ချင်းမိုင် ဆန္ဒပြပွဲ တားမြစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆန္ဒပြပွဲကို ခွင့်ပြုချက်မတင်ဟုဆိုကာ ထိုင်းအာဏာပိုင်များက ပိတ်ပင်ခဲ့တာကြောင့် အချိန်တိုအတွင်းတွင် ရပ်ဆိုင်းခဲ့ကြသည်။

ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ချင်းမိုင်ရှိ မြန်မာနိုင်ငံသားများစုပေါင်းကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ အောင့်တသက်သက်နဲ့ ဖြစ်နေတယ်။ ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာြပည်သူ ပြည်သားတွေ သူတို့ရဲ့ ဆန္ဒ ဖော်ထုတ်ချင်တယ် ဆိုတဲ့ အသံတွေ ကြားတဲ့အတွက်လည်း ကျွန်တော်တို့ကလည်း ဒီမှာလာပြီးတော့ ပူးပေါင်းခြင်းဖြစ်တာပေါ့နော်။” ဟု ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်တဲ့ ကိုဂျော်နီက ပြောပါတယ်။

“ဒီမှာလာရတဲ့ ရည်ရွယ်ချက်ကလည်း ကောင်စစ်ဝန်ချုပ်နဲ့ ကောင်စစ်ဝန် ဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ CDM ကို ဖိတ်ခေါ်ချင်တယ်။” ဟု ဆက်ပြောသည်။

CDM ဆိုသည်မှာ လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ခေါ်ဆိုခြင်းဖြစ်ပြီး ဝန်ထမ်းများ အလုပ်မဆင်းပဲ သပိတ်မှောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွဲခြင်းမပြုရန်လည်း တောင်းဆိုသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုမျိုးမျိုးက ပြောသည်။

“မြန်မာပြည်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေ အားလုံးကလည်း “ပြည်သူကို ပြည်သူလို မြင်ပါလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ကိုမျိုးမျိုးက ပြောသည်။ “ပြီးတော့ အာဏာသိမ်းတဲ့ ကိစ္စကိုလည်း ကျွန်တော်တို့ လူထုတွေ အားလုံးက မလိုလားဘူးဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုယောဟန်ကတော့ ဖမ်းဆီးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ပြောသည်။

ယနေ့ ပြုလုပ်သည့် ဆန္ဒပြပွဲတွင် လူ ၆၀ ခန့်ပူးပေါင်းပါဝင်လာပြီး နောက်လူများ ရောက်ရှိမလာမီတွင် ထိုင်းရဲများက တားမြစ်ခဲ့သည့်အတွက် ရပ်ဆိုင်းခဲ့ရသည်။

*** ZAWGYI ***
ခ်င္းမိုင္ ဆႏၵျပပြဲ တားျမစ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၀ ရက္။

ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပသည့္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕က ဆႏၵျပပြဲကို ခြင့္ျပဳခ်က္မတင္ဟုဆိုကာ ထိုင္းအာဏာပိုင္မ်ားက ပိတ္ပင္ခဲ့တာေၾကာင့္ အခ်ိန္တိုအတြင္းတြင္ ရပ္ဆိုင္းခဲ့ၾကသည္။

ယေန႔ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ ေန႔လည္ ၁၂ နာရီတြင္ ခ်င္းမိုင္ရွိ ျမန္မာႏိုင္ငံသားမ်ားစုေပါင္းကာ ဆႏၵျပခဲ့ၾကျခင္းျဖစ္သည္။

“၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္တဲ့အတြက္ ကြၽန္ေတာ္တို႔ ျပည္သူေတြရဲ႕ ရင္ထဲမွာ ေအာင့္တသက္သက္နဲ႔ ျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔ ထိုင္းႏိုင္ငံမွာ ေရာက္ေနတဲ့ ျမန္မာျပည္သူ ျပည္သားေတြ သူတို႔ရဲ႕ ဆႏၵ ေဖာ္ထုတ္ခ်င္တယ္ ဆိုတဲ့ အသံေတြ ၾကားတဲ့အတြက္လည္း ကြၽန္ေတာ္တို႔ကလည္း ဒီမွာလာၿပီးေတာ့ ပူးေပါင္းျခင္းျဖစ္တာေပါ့ေနာ္။” ဟု ဆႏၵျပရာမွာ ဦးေဆာင္ပါဝင္တဲ့ ကိုေဂ်ာ္နီက ေျပာပါတယ္။

“ဒီမွာလာရတဲ့ ရည္႐ြယ္ခ်က္ကလည္း ေကာင္စစ္ဝန္ခ်ဳပ္နဲ႔ ေကာင္စစ္ဝန္ ဝန္ထမ္းေတြအားလုံးကို ကြၽန္ေတာ္တို႔ CDM ကို ဖိတ္ေခၚခ်င္တယ္။” ဟု ဆက္ေျပာသည္။

CDM ဆိုသည္မွာ လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈကို ေခၚဆိုျခင္းျဖစ္ၿပီး ဝန္ထမ္းမ်ား အလုပ္မဆင္းပဲ သပိတ္ေမွာက္ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားကို အၾကမ္းဖက္ ၿဖိဳခြဲျခင္းမျပဳရန္လည္း ေတာင္းဆိုသည္ဟု ဆႏၵျပပြဲတြင္ ပါဝင္သည့္ ကိုမ်ိဳးမ်ိဳးက ေျပာသည္။

“ျမန္မာျပည္မွာ ရွိတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ တပ္မေတာ္သားေတြ အားလုံးကလည္း “ျပည္သူကို ျပည္သူလို ျမင္ပါလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္” ဟု ကိုမ်ိဳးမ်ိဳးက ေျပာသည္။ “ၿပီးေတာ့ အာဏာသိမ္းတဲ့ ကိစၥကိုလည္း ကြၽန္ေတာ္တို႔ လူထုေတြ အားလုံးက မလိုလားဘူးျဖစ္ပါတယ္” ဟု ဆက္ေျပာသည္။

ဆႏၵျပပြဲတြင္ ပါဝင္သည့္ ကိုေယာဟန္ကေတာ့ ဖမ္းဆီးခံေနရသည့္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အျခားသူမ်ားကို ျပန္လႊတ္ေပးရန္ ေတာင္းဆိုသည္ဟု ေျပာသည္။

ယေန႔ ျပဳလုပ္သည့္ ဆႏၵျပပြဲတြင္ လူ ၆၀ ခန႔္ပူးေပါင္းပါဝင္လာၿပီး ေနာက္လူမ်ား ေရာက္ရွိမလာမီတြင္ ထိုင္းရဲမ်ားက တားျမစ္ခဲ့သည့္အတြက္ ရပ္ဆိုင္းခဲ့ရသည္။