ကုန်သည်များ ယုံကြည်မှုဖြင့် ဆက်လက်ရောင်းဝယ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်။
အာဏာဖီဆန်မှု တိုက်ပွဲများအတွင်း မွန်ပြည်နယ်အတွင်း ကုန်သည်များမှာ ဘဏ်အများစု ပိတ်ထားသောကြောင့် ငွေလည်ပတ်မှု မရှိသော်လည်း ယုံကြည်မှုဖြင့်သာ ရောင်းဝယ်နေကြသည်။
“ဘဏ်တွေပိတ်ထားတော့ ပစ္စည်းဝယ်ဖို့က အခက်အခဲရှိတယ်၊ ငွေမလွဲရင် ပစ္စည်းမထုတ်ပေးဘူးလေ ဘဏ် စနစ်နဲ့ပဲ လုပ်နေတဲ့အခါကျတော့ ဘဏ်စနစ်နဲ့က စိတ်ချမ်းသာတယ် အခုက ဘဏ်စနစ်နဲ့မဟုတ်တော့ အခက် အခဲတော့ရှိတာပေါ့” ဟု ဆီကုန်သည် ဒေါ်စန်းဌေးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိဘဏ်အများစု ပိတ်ထားသည့်အတွက် ဘဏ်နှင့် ချိတ်ဆက် လုပ်ငန်းဆောင်ရွက် နေရသည့် လုပ်ငန်းများအတွက် အခက်အခဲရှိလာသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။
ပုဂ္ဂလိကဘဏ်ဝန်ထမ်းအများစုက အာဏာသိမ်း စစ်ကောင်စီ ဆန့်ကျင်ရေး CDM လှုပ်ရှားမှုတွင် ပူးပေါင်း ပါဝင်လာကြပြီး အလုပ်မဆင်းကြသည့်အတွက် ပုဂ္ဂလိကဘဏ်အများစုသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး ပိတ်ထားကြသည်။
ပြည်နယ်အတွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်၊ သမဝါယမဘဏ်၊ AGD ဘဏ် အစရှိ ပုဂ္ဂလိကဘဏ်ခွဲများတည်ရှိပြီး လတ်တလောတွင် ပိတ်ထား ကြသည်။
“ငွေလွှဲပြုရတဲ့အခက်အခဲတော့ရှိတာပေါ့ ဒါပေမယ် တစ်ဖက်နဲ့တစ်ဖက် ရောင်းဝယ်လာတာကြာလာတဲ့ အခါ ကျတော့ ယုံကြည်မှုနဲ့ သွားနေတာပေါ့ ကျနော်တို့လည်း တစ်ခြား ဘယ်လိုနည်းလမ်းတွေနဲ့ ပို့နိုင်မလဲဆိုတာ ကို လည်း ရှာနေပါတယ်၊ လက်ရှိကတော့ ငွေမလွှဲနိုင်လို့ ဆန်မပို့နိုင်ဘူးဆိုတဲ့အနေအထားတော့ မဖြစ်သေးပါဘူး” ဟု မွန်ပြည်နယ် ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးတင်မြင့်ဦး က ပြောသည်။
တပ်နှင့် ဆက်စပ်မှုရှိသည့် မြဝတီဘဏ်က ပိတ်ထားခြင်းမရှိပဲ ဘဏ်လုပ်ငန်း ဆောက်ရွက်နေပြီး အစိုးရဘဏ် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည်လည်း တပ်မတော်နှင့် ရဲ လုံခြုံရေးယူထားပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ထားကာ ဘဏ်လုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရ သည်။
ထို့အပြင် ဘဏ်တွင် ငွေစုထားသူများအတွက်လည်း ငွေထုတ်မရ၍ အခက်အခဲဖြစ်နေကြသူများလည်း ရှိသည် ဟု ပြောသည်။
“ပိုက်ဆံကို ဘဏ်မှာပဲ သိမ်းထားတယ်။ လိုမှ ထုတ်သုံးတာ အခု ဘဏ်တွေပိတ်ထားတော့ ထုတ်လို့မရဘူး ရက် ပိုင်းပဲ ပိတ်တာလောက်က အခက်အခဲမရှိပေမယ့် ရက်ကြာမယ်ဆို ကျမတို့လိုလူတွေအတွက်လည်း အခက်အခဲ ရှိပါတယ်” ဟု ကမ္ဘောဇဘဏ်တွင် ငွေစုထားသည့် မသဇင်က ပြောသည်။
တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ပြည်နယ်အတွင် ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွားနေပြီး ဆန္ဒပြ ပြည်သူ များနှင့်အတူ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများလည်း ပါဝင်ဆန္ဒပြလာကြသည်။
*** ZAWGYI ***
ကုန္သည္မ်ား ယုံၾကည္မႈျဖင့္ ဆက္လက္ေရာင္းဝယ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၉ ရက္။
အာဏာဖီဆန္မႈ တိုက္ပြဲမ်ားအတြင္း မြန္ျပည္နယ္အတြင္း ကုန္သည္မ်ားမွာ ဘဏ္အမ်ားစု ပိတ္ထားေသာေၾကာင့္ ေငြလည္ပတ္မႈ မရွိေသာ္လည္း ယုံၾကည္မႈျဖင့္သာ ေရာင္းဝယ္ေနၾကသည္။
“ဘဏ္ေတြပိတ္ထားေတာ့ ပစၥည္းဝယ္ဖို႔က အခက္အခဲရွိတယ္၊ ေငြမလြဲရင္ ပစၥည္းမထုတ္ေပးဘူးေလ ဘဏ္ စနစ္နဲ႔ပဲ လုပ္ေနတဲ့အခါက်ေတာ့ ဘဏ္စနစ္နဲ႔က စိတ္ခ်မ္းသာတယ္ အခုက ဘဏ္စနစ္နဲ႔မဟုတ္ေတာ့ အခက္ အခဲေတာ့ရွိတာေပါ့” ဟု ဆီကုန္သည္ ေဒၚစန္းေဌးက ေျပာသည္။
မြန္ျပည္နယ္အတြင္းရွိ ပုဂၢလိဘဏ္အမ်ားစု ပိတ္ထားသည့္အတြက္ ဘဏ္ႏွင့္ ခ်ိတ္ဆက္ လုပ္ငန္းေဆာင္႐ြက္ ေနရသည့္ လုပ္ငန္းမ်ားအတြက္ အခက္အခဲရွိလာသည္ဟု လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။
ပုဂၢလိကဘဏ္ဝန္ထမ္းအမ်ားစုက အာဏာသိမ္း စစ္ေကာင္စီ ဆန႔္က်င္ေရး CDM လႈပ္ရွားမႈတြင္ ပူးေပါင္း ပါဝင္လာၾကၿပီး အလုပ္မဆင္းၾကသည့္အတြက္ ပုဂၢလိကဘဏ္အမ်ားစုသည္ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွစၿပီး ပိတ္ထားၾကသည္။
ျပည္နယ္အတြင္းရွိ ကေမာၻဇဘဏ္၊ ဧရာဝတီဘဏ္၊ ႐ိုးမဘဏ္၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္၊ အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳး ေရးဘဏ္၊ သမဝါယမဘဏ္၊ AGD ဘဏ္ အစရွိ ပုဂၢလိကဘဏ္ခြဲမ်ားတည္ရွိၿပီး လတ္တေလာတြင္ ပိတ္ထား ၾကသည္။
“ေငြလႊဲျပဳရတဲ့အခက္အခဲေတာ့ရွိတာေပါ့ ဒါေပမယ္ တစ္ဖက္နဲ႔တစ္ဖက္ ေရာင္းဝယ္လာတာၾကာလာတဲ့ အခါ က်ေတာ့ ယုံၾကည္မႈနဲ႔ သြားေနတာေပါ့ က်ေနာ္တို႔လည္း တစ္ျခား ဘယ္လိုနည္းလမ္းေတြနဲ႔ ပို႔ႏိုင္မလဲဆိုတာ ကို လည္း ရွာေနပါတယ္၊ လက္ရွိကေတာ့ ေငြမလႊဲႏိုင္လို႔ ဆန္မပို႔ႏိုင္ဘူးဆိုတဲ့အေနအထားေတာ့ မျဖစ္ေသးပါဘူး” ဟု မြန္ျပည္နယ္ ဆန္ကုန္သည္မ်ားအသင္း ဥကၠဌ ဦးတင္ျမင့္ဦး က ေျပာသည္။
တပ္ႏွင့္ ဆက္စပ္မႈရွိသည့္ ျမဝတီဘဏ္က ပိတ္ထားျခင္းမရွိပဲ ဘဏ္လုပ္ငန္း ေဆာက္႐ြက္ေနၿပီး အစိုးရဘဏ္ ျဖစ္သည့္ ျမန္မာ့စီးပြားေရးဘဏ္သည္လည္း တပ္မေတာ္ႏွင့္ ရဲ လုံၿခဳံေရးယူထားၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔တြင္ ဖြင့္လွစ္ထားကာ ဘဏ္လုပ္ငန္း ေဆာင္႐ြက္ေနသည္ကို ေတြ႕ရွိရသည္ဟု ေဒသခံတို႔၏ ေျပာျပခ်က္အရ သိရ သည္။
ထို႔အျပင္ ဘဏ္တြင္ ေငြစုထားသူမ်ားအတြက္လည္း ေငြထုတ္မရ၍ အခက္အခဲျဖစ္ေနၾကသူမ်ားလည္း ရွိသည္ ဟု ေျပာသည္။
“ပိုက္ဆံကို ဘဏ္မွာပဲ သိမ္းထားတယ္။ လိုမွ ထုတ္သုံးတာ အခု ဘဏ္ေတြပိတ္ထားေတာ့ ထုတ္လို႔မရဘူး ရက္ ပိုင္းပဲ ပိတ္တာေလာက္က အခက္အခဲမရွိေပမယ့္ ရက္ၾကာမယ္ဆို က်မတို႔လိုလူေတြအတြက္လည္း အခက္အခဲ ရွိပါတယ္” ဟု ကေမာၻဇဘဏ္တြင္ ေငြစုထားသည့္ မသဇင္က ေျပာသည္။
တပ္မေတာ္မွ အာဏာသိမ္းယူၿပီးေနာက္ ျပည္နယ္အတြင္ ဆန႔္က်င္ဆႏၵျပမႈမ်ားျဖစ္ပြားေနၿပီး ဆႏၵျပ ျပည္သူ မ်ားႏွင့္အတူ ပုဂၢလိကဘဏ္ဝန္ထမ္းမ်ားလည္း ပါဝင္ဆႏၵျပလာၾကသည္။