ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၇)
မြစ်ဆုံစီမံကိန်းဟာ အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းရေး၊ စစ်ရေးပဋိပက္ခတွေအပြင် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံပြည်တွေရဲ့ လူမှုဘဝ၊ သမိုင်း၊ ယဉ်ကျေးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ဒီစီမံ ကိန်းကို ဆက်ပြီး လုပ်မယ်ဆိုရင် အားလုံးပြောနေကြတဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်နိုင်ဖို့ ခက်ခဲနေအုံးမယ်လို့လည်း ထောက်ပြနေကြပါတယ်။ အခု ဆိုရင် မြစ်ဆုံရေကာတာ ယာယီရပ်ဆိုင်းတာ ၉ နှစ်ပြည့်ခဲ့ပါပြီ။ အဲ့ဒီနေ့မှာ မြစ်ဆုံဒေသခံတွေက သူတို့ ရဲ့ ကျေးရွာဟောင်း တန်ဖဲရွာမှာ ချုံနွယ်ပိတ်ပေါင်းတွေကို ခုတ်ထွင်ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ တွေ ဘာ့ကြောင့် နေခွင့်မပြုပဲ မြစ်ဆုံရေကာတာ စီမံကိန်းဆောက်လုပ်ဖို့ သိမ်းယူထားတဲ့ ရွာဟောင်းမှာ သန့်ရှင်းရေးသွားလုပ်ရတာလဲ၊ ချုံနွယ်တွေ မြက်တွေကို သွားရှင်း ရတာလဲ၊ ဒေသခံဌာနေတိုင်းရင်းသား တွေ ဘာတွေ မျှော်လင့်နေကြလဲ… စုစည်းတင်းဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။