ဆန္ဒပြမှုဖြင့် နမ္မတီးတွင် ဆရာမ တစ်ဦးကို ရှာဖွေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်။

ကချင်ပြည်နယ် နမ္မတီးမြို့တွင် ဆန္ဒပြမှုတွင် ပါဝင်သည့် ဆရာမ တစ်ဦးအား ယမန်နေ့ညက အိမ်တွင် လာရောက်ရှာဖွေခဲ့သဖြင့် တိမ်းရှောင်နေရသည်ဟု ကာယကံရှင်က ပြောသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်၍ နမ္မတီးမြို့ ရှိ အထက်တန်းကျောင်း အမှတ် (၁) မှ ပညာရေးဝန်ထမ်းများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သည်ဟုဆိုကာ အဆိုပါ ဆရာမအား လိုက်လံရှာဖွေ နေ ခြင်း ဖြစ်သည်ဟု ပြောသည်။

ထွက်ပြေးတိန်းရှောင်နေရသည့် ဆရာမ ဒေါ်မာလာ က “ည ၁၁ နာရီလောက်ကပေါ့ အိမ်ကို လာပြီးတော့မှလေ လာအော်တယ်။ အိမ်ကလည်း တံခါးမဖွင့်ဘူး။ ကားတစ်စင်းက အိမ်ရှေ့ကိုရောက်နေတယ်။ ၂ နာရီ နဲ့ ၁၅ မိနစ် လောက်မှ သူတို့ပြန်သွားတယ်။ ဆရာမ ဆရာမ လို့ခေါ်တယ်။ အိမ်ရှေကအော်လိုက်၊ အိမ်ဘေးက အော်တယ်။ အုပ်ချုပ်ရေးမှူးလည်းပါတယ်။ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ ဆယ်အိမ်ခေါင်းပဲ။ အကြာကြီး စောင့် နေတယ်။ မနက် ၆ နာရီ ခွဲမှာ ပြန်ထပ်ရောက်လာတယ်။ CDM လှုပ်ရှားမှုမှာ ကျမကို ခေါင်းဆောင်လို့ ထင်နေ တာ။ ကျမသည် ခေါင်းဆောင်မဟုတ်ပါဘူး။ ကျမတို့ရဲ့ မျိုးဆက်ကြောင့် ကျမတို့ လုပ်ရတာပါ” ဟု ပြောသည်။

၎င်းအနေဖြင့် ပြစ်မှုတစ်စုံတစ်ရာ လုပ်ထားခြင်းမရှိကြောင်း၊ အာဏာရှင်အစိုးရလက်အောက်တွင် တာဝန် ထမ်း ဆောင်လိုခြင်း မရှိသည့်အတွက် ပြည်သူများနှင့်အတူ ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းသာ ဖြစ်သည်ဟု ဆရာမ ဒေါ်မာလာက ဆက်ပြောသည်။

“ဘာပြစ်မှုမှ မလုပ်ထားဘူး။ ဆရာ/ဆရာမတွေရော ပြည်သူတွေရော အားလုံးပေါင်းပြီး CDM လုပ်တယ်လေ။ ကျမကတော့ ဘာမှ မစိုးရိမ်ဘူး။ အခုလိုလုပ်တာကိုလည်း နောင်တလုံးဝမရပါဘူး။ ကျမတို့သည် နိုင်ငံ့အတွက် လှုပ်ရှားတဲ့၊ ပြည်သူကို ထိခိုက်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော် တောင်းခံနေတာပဲ ဖြစ်ပါတယ်။ မတရားမှုကို လုံးဝ ခေါင်းငုံ့မခံနိုင်ပါဘူး။ အာဏာရှင်အစိုးရအောက်မှာ အလုပ်လုပ်လိုတဲ့ ဆန္ဒလုံးဝမရှိပါဘူး။”

နမ္မတီးမြို့၊ မြို့လှရပ်ကွက်ရှိ ဆရာမဒေါ်မာလာအိမ်သို့ ယမန်နေ့ညက တစ်ကြိမ်၊ ယနေ့နံနက်ပိုင်းက တစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ရဲတပ်ဖွဲ့ ဝင်များ လာရောက်၍ ဆရာမ အား စစ်ဆေးစရာရှိသူဟုဆိုကာ လာ ရောက်ခေါ်ယူခဲ့သည်ဟု သိရသည်။

ဆရာမဒေါ်မာလာသည် နမ္မတီးမြို့ ရှိ အမှတ် (၁) အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးဖြစ်ပြီး ဝန်ထမ်းသက်တမ်း အနှစ် ၃၀ ကျော်ရှိပြီ ဖြစ်သည်။

ဆရာမဒေါ်မာလာအပါအဝင် နမ္မတီးမြို့ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းဆရာ/ဆရာမများသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဖဲကြိုးနီလှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူများနှင့်အတူ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

*** ZAWGYI ***
ဆႏၵျပမႈျဖင့္ နမၼတီးတြင္ ဆရာမ တစ္ဦးကို ရွာေဖြ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၀ ရက္။

ကခ်င္ျပည္နယ္ နမၼတီးၿမိဳ႕တြင္ ဆႏၵျပမႈတြင္ ပါဝင္သည့္ ဆရာမ တစ္ဦးအား ယမန္ေန႔ညက အိမ္တြင္ လာေရာက္ရွာေဖြခဲ့သျဖင့္ တိမ္းေရွာင္ေနရသည္ဟု ကာယကံရွင္က ေျပာသည္။

ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွ စတင္၍ နမၼတီးၿမိဳ႕ ရွိ အထက္တန္းေက်ာင္း အမွတ္ (၁) မွ ပညာေရးဝန္ထမ္းမ်ား စစ္အာဏာရွင္ဆန႔္က်င္ဆႏၵထုတ္ေဖာ္ရာတြင္ ဦးေဆာင္သည္ဟုဆိုကာ အဆိုပါ ဆရာမအား လိုက္လံရွာေဖြ ေန ျခင္း ျဖစ္သည္ဟု ေျပာသည္။

ထြက္ေျပးတိန္းေရွာင္ေနရသည့္ ဆရာမ ေဒၚမာလာ က “ည ၁၁ နာရီေလာက္ကေပါ့ အိမ္ကို လာၿပီးေတာ့မွေလ လာေအာ္တယ္။ အိမ္ကလည္း တံခါးမဖြင့္ဘူး။ ကားတစ္စင္းက အိမ္ေရွ႕ကိုေရာက္ေနတယ္။ ၂ နာရီ နဲ႔ ၁၅ မိနစ္ ေလာက္မွ သူတို႔ျပန္သြားတယ္။ ဆရာမ ဆရာမ လို႔ေခၚတယ္။ အိမ္ေရွကေအာ္လိုက္၊ အိမ္ေဘးက ေအာ္တယ္။ အုပ္ခ်ဳပ္ေရးမႉးလည္းပါတယ္။ အမ်ိဳးသမီးတစ္ေယာက္လည္းပါတယ္။ ဆယ္အိမ္ေခါင္းပဲ။ အၾကာႀကီး ေစာင့္ ေနတယ္။ မနက္ ၆ နာရီ ခြဲမွာ ျပန္ထပ္ေရာက္လာတယ္။ CDM လႈပ္ရွားမႈမွာ က်မကို ေခါင္းေဆာင္လို႔ ထင္ေန တာ။ က်မသည္ ေခါင္းေဆာင္မဟုတ္ပါဘူး။ က်မတို႔ရဲ႕ မ်ိဳးဆက္ေၾကာင့္ က်မတို႔ လုပ္ရတာပါ” ဟု ေျပာသည္။

၎အေနျဖင့္ ျပစ္မႈတစ္စုံတစ္ရာ လုပ္ထားျခင္းမရွိေၾကာင္း၊ အာဏာရွင္အစိုးရလက္ေအာက္တြင္ တာဝန္ ထမ္း ေဆာင္လိုျခင္း မရွိသည့္အတြက္ ျပည္သူမ်ားႏွင့္အတူ ယခုကဲ့သို႔ ဆႏၵထုတ္ေဖာ္ရျခင္းသာ ျဖစ္သည္ဟု ဆရာမ ေဒၚမာလာက ဆက္ေျပာသည္။

“ဘာျပစ္မႈမွ မလုပ္ထားဘူး။ ဆရာ/ဆရာမေတြေရာ ျပည္သူေတြေရာ အားလုံးေပါင္းၿပီး CDM လုပ္တယ္ေလ။ က်မကေတာ့ ဘာမွ မစိုးရိမ္ဘူး။ အခုလိုလုပ္တာကိုလည္း ေနာင္တလုံးဝမရပါဘူး။ က်မတို႔သည္ ႏိုင္ငံ့အတြက္ လႈပ္ရွားတဲ့၊ ျပည္သူကို ထိခိုက္တဲ့အခါမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ ဆႏၵထုတ္ေဖာ္ ေတာင္းခံေနတာပဲ ျဖစ္ပါတယ္။ မတရားမႈကို လုံးဝ ေခါင္းငုံ႔မခံႏိုင္ပါဘူး။ အာဏာရွင္အစိုးရေအာက္မွာ အလုပ္လုပ္လိုတဲ့ ဆႏၵလုံးဝမရွိပါဘူး။”

နမၼတီးၿမိဳ႕၊ ၿမိဳ႕လွရပ္ကြက္ရွိ ဆရာမေဒၚမာလာအိမ္သို႔ ယမန္ေန႔ညက တစ္ႀကိမ္၊ ယေန႔နံနက္ပိုင္းက တစ္ႀကိမ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္အတူ ရဲတပ္ဖြဲ႕ ဝင္မ်ား လာေရာက္၍ ဆရာမ အား စစ္ေဆးစရာရွိသူဟုဆိုကာ လာ ေရာက္ေခၚယူခဲ့သည္ဟု သိရသည္။

ဆရာမေဒၚမာလာသည္ နမၼတီးၿမိဳ႕ ရွိ အမွတ္ (၁) အထက္တန္းေက်ာင္းမွ အထက္တန္းျပဆရာမတစ္ဦးျဖစ္ၿပီး ဝန္ထမ္းသက္တမ္း အႏွစ္ ၃၀ ေက်ာ္ရွိၿပီ ျဖစ္သည္။

ဆရာမေဒၚမာလာအပါအဝင္ နမၼတီးၿမိဳ႕ အမွတ္ (၁) အထက္တန္းေက်ာင္းမွ ေက်ာင္းဆရာ/ဆရာမမ်ားသည္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ ဖဲႀကိဳးနီလႈပ္ရွားမႈ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ျပည္သူမ်ားႏွင့္အတူ စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။