NCA ပျက်သွားပြီဟု KNU Concerned Group ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လုပ်ဆောင်ခဲ့သည့် စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားပြီး ဖြစ်သည့်အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လည်း ပျက်သွားပြီဟု KNU Concerned Group က ပြောသည်။

NCA စာချုပ် ပျက်သွားရပြီဟု ပြောဆိုရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ KNU Concerned Group က ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုနော်စီဖိုးရာစိန် က ယခုကဲ့သို့ ပြောသည်။

“ကျမတို့ မြင်တာကတော့ ဒါက NCA ပျက်သွားပြီဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ NCA လက်မှတ်ထိုးတုန်း ကလည်း အစိုးရကတော့ အာဏာရ အစိုးရက ထိုးထားတာဖြစ်တယ်။ ပြီးတော့ နောက်မှာလည်း NLD ပါတီ အာ ဏာရတဲ့အခါမှာလည်း ဒီ Process ကို သူတို့ လုပ်ဆောင်တာဖြစ်တယ်။ ဒါပေမယ့် အခုကတော့ ဒီလုပ်ဆောင် ချက်တွေ အားလုံးကတော့ တပ်မတော်က ဒီလိုဖျက်သိမ်းပြီးတော့ အဓမ္မအာဏာသိမ်းထားတဲ့ အပေါ်မှာကတော့ ဒါကိုလည်း အားလုံးပြယ်ပျယ်ပြီလို့ ကျမတို့က ဒီလိုပဲမြင်တယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် စစ်အာဏာသိမ်းယူမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်ပြယ်သွားပြီဖြစ်ပြီး ယခုလုပ်ရပ်သည် နိုင်ငံတော်ကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်နည်းဖြင့် အာဏာကို ပြန်လုယူဖြစ်သည်ဟု ပဒိုနော်စီဖိုးရာစိန် က ဆက်ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ အဲဒါ ကတော့ ပြန်ကြည့်မယ်ဆိုရင် သူတို့က အကြမ်း ဖက် ပုန်ကန်ပေါ့နော နိုင်ငံတော်ကို ပုန်ကန်ပြီးတော့ အကြမ်း ဖက်နဲ့ပဲ လုပ်ဆောင်တာ ဖြစ်တယ်။ ဘာဖြစ်လဲလို့ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောမယ်ဆိုရင် လိုက်နာမယ်ဆိုရင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေက ပြောတဲ့ ဥပမာ အာဏာသိမ်းဖို့အတွက်ကတော့ သမ္မတက ဒါကို သူတို့ကာလုံ အစည်းအဝေးခေါ်ပြီးမှပဲ သမ္မတက အာဏာလွှဲပြောင်းဖို့ရှိတယ်ပေါ့လေ။ ဒါပေ မယ့် အခုကလည်း သမ္မတကလည်း ဒါကိုသူ မဖြစ်ဘူး။ သူတို့ပြောတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပြောရ မယ်ဆိုရင် ကာကွယ်မယ်ဆိုရင် ဒါက လုံး၀ မကိုက်ညီ ဘူး။ အဲဒါကြောင့် သူတို့ကတော့ နိုင်ငံတော်ကို သစ္စာ ဖောက်တာ ဖြစ်တယ်။ အကြမ်းဖက်နည်းနဲ့ အာဏာကို ပြန်လုတာဖြစ်တယ်။”

ပဒိုနော်စီဖိုးရာစိန် သည် ကရင်အမျိုးသား အစည်းအရုံး KNU ဒု-ဥက္ကဋ္ဌ (ဟောင်း) တစ်ဦးဖြစ်ပြီး လက်ရှိတွင် KUN Concerned Group က ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ စသည့်အာဏာသုံးရပ်လုံးကို ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်သို့ ရောက်သွားပြီဟု တိုင်းရင်းသားတော် လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“အာဏာကြီး ၃ ရပ် စလုံးကို တပ်မတော်က ချုပ်ကိုင် လိုက်ပြီးတော့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အစီအမံ အောက်မှာ အုပ်ချုပ်ရေး ရော ကျနော်တို့ ဥပဒေပြုရေးရော လွှတ်တော် ရောပေါ့ဗျာ။ အားလုံးကို သူက ကိုင် သွားတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာကတော့ မူလ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်သော်လည်း ကောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသား ညီညွှတ်ရေးအတွက် လည်းကောင်းပေါ့ဗျား လုံး၀ နောက် ကြောင်းပြန်သွားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်ခင်ဗျာ။ အကျိုးမပြုတဲ့အပြင်ကိုပေါ့လေ နောက်ပြန်ဆွဲ သွား တဲ့ သဘော မျိုးဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များလည်း နောက်ပြန်ဆွဲသွားပြီးဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ အနေဖြင့် စစ်အာဏာရှင်နှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခြင်း မျိုး လုံးဝမဖြစ်သင့်တော့ဘူးဟု ဆက်ပြောသည်။

“ပြီးတော့ စစ်အာဏာရှင်နဲ့ ပြန်ပြီးတော့ ဆွေးနွေးပွဲလုပ်မယ်ဆိုရင်လည်း ဒါကတော့ လုံးဝမဖြစ်သင့်ဘူး။ လုံး၀ လည်း ကျမတို့ မျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံ ရည်မှန်း ချက်ကို ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြသနေတယ်။ ဘာဖြစ်လဲဆိုတော့ အစိုးရကို ဆွေးနွေးတဲ့ အခါမှာ ဒါကို နိုင်ငံရေးလမ်းကြောင်းကို သွားတာဖြစ်တယ်။ ဒါပေမယ့် အခုက လက်နက်ကိုသုံးပြီးတော့ အင်အားသုံးပြီးတော့ ဒါကို လုပ်ဆောင်မယ်ဆိုရင် သူတို့ကတော့ ရှင်းရှင်းလင်းလင်း ဖော်ပြတာကတော့ တိုင်းရင်းသားတွေ လိုလား နေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရောက်နိုင်မှာ မဟုတ်ဘူးလို့” ဟု ပဒိုနော်စီဖိုးရာစိန် က ဆက်ပြောသည်။

“အဲဒါကြောင့် NCA မှာလည်း ဆက်ပြီးတော့ ဆွေး နွေးမယ်ဆိုရင်လည်း စစ်တပ်ရဲ့ လိုအပ်ချက် တပ်မတော်ရဲ့ သူတို့ မျှော်မှန်းနေတဲ့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကတော့ လက်နက်ကိုင် လမ်းစဉ် စွန့်လွတ် ဖို့ပဲ အဲဒါက သူတို့ရည်စူးပြီးတော့ သူတို့ လုပ်ဆောင် မှာ ဖြစ်တယ်။ အဲဒီအပေါ်မှာ ကျမတို့ ဒါကိုလက်မခံဘူး။”

အာဏာသိမ်း စစ်အစိုးရ၏ လုပ်ရပ်များနှင့် ဥပဒေ ထုတ်ပြန်ချက်များသည် အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်းနေခြင်းဖြစ်ပြီး ပြည်သူများ၏ လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်လိုက်ခြင်းဖြစ်သည်ဟုလည်း NCA အပစ် ရပ် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ယာယီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြော ဆိုထားသည်။

ရွေးကောက်ပွဲတွင် အနိုင် ရရှိထားသည့် NLD အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အပေါ် ပြင်း ထန်စွာ ရှုံ့ချကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့ KNU Concerned Group ၏ ထုတ်ပြန်ထားသည်။

KNU Concerned Group ကို ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုးရာစိန် ဦး ဆောင်ဖွဲ့ စည်းခဲ့သည်။ ၎င်းအဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက် များကို နိုင်ငံရေး အခြေအနေအပေါ်မူတည်၍ သဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့ ဖြစ် သည်။

*** ZAWGYI ***
NCA ပ်က္သြားၿပီဟု KNU Concerned Group ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ လုပ္ေဆာင္ခဲ့သည့္ စစ္အာဏာသိမ္းမႈေၾကာင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပ်က္သြားၿပီး ျဖစ္သည့္အျပင္ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခတ္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လည္း ပ်က္သြားၿပီဟု KNU Concerned Group က ေျပာသည္။

NCA စာခ်ဳပ္ ပ်က္သြားရၿပီဟု ေျပာဆိုရသည့္ အေၾကာင္းအရင္းႏွင့္ပတ္သက္၍ KNU Concerned Group က ၏ ေျပာေရးဆိုခြင့္ရွိသူ ပဒိုေနာ္စီဖိုးရာစိန္ က ယခုကဲ့သို႔ ေျပာသည္။

“က်မတို႔ ျမင္တာကေတာ့ ဒါက NCA ပ်က္သြားၿပီျဖစ္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ NCA လက္မွတ္ထိုးတုန္း ကလည္း အစိုးရကေတာ့ အာဏာရ အစိုးရက ထိုးထားတာျဖစ္တယ္။ ၿပီးေတာ့ ေနာက္မွာလည္း NLD ပါတီ အာ ဏာရတဲ့အခါမွာလည္း ဒီ Process ကို သူတို႔ လုပ္ေဆာင္တာျဖစ္တယ္။ ဒါေပမယ့္ အခုကေတာ့ ဒီလုပ္ေဆာင္ ခ်က္ေတြ အားလုံးကေတာ့ တပ္မေတာ္က ဒီလိုဖ်က္သိမ္းၿပီးေတာ့ အဓမၼအာဏာသိမ္းထားတဲ့ အေပၚမွာကေတာ့ ဒါကိုလည္း အားလုံးျပယ္ပ်ယ္ၿပီလို႔ က်မတို႔က ဒီလိုပဲျမင္တယ္။”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျဖစ္ေပၚခဲ့သည့္ စစ္အာဏာသိမ္းယူမႈေၾကာင့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ပ်က္ျပယ္သြားၿပီျဖစ္ၿပီး ယခုလုပ္ရပ္သည္ ႏိုင္ငံေတာ္ကို သစၥာေဖာက္ျခင္းျဖစ္ေၾကာင္း၊ အၾကမ္းဖက္နည္းျဖင့္ အာဏာကို ျပန္လုယူျဖစ္သည္ဟု ပဒိုေနာ္စီဖိုးရာစိန္ က ဆက္ေျပာသည္။

“၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒနဲ႔လည္း မကိုက္ညီဘူး။ အဲဒါ ကေတာ့ ျပန္ၾကည့္မယ္ဆိုရင္ သူတို႔က အၾကမ္း ဖက္ ပုန္ကန္ေပါ့ေနာ ႏိုင္ငံေတာ္ကို ပုန္ကန္ၿပီးေတာ့ အၾကမ္း ဖက္နဲ႔ပဲ လုပ္ေဆာင္တာ ျဖစ္တယ္။ ဘာျဖစ္လဲလို႔ ဆိုေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေျပာမယ္ဆိုရင္ လိုက္နာမယ္ဆိုရင္လည္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပ ေဒက ေျပာတဲ့ ဥပမာ အာဏာသိမ္းဖို႔အတြက္ကေတာ့ သမၼတက ဒါကို သူတို႔ကာလုံ အစည္းအေဝးေခၚၿပီးမွပဲ သမၼတက အာဏာလႊဲေျပာင္းဖို႔ရွိတယ္ေပါ့ေလ။ ဒါေပ မယ့္ အခုကလည္း သမၼတကလည္း ဒါကိုသူ မျဖစ္ဘူး။ သူတို႔ေျပာတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒနဲ႔ ေျပာရ မယ္ဆိုရင္ ကာကြယ္မယ္ဆိုရင္ ဒါက လုံး၀ မကိုက္ညီ ဘူး။ အဲဒါေၾကာင့္ သူတို႔ကေတာ့ ႏိုင္ငံေတာ္ကို သစၥာ ေဖာက္တာ ျဖစ္တယ္။ အၾကမ္းဖက္နည္းနဲ႔ အာဏာကို ျပန္လုတာျဖစ္တယ္။”

ပဒိုေနာ္စီဖိုးရာစိန္ သည္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ဒု-ဥကၠ႒ (ေဟာင္း) တစ္ဦးျဖစ္ၿပီး လက္ရွိတြင္ KUN Concerned Group က ေျပာေရးဆိုခြင့္ရွိသူ ျဖစ္သည္။

စစ္တပ္မွ အာဏာသိမ္းယူၿပီးေနာက္ အုပ္ခ်ဳပ္ေရးအာဏာ၊ တရားစီရင္ေရးအာဏာႏွင့္ တရားစီရင္ေရးအာဏာ စသည့္အာဏာသုံးရပ္လုံးကို ကာကြယ္ေရးဦးစီးခ်ဳပ္၏ လက္ေအာက္သို႔ ေရာက္သြားၿပီဟု တိုင္းရင္းသားေတာ္ လွန္ေရး ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

“အာဏာႀကီး ၃ ရပ္ စလုံးကို တပ္မေတာ္က ခ်ဳပ္ကိုင္ လိုက္ၿပီးေတာ့ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ အစီအမံ ေအာက္မွာ အုပ္ခ်ဳပ္ေရး ေရာ က်ေနာ္တို႔ ဥပေဒျပဳေရးေရာ လႊတ္ေတာ္ ေရာေပါ့ဗ်ာ။ အားလုံးကို သူက ကိုင္ သြားတဲ့ သေဘာမ်ိဳး ျဖစ္ေနတယ္။ ဒါေၾကာင့္ ဒီဟာကေတာ့ မူလ ျပည္တြင္း ၿငိမ္းခ်မ္းေရးအတြက္ေသာ္လည္း ေကာင္း၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ အမ်ိဳးသား ညီၫႊတ္ေရးအတြက္ လည္းေကာင္းေပါ့ဗ်ား လုံး၀ ေနာက္ ေၾကာင္းျပန္သြားတဲ့ ပုံစံမ်ိဳး ျဖစ္ပါတယ္ခင္ဗ်ာ။ အက်ိဳးမျပဳတဲ့အျပင္ကိုေပါ့ေလ ေနာက္ျပန္ဆြဲ သြား တဲ့ သေဘာ မ်ိဳးျဖစ္ပါတယ္” ဟု ေျပာသည္။

ျပည္တြင္းၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး လုပ္ငန္းစဥ္မ်ားလည္း ေနာက္ျပန္ဆြဲသြားၿပီးဟု ဗိုလ္မႉးႀကီးခြန္ဥကၠာ က ေျပာသည္။

ထို႔ေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲမ်ား အေနျဖင့္ စစ္အာဏာရွင္ႏွင့္ ၿငိမ္းခ်မ္းေရးကိစၥ ေဆြးေႏြးျခင္း မ်ိဳး လုံးဝမျဖစ္သင့္ေတာ့ဘူးဟု ဆက္ေျပာသည္။

“ၿပီးေတာ့ စစ္အာဏာရွင္နဲ႔ ျပန္ၿပီးေတာ့ ေဆြးေႏြးပြဲလုပ္မယ္ဆိုရင္လည္း ဒါကေတာ့ လုံးဝမျဖစ္သင့္ဘူး။ လုံး၀ လည္း က်မတို႔ ေမွ်ာ္မွန္းေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ တိုင္းရင္းသားေတြရဲ႕ ႏိုင္ငံ ရည္မွန္း ခ်က္ကို ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ျပသေနတယ္။ ဘာျဖစ္လဲဆိုေတာ့ အစိုးရကို ေဆြးေႏြးတဲ့ အခါမွာ ဒါကို ႏိုင္ငံေရးလမ္းေၾကာင္းကို သြားတာျဖစ္တယ္။ ဒါေပမယ့္ အခုက လက္နက္ကိုသုံးၿပီးေတာ့ အင္အားသုံးၿပီးေတာ့ ဒါကို လုပ္ေဆာင္မယ္ဆိုရင္ သူတို႔ကေတာ့ ရွင္းရွင္းလင္းလင္း ေဖာ္ျပတာကေတာ့ တိုင္းရင္းသားေတြ လိုလား ေနတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔” ဟု ပဒိုေနာ္စီဖိုးရာစိန္ က ဆက္ေျပာသည္။

“အဲဒါေၾကာင့္ NCA မွာလည္း ဆက္ၿပီးေတာ့ ေဆြး ေႏြးမယ္ဆိုရင္လည္း စစ္တပ္ရဲ႕ လိုအပ္ခ်က္ တပ္မေတာ္ရဲ႕ သူတို႔ ေမွ်ာ္မွန္းေနတဲ့ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းေတြကေတာ့ လက္နက္ကိုင္ လမ္းစဥ္ စြန႔္လြတ္ ဖို႔ပဲ အဲဒါက သူတို႔ရည္စူးၿပီးေတာ့ သူတို႔ လုပ္ေဆာင္ မွာ ျဖစ္တယ္။ အဲဒီအေပၚမွာ က်မတို႔ ဒါကိုလက္မခံဘူး။”

အာဏာသိမ္း စစ္အစိုးရ၏ လုပ္ရပ္မ်ားႏွင့္ ဥပေဒ ထုတ္ျပန္ခ်က္မ်ားသည္ အာဏာရွင္စနစ္ကို ျပန္လည္အသက္ သြင္းေနျခင္းျဖစ္ၿပီး ျပည္သူမ်ား၏ လြတ္လပ္မႈကို ကန႔္သတ္ ခ်ဳပ္ခ်ယ္လိုက္ျခင္းျဖစ္သည္ဟုလည္း NCA အပစ္ ရပ္ အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ၏ ယာယီ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ က ေျပာ ဆိုထားသည္။

ေ႐ြးေကာက္ပြဲတြင္ အႏိုင္ ရရွိထားသည့္ NLD အစိုးရထံမွ တပ္မေတာ္က အာဏာသိမ္းယူလိုက္သည့္အေပၚ ျပင္း ထန္စြာ ရႈံ႕ခ်ကန႔္ကြက္ေၾကာင္း ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ KNU Concerned Group ၏ ထုတ္ျပန္ထားသည္။

KNU Concerned Group ကို ၂၀၁၇ ခုႏွစ္၊ ဇြန္လပိုင္းတြင္ ေကအဲန္ယူ ဒု-ဥကၠ႒ ေဟာင္း ပဒိုေနာ္စီဖိုးရာစိန္ ဦး ေဆာင္ဖြဲ႕ စည္းခဲ့သည္။ ၎အဖြဲ႕အစည္းအေနျဖင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ၎တို႔၏ စိုးရိမ္ခ်က္မ်ား၊ ရပ္တည္ခ်က္ မ်ားကို ႏိုင္ငံေရး အေျခအေနအေပၚမူတည္၍ သေဘာထား ထုတ္ျပန္မႈမ်ားျပဳလုပ္သည့္ အဖြဲ႕ ျဖစ္ သည္။