မိုင်းပန်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်။

ရှမ်းပြည်နယ်၊ မိုင်းပန်မြို့က ဒေသခံရှမ်းတိုင်းရင်းသားတွေဦးဆောင်ပြီး စစ်အာဏာသိမ်းမှုကို မလိုလားကြောင့် ပထမနေ့အနေဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က စတင်ပြီး ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ် သည်။

ဆန္ဒထုတ်ဖော်ရတွင် ပါဝင်သူ ဒေသခံ ရှမ်းအမျိုးသားတစ်ဦးက “စစ်တပ်အာဏာသိမ်းတာကို မလိုလားဘူး မကြိုက်ဘူး အရပ်သားအုပ်ချူပ်တဲ့ ဒီမိုကရေစီလမ်းစဉ်အတိုင်းပဲ ဖြစ်စေချင်တယ်” ဟု ပြောသည်။

ပြည်သူက ရွေးကောက်ထားသည့် အစိုးရကိုပဲ အစိုးရဖြစ်စေချင်ကြောင်း၊ ရှမ်းတိုင်းရင်းသားများအနေဖြင့် စစ်အာဏာရှင်စနစ်ကြောင့် ကြုံခဲ့ရတဲ့ အခက်အခဲများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထပ်မံခံစားရမှာကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ ဒေသခံ ရှမ်းအမျိုးသမီးတစ်ဦး ကလည်း “ကျမတို့ ပြည်သူရွေးကောက်ထားတဲ့ အစိုးရပဲ လိုချင်တယ်။ စစ်အာဏာရှင်အောက်ဆိုရင် အရင်တုန်းကလို ဘော်ဒါထမ်းပြေးရတယ်ချောဆွဲခံရတယ် ထော်လဂျီပေးရတယ် ဆင့်ဆိုတာမှန်သမျှ လုပ်ပေးရတယ် အဲ့လိုမျိုးမဖြစ်ချင်တော့ဘူး။ အနာဂါတ်မျိုး ဆက် သစ်တွေ လူထုရဲ့အနာဂါတ်ကောင်းကျိုးအတွက် ဆိုရင် ပြည်သူရွေးကောက်ထားတဲ့အစိုးရပဲဖစ်ရမယ်” ဟု ပြော သည်။

မိုင်းပန်မြို့မှ ဒေသခံပြည်သူများသည် ဆန္ဒထုတ်ဖော်ရန် မည်သူကမှ ခေါ်ယူခြင်းမဟုတ်ပဲ စစ်အာဏာသိမ်းမှုကို မလိုလားသဖြင့် ဒေသခံပြည်သူများက အချင်းချင်း လာရောက်စုစည်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုင်းပန်မြို့မ စျေးမှ စတင်ပြီး မြို့တစ်ပတ် ဆန္ဒထုတ်ဖော်ခဲ့ကြရာ အခြားသော တိုင်းနှင့်ပြည်နယ်များက ဆန္ဒ ထုတ်ဖော်မှုအား လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ခြင်း၊ တားမြစ်ခြင်းများ မရှိခဲ့ဘူးဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
မိုင္းပန္တြင္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္။

ရွမ္းျပည္နယ္၊ မိုင္းပန္ၿမိဳ႕က ေဒသခံရွမ္းတိုင္းရင္းသားေတြဦးေဆာင္ၿပီး စစ္အာဏာသိမ္းမႈကို မလိုလားေၾကာင့္ ပထမေန႔အေနျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ နံနက္ ၈ နာရီခြဲခန႔္က စတင္ၿပီး ေဒသခံျပည္သူမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္း ျဖစ္ သည္။

ဆႏၵထုတ္ေဖာ္ရတြင္ ပါဝင္သူ ေဒသခံ ရွမ္းအမ်ိဳးသားတစ္ဦးက “စစ္တပ္အာဏာသိမ္းတာကို မလိုလားဘူး မႀကိဳက္ဘူး အရပ္သားအုပ္ခ်ဴပ္တဲ့ ဒီမိုကေရစီလမ္းစဥ္အတိုင္းပဲ ျဖစ္ေစခ်င္တယ္” ဟု ေျပာသည္။

ျပည္သူက ေ႐ြးေကာက္ထားသည့္ အစိုးရကိုပဲ အစိုးရျဖစ္ေစခ်င္ေၾကာင္း၊ ရွမ္းတိုင္းရင္းသားမ်ားအေနျဖင့္ စစ္အာဏာရွင္စနစ္ေၾကာင့္ ႀကဳံခဲ့ရတဲ့ အခက္အခဲမ်ား၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားကို ထပ္မံခံစားရမွာကို စိုးရိမ္သည့္အတြက္ ယခုကဲ့သို႔ ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္ရျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဆႏၵထုတ္ေဖာ္မႈတြင္ ပါဝင္ခဲ့သူ ေဒသခံ ရွမ္းအမ်ိဳးသမီးတစ္ဦး က လည္း “က်မတို႔ ျပည္သူေ႐ြးေကာက္ထားတဲ့ အစိုးရပဲ လိုခ်င္တယ္။ စစ္အာဏာရွင္ေအာက္ဆိုရင္ အရင္တုန္းကလို ေဘာ္ဒါထမ္းေျပးရတယ္ေခ်ာဆြဲခံရတယ္ ေထာ္လဂ်ီေပးရတယ္ ဆင့္ဆိုတာမွန္သမွ် လုပ္ေပးရတယ္ အဲ့လိုမ်ိဳးမျဖစ္ခ်င္ေတာ့ဘူး။ အနာဂါတ္မ်ိဳး ဆက္ သစ္ေတြ လူထုရဲ႕အနာဂါတ္ေကာင္းက်ိဳးအတြက္ ဆိုရင္ ျပည္သူေ႐ြးေကာက္ထားတဲ့အစိုးရပဲဖစ္ရမယ္” ဟု ေျပာ သည္။

မိုင္းပန္ၿမိဳ႕မွ ေဒသခံျပည္သူမ်ားသည္ ဆႏၵထုတ္ေဖာ္ရန္ မည္သူကမွ ေခၚယူျခင္းမဟုတ္ပဲ စစ္အာဏာသိမ္းမႈကို မလိုလားသျဖင့္ ေဒသခံျပည္သူမ်ားက အခ်င္းခ်င္း လာေရာက္စုစည္းၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုင္းပန္ၿမိဳ႕မ ေစ်းမွ စတင္ၿပီး ၿမိဳ႕တစ္ပတ္ ဆႏၵထုတ္ေဖာ္ခဲ့ၾကရာ အျခားေသာ တိုင္းႏွင့္ျပည္နယ္မ်ားက ဆႏၵ ထုတ္ေဖာ္မႈအား လုံၿခဳံေရးအဖြဲ႕မ်ားက ပိတ္ဆို႔ျခင္း၊ တားျမစ္ျခင္းမ်ား မရွိခဲ့ဘူးဟု ေဒသခံမ်ားက ေျပာသည္။