ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၉၃)

စစ်ဘေးရှောင် ရှစ်ရာနီးပါးခန့် ၂၀၂၁ ခုနှစ် မတ်လအတွင်းလောက်မှာ နေရပ်ပြန်နိုင်မယ်လို့ ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့် ရှောက်ရေးကော်မတီ KHCC က ပြောပါတယ်။ ဒါနဲ့ပတ်သက် ပြီး ဘာတွေလုပ်ဆောင်နေလဲ၊ နေရပ်ပြန်ကြမယ့် စစ်ရှောင်တွေကရော ဘယ်လိုမျှော်လင့်နေကြလဲ။ အပစ် အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးပဲ နေရပ်ပြန်ကြမယ်ဆိုရင်ရော ဘာတွေက စိန်ခေါ်မှု ဖြစ်နေမှာ လဲ။ ဒေသအတွင်းငြိမ်းချမ်းရေးရှိမှပဲ စစ်ရှောင်အရေးကို ကောင်းမွန်စွာဖြေရှင်းနိုင်မှာဖြစ်သလို ဒီလိုဖြေရှင်း နိုင် မှာပဲ ဆယ်စုနှစ်တခုနီးပါး ဆုံးရှုံးခဲ့တဲ့ လူသားအရင်းအမြစ်တွေပြန်လည်ရရှိနိုင်မှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် တစ်စုံတစ်ရာ အကျိုးရှိလာမှာဖြစ်ပါတယ်။ တိုက်ပွဲတွေကင်းစင်ပြီး ပြည်သူတွေကို အကာအကွယ် ပေးတဲ့ စနစ်တစ်ခုပေါ်ပေါက်လာဖို့ စစ်ရှောင်တွေက မျှော်လင့်နေကြပါတယ်။ ဒီအကြောင်းအရာတွေကို ဒီတပတ်ရဲ့ “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်ကနေ စုစည်းတင်ဆက်ထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့ည ရး၅၀ နာရီ တွင် အစီအစဉ်အသစ်ကို Mizzima TV ကနေ ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ပေးခဲ့တဲ့ အစီအစဉ်ကို စနေနေ့ မနက်ပိုင်း-၈း၁၅ နာရီ တို့ မှာ Mizzima TV ကနေ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။