ဖမ်းဆီးခံရသူ ၅၆၀ ကျော်သွားပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသူ စုစုပေါင်း ၅၆၀ ကျော်ရှိပြီ ဖြစ် ပြီး ၎င်းတို့အား ချွင်းချက်မရှိပြန်လွှတ်ပေးရန် နိုင်ငံရေးအကျင်းသားများ ကူညီစောင့်ရောက်ရေးအသင်း AAPP က ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ စာရင်းအရ စစ်ကောင်စီက နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်အတိုင်ပင်ခံ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်နေသူများနှင့် သတင်းသမားများကို ဆက်တိုက်ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုလုပ်ရပ်များ သည် နိုင်ငံတကာစံနှုန်းများကို အတိအလင်းချိုးဖောက်နေခြင်း ဖြစ်သည်ဟု AAPP က ထုတ်ပြန်ပြောဆိုထား သည်။

AAPP ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဦးအောင်မျိုးကျော် က “မနေ့ကထိ နောက်ဆုံးစာရင်းကတော့ ၅၆၀ ကျော်သွားပါပြီ။ ရှင်းရှင်းပြောရရင် စပြီးဖမ်းသွားကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံရတာ ဖြစ် တယ်။ ဘာအပြစ်မှ မကျူးလွန်ထားပဲနဲ့ ဒီလိုမျိုး မတရားဖမ်းဆီးချုပ်နှောင်သွားတာလေ။ စဖမ်းသွားကတည်း က လူ့ အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တယ်။ ဒီနေ့အချိန်ထိလည်း ချိုးဖောက်ခံနေရတုန်းပဲ။ အခုက တနိုင်ငံ လုံးအနှံ့ မှာ ဖမ်းဆီးခံနေရတယ်။ မန္တလေး၊ မြစ်ကြီးနား၊ ရန်ကုန် ဒီဘက်တွေမှာများတယ်။ နေရာအနှံ့မှာကို ဖမ်းနေတယ်။ ဒါက ကျနော်တို့ လက်လှမ်းမှီသလောက်ပဲထုတ်ထားတာ၊ ဒီထက်မကလည်း များနိုင်တယ်။ ရခိုင် မှာလည်း ရှိတယ် အဖမ်းခံနေရတာတွေ။ တနိုင်ငံလုံးမှာပါပဲ” ဟု ပြောသည်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများ ပို၍ အင်အားကောင်းလာနေပြီး ဆန္ဒထုတ်ဖော်သူများ ကိုလည်း ဖိနှိပ်ခြင်းများ၊ အကြမ်းဖက်ခြင်းများကို အာဏာသိမ်းစစ်ကောင်စီမှ နေ့စဉ်ရက်ဆက် ကျူးလွန်လာ သည်ကို တွေ့ရှိရသည်ဟုလည်း AAPP က ပြောသည်။

ထိုလုပ်ရပ်များကို ရပ်တန့်ပြီး ပြည်သူများ၏ ဆန္ဒကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန်လိုသည်ဟု ဦးအောင်မျိုးကျော် က ပြောသည်။

“ဒီလိုမျိုး ဖမ်းဆီးနေတဲ့ကိစ္စတွေ ရပ်တန်းကရပ်ဖို့လိုတယ်။ လက်ရှိ ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စသည် ဒီ လိုမျိုး ဖမ်းဆီးနေရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး။ အခုဆို ၅၀၀ ကျော်ဖမ်းဆီးထားတယ်။ လူတွေ နေ့စဉ် သန်းနဲ့ချီ ပြီးတော့ သိန်းနဲ့ချီပြီးတော့ တနိုင်ငံလုံးအနှံ့မှာ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်နေတာ ဖြစ် တယ်။ အဲ့ဒီအတွက်ကြောင့် ဒီလိုမျိုးဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့လိုတယ်။ ပြည်သူတွေ လိုလားတောင့်တနေ တဲ့ ပြည်သူ့ဆန္ဒအစစ်အမှန်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့အတွက် ပြောချင်တယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၅၆၀ ကျော်ရှိပြီဖြစ် ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၄) ဦး၊ ဖမ်းဝရမ်းနှင့်အမှုဖွင့်ခြင်းခံထားရသူ (၃၂) ဦး၊ အမှုဖွင့်ခြင်းခံထားရ သူ (၃) ဦး နှင့် ပြန်လည် လွတ်မြောက်လာသူ (၄၆) ဦးရှိပြီးဟု သိရသည်။

စစ်အာဏာရှင်ကျဆုံးရေးအတွက် Generation Z ဦးဆောင်နေသည့် သပိတ်တိုက်ပွဲများ၊ ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီဆန်သော CDM လှုပ်ရှားမှုများသည် ပိုမိုအားကောင်းလာဖို့ လိုအပ်သည်ဟု AAPP က ဆက်ပြောသည်။

“ဒီလိုမျိုး အကောင်အထည်ဖော်နိုင်ဖို့အတွက် လှုပ်ရှားနေတဲ့ Generation Z က ဦးဆောင်နေတဲ့ သပိတ်တိုက်ပွဲ တွေ ဒီထက် ဒီထက်ပိုပြီး အားကောင်းလာဖို့လိုတယ်။ နောက်တစ်ခုကတော့ ဝန်ထမ်းတွေဦးဆောင်ပြီးမှ လုပ်နေ တဲ့ CDM လှုပ်ရှားမှုတွေ ပိုပြီး အားကောင်းလာဖို့လိုတယ်။ အလားတူပဲ CDM လှုပ်ရှားမှုဆိုတော ဝန်ထမ်းတွေ နဲ့တင် သက်ဆိုင်တာမဟုတ်ပါဘူး။”

CDM လှုပ်ရှားမှုသည် ပြည်သူ့ဝန်ထမ်းများနှင့်သာ သက်ဆိုင်သည်မဟုတ်ပဲ ပြည်သူပြည်သားများ အားလုံးနှင့် လည်း သက်ဆိုင်ကြောင်း ပြည်သူများအနေဖြင့် စစ်အာဏာရှင်များနှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများကို အားပေးထောက်ခံခြင်းမပြုကြဖို့လည်း ဦးအောင်မျိုးကျော်က တိုက်တွန်းထားသည်။

“ပြည်သူတစ်ရပ်လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ ဒါဟာ လူထုအန်တုမှုပါ။ ထွက်လာသမျှ အမိန့်တွေကို လက်မခံ ဘူး၊ ဥပဒေတွေကို လက်မခံဘူး။ သူတို့ညွန်ကြားချက်တွေ တစ်ခုမှ မလိုက်နာဘူး၊ လက်မခံဘူး။ ပြီးတော့ အခွန် တွေ ကျနော်တို့မဆောင်ဘူး။ သူ့တို့နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းက ပစ္စည်းတွေ ကျနော်တို့ မသုံးဘူး။ အခွန်ဆောင်ရတဲ့ ဆိုင်တွေမှာ ကျနော်တို့ အစားအသောက်တွေ ဝယ်မစားဘူး။ ပစ္စည်းတွေ မဝယ်ဘူး။ သူတို့ စစ် အုပ်စုနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုံးဝအားပေးတာမလုပ်ဘူး။ ဒါပြည်သူလူထုက လုပ်နိုင်တဲ့ ပြည်သူ့ CDM ဖြစ်ပါတယ်။ ဒီပြည်သူ့ CDM ကိုလည်း ဒီထက်ဒီထက် ပိုပြီးအားကောင်းလာဖို့အတွက် ပြည်သူ အားလုံး ဝိုင်းဝန်းပေးကြဖို့ ကျနော်တို့ အနေနဲ့ တိုက်တွန်းလိုပါတယ်။”

စစ်အာဏာရှင် ကျဆုံးရေး ငြိမ်းချမ်းစွာဆန္ဒပြသူနေများနှင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ အာဏာဖီ ဆန်သော လှုပ်ရှားမှု (CDM) တွင် ပါဝင်သူများကို အတင်းဓမ္မ အင်အားသုံးဖြိုခွင်းနေသည့် လုပ်ရပ်များသည် တရားမျှတမှုလုံးဝမရှိကြောင်း၊ ထိုသို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံတကာဥပဒေများအား ချိုးဖောက်နေခြင်း ဖြစ်သည်ဟုလည်း AAPP က ပြောသည်။

*** ZAWGYI ***
ဖမ္းဆီးခံရသူ ၅၆၀ ေက်ာ္သြားၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၀ ရက္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ၏ ဖမ္းဆီးထိန္းသိမ္းခံထားရသူ စုစုေပါင္း ၅၆၀ ေက်ာ္ရွိၿပီ ျဖစ္ ၿပီး ၎တို႔အား ခြၽင္းခ်က္မရွိျပန္လႊတ္ေပးရန္ ႏိုင္ငံေရးအက်င္းသားမ်ား ကူညီေစာင့္ေရာက္ေရးအသင္း AAPP က ေျပာသည္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔အထိ စာရင္းအရ စစ္ေကာင္စီက ႏိုင္ငံေတာ္သမၼတ၊ ႏိုင္ငံ ေတာ္အတိုင္ပင္ခံ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တက္ႂကြလႈပ္ရွားသူမ်ား၊ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵ ထုတ္ေဖာ္ေနသူမ်ားႏွင့္ သတင္းသမားမ်ားကို ဆက္တိုက္ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္ၿပီး ယခုလုပ္ရပ္မ်ား သည္ ႏိုင္ငံတကာစံႏႈန္းမ်ားကို အတိအလင္းခ်ိဳးေဖာက္ေနျခင္း ျဖစ္သည္ဟု AAPP က ထုတ္ျပန္ေျပာဆိုထား သည္။

AAPP ၏ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးျဖစ္သည့္ ဦးေအာင္မ်ိဳးေက်ာ္ က “မေန႔ကထိ ေနာက္ဆုံးစာရင္းကေတာ့ ၅၆၀ ေက်ာ္သြားပါၿပီ။ ရွင္းရွင္းေျပာရရင္ စၿပီးဖမ္းသြားကတည္းက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရတာ ျဖစ္ တယ္။ ဘာအျပစ္မွ မက်ဴးလြန္ထားပဲနဲ႔ ဒီလိုမ်ိဳး မတရားဖမ္းဆီးခ်ဳပ္ေႏွာင္သြားတာေလ။ စဖမ္းသြားကတည္း က လူ႔ အခြင့္အေရးခ်ိဳးေဖာက္ခံရတာျဖစ္တယ္။ ဒီေန႔အခ်ိန္ထိလည္း ခ်ိဳးေဖာက္ခံေနရတုန္းပဲ။ အခုက တႏိုင္ငံ လုံးအႏွံ႔ မွာ ဖမ္းဆီးခံေနရတယ္။ မႏၲေလး၊ ျမစ္ႀကီးနား၊ ရန္ကုန္ ဒီဘက္ေတြမွာမ်ားတယ္။ ေနရာအႏွံ႔မွာကို ဖမ္းေနတယ္။ ဒါက က်ေနာ္တို႔ လက္လွမ္းမွီသေလာက္ပဲထုတ္ထားတာ၊ ဒီထက္မကလည္း မ်ားႏိုင္တယ္။ ရခိုင္ မွာလည္း ရွိတယ္ အဖမ္းခံေနရတာေတြ။ တႏိုင္ငံလုံးမွာပါပဲ” ဟု ေျပာသည္။

စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ေသာ ဆႏၵထုတ္ေဖာ္မႈမ်ား ပို၍ အင္အားေကာင္းလာေနၿပီး ဆႏၵထုတ္ေဖာ္သူမ်ား ကိုလည္း ဖိႏွိပ္ျခင္းမ်ား၊ အၾကမ္းဖက္ျခင္းမ်ားကို အာဏာသိမ္းစစ္ေကာင္စီမွ ေန႔စဥ္ရက္ဆက္ က်ဴးလြန္လာ သည္ကို ေတြ႕ရွိရသည္ဟုလည္း AAPP က ေျပာသည္။

ထိုလုပ္ရပ္မ်ားကို ရပ္တန႔္ၿပီး ျပည္သူမ်ား၏ ဆႏၵကို အျမန္ဆုံးအေကာင္အထည္ေဖာ္ေပးရန္လိုသည္ဟု ဦးေအာင္မ်ိဳးေက်ာ္ က ေျပာသည္။

“ဒီလိုမ်ိဳး ဖမ္းဆီးေနတဲ့ကိစၥေတြ ရပ္တန္းကရပ္ဖို႔လိုတယ္။ လက္ရွိ က်ေနာ္တို႔ ႏိုင္ငံမွာ ျဖစ္ေနတဲ့ ကိစၥသည္ ဒီ လိုမ်ိဳး ဖမ္းဆီးေန႐ုံနဲ႔ ၿပီးသြားမွာမဟုတ္ဘူး။ အခုဆို ၅၀၀ ေက်ာ္ဖမ္းဆီးထားတယ္။ လူေတြ ေန႔စဥ္ သန္းနဲ႔ခ်ီ ၿပီးေတာ့ သိန္းနဲ႔ခ်ီၿပီးေတာ့ တႏိုင္ငံလုံးအႏွံ႔မွာ ျပည္သူေတြက သူတို႔ရဲ႕ဆႏၵေတြကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ေနတာ ျဖစ္ တယ္။ အဲ့ဒီအတြက္ေၾကာင့္ ဒီလိုမ်ိဳးဖမ္းဆီးေနတာေတြ ရပ္တန႔္ဖို႔လိုတယ္။ ျပည္သူေတြ လိုလားေတာင့္တေန တဲ့ ျပည္သူ႔ဆႏၵအစစ္အမွန္ေတြကို အျမန္ဆုံးအေကာင္အထည္ေဖာ္ေပးဖို႔အတြက္ ေျပာခ်င္တယ္။”

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ၏ မွတ္တမ္းျပဳခ်က္မ်ားအရ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ ယေန႔အခ်ိန္ထိ စုစုေပါင္း ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရသူ ၅၆၀ ေက်ာ္ရွိၿပီျဖစ္ ၿပီး ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၄) ဦး၊ ဖမ္းဝရမ္းႏွင့္အမႈဖြင့္ျခင္းခံထားရသူ (၃၂) ဦး၊ အမႈဖြင့္ျခင္းခံထားရ သူ (၃) ဦး ႏွင့္ ျပန္လည္ လြတ္ေျမာက္လာသူ (၄၆) ဦးရွိၿပီးဟု သိရသည္။

စစ္အာဏာရွင္က်ဆုံးေရးအတြက္ Generation Z ဦးေဆာင္ေနသည့္ သပိတ္တိုက္ပြဲမ်ား၊ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီဆန္ေသာ CDM လႈပ္ရွားမႈမ်ားသည္ ပိုမိုအားေကာင္းလာဖို႔ လိုအပ္သည္ဟု AAPP က ဆက္ေျပာသည္။

“ဒီလိုမ်ိဳး အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ လႈပ္ရွားေနတဲ့ Generation Z က ဦးေဆာင္ေနတဲ့ သပိတ္တိုက္ပြဲ ေတြ ဒီထက္ ဒီထက္ပိုၿပီး အားေကာင္းလာဖို႔လိုတယ္။ ေနာက္တစ္ခုကေတာ့ ဝန္ထမ္းေတြဦးေဆာင္ၿပီးမွ လုပ္ေန တဲ့ CDM လႈပ္ရွားမႈေတြ ပိုၿပီး အားေကာင္းလာဖို႔လိုတယ္။ အလားတူပဲ CDM လႈပ္ရွားမႈဆိုေတာ ဝန္ထမ္းေတြ နဲ႔တင္ သက္ဆိုင္တာမဟုတ္ပါဘူး။”

CDM လႈပ္ရွားမႈသည္ ျပည္သူ႔ဝန္ထမ္းမ်ားႏွင့္သာ သက္ဆိုင္သည္မဟုတ္ပဲ ျပည္သူျပည္သားမ်ား အားလုံးႏွင့္ လည္း သက္ဆိုင္ေၾကာင္း ျပည္သူမ်ားအေနျဖင့္ စစ္အာဏာရွင္မ်ားႏွင့္ သက္ဆိုင္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို အားေပးေထာက္ခံျခင္းမျပဳၾကဖို႔လည္း ဦးေအာင္မ်ိဳးေက်ာ္က တိုက္တြန္းထားသည္။

“ျပည္သူတစ္ရပ္လုံးနဲ႔လည္း သက္ဆိုင္ပါတယ္။ ဒါဟာ လူထုအန္တုမႈပါ။ ထြက္လာသမွ် အမိန႔္ေတြကို လက္မခံ ဘူး၊ ဥပေဒေတြကို လက္မခံဘူး။ သူတို႔ၫြန္ၾကားခ်က္ေတြ တစ္ခုမွ မလိုက္နာဘူး၊ လက္မခံဘူး။ ၿပီးေတာ့ အခြန္ ေတြ က်ေနာ္တို႔မေဆာင္ဘူး။ သူ႔တို႔နဲ႔ ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းက ပစၥည္းေတြ က်ေနာ္တို႔ မသုံးဘူး။ အခြန္ေဆာင္ရတဲ့ ဆိုင္ေတြမွာ က်ေနာ္တို႔ အစားအေသာက္ေတြ ဝယ္မစားဘူး။ ပစၥည္းေတြ မဝယ္ဘူး။ သူတို႔ စစ္ အုပ္စုနဲ႔ ပတ္သက္တဲ့ စီးပြားေရးလုပ္ငန္းေတြကို လုံးဝအားေပးတာမလုပ္ဘူး။ ဒါျပည္သူလူထုက လုပ္ႏိုင္တဲ့ ျပည္သူ႔ CDM ျဖစ္ပါတယ္။ ဒီျပည္သူ႔ CDM ကိုလည္း ဒီထက္ဒီထက္ ပိုၿပီးအားေကာင္းလာဖို႔အတြက္ ျပည္သူ အားလုံး ဝိုင္းဝန္းေပးၾကဖို႔ က်ေနာ္တို႔ အေနနဲ႔ တိုက္တြန္းလိုပါတယ္။”

စစ္အာဏာရွင္ က်ဆုံးေရး ၿငိမ္းခ်မ္းစြာဆႏၵျပသူေနမ်ားႏွင့္ ျပည္သူ႔ဝန္ထမ္းမ်ား လုပ္ငန္းခြင္မဝင္ဘဲ အာဏာဖီ ဆန္ေသာ လႈပ္ရွားမႈ (CDM) တြင္ ပါဝင္သူမ်ားကို အတင္းဓမၼ အင္အားသုံးၿဖိဳခြင္းေနသည့္ လုပ္ရပ္မ်ားသည္ တရားမွ်တမႈလုံးဝမရွိေၾကာင္း၊ ထိုသို႔ လုပ္ေဆာင္ေနျခင္းသည္ ႏိုင္ငံတကာဥပေဒမ်ားအား ခ်ိဳးေဖာက္ေနျခင္း ျဖစ္သည္ဟုလည္း AAPP က ေျပာသည္။