မွန်ဝန်ထမ်းများအား အလုပ်ပိတ်ရက် ကြေညာပေးသည့် ဝန်ကြီးအား တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
ဝန်ထမ်းများနှင့် ပတ်သက်၍ စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။
ဝန်ထမ်းများ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ အစိုးရအသစ်ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်းတင်ကြောင်းပါသည့် စာတစ် စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် (ကိုယ်စား) ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့ နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။
“ဝန်ထမ်းများအတွက် စာတစ်စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တပ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစတင်၍ လိုက်လံရှာဖွေနေကြောင်း သိရှိထားတယ်” ဆိုပြီး ဝန်ကြီး ဦးထွန်းမင်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
အာဏာသိမ်းသည့်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး အများစုက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သော် လည်း ဝန်ကြီး ဦးထွန်းမင်းအောင်က လွတ်မြောက်သွားပြီး ယနေ့အထိ တိမ်းရှောင်နေခဲ့ရသည်။
ပုဒ်မ ၅၀၅ (ခ)တွင် “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေထိခိုက်သည့်ပြစ်မှုကို တစ် ဦးတစ်ယောက်သောသူအား ကျူးလွန်ချင်လာအောင် အများ ပြည်သူကိုသော်လည်းကောင်း၊ အများပြည် သူ၏သီးခြားလူစုကို သော်လည်းကောင်း၊ ကြောက် ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ် စေရန်အ ကြံရှိလျှင် သို့တည်း မဟုတ်-ထိုသို့ဖြစ်စေတန်ရာ သည့်အကြောင်းရှိလျှင် ထိုသူကို ၂ နှစ်ထိထောင် ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရ မည်။” ဟု ဖော်ပြထားသည်။
လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ဝန်ကြီးအများစုကိုတော့ ဝန်ကြီး အိမ်ရာဝင်းအတွင်းတွင် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားသည်။
*** ZAWGYI ***
မြန္ဝန္ထမ္းမ်ားအား အလုပ္ပိတ္ရက္ ေၾကညာေပးသည့္ ဝန္ႀကီးအား တရားစြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၃ ရက္။
ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ စာထုတ္ခဲ့သည့္ မြန္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္အား အရင္းအျမစ္ဝန္ႀကီး ဦးထြန္းမင္းေအာင္ကို ပုဒ္မ ၅၀၅(ခ) ျဖင့္ တရားစြဲခံထားရသည္။
ဝန္ထမ္းမ်ား ေ႐ြးေကာက္ပြဲ အႏိုင္ရ ကိုယ္စားလွယ္မ်ား အစိုးရအသစ္ဖြဲ႕စည္းခ်ိန္အထိ အလုပ္ပိတ္ရက္အျဖစ္ သတ္မွတ္ေပးလိုက္ေၾကာင္း၊ CDM တြင္ ပါသည့္ ဝန္ထမ္းမ်ားအား မွတ္တမ္းတင္ေၾကာင္းပါသည့္ စာတစ္ ေစာင္ကို ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔က ဝန္ႀကီးခ်ဳပ္ (ကိုယ္စား) ဦးထြန္းမင္းေအာင္က ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္စာႏွင့္ ပတ္သက္ၿပီး ဦးထြန္းမင္းေအာင္ကို ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(ခ) ျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕ နယ္ တရား႐ုံးတြင္ အမႈႀကီးအမွတ္ (၃၄၇/၂၀၂၁) ျဖင့္ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔က ဦးတိုက္ေလွ်ာက္ထားေၾကာင္း သိရသည္။
“ဝန္ထမ္းမ်ားအတြက္ စာတစ္ေစာင္ထုတ္ျပန္ခဲ့ျခင္းဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ) တပ္ၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွစတင္၍ လိုက္လံရွာေဖြေနေၾကာင္း သိရွိထားတယ္” ဆိုၿပီး ဝန္ႀကီး ဦးထြန္းမင္းေအာင္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
အာဏာသိမ္းသည့္ေန႔တြင္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္အပါအဝင္ ဝန္ႀကီး အမ်ားစုက ဖမ္းဆီးထိန္းသိမ္းခံခဲ့ရ ေသာ္ လည္း ဝန္ႀကီး ဦးထြန္းမင္းေအာင္က လြတ္ေျမာက္သြားၿပီး ယေန႔အထိ တိမ္းေရွာင္ေနခဲ့ရသည္။
ပုဒ္မ ၅၀၅ (ခ)တြင္ “ႏိုင္ငံေတာ္အစိုးရကိုျဖစ္ေစ၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးကို ျဖစ္ေစထိခိုက္သည့္ျပစ္မႈကို တစ္ ဦးတစ္ေယာက္ေသာသူအား က်ဴးလြန္ခ်င္လာေအာင္ အမ်ား ျပည္သူကိုေသာ္လည္းေကာင္း၊ အမ်ားျပည္ သူ၏သီးျခားလူစုကို ေသာ္လည္းေကာင္း၊ ေၾကာက္ ျခင္း၊ ထိတ္လန႔္ျခင္း တစ္ခုခုျဖစ္ ေစရန္အ ႀကံရွိလွ်င္ သို႔တည္း မဟုတ္-ထိုသို႔ျဖစ္ေစတန္ရာ သည့္အေၾကာင္းရွိလွ်င္ ထိုသူကို ၂ ႏွစ္ထိေထာင္ ဒဏ္တစ္ မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္ စလုံးျဖစ္ေစ ခ်မွတ္ရ မည္။” ဟု ေဖာ္ျပထားသည္။
လက္ရွိတြင္ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ၿပီး ဝန္ႀကီးအမ်ားစုကိုေတာ့ ဝန္ႀကီး အိမ္ရာဝင္းအတြင္းတြင္ ေနအိမ္အက်ယ္ခ်ဳပ္ ထိန္းသိမ္းထားသည္။