ကော်မရှင် အသစ် တွေ့ဆုံပွဲ MUP တက်ရောက်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်။

အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်း အဝေးသို့ မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။

အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံပွဲကို ပါတီ ဥက္ကဌ/အတွင်း ရေးမှူး သို့မဟုတ် တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားသည်။

“ကျနော်တို့ ပါတီကတော့ တက်မယ်။ ဒါပေမယ့် ဘယ်သူ့ကို တက်ခိုင်းမလဲဆိုတာကိုတော့ မရွေးရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်တလညီ က ပြောသည်။

ထိပ်တိုက်ရင်ဆိုင်ရမည့် လမ်းကြောင်းထက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လိုသည့် ရည်ရွယ် ချက်ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် မွန်ညီညွတ်ရေးပါတီက ဆုံးဖြတ်ထားသည်။

မွန်ညီညွတ်ရေးပါတီ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သွားရန် ဆုံးဖြတ်ချက်သည် ပြည်သူ အကြား ဝေဖန်ပြောဆိုခံနေရသည့်အပြင် ပါတီအတွင်း၌လည်း သဘောထားကွဲလွဲနေပြီး အဆိုပါကိစ္စကို လက်မ ခံသည့် ပါတီဝင်တချို့ကလည်း နှုတ်ထွက်ကြသည်။

အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသို့ တက်ရောက်မည့်ပါတီများ ရှိ သလို မတက်ရောက်သည့်ပါတီလည်း ရှိလာနိုင်သည်။

NLD ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်နေ့ (ယနေ့) တွင် ကျင်းပသည့် ရန်ကုန်ရုံးချုပ်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မွန်ညီညွတ်ရေးပါတီ MUP သည် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP စသည့် ပါတီ ၅ ပါတီနှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲခြင်း၊ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်နိုင်ရေးကိစ္စများကို တွေ့ဆုံဆွေးနွေး နေကြသည့် ပါတီဖြစ်သည်။

အဆိုပါ တိုင်းရင်းသားပါတီ ၅ ပါတီထဲက MUP ပါတီ၊ KNDP ပါတီ၊ KSPP ပါတီတို့သည် တပ်မတော်မှ အာဏာ သိမ်းပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် ဆုံးဖြတ် ထားသည့် ပါတီများ ဖြစ်ကြသည်။

ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို အဆိုကိစ္စနှင့်ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။

*** ZAWGYI ***
ေကာ္မရွင္ အသစ္ ေတြ႕ဆုံပြဲ MUP တက္ေရာက္မည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၃ ရက္။

အသစ္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံညႇိႏႈိင္း အစည္း အေဝးသို႔ မြန္ညီၫြတ္ေရးပါတီ တက္ေရာက္မည္ဟု ပါတီေခါင္းေဆာင္တို႔က ေျပာသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို အသစ္ျပန္လည္ဖြဲ႕စည္းခဲ့သည္။

အသစ္ျပန္လည္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ေတြ႕ဆုံပြဲကို ပါတီ ဥကၠဌ/အတြင္း ေရးမႉး သို႔မဟုတ္ တာဝန္ရွိပုဂၢိဳလ္တစ္ဦး တက္ေရာက္ရန္ ဖိတ္ၾကားထားသည္။

“က်ေနာ္တို႔ ပါတီကေတာ့ တက္မယ္။ ဒါေပမယ့္ ဘယ္သူ႔ကို တက္ခိုင္းမလဲဆိုတာကိုေတာ့ မေ႐ြးရေသးဘူး” ဟု မြန္ညီၫြတ္ေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္တစ္ဦးျဖစ္သည့္ ႏိုင္တလညီ က ေျပာသည္။

ထိပ္တိုက္ရင္ဆိုင္ရမည့္ လမ္းေၾကာင္းထက္ ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းေပၚေရာက္လိုသည့္ ရည္႐ြယ္ ခ်က္ျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သြားရန္ မြန္ညီၫြတ္ေရးပါတီက ဆုံးျဖတ္ထားသည္။

မြန္ညီၫြတ္ေရးပါတီ၏ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ပါဝင္သြားရန္ ဆုံးျဖတ္ခ်က္သည္ ျပည္သူ အၾကား ေဝဖန္ေျပာဆိုခံေနရသည့္အျပင္ ပါတီအတြင္း၌လည္း သေဘာထားကြဲလြဲေနၿပီး အဆိုပါကိစၥကို လက္မ ခံသည့္ ပါတီဝင္တခ်ိဳ႕ကလည္း ႏႈတ္ထြက္ၾကသည္။

အသစ္ျပန္လည္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ပထမဆုံးအႀကိမ္ ေတြ႕ဆုံညႇိႏႈိင္း အစည္းအေဝးကို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ ေနျပည္ေတာ္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ႐ုံးတြင္ က်င္းပသြားမည္ျဖစ္သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕ဆုံပြဲသို႔ တက္ေရာက္မည့္ပါတီမ်ား ရွိ သလို မတက္ေရာက္သည့္ပါတီလည္း ရွိလာႏိုင္သည္။

NLD ပါတီအေနျဖင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အသစ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲကို တက္ေရာက္မည္ မဟုတ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ (ယေန႔) တြင္ က်င္းပသည့္ ရန္ကုန္႐ုံးခ်ဳပ္၏ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုထားသည္။

မြန္ညီၫြတ္ေရးပါတီ MUP သည္ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP၊ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP စသည့္ ပါတီ ၅ ပါတီႏွင့္အတူ ၂၀၂၀ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး မဟာဗ်ဴဟာ ေရးဆြဲျခင္း၊ ဖက္ဒရယ္ ျပည္ေထာင္စု တည္ ေဆာက္ႏိုင္ေရးကိစၥမ်ားကို ေတြ႕ဆုံေဆြးေႏြး ေနၾကသည့္ ပါတီျဖစ္သည္။

အဆိုပါ တိုင္းရင္းသားပါတီ ၅ ပါတီထဲက MUP ပါတီ၊ KNDP ပါတီ၊ KSPP ပါတီတို႔သည္ တပ္မေတာ္မွ အာဏာ သိမ္းၿပီးေနာက္ အသစ္ျပန္လည္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ေတြ႕ဆုံရန္ ဆုံးျဖတ္ ထားသည့္ ပါတီမ်ား ျဖစ္ၾကသည္။

ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD ကို အဆိုကိစၥႏွင့္ပတ္သက္၍ ဖုန္းျဖင့္ ဆက္သြယ္ေနေသာ္လည္း ဆက္သြယ္၍ မရေသးေပ။