ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ ပါတီတွေ မဲဆွယ်စည်းရုံးမှုတွေ ဆက်တိုက် အင်တိုက်အားတိုက်လုပ် နေကြပါတယ်။ ဒီလိုလုပ်နေရင်းနဲ့ပဲ တဖက်မှလည်း လူထုအကြား သတင်းအမှားတွေ ပြန့်နေတာမျိုး၊ ဖြန့် နေတာမျိုးတွေ အများအပြားတွေ့ နေရပါတယ်။ ဒီလို သတင်းမှားတွေ ပြန့်နေတာနဲ့ ပတ်သက်ပြီး တိုင်းရင်း သားပါတီတွေက ဘယ်လို ပြောကြလဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေကရော ဘယ်လိုမြင်သလဲ၊ အင်အားကြီး ပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေအကြား မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေမှာ လုပ်ပိုင်ခွင့်ပုံစံတွေ ကွာခြားနေတာတွေ ရှိသလား၊
ဒီကိစ္စတွေအပြင် မဲဆွယ်ဟောပြောခြင်း လုပ်ငန်းတွေမှာလည်း နိုင်ငံရေးပါတီတချို့ ဟောပြောချက်တွေ ဆင်ဆာဖြတ်ခံခဲ့ရတဲ့အတွက် နိုင်ငံပိုင်ရုပ်သံကနေ ဟောပြောခြင်း အစီအစဉ်တွေကို မလုပ်တော့ဘူးလို့ လည်း ဆိုကြပါတယ်။ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီရဲ့ အုတ်မြစ် ဖြစ် ပေမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျတမှုရှိတဲ့ ရွေးကောက်ပွဲ၊ အား လုံးပါဝင်တဲ့ ရွေးကောက်ပွဲ၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် အကောင်အထည် ဖော်မယ့် ရွေးကောက်ပွဲ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်နေကြပါတယ်။
ဒီအကြောင်းအရာတွေကို ဒီတပတ်ရဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်မှာ စုစည်း တင်ဆက် ပေး ထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၈၈)