ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၆)

“လောပိတစက်ရုံတည်ဆောက်တုန်းကလည်း စက်ရုံရဲ့ လုံခြုံရေးကို အကြောင်းပြုပြီးမှ လောပိတအနီးနား တဝိုက်က ကျေးရွာတွေကိုလည်း ရွှေ့ပြောင်းလိုက်တာတွေရှိပါတယ်။ ကျနော်တို့ KNPP ရဲဘော် ရဲဘက်တွေ လည်း ပါမယ်ပေါ့ဗျာ။ ရန်ကုန်ဘက်ကို သွယ်တန်းတဲ့ ဓါတ်အားလိုင်းတွေကို အလျင်းသင့်ရင် သွားပြီးတော့ ဖောက်ခွဲတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီနစ်နာဆုံးရှုံးမှုတွေကြောင့် လူထု ကိုယ်စား မခံမရပ်နိုင်လို့ ဒီလို ဟိုဘက်က အပြောနဲ့ပြောရရင်တော့ အဖျက်အမှောင့်လုပ်ငန်းပေါ့။ ကျနော် တို့ကတော့ အဖျက်အမှောင့်လို့တော့ မခံစားရဘူးပေါ့နော်။ ကျနော်တို့ရဲ့ နစ်နာဆုံးရှုံးမှုကို ကျနော်တို့ ဒီနည်း နဲ့လုပ်မှ လူသိသူသိ လူမြင်သူမြင် ဖြစ်မယ်ဆိုတဲ့ စဉ်းစားချက်ပါ။ ပြောရရင်တော့ ဒါတွေလည်း ဖြစ်ပျက်မှု တွေရှိပါတယ်” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ် က ပြောပါတယ်။ လျှပ် စစ်စွမ်းအင် ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ကယားပြည် နယ်အတွင်းက အခြေအနေတွေကို ပြောပြသွားတာပါ။

မြန်မာနိုင်ငံ၏ စွမ်းအင်ဖွံ့ ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ဆက်စပ်မှုရှိနေပြီး လက်ရှိအချိန်မှာ တိုင်းရင်းသား ဒေသအတော်တော်များများမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် လက်ရှိ လုပ်ဆောင်နေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းထားသင့် တယ်လို့ တိုင်း ရင်းသား လူမျိုးများ ရေးရာ စင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ-ENAC) က ပြောဆိုလိုက်ပါတယ်။ ဘယ်လိုအခြေအနေတွေ ကြောင့် ဒီလိုထောက်ပြပြောဆိုလိုက်တာလဲ၊ ဘယ်လိုပုံစံ အခြေအနေမျိုးရောက်မှ ဒီလိုစီမံကိန်းတွေကို လုပ်ဆောင်ရမှာလဲ၊ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အဓိက နည်းလမ်းကဘာလဲ … စုစည်းတင်ဆက်ပေး ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။