မြစ်ကြီးနား စက်မှုဇုန်အတွင်း ဆန္ဒထုတ်ဖော်မှု တပ်မတော်က သေနတ်ဖောက်လူစုခွဲ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် စက်မှုဇုန်အတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစက်ရုံ တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့တွင် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား တပ်မတော်မှ သေနတ်ပစ် ဖောက်လူစုခွဲခဲ့သည်။
ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို တပ်မတော်မှ ယနေ့ ည ၉ နာရီဝန်းကျင်ခန့်တွင် သေနတ်ပစ်ဖောက် လူစုခွဲသော်လည်း ဆန္ဒထုတ်ဖော်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။
အဆိုပါ ဓာတ်အားပေးစက်ရုံအတွင်းသို့ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းယူသည့်နေ့ ကတည်းက ဝင်ရောက်နေရာယူထားပြီး ထွက်သွားပေးရန် ပြည်သူများက ယနေ့တွင် သွားရောက် ဆန္ဒ ထုတ်ဖော်တောင်းဆိုရာမှ တပ်မတော်မှ သေနတ်ပစ်ဖောက်လူစုခွဲခဲ့ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်သည့်နေရာသို့ PCG မှ ဦးလမိုင်ဂွမ်ဂျာက အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းပေး ခဲ့သော် လည်း ၎င်းတို့၏ သဘောတူညီမှုကို ပြည်သူများက သဘောမတူသည့်အတွက် လူစုလူဝေးအဖြစ် ဆက် လက် ဆန္ဒထုတ်ဖော်ရာမှ သေနတ်ပစ်ဖောက်လူစုခွဲခံကြရခြင်းဖြစ်သည်။
အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ပင်မဓာတ်အားခွဲရုံအတွင်း ဝင်ရောက်နေရာယူထားသည့် တပ်မတော်အား အဆိုပါ နေရာမှ ထွက်သွားပေးရန် ပြည်သူများက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့တွင် သွား ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညက အဆိုပါ ပင်မဓာတ်အားခွဲရုံအတွင်းတွင် တပ်မတော်မှဝင်ရောက် နေရာ ယူထားသည့်အပေါ် မလိုလားသည့်အတွက် ထွက်သွားပေးရန် ဝိုင်းမော်၊ မြစ်ကြီးနားမြို့မှ ပြည်သူများက သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူများ ဆန္ဒထုတ်ဖော်သည့်နေရာသို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG မှ လာရောက် ညှိနှိုင်း ပေးခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်မှ အဆိုပါနေရာမှ ထွက်ခွာသွားခဲ့သည်။
*** ZAWGYI ***
ျမစ္ႀကီးနား စက္မႈဇုန္အတြင္း ဆႏၵထုတ္ေဖာ္မႈ တပ္မေတာ္က ေသနတ္ေဖာက္လူစုခြဲ
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၄ ရက္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မန္ခိန္ရပ္ကြက္ စက္မႈဇုန္အတြင္းရွိ လွ်ပ္စစ္ဓာတ္အားျဖန္႕ျဖဴးေရးစက္ရံုတြင္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ယေန႔တြင္ ဆႏၵထုတ္ေဖာ္ေနသည့္ ျပည္သူမ်ားအား တပ္မေတာ္မွ ေသနတ္ပစ္ ေဖာက္လူစုခြဲခဲ့သည္။
ျပည္သူမ်ား၏ ဆႏၵထုတ္ေဖာ္မႈကို တပ္မေတာ္မွ ယေန႔ ည ၉ နာရီ၀န္းက်င္ခန္႔တြင္ ေသနတ္ပစ္ေဖာက္ လူစုခြဲေသာ္လည္း ဆႏၵထုတ္ေဖာ္မႈမ်ားမွာ ဆက္လက္ရွိေနဆဲျဖစ္သည္။
အဆိုပါ ဓာတ္အားေပးစက္ရံုအတြင္းသို႔ တပ္မေတာ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းယူသည့္ေန႔ ကတည္းက ၀င္ေရာက္ေနရာယူထားၿပီး ထြက္သြားေပးရန္ ျပည္သူမ်ားက ယေန႔တြင္ သြားေရာက္ ဆႏၵ ထုတ္ေဖာ္ေတာင္းဆိုရာမွ တပ္မေတာ္မွ ေသနတ္ပစ္ေဖာက္လူစုခြဲခဲ့ျခင္းျဖစ္သည္။
ဆႏၵထုတ္ေဖာ္သည့္ေနရာသို႔ PCG မွ ဦးလမိုင္ဂြမ္ဂ်ာက အာဏာပိုင္မ်ားႏွင့္ သြားေရာက္ညွိႏႈိ္င္းေပး ခဲ့ေသာ္ လည္း ၎တို႔၏ သေဘာတူညီမႈကို ျပည္သူမ်ားက သေဘာမတူသည့္အတြက္ လူစုလူေ၀းအျဖစ္ ဆက္ လက္ ဆႏၵထုတ္ေဖာ္ရာမွ ေသနတ္ပစ္ေဖာက္လူစုခြဲခံၾကရျခင္းျဖစ္သည္။
အလားတူ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိ ပင္မဓာတ္အားခြဲရံုအတြင္း ၀င္ေရာက္ေနရာယူထားသည့္ တပ္မေတာ္အား အဆိုပါ ေနရာမွ ထြက္သြားေပးရန္ ျပည္သူမ်ားက ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ယေန႔တြင္ သြား ေရာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ညက အဆိုပါ ပင္မဓာတ္အားခြဲရံုအတြင္းတြင္ တပ္မေတာ္မွ၀င္ေရာက္ ေနရာ ယူထားသည့္အေပၚ မလိုလားသည့္အတြက္ ထြက္သြားေပးရန္ ဝိုင္းေမာ္၊ ျမစ္ႀကီးနားၿမိဳ႕မွ ျပည္သူမ်ားက သြားေရာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။
ျပည္သူမ်ား ဆႏၵထုတ္ေဖာ္သည့္ေနရာသို႔ ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔ PCG မွ လာေရာက္ ညွိႏွိုင္း ေပးခဲ့သည့္အတြက္ ေနာက္ဆံုးတြင္ တပ္မေတာ္မွ အဆိုပါေနရာမွ ထြက္ခြာသြားခဲ့သည္။