မြစ်ကြီးနားတွင် ကျောင်းဆရာမ နှစ်ဦးအပါအဝင် လူ ၂၀ နီးပါး အဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်အာဏာရှင်ဆန်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင် ပညာရေးကောလိပ်မှ ဆရာမနှစ်ဦး နှင့် ဆန္ဒပြပြည်သူများ ၁၅ ဦး ထက် မနည်း ဖမ်းဆီးခံထားရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

မြစ်ကြီးနားမြို့ရှိ ပညာရေးကောလိပ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၈ နာရီကျော် အချိန်ခန့်က ပညာရေးဝန်ထမ်းများနှင့် ဆန္ဒပြပြည်သူများ လူစုနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရောက်ရှိလာပြီး သတိပေးခြင်းတစ်စုံတစ်ရာ မရှိပဲ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဆရာမ နှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ပြော သည်။

ဖမ်းဆီးခံရသူများထဲမှ မိသားစုဝင် တစ်ဦး က “ကျမတို့ တူမလေးလည်းပါသွားတယ်။ ပမ္မတီးကပါ၊ အခု အမှတ် ၁ ရဲစခန်းမှာလို့ပြောပါတယ်။ လိုက်ပြီး ကူညီပေးကြပါ” ဟု မြစ်ကြီးနားပညာရေးကောလိပ်ရှေ့တွင် ငို ပြီး ပြောဆိုနေသည်ဟု မျက်မြင်သက်သေတစ်ဦးက တွေ့ခဲ့သည်။

ဖမ်းဆီးခံလိုက်ရသည့် ဆရာမနှစ်ဦးမှာ ဆရာမဒေါ်အေးကြည်ကြည်စိန် နှင့် ဆရာမ ဒေါ်အေးချမ်းမေတို့ ဖြစ်ကြ သည်။

မျက်မြင်သက်သေတစ်ဦးကလည်း “ဟုတ်တယ် ရဲနဲ့စစ်သားတွေက တခါတည်းဝင်လာပြီး ဆိုင်ကယ်ထားနေတဲ့ နေရာနားကနေ အတင်းဖမ်းသွားတယ်။ အတင်းစွဲချပြီးရိုက်တာ။ ရဲကားတွေလည်းပါတယ်။ စစ်ကားတွေ လည်း ပါတယ်။ အဲ့ဒါတခါတည်းဖမ်းသွားတာ။ ရိုက်လည်းရိုက်တယ်။ လူစုနေတုန်းပဲ ရှိသေးတယ်။ လူတွေ တောင် အကုန်မရောက်သေးဘူး။ ဆိုင်ကယ်တောင် ၂၀ လောက်ပဲ ရှိအုံးမယ်။ အဲ့ကိုလာတဲ့ ဆရာမတွေကို ရိုက် ပြီးဖမ်းသွားတာ ဟုတ်တယ်” ဟု ပြောသည်။

ထို့အပြင် စက်ဘီးနှင့် ဆန္ဒထုတ်ဖော်နေကြသည့် ပြည်သူများနှင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ကြသည့် ပြည်သူ များကိုလည်း မြစ်ကြီးနားမြို့ အမှတ်(၁) နှင့် အမှတ်(၂) စျေးအကြားနှင့် နဂါးနှစ်ကောင် ဟိုတယ်ရှေ့တွင် လိုက်လံ ဖမ်းဆီးမှုများ ရှိနေပြီး ၁၅ ယောက်ခန့် ဖမ်းဆီးခံထားရသည်ဟု သိရသည်။

ထို့အပြင် ဖုန်းများ ကင်မရာများဖြင့် မှတ်တမ်းရယူနေသည့် ပြည်သူများနှင့် သတင်းသမားများအားလည်း လေးဂွ များဖြင့် ပစ်ခြင်း၊ ဖုန်းများလုခြင်းများ ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ လုပ်ဆောင်နေကြပြီး အရပ်ဝတ်ဝတ် ထား သူ အချို့ကလည်း သတင်းသမားများနောက်ကို လိုက်လံက ဖုန်းများ လုယူသည့် အခြေအနေများ ယနေ့ ဖြစ်ပွား ခဲ့သည်။

အလားတူ သွားနေကြသည့် ပြည်သူများကိုလမ်း ဆိုင်မယ်များ၊ ကားများအား တားကာ ဖုန်းများကို တောင်းယူ စစ်ဆေးခြင်းများလည်း ပြုလုပ်နေကြသည်။

မြစ်ကြီးနားမြို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများက စစ်ကားများ၊ ရဲကားများ၊ အချုပ်ကားများဖြင့် မြို့ပတ်ကာ အင်အားပြလျှက်ရှိပြီး လမ်းဆံတိုင်းတွင်လည်း အရပ်ဝတ်ရဲများက မီဒီယာသမားများနှင့် ဖုန်းဖြင့် ရိုက်ကူး မှတ် တမ်းယူသည့် ပြည်သူများကို လေးဂွများဖြင့် လှမ်းပစ်ခြင်းများ ပြုလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်ကာ သတင်းအမှောင်ချရန် ကြိုးစားနေသည်ဟု “Kachin State civilian movement” က ပြောဆိုထားသည်။

ယမန်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ ထိုင်သပိတ်တွင် ပါဝင်နေသည့် ပြည်သူများကို အင်အားသုံးဖြိုခွင်းခဲ့ပြီး ပြည် သူနှစ်ဦး နှင့် သံဃာတော်တစ်ပါး အဖမ်းခံခဲ့ရသည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ ေက်ာင္းဆရာမ ႏွစ္ဦးအပါအဝင္ လူ ၂၀ နီးပါး အဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၉ ရက္။

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ စစ္အာဏာရွင္ဆန္က်င္ေရး ဆႏၵထုတ္ေဖာ္မႈတြင္ ပညာေရးေကာလိပ္မွ ဆရာမႏွစ္ဦး ႏွင့္ ဆႏၵျပျပည္သူမ်ား ၁၅ ဦး ထက္ မနည္း ဖမ္းဆီးခံထားရသည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕ရွိ ပညာေရးေကာလိပ္တြင္ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၈ နာရီေက်ာ္ အခ်ိန္ခန႔္က ပညာေရးဝန္ထမ္းမ်ားႏွင့္ ဆႏၵျပျပည္သူမ်ား လူစုေနစဥ္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္သားမ်ားက ေရာက္ရွိလာၿပီး သတိေပးျခင္းတစ္စုံတစ္ရာ မရွိပဲ အၾကမ္းဖက္ဝင္ေရာက္ဖမ္းဆီးခဲ့ရာ ဆရာမ ႏွစ္ဦး အဖမ္းခံခဲ့ရသည္ဟု ေျပာ သည္။

ဖမ္းဆီးခံရသူမ်ားထဲမွ မိသားစုဝင္ တစ္ဦး က “က်မတို႔ တူမေလးလည္းပါသြားတယ္။ ပမၼတီးကပါ၊ အခု အမွတ္ ၁ ရဲစခန္းမွာလို႔ေျပာပါတယ္။ လိုက္ၿပီး ကူညီေပးၾကပါ” ဟု ျမစ္ႀကီးနားပညာေရးေကာလိပ္ေရွ႕တြင္ ငို ၿပီး ေျပာဆိုေနသည္ဟု မ်က္ျမင္သက္ေသတစ္ဦးက ေတြ႕ခဲ့သည္။

ဖမ္းဆီးခံလိုက္ရသည့္ ဆရာမႏွစ္ဦးမွာ ဆရာမေဒၚေအးၾကည္ၾကည္စိန္ ႏွင့္ ဆရာမ ေဒၚေအးခ်မ္းေမတို႔ ျဖစ္ၾက သည္။

မ်က္ျမင္သက္ေသတစ္ဦးကလည္း “ဟုတ္တယ္ ရဲနဲ႔စစ္သားေတြက တခါတည္းဝင္လာၿပီး ဆိုင္ကယ္ထားေနတဲ့ ေနရာနားကေန အတင္းဖမ္းသြားတယ္။ အတင္းစြဲခ်ၿပီး႐ိုက္တာ။ ရဲကားေတြလည္းပါတယ္။ စစ္ကားေတြ လည္း ပါတယ္။ အဲ့ဒါတခါတည္းဖမ္းသြားတာ။ ႐ိုက္လည္း႐ိုက္တယ္။ လူစုေနတုန္းပဲ ရွိေသးတယ္။ လူေတြ ေတာင္ အကုန္မေရာက္ေသးဘူး။ ဆိုင္ကယ္ေတာင္ ၂၀ ေလာက္ပဲ ရွိအုံးမယ္။ အဲ့ကိုလာတဲ့ ဆရာမေတြကို ႐ိုက္ ၿပီးဖမ္းသြားတာ ဟုတ္တယ္” ဟု ေျပာသည္။

ထို႔အျပင္ စက္ဘီးႏွင့္ ဆႏၵထုတ္ေဖာ္ေနၾကသည့္ ျပည္သူမ်ားႏွင့္ လမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ၾကသည့္ ျပည္သူ မ်ားကိုလည္း ျမစ္ႀကီးနားၿမိဳ႕ အမွတ္(၁) ႏွင့္ အမွတ္(၂) ေစ်းအၾကားႏွင့္ နဂါးႏွစ္ေကာင္ ဟိုတယ္ေရွ႕တြင္ လိုက္လံ ဖမ္းဆီးမႈမ်ား ရွိေနၿပီး ၁၅ ေယာက္ခန႔္ ဖမ္းဆီးခံထားရသည္ဟု သိရသည္။

ထို႔အျပင္ ဖုန္းမ်ား ကင္မရာမ်ားျဖင့္ မွတ္တမ္းရယူေနသည့္ ျပည္သူမ်ားႏွင့္ သတင္းသမားမ်ားအားလည္း ေလးဂြ မ်ားျဖင့္ ပစ္ျခင္း၊ ဖုန္းမ်ားလုျခင္းမ်ား ရဲတပ္ဖြဲ႕ဝင္မ်ား၊ စစ္သားမ်ား လုပ္ေဆာင္ေနၾကၿပီး အရပ္ဝတ္ဝတ္ ထား သူ အခ်ိဳ႕ကလည္း သတင္းသမားမ်ားေနာက္ကို လိုက္လံက ဖုန္းမ်ား လုယူသည့္ အေျခအေနမ်ား ယေန႔ ျဖစ္ပြား ခဲ့သည္။

အလားတူ သြားေနၾကသည့္ ျပည္သူမ်ားကိုလမ္း ဆိုင္မယ္မ်ား၊ ကားမ်ားအား တားကာ ဖုန္းမ်ားကို ေတာင္းယူ စစ္ေဆးျခင္းမ်ားလည္း ျပဳလုပ္ေနၾကသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ စစ္သားမ်ားက စစ္ကားမ်ား၊ ရဲကားမ်ား၊ အခ်ဳပ္ကားမ်ားျဖင့္ ၿမိဳ႕ပတ္ကာ အင္အားျပလွ်က္ရွိၿပီး လမ္းဆံတိုင္းတြင္လည္း အရပ္ဝတ္ရဲမ်ားက မီဒီယာသမားမ်ားႏွင့္ ဖုန္းျဖင့္ ႐ိုက္ကူး မွတ္ တမ္းယူသည့္ ျပည္သူမ်ားကို ေလးဂြမ်ားျဖင့္ လွမ္းပစ္ျခင္းမ်ား ျပဳလုပ္ကာ လူ႔အခြင့္အေရးခ်ိဳးေဖာက္ကာ သတင္းအေမွာင္ခ်ရန္ ႀကိဳးစားေနသည္ဟု “Kachin State civilian movement” က ေျပာဆိုထားသည္။

ယမန္ေန႔ကလည္း ျမစ္ႀကီးနားၿမိဳ႕ရွိ ထိုင္သပိတ္တြင္ ပါဝင္ေနသည့္ ျပည္သူမ်ားကို အင္အားသုံးၿဖိဳခြင္းခဲ့ၿပီး ျပည္ သူႏွစ္ဦး ႏွင့္ သံဃာေတာ္တစ္ပါး အဖမ္းခံခဲ့ရသည္။