မိုင်းပန် ပြည်သူ့ဆေးရုံကို စစ်တပ်နှင့် ရဲများ ဝိုင်းထား၊ ဆန္ဒပြ ဝန်ထမ်းများဖမ်းဆီးရန် ကြိုးပမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ က ပြည်သူ့ဆေးရုံမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား မှုတွင် CDM ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို စစ်သားများ၊ ရဲများက လာရောက်ဖမ်းဆီးနေသည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ (ယနေ့) တွင် ဆေးရုံကို လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းထားပြီး လာရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီဟု မိုင်းပန်မြို့နယ် ဆေးရုံ၏ လက်ထောက်ဆရာဝန် ဒေါက်တာ စိုင်းစောထူးအောင် က ပြောသည်။
“ကျနော်တို့က ဝန်ထမ်းတွေကလည်း CDM တင်တာပေါ့နော။ အခု Civil Disobedience movement လုပ် နေတယ် ကမ်ပိန်း လုပ်နေတယ်။ ဝင်နေတယ်ပေါ့နော။ အဲဒါအပြင်ကို တစ်ချို့ ကျနော် ဝန်ထမ်းတွေ က မနေ့ရယ် ဒီနေ့ ရယ် ဆန္ဒပြပွဲမှာ သူတို့က ပါတယ်။ ပါတယ်ဆိုတာက လူထုဆန္ဒပြပွဲ ဒီအတိုင်းပဲ သွားတာ ပေါ့ အဲဒါကို သူ တို့က ခေါင်းစဉ်တပ်ပြီးတော့ ကျနော်တို့ဆီက ဝန်ထမ်းတွေ ဦးဆောင်နေပါတယ်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ ကျနော် တို့ဆီက ဆေးမှတ်တမ်းထိန်းတစ်ယောက်ရယ်၊ ကြီးကြပ် ၂ တစ်ယောက်ရယ်ကို သူတို့က by name နဲ့ (နံမည်တပ်ပြီး) လာဖမ်းခိုင်းတာ ဆေးမှတ်တမ်းထိန်းကတော့ ပါသွားပြီပေါ့နော။ အဲဒီအချိန် ကျနော်တို့က မရှိဘူး ဆေးရုံမှာ အခုက နောက်တစ်ယောက်ကို ကြီးကြပ် ၂ ကိုစိုးမိုးသူကို လာဖမ်းတဲ့အချိန်မှာ ကျနော်တို့က မရဘူး။ မပေးဖမ်း ဘူး။ ရဲမှူး ကိုယ်တိုင် ပါလာပါတယ်။”
ဖမ်းဆီးခံထားရသည့် မိုင်းပန်ဆေးရုံမှ ဆေးမှတ်တမ်းထိန်းမှာ ယခုအချိန်ထိ ပြန်လည်လွတ်လာခြင်းမရှိသေးဘူး ဟုလည်း ဆေးရုံဝန်ထမ်းများက ပြောသည်။
ဆေးရုံမှ တာဝန်ရှိသူများက လာရောက်ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများအား မည်သည့်ပုဒ်မနှင့် လာ ရောက်ဖမ်းဆီးခြင်း ဖြစ်သည်ကို မေးမြန်းရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် ဖမ်းဆီးခြင်း ဖြစ် ကြောင်းသာ ပြောသည်ဟု ဒေါက်တာစိုင်းစောထူးအောင် က ဆက်ပြောသည်။
“ဘာလို့ဖမ်းတာလဲပေါ့။ ဘာပုဒ်မရှိလဲပေါ့။ သူကမဖြေနိုင်ဘူးပေါ့နော။ တပ်မက ဖမ်းခိုင်းလို့ ဖမ်းတာပါတဲ့ ကျ နော်တို့ဆီမှာ တပ်က ၁၇ ရှိတာပေါ့နော။ အဲဒါဆိုရင် ကျနော်က မေးတယ်ပေါ့နော အဲဒါဆိုရင် ကျနော်တို့ မိုင်း ပန်မြို့က စစ်အုပ်ချုပ်ရေး အောက်ရောက်သွားပြီးလားလို့ ကျနော်အဲလိုမေးတော့လည်း သူကမဖြေနိုင်ဘူး။ အဲ ဒါကို အဲဒါဆိုရင်တော့ ဖွဲ့စည်းပုံအရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ကျနော်တို့တို့ ဝရမ်းစည်းမျဉ်းတွေ ရှိ တယ်လို့ ဖမ်းမယ်ဆိုရင်တောင် ဝရမ်းပြပါလို့ ဘာပုဒ်မတွေ ရှိသလဲဆို အဲဒါလည်း သူတို့မပြောနိုင်ဘူးဗျာ။ ပြီး ကျတော့မှ သူတို့ ဟိုဆက်ဒီဆက်နဲ့ လုပ်ပြီးတော့မှ ခနလေးကြာတော့မှ သူက သဘာဝဘေးစီမံဥပဒေနဲ့ ဖမ်း တယ်တဲ့။ သဘာဝဘေးစီမံဥပဒေဆိုရင် ကျနော်တို့ တစ်ယောက်တည်းထွက်တာမှ မဟုတ်တာလို့ သဘာဝ ဘေး စီမံဥပဒေက ကွက်ပြီးဖမ်းလို့ရလို့လားလို့။”
မိုင်းပန်မြို့ က ပြည်သူ့ဆေးရုံကြီးဝန်းထဲသို့ ယနေ့ မွန်းလွဲပိုင်းအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ဝိုင်း ထားခဲ့ပြီး ယနေ့ ည ၁၀ နာရီ အချိန်ထိ စစ်သားများ လာရောက်ဝိုင်းထားဆဲ ဖြစ်သည်ဟု ဒေါက်တာစိုင်းစောထူးအောင် က ပြောသည်။
“ရဲတွေလည်းပါတယ် တပ်ကလည်း အများကြီးလာတယ်ဗျာ။ ကျနော်တို့ဆေးရုံမှာ ကျနော်တို့ တံခါးပိတ်ပြီးမှ ကျနော်တို့တံခါးပေါက်ဝမှာ ပိတ်နေတာ ကျနော်တို့ကို သူနဲ့ပေါ့နော ဆရာမတွေ ကျနော်ရယ် ဆရာတွေ ပိတ် ထားပြီးမှ နေတယ်။ အဲဒါ သူတို့ မ ဝင်ရဲဘူးပေါ့နော။ အတင်းလည်း မလုပ်ရဲဘူး အစတော့ သူတို့အင်အားသုံး ပြီးမှ ခွဲမလို့ နောက်တော့ တပ်တွေလည်း လာတယ်။ တပ်ကလည်း စစ်ကား ၂ စီး ၃ စီးလောက်နဲ့ အကျယ်စည်း လာဝိုင်း တယ်ပေါ့နော ကျနော်တို့ဆေးရုံရှေ့ လာဝိုင်းတယ်။”
မိုင်းပန်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လုပ်ဖော်ဆောင်ဖက် အချင်းချင်း တစ်ယောက်ကို တစ် ယောက်ကာကွယ်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း CDM လှုပ်ရှားမှုတွင် ပါဝင်သွားမည်ဟု ဆက်ပြောသည်။
“ကျနော်တို့ကလည်း ဒီမတရားတဲ့ ကိစ္စကို ကျနော်တို့က ခေါင်းငုံ့မခံဘူး။ ကျနော်တို့ ဒီဖြစ်ခဲ့တဲ့အတိုင်း ဖြစ်စေ ချင်တယ်။ အဲဒီတော့ ကျနော်တို့ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာနဲ့ ထုတ်ဖော်တယ်။ ကျနော်တို့ ဝန်ထမ်းဆိုဒ်ကို CDM တွေ လုပ်လို့ရတယ်။ တစ်ချို့စိတ်အားပါတဲ့လူက CDM လုပ်ရင်းအပြင်ကို ပြည်သူနဲ့ လမ်းထွက်ဆန္ဒပြပွဲတွေ လုပ် တယ်။ အဲဒီမှာမှ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ပုဒ်မတွေ အမျိုးမျိုးနဲ့ ဖမ်းတာမျိုးတော့ မကြိုက်ပါဘူး။ ဝန်ထမ်းပဲ ဖြစ်ဖြစ် အရပ်သားပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆိုပေါ့နော ကျနော်တို့ ဒီမှာ အထက်က အမိန့်ရလို့ပါဆိုကို လာဖမ်းသွား တာမျိုးဆိုတာကို ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ဒါမျိုးမဖြစ်အောင်လည်း ကျနော်တို့က အကြောင်းစုံ ကာကွယ်သွားရမှာပေါ့နော်။”
မိုင်းပန်မြို့တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဒေသခံ ရှမ်းတိုင်းရင်းသား လူငယ်များဦးဆောင်ပြီး ရပ်မိရပ်ဖ များ နှင့် အစိုးရဝန်ထမ်းအချို့တို့က စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် စစ်တပ်ယန္တယားအုပ်ချုပ်မှုအောက်တွင် တာဝန် ထမ်းဆောင်လိုခြင်းမရှိသည့်အတွက် နိုင်ငံဝန်ထမ်းများ ရုံးတက်အမိန့်နာခံဆောင်ရွက်မှု မပြုသည့်လှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားက ကျန်းမာ ရေးဝန်ထမ်းများကို စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။
*** ZAWGYI ***
မိုင္းပန္ ျပည္သူ႔ေဆး႐ုံကို စစ္တပ္ႏွင့္ ရဲမ်ား ဝိုင္းထား၊ ဆႏၵျပ ဝန္ထမ္းမ်ားဖမ္းဆီးရန္ ႀကိဳးပမ္း
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၁ ရက္။
ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕ က ျပည္သူ႔ေဆး႐ုံမွ စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွား မႈတြင္ CDM ပါဝင္ခဲ့သည့္ က်န္းမာေရးဝန္ထမ္းမ်ားကို စစ္သားမ်ား၊ ရဲမ်ားက လာေရာက္ဖမ္းဆီးေနသည္ဟု သိရသည္။
ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ (ယေန႔) တြင္ ေဆး႐ုံကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ဝိုင္းထားၿပီး လာေရာက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ရာ တစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီဟု မိုင္းပန္ၿမိဳ႕နယ္ ေဆး႐ုံ၏ လက္ေထာက္ဆရာဝန္ ေဒါက္တာ စိုင္းေစာထူးေအာင္ က ေျပာသည္။
“က်ေနာ္တို႔က ဝန္ထမ္းေတြကလည္း CDM တင္တာေပါ့ေနာ။ အခု Civil Disobedience movement လုပ္ ေန တယ္ ကမ္ပိန္း လုပ္ေနတယ္။ ဝင္ေနတယ္ေပါ့ေနာ။ အဲဒါအျပင္ကို တစ္ခ်ိဳ႕ က်ေနာ္ ဝန္ထမ္းေတြ က မေန႔ရယ္ ဒီေန႔ ရယ္ ဆႏၵျပပြဲမွာ သူတို႔က ပါတယ္။ ပါတယ္ဆိုတာက လူထုဆႏၵျပပြဲ ဒီအတိုင္းပဲ သြားတာ ေပါ့ အဲဒါကို သူ တို႔က ေခါင္းစဥ္တပ္ၿပီးေတာ့ က်ေနာ္တို႔ဆီက ဝန္ထမ္းေတြ ဦးေဆာင္ေနပါတယ္ဆိုၿပီး ေခါင္းစဥ္တပ္ၿပီးေတာ့ က်ေနာ္ တို႔ဆီက ေဆးမွတ္တမ္းထိန္းတစ္ေယာက္ရယ္၊ ႀကီးၾကပ္ ၂ တစ္ေယာက္ရယ္ကို သူတို႔က by name နဲ႔ (နံမည္တပ္ၿပီး) လာဖမ္းခိုင္းတာ ေဆးမွတ္တမ္းထိန္းကေတာ့ ပါသြားၿပီေပါ့ေနာ။ အဲဒီအခ်ိန္ က်ေနာ္တို႔က မရွိဘူး ေဆး႐ုံမွာ အခုက ေနာက္တစ္ေယာက္ကို ႀကီးၾကပ္ ၂ ကိုစိုးမိုးသူကို လာဖမ္းတဲ့အခ်ိန္မွာ က်ေနာ္တို႔က မရဘူး။ မေပးဖမ္း ဘူး။ ရဲမႉး ကိုယ္တိုင္ ပါလာပါတယ္။”
ဖမ္းဆီးခံထားရသည့္ မိုင္းပန္ေဆး႐ုံမွ ေဆးမွတ္တမ္းထိန္းမွာ ယခုအခ်ိန္ထိ ျပန္လည္လြတ္လာျခင္းမရွိေသးဘူး ဟုလည္း ေဆး႐ုံဝန္ထမ္းမ်ားက ေျပာသည္။
ေဆး႐ုံမွ တာဝန္ရွိသူမ်ားက လာေရာက္ဖမ္းဆီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္သားမ်ားအား မည္သည့္ပုဒ္မႏွင့္ လာ ေရာက္ဖမ္းဆီးျခင္း ျဖစ္သည္ကို ေမးျမန္းရာ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒႏွင့္ ဖမ္းဆီးျခင္း ျဖစ္ ေၾကာင္းသာ ေျပာသည္ဟု ေဒါက္တာစိုင္းေစာထူးအာင္ က ဆက္ေျပာသည္။
“ဘာလို႔ဖမ္းတာလဲေပါ့။ ဘာပုဒ္မရွိလဲေပါ့။ သူကမေျဖႏိုင္ဘူးေပါ့ေနာ။ တပ္မက ဖမ္းခိုင္းလို႔ ဖမ္းတာပါတဲ့ က် ေနာ္တို႔ဆီမွာ တပ္က ၁၇ ရွိတာေပါ့ေနာ။ အဲဒါဆိုရင္ က်ေနာ္က ေမးတယ္ေပါ့ေနာ အဲဒါဆိုရင္ က်ေနာ္တို႔ မိုင္း ပန္ၿမိဳ႕က စစ္အုပ္ခ်ဳပ္ေရး ေအာက္ေရာက္သြားၿပီးလားလို႔ က်ေနာ္အဲလိုေမးေတာ့လည္း သူကမေျဖႏိုင္ဘူး။ အဲ ဒါကို အဲဒါဆိုရင္ေတာ့ ဖြဲ႕စည္းပုံအရဆိုရင္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရဆိုရင္ က်ေနာ္တို႔တို႔ ဝရမ္းစည္းမ်ဥ္းေတြ ရွိ တယ္လို႔ ဖမ္းမယ္ဆိုရင္ေတာင္ ဝရမ္းျပပါလို႔ ဘာပုဒ္မေတြ ရွိသလဲဆို အဲဒါလည္း သူတို႔မေျပာႏိုင္ဘူးဗ်ာ။ ၿပီး က်ေတာ့မွ သူတို႔ ဟိုဆက္ဒီဆက္နဲ႔ လုပ္ၿပီးေတာ့မွ ခနေလးၾကာေတာ့မွ သူက သဘာဝေဘးစီမံဥပေဒနဲ႔ ဖမ္း တယ္တဲ့။ သဘာဝေဘးစီမံဥပေဒဆိုရင္ က်ေနာ္တို႔ တစ္ေယာက္တည္းထြက္တာမွ မဟုတ္တာလို႔ သဘာဝ ေဘး စီမံဥပေဒက ကြက္ၿပီးဖမ္းလို႔ရလို႔လားလို႔။”
မိုင္းပန္ၿမိဳ႕ က ျပည္သူ႔ေဆး႐ုံႀကီးဝန္းထဲသို႔ ယေန႔ မြန္းလြဲပိုင္းအခ်ိန္ခန႔္က ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္သားမ်ားက ဝိုင္း ထားခဲ့ၿပီး ယေန႔ ည ၁၀ နာရီ အခ်ိန္ထိ စစ္သားမ်ား လာေရာက္ဝိုင္းထားဆဲ ျဖစ္သည္ဟု ေဒါက္တာစိုင္းေစာထူးေအာင္ က ေျပာသည္။
“ရဲေတြလည္းပါတယ္ တပ္ကလည္း အမ်ားႀကီးလာတယ္ဗ်ာ။ က်ေနာ္တို႔ေဆး႐ုံမွာ က်ေနာ္တို႔ တံခါးပိတ္ၿပီးမွ က်ေနာ္တို႔တံခါးေပါက္ဝမွာ ပိတ္ေနတာ က်ေနာ္တို႔ကို သူနဲ႔ေပါ့ေနာ ဆရာမေတြ က်ေနာ္ရယ္ ဆရာေတြ ပိတ္ ထားၿပီးမွ ေနတယ္။ အဲဒါ သူတို႔ မ ဝင္ရဲဘူးေပါ့ေနာ။ အတင္းလည္း မလုပ္ရဲဘူး အစေတာ့ သူတို႔အင္အားသုံး ၿပီးမွ ခြဲမလို႔ ေနာက္ေတာ့ တပ္ေတြလည္း လာတယ္။ တပ္ကလည္း စစ္ကား ၂ စီး ၃ စီးေလာက္နဲ႔ အက်ယ္စည္း လာဝိုင္း တယ္ေပါ့ေနာ က်ေနာ္တို႔ေဆး႐ုံေရွ႕ လာဝိုင္းတယ္။”
မိုင္းပန္ေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းမ်ားအေနျဖင့္ လုပ္ေဖာ္ေဆာင္ဖက္ အခ်င္းခ်င္း တစ္ေယာက္ကို တစ္ ေယာက္ကာကြယ္သြားမည္ျဖစ္ၿပီး ဆက္လက္၍လည္း CDM လႈပ္ရွားမႈတြင္ ပါဝင္သြားမည္ဟု ဆက္ေျပာသည္။
“က်ေနာ္တို႔ကလည္း ဒီမတရားတဲ့ ကိစၥကို က်ေနာ္တို႔က ေခါင္းငုံ႔မခံဘူး။ က်ေနာ္တို႔ ဒီျဖစ္ခဲ့တဲ့အတိုင္း ျဖစ္ေစ ခ်င္တယ္။ အဲဒီေတာ့ က်ေနာ္တို႔ရဲ႕ ဆႏၵကို ၿငိမ္းခ်မ္းစြာနဲ႔ ထုတ္ေဖာ္တယ္။ က်ေနာ္တို႔ ဝန္ထမ္းဆိုဒ္ကို CDM ေတြ လုပ္လို႔ရတယ္။ တစ္ခ်ိဳ႕စိတ္အားပါတဲ့လူက CDM လုပ္ရင္းအျပင္ကို ျပည္သူနဲ႔ လမ္းထြက္ဆႏၵျပပြဲေတြ လုပ္ တယ္။ အဲဒီမွာမွ က်ေနာ္တို႔ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနတာကို ပုဒ္မေတြ အမ်ိဳးမ်ိဳးနဲ႔ ဖမ္းတာမ်ိဳးေတာ့ မႀကိဳက္ပါဘူး။ ဝန္ထမ္းပဲ ျဖစ္ျဖစ္ အရပ္သားပဲ ျဖစ္ျဖစ္ ဘယ္သူ႔ကိုမဆိုေပါ့ေနာ က်ေနာ္တို႔ ဒီမွာ အထက္က အမိန႔္ရလို႔ပါဆိုကို လာဖမ္းသြား တာမ်ိဳးဆိုတာကို က်ေနာ္တို႔ မျဖစ္ေစခ်င္ပါဘူး။ ဒါမ်ိဳးမျဖစ္ေအာင္လည္း က်ေနာ္တို႔က အေၾကာင္းစုံ ကာကြယ္သြားရမွာေပါ့ေနာ္။”
မိုင္းပန္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ေဒသခံ ရွမ္းတိုင္းရင္းသား လူငယ္မ်ားဦးေဆာင္ၿပီး ရပ္မိရပ္ဖ မ်ား ႏွင့္ အစိုးရဝန္ထမ္းအခ်ိဳ႕တို႔က စစ္အာဏာသိမ္းမႈကို မလိုလားေၾကာင္း၊ စစ္အာဏာရွင္ဆန႔္က်င္ေၾကာင္း ဆႏၵ ထုတ္ေဖာ္ခဲ့ၾကသည္။
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ဝန္ထမ္းမ်ားသည္ စစ္တပ္ယႏၲယားအုပ္ခ်ဳပ္မႈေအာက္တြင္ တာဝန္ ထမ္းေဆာင္လိုျခင္းမရွိသည့္အတြက္ ႏိုင္ငံဝန္ထမ္းမ်ား ႐ုံးတက္အမိန႔္နာခံေဆာင္႐ြက္မႈ မျပဳသည့္လႈပ္ရွားမႈ (Civil Disobedience Movement) တြင္ ပါဝင္ခဲ့ၾကျခင္းျဖစ္သည္။
ထိုသို႔ CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့ၾကသည့္ ရွမ္းျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပားက က်န္းမာ ေရးဝန္ထမ္းမ်ားကို စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက လိုက္လံဖမ္းဆီးမႈမ်ား ျပဳလုပ္ေနသည္။