မြစ်ကြီးနားတွင် သတင်းထောက် ၅ ဦး နှင့် ပြည်သူအချို့ ဖမ်းဆီးခံထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။
ကချင်ပြည်နယ် မြစ်ကြီးနားတွင် သေနတ်ပစ်ဖောက်မှုများ ဖြစ်ပွားခဲ့ပြီး သတင်းထောက် ၅ ဦးနှင့် ပြည်သူ အချို့ ဖမ်းဆီးခံထားရသည်။
မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေးယူ ထားသည့် စစ်သားများ ထွက်ပေးရန် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကတည်းက ပြည်သူများနှင့် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နဲ့ ကင်မရာမန်း ကိုနော်ဆိုင်းနဲ့ တခြားသတင်းဌာနကလည်း နှစ်ယောက်လောက်ပါတယ်။ အရင်ဆုံး သူတို့က သေနတ်ဖောက် တယ်။ သုံးချက်တောင် ပစ်တယ်။ ပြီးတော့ လုံခြုံရေး ရဲတပ်ဖွဲ့ကလည်း အများကြီး အင်အားယူထားတယ်။ ရေတွေနဲ့လည်း ဖျန်းတယ်။ အချုပ်ကားလည်း အဆင်သင့်ပါလာတယ်။ အခု ပြည်သူတွေကလည်း ဒီမှာ ရှိနေ သေးတယ်။ အင်အားတော့ နည်းတာပေါ့နော်။ တင့်ကားတွေလည်း ရောက်နေတယ်ဗျ” ဟု မြစ်ကြီးနားက မြို့ ခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်များမှာ မဇ္ဈိမ သတင်းဌာနက ကိုဆိုင်းလတ်အောင်၊ The 74 သတင်းဌာနက အယ်ဒီတာ ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနော်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေးကွန်ရက်(EPN) က ကိုရန်ကောင်း နှင့် ကိုဝေယံ၊ တို့ဖြစ်ကြပြီး ၎င်းတို့၏ ပစ္စည်းများလည်း အသိမ်းခံထားရသည်ဟု သိရ သည်။
ယမန်နေ့ညကလည်း မြစ်ကြီးနားမြို့၊ ရန်ကြီးအောင် ရပ်ကွက်ရှိ လျှပ်စစ်ရုံးအတွင်း စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင် များ ဝင်ရောက်လာခဲ့သည့်အတွက် ဒေသခံများ ဝိုင်းဝန်းဆန္ဒထုတ်ဖော်ခဲ့ရာ ကချင်ငြိမ်းချမ်းရေးအကျိုးတော် ဆောင် PCG ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ထွက်ပေးခဲ့သည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ လျှပ်စစ်ဓါအားဖြန့်ဖြူးရေး ရုံးအတွင်း အလားတူပြဿနာမျိုး ဖြစ်ခဲ့ရာ PCG ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များ လျှပ်စစ်ရုံးအတွင်းမှ ထွက်ပေးခဲ့သည်။
စက်မှုဇုန်က ဒေသခံတစ်ဦးကလည်း “ကျမတို့က အိမ်ကနေ သံပုံးတွေရိုက်နေတယ်။ လူတွေကလည်း ဆူညံနေ တာပဲ။ ကျမတို့ အဓိကတောင်းတာက ဒီလျှပ်စစ်ရုံးထဲမှာ ရှိတဲ့ စစ်သားတွေ ထွက်ပေးဖို့ပါ။ သူတို့ က အစတော့ ထွက်ပေးမယ်ပြောပြီး နောက်တော့ မထွက်ဘူးလေ။ ဆန္ဒပြတဲ့ ပြည်သူတွေကလည်း မပြန်ကြဘူး။ အထဲက စစ်သားတွေ ပြန်မှ ပြန်မယ်ဆိုပြီး နေ့လည်ကတည်းကနေ ဆန္ဒပြနေရင်းနဲ့ အခုည ၁၀ နာရီလောက်အထိ မပြန် ကြသေးတာ။ မီးဖျက်ပြီး ရပ်ကွက်တွေထဲ သူတို့လူတွေဝင်မယ်ဆိုတာမျိုးတွေလည်း ကြားနေရတယ်၊ CDM ဝန်ထမ်းတွေကို လည်း လိုက်ခေါ်မယ်ဆိုတာမျိုးတွေ သတင်းတွေကလည်း အမျိုးမျိုးကြားနေရတော့ ကျမတို့ က အဲ့လို အဖြစ်မခံနိုင်လို့ ဒီလိုမျိုး ဆန္ဒထုတ်ဖော်နေကြတာပါ” ဟု ပြောသည်။
တပ်မတော်က အာဏာသိမ်းယူပြီးနောက် မြစ်ကြီးနားမြို့ရှိ အစိုးရရုံးများ၊ MPT ဖုန်းရုံးများ၊ လျှပ်စစ်ရုံးများတွင် စစ်သားများက လုံခြုံရေးယူထားသည်။
“မြစ်ကြီးနားက ဒေသခံတွေက မီးဖြတ်ခံရမှာကြောက်လို့ ပါ။ အစကတည်းကလည်း သူတို့လုံခြုံရေး ယူစရာ မလိုဘူးလေ။ အခုမှ သူတို့က မြစ်ကြီးနားမှာ ရှိတဲ့ လျှပ်စစ်ရုံးတွေကို ဝင်တာ။ မနေ့ကလည်း ရန်ကြီးအောင် ပေါ့။ ဒီမန်ခိန်လျှပ်စစ်ရုံးကတော့ ၁ ရက်နေ့ကတည်းက စစ်သားတွေ ရောက်နေတာပါ။ ဒါပေမယ့် မီးဖြတ်မယ် ဆိုတဲ့ သတင်းတွေ ကြားလာတော့ လူတွေကလည်း စိတ်ပူပြီး အခုလိုမျိူးဖြစ်ကုန်တာပါ” ဟု အဆိုပါ စက်မှုဇုန် က ဒေသခံတစ်ဦးက ပြောသည်။
စက်မှုဇုံအတွင်း ရောက်ရှိနေသည့် ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများ၏ ပြောပြချက်အရ ယနေ့ ည ၉ နာရီ အချိန်ခန့်ကစတင်ပြီး စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလားပြီး သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ မျက်ရည်ယိုဗုံးများနှင့် ပစ်ခြင်း၊ မီးသတ်ကားများဖြင့် ရေများဖြင့် ဖြန်းသည်ဟု ဒေသခံများက ပြောသည်။
ဆန္ဒထုတ်ဖော်သည့်နေရာသို့ PCG မှ ဦးလမိုင်ဂွမ်ဂျာက အာဏာပိုင်များနှင့် သွားရောက်ညှိနှိုင်းပေးခဲ့သော်လည်း ၎င်းတို့၏ သဘောတူညီမှုကို ပြည်သူများက သဘောမတူသည့်အတွက် လူစုလူဝေးအဖြစ် ဆက်လက် ဆန္ဒထုတ် ဖော်ရာမှ သေနတ်ပစ်ဖောက်လူစုခွဲခံကြရခြင်းဖြစ်သည်။
အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ပင်မဓာတ်အားခွဲရုံအတွင်း ဝင်ရောက်နေရာယူ ထားသည့် တပ်မတော်အား အဆိုပါ နေရာမှ ထွက်သွားပေးရန် ပြည်သူများက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ယနေ့ တွင် သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညက အဆိုပါ ပင်မဓာတ်အားခွဲရုံအတွင်းတွင် တပ်မတော်မှဝင်ရောက် နေရာ ယူထား သည့်အပေါ် မလိုလားသည့်အတွက် ထွက်သွားပေးရန် ဝိုင်းမော်၊ မြစ်ကြီးနားမြို့မှ ပြည်သူများက သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
*** ZAWGYI ***
ျမစ္ႀကီးနားတြင္ သတင္းေထာက္ ၅ ဦး ႏွင့္ ျပည္သူအခ်ိဳ႕ ဖမ္းဆီးခံထားရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၄ ရက္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားတြင္ ေသနတ္ပစ္ေဖာက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး သတင္းေထာက္ ၅ ဦးႏွင့္ ျပည္သူ အခ်ိဳ႕ ဖမ္းဆီးခံထားရသည္။
ျမစ္ႀကီးနားၿမိဳ႕ ၊ မန္ခိန္ရပ္ကြက္တြင္းရွိ စက္မႈဇုန္ထဲက လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေရး ႐ုံးအတြင္း လုံၿခဳံေရးယူ ထားသည့္ စစ္သားမ်ား ထြက္ေပးရန္ ယေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္ကတည္းက ျပည္သူမ်ားႏွင့္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားအၾကား အျငင္းပြားမႈမ်ား ျဖစ္ပြားၿပီးေနာက္ ယခုကဲ့သို႔ ဖမ္းဆီးခံရျခင္း ျဖစ္သည္။
“မဇၩိမ သတင္းဌာနက ကိုဆိုင္းလတ္ေအာင္၊ 74 သတင္းဌာနက အယ္ဒီတာ ကိုထြယ္ေအာင္နဲ႔ ကင္မရာမန္း ကိုေနာ္ဆိုင္းနဲ႔ တျခားသတင္းဌာနကလည္း ႏွစ္ေယာက္ေလာက္ပါတယ္။ အရင္ဆုံး သူတို႔က ေသနတ္ေဖာက္ တယ္။ သုံးခ်က္ေတာင္ ပစ္တယ္။ ၿပီးေတာ့ လုံၿခဳံေရး ရဲတပ္ဖြဲ႕ကလည္း အမ်ားႀကီး အင္အားယူထားတယ္။ ေရေတြနဲ႔လည္း ဖ်န္းတယ္။ အခ်ဳပ္ကားလည္း အဆင္သင့္ပါလာတယ္။ အခု ျပည္သူေတြကလည္း ဒီမွာ ရွိေန ေသးတယ္။ အင္အားေတာ့ နည္းတာေပါ့ေနာ္။ တင့္ကားေတြလည္း ေရာက္ေနတယ္ဗ်” ဟု ျမစ္ႀကီးနားက ၿမိဳ႕ ခံတစ္ဦးက ေျပာသည္။
ဖမ္းဆီးခံရသည့္ သတင္းေထာက္မ်ားမွာ မဇၩိမ သတင္းဌာနက ကိုဆိုင္းလတ္ေအာင္၊ The 74 သတင္းဌာနက အယ္ဒီတာ ကိုထြယ္ေအာင္ႏွင့္ ကင္မရာမန္း ကိုေနာ္ဆိုင္း၊ ထာဝရၿငိမ္းခ်မ္းေရးကြန္ရက္(EPN) က ကိုရန္ေကာင္း ႏွင့္ ကိုေဝယံ၊ တို႔ျဖစ္ၾကၿပီး ၎တို႔၏ ပစၥည္းမ်ားလည္း အသိမ္းခံထားရသည္ဟု သိရ သည္။
ယမန္ေန႔ညကလည္း ျမစ္ႀကီးနားၿမိဳ႕၊ ရန္ႀကီးေအာင္ ရပ္ကြက္ရွိ လွ်ပ္စစ္႐ုံးအတြင္း စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ား ဝင္ေရာက္လာခဲ့သည့္အတြက္ ေဒသခံမ်ား ဝိုင္းဝန္းဆႏၵထုတ္ေဖာ္ခဲ့ရာ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ ေဆာင္ PCG ၏ ၾကားဝင္ညႇိႏႈိင္းေပးမႈေၾကာင့္ ထြက္ေပးခဲ့သည္။
အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနားေက်း႐ြာအတြင္းရွိ လွ်ပ္စစ္ဓါအားျဖန႔္ျဖဴးေရး ႐ုံးအတြင္း အလားတူျပႆနာမ်ိဳး ျဖစ္ခဲ့ရာ PCG ၏ ၾကားဝင္ညႇိႏႈိင္းေပးမႈအရ စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕ ဝင္မ်ား လွ်ပ္စစ္႐ုံးအတြင္းမွ ထြက္ေပးခဲ့သည္။
စက္မႈဇုန္က ေဒသခံတစ္ဦးကလည္း “က်မတို႔က အိမ္ကေန သံပုံးေတြ႐ိုက္ေနတယ္။ လူေတြကလည္း ဆူညံေန တာပဲ။ က်မတို႔ အဓိကေတာင္းတာက ဒီလွ်ပ္စစ္႐ုံးထဲမွာ ရွိတဲ့ စစ္သားေတြ ထြက္ေပးဖို႔ပါ။ သူတို႔ က အစေတာ့ ထြက္ေပးမယ္ေျပာၿပီး ေနာက္ေတာ့ မထြက္ဘူးေလ။ ဆႏၵျပတဲ့ ျပည္သူေတြကလည္း မျပန္ၾကဘူး။ အထဲက စစ္သားေတြ ျပန္မွ ျပန္မယ္ဆိုၿပီး ေန႔လည္ကတည္းကေန ဆႏၵျပေနရင္းနဲ႔ အခုည ၁၀ နာရီေလာက္အထိ မျပန္ ၾကေသးတာ။ မီးဖ်က္ၿပီး ရပ္ကြက္ေတြထဲ သူတို႔လူေတြဝင္မယ္ဆိုတာမ်ိဳးေတြလည္း ၾကားေနရတယ္၊ CDM ဝန္ထမ္းေတြကို လည္း လိုက္ေခၚမယ္ဆိုတာမ်ိဳးေတြ သတင္းေတြကလည္း အမ်ိဳးမ်ိဳးၾကားေနရေတာ့ က်မတို႔ က အဲ့လို အျဖစ္မခံႏိုင္လို႔ ဒီလိုမ်ိဳး ဆႏၵထုတ္ေဖာ္ေနၾကတာပါ” ဟု ေျပာသည္။
တပ္မေတာ္က အာဏာသိမ္းယူၿပီးေနာက္ ျမစ္ႀကီးနားၿမိဳ႕ရွိ အစိုးရ႐ုံးမ်ား၊ MPT ဖုန္း႐ုံးမ်ား၊ လွ်ပ္စစ္႐ုံးမ်ားတြင္ စစ္သားမ်ားက လုံၿခဳံေရးယူထားသည္။
“ျမစ္ႀကီးနားက ေဒသခံေတြက မီးျဖတ္ခံရမွာေၾကာက္လို႔ ပါ။ အစကတည္းကလည္း သူတို႔လုံၿခဳံေရး ယူစရာ မလိုဘူးေလ။ အခုမွ သူတို႔က ျမစ္ႀကီးနားမွာ ရွိတဲ့ လွ်ပ္စစ္႐ုံးေတြကို ဝင္တာ။ မေန႔ကလည္း ရန္ႀကီးေအာင္ ေပါ့။ ဒီမန္ခိန္လွ်ပ္စစ္႐ုံးကေတာ့ ၁ ရက္ေန႔ကတည္းက စစ္သားေတြ ေရာက္ေနတာပါ။ ဒါေပမယ့္ မီးျဖတ္မယ္ ဆိုတဲ့ သတင္းေတြ ၾကားလာေတာ့ လူေတြကလည္း စိတ္ပူၿပီး အခုလိုမ်ိဴးျဖစ္ကုန္တာပါ” ဟု အဆိုပါ စက္မႈဇုန္ က ေဒသခံတစ္ဦးက ေျပာသည္။
စက္မႈဇုံအတြင္း ေရာက္ရွိေနသည့္ ဆႏၵထုတ္ေဖာ္ေနသည့္ ျပည္သူမ်ား၏ ေျပာျပခ်က္အရ ယေန႔ ည ၉ နာရီ အခ်ိန္ခန႔္ကစတင္ၿပီး စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ထပ္မံေရာက္ရွိလားၿပီး ေသနတ္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ မ်က္ရည္ယိုဗုံးမ်ားႏွင့္ ပစ္ျခင္း၊ မီးသတ္ကားမ်ားျဖင့္ ေရမ်ားျဖင့္ ျဖန္းသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဆႏၵထုတ္ေဖာ္သည့္ေနရာသို႔ PCG မွ ဦးလမိုင္ဂြမ္ဂ်ာက အာဏာပိုင္မ်ားႏွင့္ သြားေရာက္ညႇိႏႈိင္းေပးခဲ့ေသာ္လည္း ၎တို႔၏ သေဘာတူညီမႈကို ျပည္သူမ်ားက သေဘာမတူသည့္အတြက္ လူစုလူေဝးအျဖစ္ ဆက္လက္ ဆႏၵထုတ္ ေဖာ္ရာမွ ေသနတ္ပစ္ေဖာက္လူစုခြဲခံၾကရျခင္းျဖစ္သည္။
အလားတူ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မိုင္းနားေက်း႐ြာရွိ ပင္မဓာတ္အားခြဲ႐ုံအတြင္း ဝင္ေရာက္ေနရာယူ ထားသည့္ တပ္မေတာ္အား အဆိုပါ ေနရာမွ ထြက္သြားေပးရန္ ျပည္သူမ်ားက ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ယေန႔ တြင္ သြားေရာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ညက အဆိုပါ ပင္မဓာတ္အားခြဲ႐ုံအတြင္းတြင္ တပ္မေတာ္မွဝင္ေရာက္ ေနရာ ယူထား သည့္အေပၚ မလိုလားသည့္အတြက္ ထြက္သြားေပးရန္ ဝိုင္းေမာ္၊ ျမစ္ႀကီးနားၿမိဳ႕မွ ျပည္သူမ်ားက သြားေရာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္။