သတင်းလွတ်လပ်ခွင့်အတွက် BNI တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်။
တပ်မတော်မှ နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက် ပြည်သူလူထုအတွက် သတင်းသိရှိနိုင်ခွင့်နှင့် လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသော လုပ်ရပ်များကို မလုပ်ရန် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) က တောင်းဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ပုဂ္ဂ လိက သတင်းရုပ်သံလိုင်းများကို ဖြတ်တောက်ထားခြင်း၊ လူမှုမီဒီယာများကို အသုံးပြုခွင့် ကန့်သတ်ခြင်းများ ပြု လုပ်ခဲ့သည်။
BNI ၏ မူဝါဒရေးရာ ဥက္ကဌ နန်းဖော့ဂေ က “သတင်းအရင်းအမြစ်တွေကို ချဉ်းကပ်ရခက်တဲ့ အခက်အခဲ တစ်ခု ရယ်၊ နောက်တစ်ခုက သတင်းပေးပို့မှု၊ ဖြစ်နေတဲ့ အခင်းအကျင်းမှာ သတင်းသွားပြီး ရယူတယ်၊ ရယူပြီးတော့ တင်ဖို့ပြုဖို့လုပ်ရင် ဆက်သွယ်ရေး အခက်အခဲ အရမ်းကြီးတယ်။ အခုက ဆက်သွယ်ရေးတွေက အင်တာနက် လိုင်းတွေက လိုင်းမကောင်းဘူး။ တိုင်းရင်းသား ဒေသတွေမှာဆိုရင် အင်တာနက်လိုင်းတွေက တဆင့်ခံပြီးသုံး နေရတာဆိုတော့ ပေးပို့ဖို့ အသံဖိုင်တွေလည်း မကြားရတာမျိုးတွေရှိတယ်။ အဲ့အခါမှာ သတင်းသမားတွေ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတယ်။ ပြည်သူလူထုတွေကလည်း မီဒီယာတွေက ဖော်ပြတဲ့သတင်းတွေ ကို သွားကြည့်ဖို့ ရရှိဖို့အတွက် သူတို့မှာ အခက်အခဲရှိတယ်” ဟု ပြောသည်။
တပ်မတော်မှ အာဏာသိမ်းသည့်နေ့တွင် မဇ္ဈိမ ရုပ်သံသတင်းဌာန၊ DVB သတင်းဌာန၊ Skynet၊ MRTV 4 နှင့် အချို့ရုပ်သံလိုင်း များအား ပိတ်ပင်ထားခဲ့သည်။
“နောက်တစ်ခုက သတင်းဌာနတွေဆိုရင် စစချင်း အာဏာသိမ်းတုန်းကဆိုရင် သတင်းရုပ်သံတွေကို ဖြတ်ပစ် လိုက်တယ်။ လိုင်းဖြတ်လိုက်တဲ့အနေအထားမျိုးဆိုတော့ လူထုတွေရဲ့ သတင်းရရှိမှုအပေါ်မှာ လုံးဝသတင်း အမှောင်ချလိုက် သလိုဖြစ်တယ်။ ဒါမျိုးက ရှေ့ဆက်လည်း အခုဆိုရင် အာဏသိမ်းတာက ၁၁ ရက်ရှိပြီ။ ရှေ့ ဆက်လည်း ဒီထက်ဆိုးလာမယ့် နိုင်ငံရေးအခင်းအကျင်း အရှုပ်အထွေးပေါ်မှာ သတင်းရယူမှုတွေက ဒီထက် မဆိုးလာဘူးလို့ ပြောလို့မရဘူး။”
၎င်းတို့အထဲမှ မဇ္ဈိမ ရုပ်သံသတင်းဌာန၊ DVB သတင်းဌာနတို့သည် ယနေ့အချိန်ထိ ထုတ်လွှင့်ခွင့် မရသေးပေ။
နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေတွင် နိုင်ငံတဝှမ်းမှ တိုင်းရင်းသားများ တိကျမှန်ကန်သည့် သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနားလည်ရန်လိုအပ်သည့်အတွက် မီဒီယာလွတ်လပ်ခွင့်နှင့် ပြည်သူများ၏ သတင်း အချက်အလက်ရရှိပိုင်ခွင့်ကို ဖိနှိပ်ပိတ်ပင်ခြင်းများ မပြုလုပ်ရန်လည်း BNI ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ကာ တောင်းဆိုထားသည်။
စစ်အာဏာဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများအပြင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် တပ်မတော်နှင့် ရဲတပ် ဖွဲ့များက NLD မှာ ခေါင်းဆောင်များနှင့် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူအချို့အား နေအိမ်များတွင် လိုက်လံ ဖမ်း ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက်လည်း သတင်းအရင်းအမြစ်များနှင့် ဆက်သွယ်ရာတွင် ပိုမို ခက်ခဲလာသည်ဟုလည်း BNI က ထောက်ပြထားသည်။
“အခုလက်ရှိမှာတော့ မီဒီယာက သတင်းထုတ်လုပ်ခွင့်က ပုံမှန်အတိုင်းပဲ ရှိတယ်ဆိုပေမယ့် သတင်းအမှားတွေ ရရှိတဲ့အပေါ်မှာ မီဒီယာသမားတွေက ကိုယ့်ရဲ့ သတင်းအရင်းအမြစ်ကို ဆက်သွယ်မေးမြန်းရတဲ့အခါမှာ စိုးရိမ် စရာရှိတာက သတင်းအရင်းအမြစ်တွေကို ကိုယ့်ကို မပြောချင်တော့ဘူးပေါ့နော်။ နိုင်ငံရေးခေါင်းဆောင်တွေ ဆိုရင်လည်း ဒီကာလမှ အပြောအဆိုတွေ အရမ်းသတိထားပြီး နေတဲ့အတွက်ကြောင့် မီဒီယာသမားတွေရဲ့ ဆက်သွယ်မှု မေးမြန်းမှုတွေလည်း မဖြေကြားတော့ဘူးလေနော်။ အမှားပါမှာစိုးတော့လေ။”
ထို့ကြောင့် တိကျမှန်ကန်သည့် သတင်းများ အချိန်နှင့်တပြေးညီ ပြည်သူကို ချပြနိုင်ရေး ခက်ခဲလာသည်ဟု နန်း ဖော့ဂေ က “မီဒီယာသမားတွေက လူ ထုတွေကို အခြေအနေမှန်ချပြဖို့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာမျိုးကို မက်ဆေချ်ရယူဖို့အတွက် အခက်အခဲရှိ တယ်။ အဲ့ဒီအခါအမှာ သတင်းအမှားတွေထုတ်ပြန်တော့ အတုတွေ အမှားတွေကြောင့်မို့လို့ မီဒီယာသမားတွေက သတင်းအချက်အလက်မှန်ကို တင်ပြဖို့လည်း အခက်အခဲတွေ ရှိတယ်” ဟု ဆက်ပြောသည်။
ထို့အပြင် လူထုလှုပ်ရှားမှု သတင်းများကို အချိန်နှင့် တပြေးညီ သတင်းရယူတင်ပြနေသည့် အနယ်နယ်အရပ်ရပ် မှ သတင်းသမားများကို အကြမ်းဖက်ဖိနှိပ်ချုပ်ချယ်ခြင်းများ မပြုလုပ်ရန်လည်း BNI က တောင်းဆိုထားသည်။
“ဖြည့်စွက်ပြောချင်တာ တစ်ခုကလေ လုံခြုံရေးအပိုင်းပေါ့နော်၊ အခုဆိုရင် ဆန္ဒပြတဲ့လူတွေကိုလည်း ပစ်ခတ်မှု တွေရှိတယ်။ ဖမ်းဆီးမှုတွေရှိတယ်။ အဲ့အခါမှာ ဆန္ဒပြတဲ့အခင်းအကျင်း၊ သပိတ်အခင်းအကျင်းမှာ သတင်းသွား ယူတဲ့ သတင်းသမားတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေ၊ သတိပြုမှုတွေ လုပ်ဖို့လိုတယ်။ မဟုတ်လို့ရှိရင် သတင်းသမားတွေလည်း ဖမ်းဆီခံရတာမျိုးလေးတွေ ဖြစ်လာနိုင်တယ်။ ပစ်ခတ်မှုတွေရှိတယ်ဆိုရင်လည်း သတင်းသမားတွေကလည်း သူလိုကိုယ်လိုပဲဆိုတဲ့အခါကြကျတော့ သတင်းသွားယူတဲ့အခါမှာ ကိုယ့်ရဲ့ လုံခြုံမှု အတွက် လက်ပတ်ဖြစ်စေ၊ press ဆိုတဲ့ ဦးထုပ်တွေဖြစ်စေ ထင်သာမြင်သာဝတ်ဆင်ဖို့ တိုက်တွန်းချင်တယ်။ ဘာလို့လဲဆိုရင် အရမ်းအန္တရာယ်များတဲ့ ကာလဖြစ်တယ်” ဟု နန်းဖော့ဂေ က ဆက်ပြောသည်။
မီဒီယာလွတ်လပ်ခွင့်၊ ပြည်သူများ၏ သတင်းအချက်အလက် ရပိုင်ခွင့် နှင့် သတင်းထောက်များ၏ လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ BNI အပါအဝင် မြန်မာနိုင်ငံမှ သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အတူရပ်တည်ပေး ရန် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အလှူရှင်များကို BNI က တောင်းဆိုထားသည်။
*** ZAWGYI ***
သတင္းလြတ္လပ္ခြင့္အတြက္ BNI ေတာင္းဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္။
တပ္မေတာ္မွ ႏိုင္ငံေတာ္အာဏာကို ထိန္းသိမ္းၿပီးေနာက္ ျပည္သူလူထုအတြက္ သတင္းသိရွိႏိုင္ခြင့္ႏွင့္ လြတ္လပ္ စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ကို ထိခိုက္ေစေသာ လုပ္ရပ္မ်ားကို မလုပ္ရန္ ႏိုင္ငံတကာ ျမန္မာသတင္းအဖြဲ႕ (BNI) က ေတာင္းဆိုလိုက္သည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က အာဏာသိမ္းယူခဲ့ၿပီး အင္တာနက္လိုင္းမ်ား ျဖတ္ေတာက္ျခင္း၊ ပုဂၢ လိက သတင္း႐ုပ္သံလိုင္းမ်ားကို ျဖတ္ေတာက္ထားျခင္း၊ လူမႈမီဒီယာမ်ားကို အသုံးျပဳခြင့္ ကန႔္သတ္ျခင္းမ်ား ျပဳ လုပ္ခဲ့သည္။
BNI ၏ မူဝါဒေရးရာ ဥကၠဌ နန္းေဖာ့ေဂ က “သတင္းအရင္းအျမစ္ေတြကို ခ်ဥ္းကပ္ရခက္တဲ့ အခက္အခဲ တစ္ခု ရယ္၊ ေနာက္တစ္ခုက သတင္းေပးပို႔မႈ၊ ျဖစ္ေနတဲ့ အခင္းအက်င္းမွာ သတင္းသြားၿပီး ရယူတယ္၊ ရယူၿပီးေတာ့ တင္ဖို႔ျပဳဖို႔လုပ္ရင္ ဆက္သြယ္ေရး အခက္အခဲ အရမ္းႀကီးတယ္။ အခုက ဆက္သြယ္ေရးေတြက အင္တာနက္ လိုင္းေတြက လိုင္းမေကာင္းဘူး။ တိုင္းရင္းသား ေဒသေတြမွာဆိုရင္ အင္တာနက္လိုင္းေတြက တဆင့္ခံၿပီးသုံး ေနရတာဆိုေတာ့ ေပးပို႔ဖို႔ အသံဖိုင္ေတြလည္း မၾကားရတာမ်ိဳးေတြရွိတယ္။ အဲ့အခါမွာ သတင္းသမားေတြ အတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေစတယ္။ ျပည္သူလူထုေတြကလည္း မီဒီယာေတြက ေဖာ္ျပတဲ့သတင္းေတြ ကို သြားၾကည့္ဖို႔ ရရွိဖို႔အတြက္ သူတို႔မွာ အခက္အခဲရွိတယ္” ဟု ေျပာသည္။
တပ္မေတာ္မွ အာဏာသိမ္းသည့္ေန႔တြင္ မဇၩိမ ႐ုပ္သံသတင္းဌာန၊ DVB သတင္းဌာန၊ Skynet၊ MRTV 4 ႏွင့္ အခ်ိဳ႕႐ုပ္သံလိုင္း မ်ားအား ပိတ္ပင္ထားခဲ့သည္။
“ေနာက္တစ္ခုက သတင္းဌာနေတြဆိုရင္ စစခ်င္း အာဏာသိမ္းတုန္းကဆိုရင္ သတင္း႐ုပ္သံေတြကို ျဖတ္ပစ္ လိုက္တယ္။ လိုင္းျဖတ္လိုက္တဲ့အေနအထားမ်ိဳးဆိုေတာ့ လူထုေတြရဲ႕ သတင္းရရွိမႈအေပၚမွာ လုံးဝသတင္း အေမွာင္ခ်လိုက္ သလိုျဖစ္တယ္။ ဒါမ်ိဳးက ေရွ႕ဆက္လည္း အခုဆိုရင္ အာဏသိမ္းတာက ၁၁ ရက္ရွိၿပီ။ ေရွ႕ ဆက္လည္း ဒီထက္ဆိုးလာမယ့္ ႏိုင္ငံေရးအခင္းအက်င္း အရႈပ္အေထြးေပၚမွာ သတင္းရယူမႈေတြက ဒီထက္ မဆိုးလာဘူးလို႔ ေျပာလို႔မရဘူး။”
၎တို႔အထဲမွ မဇၩိမ ႐ုပ္သံသတင္းဌာန၊ DVB သတင္းဌာနတို႔သည္ ယေန႔အခ်ိန္ထိ ထုတ္လႊင့္ခြင့္ မရေသးေပ။
ႏိုင္ငံေရးမတည္ၿငိမ္သည့္ အေျခအေနတြင္ ႏိုင္ငံတဝွမ္းမွ တိုင္းရင္းသားမ်ား တိက်မွန္ကန္သည့္ သတင္းမ်ားကို အခ်ိန္ႏွင့္ တစ္ေျပးညီ သိရွိနားလည္ရန္လိုအပ္သည့္အတြက္ မီဒီယာလြတ္လပ္ခြင့္ႏွင့္ ျပည္သူမ်ား၏ သတင္း အခ်က္အလက္ရရွိပိုင္ခြင့္ကို ဖိႏွိပ္ပိတ္ပင္ျခင္းမ်ား မျပဳလုပ္ရန္လည္း BNI ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က သေဘာထားထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ကာ ေတာင္းဆိုထားသည္။
စစ္အာဏာဆန႔္က်င္သည့္ ဆႏၵထုတ္ေဖာ္မႈမ်ားအျပင္ စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္ တပ္မေတာ္ႏွင့္ ရဲတပ္ ဖြဲ႕မ်ားက NLD မွာ ေခါင္းေဆာင္မ်ားႏွင့္ ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္သူအခ်ိဳ႕အား ေနအိမ္မ်ားတြင္ လိုက္လံ ဖမ္း ဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္ေနသည့္အတြက္လည္း သတင္းအရင္းအျမစ္မ်ားႏွင့္ ဆက္သြယ္ရာတြင္ ပိုမို ခက္ခဲလာသည္ဟုလည္း BNI က ေထာက္ျပထားသည္။
“အခုလက္ရွိမွာေတာ့ မီဒီယာက သတင္းထုတ္လုပ္ခြင့္က ပုံမွန္အတိုင္းပဲ ရွိတယ္ဆိုေပမယ့္ သတင္းအမွားေတြ ရရွိတဲ့အေပၚမွာ မီဒီယာသမားေတြက ကိုယ့္ရဲ႕ သတင္းအရင္းအျမစ္ကို ဆက္သြယ္ေမးျမန္းရတဲ့အခါမွာ စိုးရိမ္ စရာရွိတာက သတင္းအရင္းအျမစ္ေတြကို ကိုယ့္ကို မေျပာခ်င္ေတာ့ဘူးေပါ့ေနာ္။ ႏိုင္ငံေရးေခါင္းေဆာင္ေတြ ဆိုရင္လည္း ဒီကာလမွ အေျပာအဆိုေတြ အရမ္းသတိထားၿပီး ေနတဲ့အတြက္ေၾကာင့္ မီဒီယာသမားေတြရဲ႕ ဆက္သြယ္မႈ ေမးျမန္းမႈေတြလည္း မေျဖၾကားေတာ့ဘူးေလေနာ္။ အမွားပါမွာစိုးေတာ့ေလ။”
ထို႔ေၾကာင့္ တိက်မွန္ကန္သည့္ သတင္းမ်ား အခ်ိန္ႏွင့္တေျပးညီ ျပည္သူကို ခ်ျပႏိုင္ေရး ခက္ခဲလာသည္ဟု နန္း ေဖာ့ေဂ က “မီဒီယာသမားေတြက လူ ထုေတြကို အေျခအေနမွန္ခ်ျပဖို႔ ဘာေတြဘယ္လိုျဖစ္မလဲဆိုတာမ်ိဳးကို မက္ေဆခ်္ရယူဖို႔အတြက္ အခက္အခဲရွိ တယ္။ အဲ့ဒီအခါအမွာ သတင္းအမွားေတြထုတ္ျပန္ေတာ့ အတုေတြ အမွားေတြေၾကာင့္မို႔လို႔ မီဒီယာသမားေတြက သတင္းအခ်က္အလက္မွန္ကို တင္ျပဖို႔လည္း အခက္အခဲေတြ ရွိတယ္” ဟု ဆက္ေျပာသည္။
ထို႔အျပင္ လူထုလႈပ္ရွားမႈ သတင္းမ်ားကို အခ်ိန္ႏွင့္ တေျပးညီ သတင္းရယူတင္ျပေနသည့္ အနယ္နယ္အရပ္ရပ္ မွ သတင္းသမားမ်ားကို အၾကမ္းဖက္ဖိႏွိပ္ခ်ဳပ္ခ်ယ္ျခင္းမ်ား မျပဳလုပ္ရန္လည္း BNI က ေတာင္းဆိုထားသည္။
“ျဖည့္စြက္ေျပာခ်င္တာ တစ္ခုကေလ လုံၿခဳံေရးအပိုင္းေပါ့ေနာ္၊ အခုဆိုရင္ ဆႏၵျပတဲ့လူေတြကိုလည္း ပစ္ခတ္မႈ ေတြရွိတယ္။ ဖမ္းဆီးမႈေတြရွိတယ္။ အဲ့အခါမွာ ဆႏၵျပတဲ့အခင္းအက်င္း၊ သပိတ္အခင္းအက်င္းမွာ သတင္းသြား ယူတဲ့ သတင္းသမားေတြအေနနဲ႔လည္း ႀကိဳတင္ျပင္ဆင္မႈေတြ၊ သတိျပဳမႈေတြ လုပ္ဖို႔လိုတယ္။ မဟုတ္လို႔ရွိရင္ သတင္းသမားေတြလည္း ဖမ္းဆီခံရတာမ်ိဳးေလးေတြ ျဖစ္လာႏိုင္တယ္။ ပစ္ခတ္မႈေတြရွိတယ္ဆိုရင္လည္း သတင္းသမားေတြကလည္း သူလိုကိုယ္လိုပဲဆိုတဲ့အခါၾကက်ေတာ့ သတင္းသြားယူတဲ့အခါမွာ ကိုယ့္ရဲ႕ လုံၿခဳံမႈ အတြက္ လက္ပတ္ျဖစ္ေစ၊ press ဆိုတဲ့ ဦးထုပ္ေတြျဖစ္ေစ ထင္သာျမင္သာဝတ္ဆင္ဖို႔ တိုက္တြန္းခ်င္တယ္။ ဘာလို႔လဲဆိုရင္ အရမ္းအႏၲရာယ္မ်ားတဲ့ ကာလျဖစ္တယ္” ဟု နန္းေဖာ့ေဂ က ဆက္ေျပာသည္။
မီဒီယာလြတ္လပ္ခြင့္၊ ျပည္သူမ်ား၏ သတင္းအခ်က္အလက္ ရပိုင္ခြင့္ ႏွင့္ သတင္းေထာက္မ်ား၏ လုံၿခဳံေရး ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ BNI အပါအဝင္ ျမန္မာႏိုင္ငံမွ သတင္းမီဒီယာအဖြဲ႕အစည္းမ်ားႏွင့္ အတူရပ္တည္ေပး ရန္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားႏွင့္ အလႉရွင္မ်ားကို BNI က ေတာင္းဆိုထားသည္။