UEC တွေ့ဆုံပွဲ KySDP တက်မည်မဟုတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
အာဏာသိမ်းစစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အသစ်နှင့် တွေ့ဆုံ ပွဲသို့ တက်ရောက်မည်မဟုတ်ကြောင်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP အထွေထွေ အတွင်းရေးမှူး ခူးသဲရယ်က “ကျနော်တို့ ပါတီက ပါတီမူဝါဒအရ နိုင်ငံရေး ခံယူချက် ရပ်တည်ချက်အရ ကျနော်တို့ မတက်ဘူးပေါ့နော။ ကျနော်တို့ တက်လို့လည်း အဆင်မပြေတဲ့အခါကျတော့ ကျနော်တို့ မတက်ဖို့ ဆိုပြီးတော့မှ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။
လူထုက ရွေးချယ်တင်မြောက်ထားသည့် အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC မဟုတ်သည့်အတွက် ယခု UEC ကို လက်ခံရန် ခက်ခဲသည်ဟု ခူးသဲရယ် က ဆက်ပြောသည်။
၎င်းက “ကျနော်တို့က အဓိက လူထုကနေ တရားဝင်ပြီးတော့မှ ဖွဲ့စည်းထားတဲ့ အစိုးရကနေ ပြန်လည်ဖွဲ့စည်း တာ မဟုတ်တဲ့အတွက်ပေါ့နော် ဒီအချိန်မှာတော့ ကျနော်တို့ လက်ခံဖို့က ကျနော်တို့အတွက် အခက်အခဲရှိတယ်။ အဲဒါကြောင့် မတက်ဖို့ ကျနော်တို့ ပါတီကနေ ဆုံးဖြတ်ထားတာပါ” ဟု ပြော သည်။
သို့သော် အခြားတိုင်းရင်းသား ပါတီ တစ်ခုဖြစ်သည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ပါတီ အနေ ဖြင့် ရွေးကောက်ပွဲ ကော်မရှင် UEC အသစ်၏ ပါတီများနှင့် တွေ့ဆုံပွဲကို တက်ရောက်ရန် ဆုံးဖြတ်ထားသည် ဟု ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုး က ပြောသည်။
မန်းအောင်ပြည်စိုးက “တက်မယ်လို့ စီစဉ်ထားတယ်။ အဲဒါတော့ ကျနော်တို့ ဘာမှ မပြောလိုသေးဘူး ကျနော် တို့ တက်နားထောင် ကြည့်မယ်။ အဲ့သလို ကျနော်ပြောလို့ ရအုံးမယ်နော်။ ကျနော်တို့ အခြေအနေကြည့်မယ်။ သူတို့ ဘာပြောမလဲ လက်ခံတယ် လက်မခံဘူး ဘာမှမပြောချင်သေးဘူးနော်” ဟု ပြောသည်။
ယခုတွေ့ဆုံမှုသည် အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာရန် မျှော်လင့်သည်ဟု KNDP ပါတီ ဥက္ကဋ္ဌ က ပြောသည်။
လက်ရှိ အနေအထားအရ တပ်မတာ်က အာဏာသိမ်းလိုက်ခြင်းသည် တိုင်းပြည်အတွက် နစ်နာမှုကို ဖြစ်ပေါ်စေ သည့်အတွက် သက်ဆိုင်ရာဘက် ၂ ဘက်က အမြန်ဆုံးတွေ့ဆုံဆွေးနွေး အဖြေရှာရန် ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီ KySDP က တိုက်တွန်းသည်။
ခူးသဲရယ်က “နှစ်ဖက်စလုံးကို ကျနော်တို့ တိုက်တွန်းချင်တယ်။ ပြီးတော့မှ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ လမ်း ကြောင်းကိုလည်း ဒါဦးတည်စေချင်ပါတယ်။ အခုလိုဖြစ်သွားတဲ့အပေါ်မှာကတော့ ကျနော်တို့ တိုင်းရင်းသား ပါ တီ အနေနဲ့လည်း လုံး၀ လက်မခံနိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။ နောက်ပြီးတော့မှ လူထုအပေါ်မှာ ရိုက်ခတ် မှုတွေ အဲလိုဖြစ်လာတဲ့အခါကျတော့လည်း ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။ ဆိုတော့ အစုအဖွဲ့ ၂ ခုဖြစ်တဲ့ တပ်မတော်နဲ့ အနိုင်ရ အစိုးရဖွဲ့နိုင်လောက်တဲ့ NLD ပါတီကနေ ပြီးတော့မှ အင်အားအကြီးဆုံး အစုအဖွဲ့ ၂ ခု ဖြစ်တဲ့အတွက် အားလုံး လူထုတွေ ထိခိုက်နစ်နာမှု မဖြစ်အောင်တော့ ဒါလမ်းကြောင်းကို ရွေးချယ်ကြဖို့ ကျနော်တို့ အနေနဲ့လည်း တောင်းဆိုတယ်” ဟု ပြောသည်။
“နောက်ပြီးတော့ ကျနော်တို့ တိုင်းရင်းသား အနေနဲ့တော့ အဓိက ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို သွားချင် တာဖြစ်တယ်။ ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်ပေးနိုင်တဲ့ အခြေခံဥပဒေတစ် ရပ်ကိုလည်း ကျနော်တို့ လိုချင်တာဖြစ်ပါတယ်”
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အနေဖြင့် ယခုတွေ့ဆုံပွဲကို တက်မတက် မဆွေးနွေးရသေးဟု ပါတီ အတွင်းရေးမှူး က ပြောသည်။
တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ နိုင်ငံရေးပါတီများနှင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တွေ့ဆုံရန် ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက် နေ့က ထုတ်ပြန်ထားသည်။
*** ZAWGYI ***
UEC ေတြ႔ဆံုပြဲ KySDP တက္မည္မဟုတ္
သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီလ ၂၃ ရက္။
အာဏာသိမ္းစစ္ေကာင္စီမွ ဖြဲ႔စည္းထားသည့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ UEC အသစ္ႏွင့္ ေတြ႕ဆံု ပြဲသို႔ တက္ေရာက္မည္မဟုတ္ေၾကာင္း ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP က ေျပာသည္။
ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KySDP အေထြေထြ အတြင္းေရးမႉး ခူးသဲရယ္က “က်ေနာ္တို႔ ပါတီက ပါတီမူဝါဒအရ ႏိုင္ငံေရး ခံယူခ်က္ ရပ္တည္ခ်က္အရ က်ေနာ္တို႔ မတက္ဘူးေပါ့ေနာ။ က်ေနာ္တို႔ တက္လို႔လည္း အဆင္မေျပတဲ့အခါက်ေတာ့ က်ေနာ္တို႔ မတက္ဖို႔ ဆိုၿပီးေတာ့မွ ဆံုးျဖတ္ထားပါတယ္” ဟု ေျပာသည္။
လူထုက ေရြးခ်ယ္တင္ေျမာက္ထားသည့္ အစိုးရမွ ဖြဲ႔စည္းထားေသာ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ UEC မဟုတ္သည့္အတြက္ ယခု UEC ကို လက္ခံရန္ ခက္ခဲသည္ဟု ခူးသဲရယ္ က ဆက္ေျပာသည္။
၎က “က်ေနာ္တို႔က အဓိက လူထုကေန တရား၀င္ၿပီးေတာ့မွ ဖြဲ႔စည္းထားတဲ့ အစိုးရကေန ျပန္လည္ဖြဲ႔စည္း တာ မဟုတ္တဲ့အတြက္ေပါ့ေနာ္ ဒီအခ်ိန္မွာေတာ့ က်ေနာ္တို႔ လက္ခံဖို႔က က်ေနာ္တို႔အတြက္ အခက္အခဲရွိတယ္။ အဲဒါေၾကာင့္ မတက္ဖို႔ က်ေနာ္တို႔ ပါတီကေန ဆံုးျဖတ္ထားတာပါ” ဟု ေျပာ သည္။
သို႔ေသာ္ အျခားတိုင္းရင္းသား ပါတီ တစ္ခုျဖစ္သည့္ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP ပါတီ အေန ျဖင့္ ေရြးေကာက္ပြဲ ေကာ္မရွင္ UEC အသစ္၏ ပါတီမ်ားႏွင့္ ေတြ႕ဆံုပြဲကို တက္ေရာက္ရန္ ဆံုးျဖတ္ထားသည္ ဟု ပါတီ ဥကၠ႒ မန္းေအာင္ျပည္စိုး က ေျပာသည္။
မန္းေအာင္ျပည္စိုးက “တက္မယ္လို႔ စီစဥ္ထားတယ္။ အဲဒါေတာ့ က်ေနာ္တို႔ ဘာမွ မေျပာလိုေသးဘူး က်ေနာ္ တို႔ တက္နားေထာင္ ၾကည့္မယ္။ အဲ့သလို က်ေနာ္ေျပာလို႔ ရအံုးမယ္ေနာ္။ က်ေနာ္တို႔ အေျခအေနၾကည့္မယ္။ သူတို႔ ဘာေျပာမလဲ လက္ခံတယ္ လက္မခံဘူး ဘာမွမေျပာခ်င္ေသးဘူးေနာ္” ဟု ေျပာသည္။
ယခုေတြ႕ဆံုမႈသည္ အေကာင္းဆံုး အေျခအေနတစ္ခု ျဖစ္လာရန္ ေမွ်ာ္လင့္သည္ဟု KNDP ပါတီ ဥကၠ႒ က ေျပာသည္။
လက္ရွိ အေနအထားအရ တပ္မတာ္က အာဏာသိမ္းလိုက္ျခင္းသည္ တိုင္းျပည္အတြက္ နစ္နာမႈကို ျဖစ္ေပၚေစ သည့္အတြက္ သက္ဆိုင္ရာဘက္ ၂ ဘက္က အျမန္ဆံုးေတြ႕ဆံုေဆြးေႏြး အေျဖရွာရန္ ကယားျပည္နယ္ ဒီမိုက ရက္တစ္ပါတီ KySDP က တိုက္တြန္းသည္။
ခူးသဲရယ္က “ႏွစ္ဖက္စလံုးကို က်ေနာ္တို႔ တိုက္တြန္းခ်င္တယ္။ ၿပီးေတာ့မွ ညွိႏႈိင္းေဆြးေႏြးအေျဖရွာတဲ့ လမ္း ေၾကာင္းကိုလည္း ဒါဦးတည္ေစခ်င္ပါတယ္။ အခုလိုျဖစ္သြားတဲ့အေပၚမွာကေတာ့ က်ေနာ္တို႔ တိုင္းရင္းသား ပါ တီ အေနနဲ႔လည္း လံုး၀ လက္မခံႏိုင္တဲ့ အေနအထားမ်ိဳးျဖစ္တယ္။ ေနာက္ၿပီးေတာ့မွ လူထုအေပၚမွာ ႐ိုက္ခတ္ မႈေတြ အဲလိုျဖစ္လာတဲ့အခါက်ေတာ့လည္း က်ေနာ္တို႔ စိတ္မေကာင္းျဖစ္ရတယ္ေပါ့ေနာ္။ ဆိုေတာ့ အစုအဖြဲ႔ ၂ ခုျဖစ္တဲ့ တပ္မေတာ္နဲ႔ အႏိုင္ရ အစိုးရဖြဲ႔ႏိုင္ေလာက္တဲ့ NLD ပါတီကေန ၿပီးေတာ့မွ အင္အားအႀကီးဆံုး အစုအဖြဲ႔ ၂ ခု ျဖစ္တဲ့အတြက္ အားလံုး လူထုေတြ ထိခိုက္နစ္နာမႈ မျဖစ္ေအာင္ေတာ့ ဒါလမ္းေၾကာင္းကို ေရြးခ်ယ္ၾကဖို႔ က်ေနာ္တို႔ အေနနဲ႔လည္း ေတာင္းဆိုတယ္” ဟု ေျပာသည္။
“ေနာက္ၿပီးေတာ့ က်ေနာ္တို႔ တိုင္းရင္းသား အေနနဲ႔ေတာ့ အဓိက ဖက္ဒရယ္ျပည္ေထာင္စု စနစ္ကို သြားခ်င္ တာျဖစ္တယ္။ ဆိုေတာ့ ဖက္ဒရယ္ ျပည္ေထာင္စုကို ေဖာ္ေဆာင္ေပးႏိုင္တဲ့ အေျခခံဥပေဒတစ္ ရပ္ကိုလည္း က်ေနာ္တို႔ လိုခ်င္တာျဖစ္ပါတယ္”
ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CNLD) အေနျဖင့္ ယခုေတြ႕ဆံုပြဲကို တက္မတက္ မေဆြးေႏြးရေသးဟု ပါတီ အတြင္းေရးမွဴး က ေျပာသည္။
တပ္မေတာ္မွ စစ္အာဏာသိမ္းၿပီးေနာက္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကို အသစ္ဖြဲ႔စည္းခဲ့ၿပီး အဆိုပါ ေကာ္မရွင္မွ ႏိုင္ငံေရးပါတီမ်ားႏွင္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔တြင္ ေတြ႕ဆံုရန္ ယမန္ေန႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ ေန႔က ထုတ္ျပန္ထားသည္။