပါ အာဏာသိမ္းယူမႈေနာက္ပိုင္း တပ္မေတာ္၏ အာဏာသိမ္းယူမႈကို ဆန္႔က်င္သည့္အေနျဖင့္ က်န္း မာေရး ၀န္ထမ္းမ်ားႏွင့္ ဌာနဆိုင္ရာ ၀န္ထမ္းမ်ားက ဖဲႀကိဳးနီလႈပ္ရွားမႈမ်ားကို လုပ္ေဆာင္လာခဲ့ၾကသကဲ့သို႔ ျမန္ မာႏိုင္ငံတစ္၀ွမ္းရွိ ျပည္သူမ်ားကလည္း သံဗံုးတီလႈပ္ရွားမႈမ်ားကို ျပည္နယ္ႏွင့္ တိုင္းေဒသအသီးသီး တြင္ လုပ္ေဆာင္လာခဲ့ ၾကသည္။