ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၉၁)
တိုင်းရင်းသားပါတီတွေကတော့ ၂၀၂၀ ခုနှစ်မှာ ပါတီအားဖြင့် အားကောင်းလာပေမယ့်လည်း မှန်းထား သလောက် ရွေးကောက်ပွဲရလဒ်တွေက မကောင်းခဲ့ပါဘူး။ ကချင်၊ ကရင်၊ ချင်း စတဲ့ ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အပြတ် အသတ် အနိုင်ရရှိခဲ့ပြီး ကယား၊ မွန်ပြည်နယ် တို့မှာ လည်း အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရရှိခဲ့တယ်လို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ရဲ့ ထုတ်ပြန်ချက်တွေ၊ ပါတီအသီးသီးက တာဝန်ရှိသူတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။ ဘာ့ကြောင့်တိုင်းရင်းသားပါတီတွေ မျှော်မှန်းထားသလောက် ရလဒ်တွေမရခဲ့တာလဲ၊ ဒီလို ရလဒ်မကောင်းခဲ့တဲ့အတွက် အားလုံးမျှော်လင့်ထားတဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ နိုင်ရေး ဘယ်လိုအခြေအနေ ရှိနေလဲ၊ ဗဟိုချုပ်ကိုင်စနစ်လျှော့ချနိုင်ရေးအတွက် တိုင်းရင်းသားပါတီတွေ ဘာတွေပြောထားသလဲ….. ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အစီအစဉ်ကနေ တင်ဆက်ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။