သတင်း လွတ်လပ်ခွင့်အတွက် ထိန်းသိမ်းခံခဲ့ရသော သတင်းသမားများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများတွင် သတင်းရယူနေသည့် သတင်းသမားတွေကို လွတ်လပ်စွာ သတင်းရယူခွင့်၊ ထုတ်လွှင့်တင်ဆက်ခွင့်များ ပေးဖို့ လိုအပ်သည်ဟု မြစ်ကြီးနားမြို့၊ မန်ခိန်ရပ် ကွက် ဖြစ်စဉ်အတွင်း သတင်းရယူနေစဉ် အဖမ်းခံခဲ့ရတဲ့ သတင်းထောက်များက တောင်းဆိုလိုက်သည်။

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင်းရှိ စက်မှုဇုန်ထဲက လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး ရုံးအတွင်း လုံခြုံရေး ယူ ထားသည့် စစ်သားများ ထွက်ပေးရန် ဆန္ဒပြပြည်သူများက တောင်းဆိုရာမှ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပြည် သူများ အကြား အငြင်းပွားမှုများ ဖြစ်ပွားပြီးနောက် သတင်းထောက် ၅ ဦးနှင့် အတူ ဆန္ဒပြပြည်သူနှစ်ဦး အဖမ်း ခံခဲ့ရသည်။ ဒေသခံ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် အခြေဆိုက် The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ်အောင် က “တပ်မတော်ဖက်က ဒီလုံခြုံ ရေး စည်းချိုးဖောက်တာ စိုးရိမ်တယ်ဆိုရင် ကျနော်တို့ သတင်းယူနေတဲ့ သူတွေကို သူတို့ စစ်ဆင်ရေး ပြုလုပ်တဲ့ ဆန္ဒပြတဲ့ သူကို ဖြိုခွင်းတဲ့ နေရာမှာ ဘယ်လောက်အကွာအဝေးကနေ သတင်းယူပါဆိုပြီးတော့ သူတို့ သတ်မှတ် ပေးသင့်ပါတယ်။ ပြီးလို့ရှိရင် အဲလို သတ်မှတ်ပေးဖို့ အဆင်မပြေဘူး။ ကျနော်တို့ က ကြားမှာ ရောက်သွားပြီ ဆိုရင် ဒီနေရာကနေ ထွက်ခွာဖို့အတွက် သူတို့ အနေနဲ့ အချိန်ပေးသင့်ပါတယ်။ ရုတ်တရတ်ကြီး ဒီနေရာကိုလာပါ ဝင်ပြီးတော့ အချုပ်ကားထဲ တစ်ခါတည်း ထည့်လိုက်တာနဲ့ စာလို့ရှိရင် အဲလိုမျိုး လုပ်တာက ပိုပြီးတော့ သင့် တော်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မြစ်ကြီးနားမြို့က မိဇ္ဈိမ သတင်းဌာနမှ သတင်းထောက် ကိုဆိုင်းလတ်အောင်ကလည်း “အဓိကတော့ ကျနော်တို့ က ကိုယ့်စည်းသူ့စည်းဆိုပေမယ့် ကိုယ့်စည်းထဲမှာကိုယ်က သတင်းယူပေမယ့် သူတို့က အနောက်ကနေ အဲ့လို မျိုးလုပ်တဲ့အခါမှာ ကျနော်တို့ မလုံဘူးဗျ။ အဓိကတော့ အစိုးရဘက်ကလည်း ပြောကြတယ် သတင်းမီဒီယာ တွေက သတင်းကောင်စီရဲ့ ဥပဒေအတိုင်းလုပ်ရင် ကျင့်ဝတ်အတိုင်းလုပ်ရင် အဆင်ပြေမယ် ပြောကြတယ်။ ကျ နော်တို့က အဲ့အတိုင်းလုပ်တယ်။ ဒါပေမယ့် ခက်တာက ကျနော်တို့ကသာ လိုက်နာပြီးလုပ်ပေမယ့် သူတို့ဘက်က မလုပ်တော့ ပြဿနာတွေဖြစ်လာပေါ့။ အခုရက်ပိုင်းဆိုရင် နောက်နေ စရဖတွေ၊ SB တွေကတောက်လျှောက် ပဲဗျ” ဟု ပြောသည်။

The 74 Media ၏ အယ်ဒီတာချုပ် ကိုထွယ်အောင်နှင့် ကင်မရာမန်း ကိုနောင်ဆိုင်း၊ Mizzima သတင်းဌာနက ကိုဆိုင်းလတ်အောင်နှင့် ထာဝရငြိမ်းချမ်းချမ်းရေးကွန်ယက် (EPN) က ကိုရန်ကောင်းနှင့် ကိုဝေယံတို့သည် ဖေ ဖော်ဝါရီလ ၁၄ ရက်နေ့က အဖမ်းခံခဲ့ရပြီး ၁၅ ရက်နေ့မှာ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ၏ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် ပြန်လွှတ်လာခဲ့ကြသည်။ သူတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူနှစ်ဦးလည်း လွှတ်လာခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာ က “မီဒီယာဆိုတဲ့အဖွဲ့ကလည်းပဲ ဒါက စတုတ္ထမဏ္ဍိုင် တစ်ခုအနေနဲ့ သူတို့ အသိအမှတ်ပြုတယ်။ ဒါပေမယ့် ပိုတဲ့ အခွင့်အရေးမျိုး မဖြစ်ရလေအောင် မီဒီယာရဲ့ ကျင့်ဝတ်ရှိတဲ့အတိုင်းပဲ လုပ်ဆောင်ရင်တော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောပေါ့နော။ နောက် ပြီးမှ live လွှင့်ပြီးမှ ဖြစ်တဲ့အခါကျတော့ အုံကြွနေတဲ့ အချိန်မှာ တစ်ချို့ကိုလည်း ဆော်သြလိုက်တဲ့ ပုံစံမျိုး သက်ရောက်သွားတာပေါ့ဗျာ။ ဒါကြောင့်မို့ ကောင်းတဲ့ဖက်မှာ သဘောနဲ့ ပြည်သူလူထုတွေကို ချပြတာ ဖြစ်ပေမယ့်လည်း တစ်ဖက်မှာကျတော့လည်း အားလုံးက ဆူပူ လာတာဖြစ်မယ် ပိုပြီး ထိန်းမနိုင်သိမ်းမနိုင် ပုံစံမျိုးလည်း ဖြစ်သွားတတ်တယ်။ အဲဒါမျိုး မဖြစ်ရလေအောင် ဆိုတဲ့ ပုံစံမျိုးနဲ့ ဒါကတော့ မီဒီယာပိုင်းနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်ရမယ်ဆိုတဲ့ဟာကို သူတို့အနေနဲ့ သေသေချာချာလေး ပြောပြလိုက်တယ် ဒါကြောင့် လည်း ကျနော်တို့လည်း ဒီမနက် ၉ နာရီမှာပေါ့လေ သူတို့ဖမ်းသွားတဲ့ အဖွဲ့တွေကိုလည်း ကောင်း ကောင်းမွန် မွန်ပဲ ကျနော်တို့ ပြန်သွားခေါ်ယူတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးမြို့က ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းမှုများတွင်လည်း ဆန္ဒ ပြပွဲတွင် သတင်းရယူနေကြသည့် သတင်းမီဒီယာသမားများကို ရိုက်နှက်သည့် အခြေအနေများ အထိ ရှိလာနေ သည်ဟု ဒေသ အခြေဆိုက်သတင်းသမားများ သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

ယခုဖြစ်ပေါ်နေသည့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများတွင် သတင်းများကို ရယူပိုင်ခွင့်ရှိနေသော် လည်း လွတ်လပ် ကန့်သတ်ချက်များနှင့် လုံခြုံမှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်သားများက ပြုမူဆက် ဆံနေမှုများသည် သတင်းထောက်များ၏ အခွင့်အရေးကို ချိုးဖောက်ခံနေရခြင်း ဖြစ်သည်ဟု သတင်းသမားများ က ပြောသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကိုထွယ်အောင် က “သတင်း ရယူပိုင်ခွင့်ဆိုတာ ကျနော်တို့ သတင်းထောက် တိုင်းရဲ့ အခွင့်အရေး တစ်ခုဖြစ်သလို အများပြည်သူ က လည်း ဒီသတင်းအချက်အလက် ရယူပိုင်ခွင့်ပေါ့နော Right to Information ပေါ့ ဒါကလည်း အရေးကြီး တဲ့ အချက်ဖြစ်ပါတယ်။ ဒါလူ့အခွင့်အရေးရဲ့ မရှိမဖြစ် အရေးပါတဲ့ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တပ်မ တော် ဖက်ကသော်လည်းကောင်း၊ ရဲဖက်ကသော်လည်း ကောင်း သတင်းအချက်အလက် ရယူပိုင်ခွင့် ပေါ့နော ကျနော် တို့ သတင်းထောက်အနေနဲ့ သတင်းထောက် လှမ်း ခွင့်ပေါ့လေ ဒါကို လေးစာဖို့အတွက် လိုက်နာဖို့အတွက် ကျနော်တို့ တိုက်တွန်းချင်ပါတယ်။ တစ်ဖက်မှာလည်း ကျနော်တို့ ပြည်သူလူထုကလည်း ဒီလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ သူတို့တွေ အနေနဲ့ သတင်းအချက်အလက် ရယူဖို့က ပိုပြီးတော့ အရေးကြီးတယ်။ ကျနော်တို့ရဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းကို ကျနော်တို့ သတင်းထောက် တွေရဲ့ သတင်းရယူပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ဖို့အတွက်လည်း ခွင့်ပြုပေး စေချင်ပါတယ်” ဟု ဆက်ပြောသည်။

ကချင်ပြည်နယ် အပါအဝင် ကယားပြည်နယ်နှင့် မွန်ပြည်နယ်ဘက်တို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ် ဖော်မှုများတွင် သတင်းရယူနေကြသည့် သတင်းသမားများကို အရပ်ဝတ်နှင့်လူများက လိုက်လံ စောင့် ကြည့်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ရုပ်ကတ်မှတ်တမ်းဓါတ်ပုံများကို ဖျက်ခိုင်းခြင်းများ၊ လေးဂွများနှင့် လှမ်းပစ်ခြင်းနှင့် အော်ဟစ် ခြိမ်းခြောက်ကာ ဖမ်းဆီးခြင်းများ ဆက်တိုက်ရှိလာနေသည်ဟု သတင်းသမားများက ပြောသည်။

ယခုကဲ့သို့ လုပ်နေဆောင်နေမှုများသည် သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ပြည်သူများအား သတင်းအချက် အလက် အမှန်ချပြပိုင်ခွင့်ကို ဆုံးရှုံးစေခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးကို ချိုးဖောက်ခံရခြင်းဖြစ်သည်ဟု ပြောဆိုထားကြသည်။

*** ZAWGYI ***
သတင္း လြတ္လပ္ခြင့္အတြက္ ထိန္းသိမ္းခံခဲ့ရေသာ သတင္းသမားမ်ား ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္မႈမ်ားတြင္ သတင္းရယူေနသည့္ သတင္းသမားေတြကို လြတ္လပ္စြာ သတင္းရယူခြင့္၊ ထုတ္လႊင့္တင္ဆက္ခြင့္မ်ား ေပးဖို႔ လိုအပ္သည္ဟု ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ ကြက္ ျဖစ္စဥ္အတြင္း သတင္းရယူေနစဥ္ အဖမ္းခံခဲ့ရတဲ့ သတင္းေထာက္မ်ားက ေတာင္းဆိုလိုက္သည္။

ျမစ္ႀကီးနားၿမိဳ႕၊ မန္ခိန္ရပ္ကြက္တြင္းရွိ စက္မႈဇုန္ထဲက လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေရး ႐ုံးအတြင္း လုံၿခဳံေရး ယူ ထားသည့္ စစ္သားမ်ား ထြက္ေပးရန္ ဆႏၵျပျပည္သူမ်ားက ေတာင္းဆိုရာမွ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ျပည္ သူမ်ား အၾကား အျငင္းပြားမႈမ်ား ျဖစ္ပြားၿပီးေနာက္ သတင္းေထာက္ ၅ ဦးႏွင့္ အတူ ဆႏၵျပျပည္သူႏွစ္ဦး အဖမ္း ခံခဲ့ရသည္။ ေဒသခံ ႏွစ္ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု သိရသည္။

ကခ်င္ျပည္နယ္ အေျခဆိုက္ The 74 Media ၏ အယ္ဒီတာခ်ဳပ္ ကိုထြယ္ေအာင္ က “တပ္မေတာ္ဖက္က ဒီလုံၿခဳံ ေရး စည္းခ်ိဳးေဖာက္တာ စိုးရိမ္တယ္ဆိုရင္ က်ေနာ္တို႔ သတင္းယူေနတဲ့ သူေတြကို သူတို႔ စစ္ဆင္ေရး ျပဳလုပ္တဲ့ ဆႏၵျပတဲ့ သူကို ၿဖိဳခြင္းတဲ့ ေနရာမွာ ဘယ္ေလာက္အကြာအေဝးကေန သတင္းယူပါဆိုၿပီးေတာ့ သူတို႔ သတ္မွတ္ ေပးသင့္ပါတယ္။ ၿပီးလို႔ရွိရင္ အဲလို သတ္မွတ္ေပးဖို႔ အဆင္မေျပဘူး။ က်ေနာ္တို႔ က ၾကားမွာ ေရာက္သြားၿပီ ဆိုရင္ ဒီေနရာကေန ထြက္ခြာဖို႔အတြက္ သူတို႔ အေနနဲ႔ အခ်ိန္ေပးသင့္ပါတယ္။ ႐ုတ္တရတ္ႀကီး ဒီေနရာကိုလာပါ ဝင္ၿပီးေတာ့ အခ်ဳပ္ကားထဲ တစ္ခါတည္း ထည့္လိုက္တာနဲ႔ စာလို႔ရွိရင္ အဲလိုမ်ိဳး လုပ္တာက ပိုၿပီးေတာ့ သင့္ ေတာ္မယ္လို႔ ယူဆပါတယ္” ဟု ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕က မိဇၩိမ သတင္းဌာနမွ သတင္းေထာက္ ကိုဆိုင္းလတ္ေအာင္ကလည္း “အဓိကေတာ့ က်ေနာ္တို႔ က ကိုယ့္စည္းသူ႔စည္းဆိုေပမယ့္ ကိုယ့္စည္းထဲမွာကိုယ္က သတင္းယူေပမယ့္ သူတို႔က အေနာက္ကေန အဲ့လို မ်ိဳးလုပ္တဲ့အခါမွာ က်ေနာ္တို႔ မလုံဘူးဗ်။ အဓိကေတာ့ အစိုးရဘက္ကလည္း ေျပာၾကတယ္ သတင္းမီဒီယာ ေတြက သတင္းေကာင္စီရဲ႕ ဥပေဒအတိုင္းလုပ္ရင္ က်င့္ဝတ္အတိုင္းလုပ္ရင္ အဆင္ေျပမယ္ ေျပာၾကတယ္။ က် ေနာ္တို႔က အဲ့အတိုင္းလုပ္တယ္။ ဒါေပမယ့္ ခက္တာက က်ေနာ္တို႔ကသာ လိုက္နာၿပီးလုပ္ေပမယ့္ သူတို႔ဘက္က မလုပ္ေတာ့ ျပႆနာေတြျဖစ္လာေပါ့။ အခုရက္ပိုင္းဆိုရင္ ေနာက္ေန စရဖေတြ၊ SB ေတြကေတာက္ေလွ်ာက္ ပဲဗ်” ဟု ေျပာသည္။

The 74 Media ၏ အယ္ဒီတာခ်ဳပ္ ကိုထြယ္ေအာင္ႏွင့္ ကင္မရာမန္း ကိုေနာင္ဆိုင္း၊ Mizzima သတင္းဌာနက ကိုဆိုင္းလတ္ေအာင္ႏွင့္ ထာဝရၿငိမ္းခ်မ္းခ်မ္းေရးကြန္ယက္ (EPN) က ကိုရန္ေကာင္းႏွင့္ ကိုေဝယံတို႔သည္ ေဖ ေဖာ္ဝါရီလ ၁၄ ရက္ေန႔က အဖမ္းခံခဲ့ရၿပီး ၁၅ ရက္ေန႔မွာ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္ PCG ၏ ညႇိ ႏႈိင္းေဆာင္႐ြက္ေပးမႈေၾကာင့္ ျပန္လႊတ္လာခဲ့ၾကသည္။ သူတို႔ႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည့္ ျပည္သူႏွစ္ဦးလည္း လႊတ္လာခဲ့သည္။

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္အဖြဲ႕ PCG က ဦးလမိုင္ဂြမ္ဂ်ာ က “မီဒီယာဆိုတဲ့အဖြဲ႕ကလည္းပဲ ဒါက စတုတၳမ႑ိဳင္ တစ္ခုအေနနဲ႔ သူတို႔ အသိအမွတ္ျပဳတယ္။ ဒါေပမယ့္ ပိုတဲ့ အခြင့္အေရးမ်ိဳး မျဖစ္ရေလေအာင္ မီဒီယာရဲ႕ က်င့္ဝတ္ရွိတဲ့အတိုင္းပဲ လုပ္ေဆာင္ရင္ေတာ့ ပိုၿပီးေတာ့ ေကာင္းမယ္ဆိုတဲ့ သေဘာေပါ့ေနာ။ ေနာက္ ၿပီးမွ live လႊင့္ၿပီးမွ ျဖစ္တဲ့အခါက်ေတာ့ အုံႂကြေနတဲ့ အခ်ိန္မွာ တစ္ခ်ိဳ႕ကိုလည္း ေဆာ္ၾသလိုက္တဲ့ ပုံစံမ်ိဳး သက္ေရာက္သြားတာေပါ့ဗ်ာ။ ဒါေၾကာင့္မို႔ ေကာင္းတဲ့ဖက္မွာ သေဘာနဲ႔ ျပည္သူလူထုေတြကို ခ်ျပတာ ျဖစ္ေပမယ့္လည္း တစ္ဖက္မွာက်ေတာ့လည္း အားလုံးက ဆူပူ လာတာျဖစ္မယ္ ပိုၿပီး ထိန္းမႏိုင္သိမ္းမႏိုင္ ပုံစံမ်ိဳးလည္း ျဖစ္သြားတတ္တယ္။ အဲဒါမ်ိဳး မျဖစ္ရေလေအာင္ ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဒါကေတာ့ မီဒီယာပိုင္းနဲ႔ ထိန္းထိန္းသိမ္းသိမ္း ျဖစ္ရမယ္ဆိုတဲ့ဟာကို သူတို႔အေနနဲ႔ ေသေသခ်ာခ်ာေလး ေျပာျပလိုက္တယ္ ဒါေၾကာင့္ လည္း က်ေနာ္တို႔လည္း ဒီမနက္ ၉ နာရီမွာေပါ့ေလ သူတို႔ဖမ္းသြားတဲ့ အဖြဲ႕ေတြကိုလည္း ေကာင္း ေကာင္းမြန္ မြန္ပဲ က်ေနာ္တို႔ ျပန္သြားေခၚယူတာ ျဖစ္တယ္” ဟု ေျပာသည္။

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္ မႏၲေလးၿမိဳ႕က ဆႏၵျပသူမ်ားကို အၾကမ္းဖက္ ၿဖိဳခြင္းမႈမ်ားတြင္လည္း ဆႏၵ ျပပြဲတြင္ သတင္းရယူေနၾကသည့္ သတင္းမီဒီယာသမားမ်ားကို ႐ိုက္ႏွက္သည့္ အေျခအေနမ်ား အထိ ရွိလာေန သည္ဟု ေဒသ အေျခဆိုက္သတင္းသမားမ်ား သတင္းမီဒီယာမ်ားတြင္ ေျပာဆိုထားသည္။

ယခုျဖစ္ေပၚေနသည့္ အာဏာရွင္ဆန႔္က်င္ေရးဆႏၵထုတ္ေဖာ္မႈမ်ားတြင္ သတင္းမ်ားကို ရယူပိုင္ခြင့္ရွိေနေသာ္ လည္း လြတ္လပ္ ကန႔္သတ္ခ်က္မ်ားႏွင့္ လုံၿခဳံမႈမရွိေအာင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ စစ္သားမ်ားက ျပဳမူဆက္ ဆံေနမႈမ်ားသည္ သတင္းေထာက္မ်ား၏ အခြင့္အေရးကို ခ်ိဳးေဖာက္ခံေနရျခင္း ျဖစ္သည္ဟု သတင္းသမားမ်ား က ေျပာသည္။

အဆိုပါကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ကိုထြယ္ေအာင္ က “သတင္း ရယူပိုင္ခြင့္ဆိုတာ က်ေနာ္တို႔ သတင္းေထာက္ တိုင္းရဲ႕ အခြင့္အေရး တစ္ခုျဖစ္သလို အမ်ားျပည္သူ က လည္း ဒီသတင္းအခ်က္အလက္ ရယူပိုင္ခြင့္ေပါ့ေနာ Right to Information ေပါ့ ဒါကလည္း အေရးႀကီး တဲ့ အခ်က္ျဖစ္ပါတယ္။ ဒါလူ႔အခြင့္အေရးရဲ႕ မရွိမျဖစ္ အေရးပါတဲ့ တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ တပ္မ ေတာ္ ဖက္ကေသာ္လည္းေကာင္း၊ ရဲဖက္ကေသာ္လည္း ေကာင္း သတင္းအခ်က္အလက္ ရယူပိုင္ခြင့္ ေပါ့ေနာ က်ေနာ္ တို႔ သတင္းေထာက္အေနနဲ႔ သတင္းေထာက္ လွမ္း ခြင့္ေပါ့ေလ ဒါကို ေလးစာဖို႔အတြက္ လိုက္နာဖို႔အတြက္ က်ေနာ္တို႔ တိုက္တြန္းခ်င္ပါတယ္။ တစ္ဖက္မွာလည္း က်ေနာ္တို႔ ျပည္သူလူထုကလည္း ဒီလိုမ်ိဳး ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေနတဲ့ အခ်ိန္မွာ သူတို႔ေတြ အေနနဲ႔ သတင္းအခ်က္အလက္ ရယူဖို႔က ပိုၿပီးေတာ့ အေရးႀကီးတယ္။ က်ေနာ္တို႔ရဲ႕ သတင္းေထာက္ေတြရဲ႕ လုပ္ငန္းကို က်ေနာ္တို႔ သတင္းေထာက္ ေတြရဲ႕ သတင္းရယူပိုင္ခြင့္ကို လြတ္လြတ္လပ္လပ္ လုပ္ဖို႔အတြက္လည္း ခြင့္ျပဳေပး ေစခ်င္ပါတယ္” ဟု ဆက္ေျပာသည္။

ကခ်င္ျပည္နယ္ အပါအဝင္ ကယားျပည္နယ္ႏွင့္ မြန္ျပည္နယ္ဘက္တို႔တြင္ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္ ဆႏၵထုတ္ ေဖာ္မႈမ်ားတြင္ သတင္းရယူေနၾကသည့္ သတင္းသမားမ်ားကို အရပ္ဝတ္ႏွင့္လူမ်ားက လိုက္လံ ေစာင့္ ၾကည့္ျခင္း၊ ဓါတ္ပုံ႐ိုက္ျခင္း၊ ႐ုပ္ကတ္မွတ္တမ္းဓါတ္ပုံမ်ားကို ဖ်က္ခိုင္းျခင္းမ်ား၊ ေလးဂြမ်ားႏွင့္ လွမ္းပစ္ျခင္းႏွင့္ ေအာ္ဟစ္ ၿခိမ္းေျခာက္ကာ ဖမ္းဆီးျခင္းမ်ား ဆက္တိုက္ရွိလာေနသည္ဟု သတင္းသမားမ်ားက ေျပာသည္။

ယခုကဲ့သို႔ လုပ္ေနေဆာင္ေနမႈမ်ားသည္ သတင္းအခ်က္အလက္ရယူပိုင္ခြင့္၊ ျပည္သူမ်ားအား သတင္းအခ်က္ အလက္ အမွန္ခ်ျပပိုင္ခြင့္ကို ဆုံးရႈံးေစျခင္း ျဖစ္သည့္အတြက္ လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ခံရျခင္းျဖစ္သည္ဟု ေျပာဆိုထားၾကသည္။