မြစ်ကြီးနား ဆန္ဒပြပွဲ ပိတ်ဆို့မှုများ ပြန်ဖွင့်ပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုကို တစ်နာရီနီးပါးခန့် စစ်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်ပေးခဲ့သည်။

မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ (ယနေ့) တွင် ဒုတိယနေ့အဖြစ် ပြုလုပ်သည့် လူငယ်များဦးဆောင် သည့် ဆန္ဒထုတ်ဖော်မှုကို မနောအားကစားကွင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် လုံခြုံရေးများ ပိတ်ထား ခဲ့ရာမှ ၁၀ နာရီခန့်တွင် ပြန်လည်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

“ပြည်သူတွေညီလို့ပါဗျ။ အခုလိုပြန်ဖွင့်ပေးတာကလေ။ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ကျ နော်တို့နဲ့ အတူတူ ပူးပေါင်းပါလို့ CDM တောက်လျှောက်လုပ်ပေးပါလို့ ကျနော်တို့ မဲပေးထားတဲ့ အစိုးရကို ပြန်ပေးပါ လို့ အခုလိုအဲ့လိုမဟုတ်လို့ မခံမရပ်နိုင်လို့ ဆန္ဒပြတာပါဗျ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ ကိုငယ်က ပြောသည်။

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒထုတ်ဖော်သည့် လူတန်းများကို ပြန်လည်လမ်းဖွင့်ပေးလိုက်သည့်အတွက် ဆန္ဒပြသူ များကလည်း ဒါဘယ်သူ့တပ်လဲ ပြည်သူ့စစ်တပ်၊ ပြည်သူ့ရဲတပ် ဆိုသည့် ကြွေးကြော်သံများ နှင့် ဗိုလ်ချုပ်ပေး သည့် စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ဆိုသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်ခဲ့ကြသည်။

ယနေ့ဆန္ဒထုတ်ဖော်မှုတွင်လည်း လူငယ်များ၊ ရဟန်းသံဃာတော်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ သောင်း နှင့်ချီ ပါဝင်ခဲ့ကြသည်။

ယနေ့တွင် ဝိုင်းမော်မြို့နယ်တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြရာ ဗလမင်းထင်တံတား အား ယနေ့ နံနက်ပိုင်းမှ စတင်၍ လုံခြုံရေးတပ်များက ပိတ်ထားလိုက်သည့်အတွက် တဖက်ကမ်းသို့ သွားလာရန် အခက်အခဲများရှိနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။

*** ZAWGYI ***
ျမစ္ႀကီးနား ဆႏၵျပပြဲ ပိတ္ဆို႔မႈမ်ား ျပန္ဖြင့္ေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၉ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈကို တစ္နာရီနီးပါးခန႔္ စစ္သားမ်ား ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ပိတ္ထားခဲ့ရာမွ ျပန္လည္ဖြင့္ေပးခဲ့သည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ (ယေန႔) တြင္ ဒုတိယေန႔အျဖစ္ ျပဳလုပ္သည့္ လူငယ္မ်ားဦးေဆာင္ သည့္ ဆႏၵထုတ္ေဖာ္မႈကို မေနာအားကစားကြင္းတြင္ ယေန႔ နံနက္ ၉ နာရီအခ်ိန္ခန႔္တြင္ လုံၿခဳံေရးမ်ား ပိတ္ထား ခဲ့ရာမွ ၁၀ နာရီခန႔္တြင္ ျပန္လည္ဖြင့္ေပးခဲ့ျခင္း ျဖစ္သည္။

“ျပည္သူေတြညီလို႔ပါဗ်။ အခုလိုျပန္ဖြင့္ေပးတာကေလ။ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းေတြကိုလည္း က် ေနာ္တို႔နဲ႔ အတူတူ ပူးေပါင္းပါလို႔ CDM ေတာက္ေလွ်ာက္လုပ္ေပးပါလို႔ က်ေနာ္တို႔ မဲေပးထားတဲ့ အစိုးရကို ျပန္ေပးပါ လို႔ အခုလိုအဲ့လိုမဟုတ္လို႔ မခံမရပ္ႏိုင္လို႔ ဆႏၵျပတာပါဗ်” ဟု ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္သူ ကိုငယ္က ေျပာသည္။

လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ဆႏၵထုတ္ေဖာ္သည့္ လူတန္းမ်ားကို ျပန္လည္လမ္းဖြင့္ေပးလိုက္သည့္အတြက္ ဆႏၵျပသူ မ်ားကလည္း ဒါဘယ္သူ႔တပ္လဲ ျပည္သူ႔စစ္တပ္၊ ျပည္သူ႔ရဲတပ္ ဆိုသည့္ ေႂကြးေၾကာ္သံမ်ား ႏွင့္ ဗိုလ္ခ်ဳပ္ေပး သည့္ စစ္ပညာ ျပည္သူေတြကို သတ္ဖို႔မဟုတ္ဘူး ဆိုသည့္ ေႂကြးေၾကာ္သံမ်ားျဖင့္ ေႂကြးေၾကာ္ခဲ့ၾကသည္။

ယေန႔ဆႏၵထုတ္ေဖာ္မႈတြင္လည္း လူငယ္မ်ား၊ ရဟန္းသံဃာေတာ္မ်ား၊ ေဒသခံတိုင္းရင္းသားျပည္သူမ်ား ေသာင္း ႏွင့္ခ်ီ ပါဝင္ခဲ့ၾကသည္။

ယေန႔တြင္ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္လည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ခဲ့ၾကရာ ဗလမင္းထင္တံတား အား ယေန႔ နံနက္ပိုင္းမွ စတင္၍ လုံၿခဳံေရးတပ္မ်ားက ပိတ္ထားလိုက္သည့္အတြက္ တဖက္ကမ္းသို႔ သြားလာရန္ အခက္အခဲမ်ားရွိေနသည္ဟု ေဒသခံျပည္သူမ်ားက ေျပာသည္။