စစ်ကားများပေါ်မှ လေးဂွဖြင့်ပစ်၊ အရပ်သားများ ထိမှန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြရာ ၎င်းတို့ လူအုပ်ထဲသို့ စစ်ကားပေါ်ကနေ လေးဂွဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ဦးခေါင်းထိ မှန်ခဲ့သည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့ က ဆန္ဒထုတ်ဖော်မှုများတွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကို လေး ဂွဖြင့် ပစ်ခြင်း၊ သတင်းထောက်များအား လေးဂွများဖြင့် ပစ်ခြင်းများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

ယနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်သပိတ်တွင် ပါဝင်သူ ဒေသခံတစ်ဦး က “အဲ့သတင်းက ဟုတ်ပါတယ်။ ကျနော်တို့ ဆိုင်ကယ်သပိတ်လုပ်တာပါ၊ မြို့ပတ်တယ်ဗျာ၊ အဲ့မှာ စစ်ကားပေါ်က စစ်သားတွေက လေးဂွနဲ့ ပစ် လိုက်တာပါ။ ကျနော်တို့ ဆိုင်ကယ်ပိတ်လူအုပ်ထဲကို ပစ်လိုက်တာ အဲ့မှာ အမျိုးသမီးတစ်ယောက်ကို ထိသွား တာပါ။ သူ့နဖူးကို ထိသွားတာ။ နဖူးကွဲသွားတယ်ဗျ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းသည် အစိုးရရုံးများ ရှိနေရာနေများ၊ ကချင်ပြည်နယ် စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နေအိမ် သို့ သွားပြီး စစ်အာဏာရှင်အလိုမရှိကြောင်း စာရွက်များ သွား ကပ်ခဲ့ကြသည်။

ထို့အပြင် အစိုးရဝန်ထမ်းအိမ်ယာအနီးတွင်လည်း ဆိုင်ကယ်ပျက် campaign လုပ်ဆောင်ခဲ့ကြပြီး မြစ်ကြီးနား မြို့ အထက ၁ ရှေ့တွင် ထိုင်သပိတ်များ လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် ယမန်နေ့ ညကလည်း မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် တွင် စစ်ကားများ လှည့်နေစဉ် ကလေးငယ် တစ်ဦးထွက်ကြည့်ရာ လေးဂွဖြင့် အပစ်ခံရပြီး ယခုခါ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု မိသားစုဝင် တစ်ဦး က ပြောသည်။

“မနေ့က ည ၈ နာရီ ကျော်လောက်မှာဖြစ်တာပါ။ ကလေးက စစ်ကားတွေလာတော့ ထွက်ကြည့်တာ၊ အဲ့ဒါ ကားပေါ်ကနေ လေးဂွနဲ့ပစ်လိုက်တယ်။ ကလေးရဲ့ ခေါင်းကိုထိသွားတာပါ။ ကလေးက ဘာမှမသိဘူးလေ။ အသက်လည်း ၃ နှစ်ပဲ ရှိသေးတာဟုတ်တယ်။ ဆေးရုံမှာပါ အခုကတော့။ ညကဆို သတိလည်းခနခန လစ် တယ်။ အန်လည်း အရမ်းအန်တယ်။ ကလေးက စစ်ကားလာတယ်ဆိုတော့ ဘာသိမလဲ ထွက်ကြည့်တာပေါ့။ ဒီလိုပစ်မယ်လည်း ဘယ်ထင်မလဲနော်။ တော်တော် မကောင်းဘူး ဒီလိုလုပ်တာ။”

ယခု ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့ တုန်းကလည်း ဆန္ဒပြပြည်သူများနှင့် ဖြစ်စဉ်အတွင်း သတင်းယူနေသူများ၊ မှတ် တမ်းယူနေကြသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက လေးဂွများဖြင့် ပစ်ခြင်း၊ လိုက်လံဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဝိုင်းမော်မြို့တွင်လည်း ယခုလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့် က သံပုံးတီးသည့် နေအိမ်တစ်အိမ်အား သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု Kachin State Civilian Movement က ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသို့ ခြိမ်းခြောက်ပစ်ခတ်မှုများရှိသော်လည်း မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ၊ ည ၈ နာရီရောက်တိုင်း သံပုံးတီးသည့် campaign များ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ် သည်။

တပ်မတော်ယာဉ်တန်းများ၊ ရဲကားများ၊ အချုပ်ကား ယာဉ်တန်းကလည်း မြစ်ကြီးနားမြို့တွင် ပတ်မောင်းလျှက်ရှိ ပြီး အစိုးရရုံးများ၊ ဘဏ်များတွင်လည်း စစ်သားများက လုံခြုံရေးယူထားသည်။

ယနေ့ နံနက်ပိုင်းမှ နေ့လည်ပိုင်းအထိ တပ်မတော် ရဟတ်ယာဉ်နှင့် ဂျက်လေယာဉ်များကလည်း မြစ်ကြီးနားမြို့ တွင် ပျံဝဲနေသည်ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

*** ZAWGYI ***
စစ္ကားမ်ားေပၚမွ ေလးဂြျဖင့္ပစ္၊ အရပ္သားမ်ား ထိမွန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၃ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ယေန႔ျပဳလုပ္သည့္ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆိုင္ကယ္ျဖင့္ ဆႏၵထုတ္ေဖာ္ခဲ့ၾကရာ ၎တို႔ လူအုပ္ထဲသို႔ စစ္ကားေပၚကေန ေလးဂြျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ အမ်ိဳးသမီးတစ္ဦး ဦးေခါင္းထိ မွန္ခဲ့သည္။

ယခုရက္ပိုင္း ျမစ္ႀကီးနားၿမိဳ႕ က ဆႏၵထုတ္ေဖာ္မႈမ်ားတြင္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားက ျပည္သူမ်ားကို ေလး ဂြျဖင့္ ပစ္ျခင္း၊ သတင္းေထာက္မ်ားအား ေလးဂြမ်ားျဖင့္ ပစ္ျခင္းမ်ား ဆက္တိုက္လုပ္ေဆာင္လွ်က္ရွိသည္။

ယေန႔ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္သပိတ္တြင္ ပါဝင္သူ ေဒသခံတစ္ဦး က “အဲ့သတင္းက ဟုတ္ပါတယ္။ က်ေနာ္တို႔ ဆိုင္ကယ္သပိတ္လုပ္တာပါ၊ ၿမိဳ႕ပတ္တယ္ဗ်ာ၊ အဲ့မွာ စစ္ကားေပၚက စစ္သားေတြက ေလးဂြနဲ႔ ပစ္ လိုက္တာပါ။ က်ေနာ္တို႔ ဆိုင္ကယ္ပိတ္လူအုပ္ထဲကို ပစ္လိုက္တာ အဲ့မွာ အမ်ိဳးသမီးတစ္ေယာက္ကို ထိသြား တာပါ။ သူ႔နဖူးကို ထိသြားတာ။ နဖူးကြဲသြားတယ္ဗ်” ဟု ေျပာသည္။

ယေန႔ျပဳလုပ္သည့္ ဆိုင္ကယ္သပိတ္စစ္ေၾကာင္းသည္ အစိုးရ႐ုံးမ်ား ရွိေနရာေနမ်ား၊ ကခ်င္ျပည္နယ္ စီမံအုပ္ ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဦးခက္ထိန္နန္ေနအိမ္ သို႔ သြားၿပီး စစ္အာဏာရွင္အလိုမရွိေၾကာင္း စာ႐ြက္မ်ား သြား ကပ္ခဲ့ၾကသည္။

ထို႔အျပင္ အစိုးရဝန္ထမ္းအိမ္ယာအနီးတြင္လည္း ဆိုင္ကယ္ပ်က္ campaign လုပ္ေဆာင္ခဲ့ၾကၿပီး ျမစ္ႀကီးနား ၿမိဳ႕ အထက ၁ ေရွ႕တြင္ ထိုင္သပိတ္မ်ား လုပ္ေဆာင္ခဲ့ၾကသည္။

ထို႔အျပင္ ယမန္ေန႔ ညကလည္း ျမစ္ႀကီးနားၿမိဳ႕ ေအာင္နန္းရပ္ကြက္ တြင္ စစ္ကားမ်ား လွည့္ေနစဥ္ ကေလးငယ္ တစ္ဦးထြက္ၾကည့္ရာ ေလးဂြျဖင့္ အပစ္ခံရၿပီး ယခုခါ ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရသည္ဟု မိသားစုဝင္ တစ္ဦး က ေျပာသည္။

“မေန႔က ည ၈ နာရီ ေက်ာ္ေလာက္မွာျဖစ္တာပါ။ ကေလးက စစ္ကားေတြလာေတာ့ ထြက္ၾကည့္တာ၊ အဲ့ဒါ ကားေပၚကေန ေလးဂြနဲ႔ပစ္လိုက္တယ္။ ကေလးရဲ႕ ေခါင္းကိုထိသြားတာပါ။ ကေလးက ဘာမွမသိဘူးေလ။ အသက္လည္း ၃ ႏွစ္ပဲ ရွိေသးတာဟုတ္တယ္။ ေဆး႐ုံမွာပါ အခုကေတာ့။ ညကဆို သတိလည္းခနခန လစ္ တယ္။ အန္လည္း အရမ္းအန္တယ္။ ကေလးက စစ္ကားလာတယ္ဆိုေတာ့ ဘာသိမလဲ ထြက္ၾကည့္တာေပါ့။ ဒီလိုပစ္မယ္လည္း ဘယ္ထင္မလဲေနာ္။ ေတာ္ေတာ္ မေကာင္းဘူး ဒီလိုလုပ္တာ။”

ယခု ၂၀ ရက္ေန႔နဲ႔ ၂၁ ရက္ေန႔ တုန္းကလည္း ဆႏၵျပျပည္သူမ်ားႏွင့္ ျဖစ္စဥ္အတြင္း သတင္းယူေနသူမ်ား၊ မွတ္ တမ္းယူေနၾကသည့္ ျပည္သူမ်ားကို ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္သားမ်ားက ေလးဂြမ်ားျဖင့္ ပစ္ျခင္း၊ လိုက္လံဖမ္းဆီး ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ထို႔အျပင္ ဝိုင္းေမာ္ၿမိဳ႕တြင္လည္း ယခုလ ၂၂ ရက္ေန႔ ည ၈ နာရီအခ်ိန္ခန႔္ က သံပုံးတီးသည့္ ေနအိမ္တစ္အိမ္အား ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သြားသည္ဟု Kachin State Civilian Movement က ၎တို႔၏ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။

ထိုသို႔ ၿခိမ္းေျခာက္ပစ္ခတ္မႈမ်ားရွိေသာ္လည္း ျမစ္ႀကီးနားၿမိဳ႕၊ ဝိုင္းေမာ္ၿမိဳ႕တို႔တြင္ စစ္အာဏာရွင္ဆန႔္က်င္သည့္ ဆႏၵထုတ္ေဖာ္မႈမ်ား၊ ည ၈ နာရီေရာက္တိုင္း သံပုံးတီးသည့္ campaign မ်ား ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ သည္။

တပ္မေတာ္ယာဥ္တန္းမ်ား၊ ရဲကားမ်ား၊ အခ်ဳပ္ကား ယာဥ္တန္းကလည္း ျမစ္ႀကီးနားၿမိဳ႕တြင္ ပတ္ေမာင္းလွ်က္ရွိ ၿပီး အစိုးရ႐ုံးမ်ား၊ ဘဏ္မ်ားတြင္လည္း စစ္သားမ်ားက လုံၿခဳံေရးယူထားသည္။

ယေန႔ နံနက္ပိုင္းမွ ေန႔လည္ပိုင္းအထိ တပ္မေတာ္ ရဟတ္ယာဥ္ႏွင့္ ဂ်က္ေလယာဥ္မ်ားကလည္း ျမစ္ႀကီးနားၿမိဳ႕ တြင္ ပ်ံဝဲေနသည္ကို ေတြ႕ရသည္ဟု ေဒသခံမ်ားက ေျပာသည္။