မိုးညှင်းတွင် ပရဟိတ ဓါတ်ပုံဆရာနှစ်ဦးကို တရားဆွဲဆိုမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက ဆန္ဒပြ လှုပ်ရှားမှု ဓါတ်ပုံများတွေ့ရှိပြီး ဖမ်းဆီးခံရသည့် ပရဟိတသမား အပျော်တမ်းဓါတ်ပုံဆရာနှစ်ဦးကို ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

မိုးညှင်းမြို့ရှိ သာယာတော သုဿန်မှ ဖမ်းဆီးသွားသူ ၃ ဦး ရှိသည့်အနက် ၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီဖြစ်သော် လည်း ကျန်နှစ်ဦးကို သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရခြင်း ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညက သာယာတော သုဿန်တွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြ ခေါင်းဆောင်များဟု စွပ်စွဲထားသူ ဦးကျော်ခိုင်ဝင်းနှင့် ကိုမြင့်ဇော်ဆိုသူ နှစ်ဦးအား လာရောက်ရှာဖွေရာ ၎င်းတို့ကို မတွေ့ရှိသောကြောင့် သုသာန်ဝင်းအတွင်း ရှိ ကိုကျော်ဇင်ဦးနှင့် ဦးမိုးညီညီထွန်းတို့ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အခုဖမ်းဆီးခံထားရတဲ့ နှစ်ယောက် မိုးညှင်းမြို့ရဲ့ လှုပ်ရှားမှုနဲ့ ဘာမှ မပတ်သက် ဘူး။ သူတို့က အပျော်တမ်းဓါတ်ပုံဆရာတွေပါ။ ကိုဗစ်ကာလတုန်းက သူတို့က စေတနာ့ဝန်ထမ်းတွေပါ။” ဟု မိုးညှင်းမြို့ က ဒေသခံတစ်ဦးက ပြောသည်။ “သူတို့နှစ်ယောက်က သုသာန်မှာပဲ ညအိပ်ကြတယ်။ သွားရှာတာတော့ အမှုဖွင့်ထား တဲ့ ဦးကျော်ခိုင်ဝင်းနဲ့ ကိုမြင့်ဇော်ကို သွားရှာတယ်။ မတွေ့တဲ့အခါကြတော့ အဲ့ကောင်လေးနှစ်ယောက်ကို ခေါ် သွားပြီးမှ ပုဒ်မ ၂၅ တပ်ပြီး တရားစွဲတာဖြစ်ပါတယ်။ ၂၅ ရက်နေ့ ရုံးထုတ်မယ်လို့တော့ ပြောတယ်”

၎င်းတို့နှစ်ဦး၏ ကင်မရာများကိုလည်း သိမ်းဆည်းသွားသည်ဟု ဆက်ပြောသည်။

“အဲ့ကောင်လေးနှစ်ယောက်က အပျော်တမ်းဓါတ်ပုံဆရာတွေဆိုတော့ မိုးညှင်းမြို့မှာ ဆန္ဒပြတဲ့ဟာတွေ ရိုက်ထား တာတွေရှိတော့ ကင်မရာတွေလည်း အသိမ်းခံရတယ်။ Sony ကင်မရာတစ်လုံး၊ Nikon ကင်မရာတစ်လုံး အ ဖမ်း ခံရတဲ့အချိန် တခါတည်းသိမ်းသွားတာပေါ့ပြီးတော့ မီသဂြိုလ်တဲ့နေရာမှာ စောင့်တဲ့ အစ်ကိုကြီး တစ် ယောက်ကိုလည်း ဖမ်းသွားတယ်။”

အဆိုပါအမှုနှင့်ပတ်သက်၍ အကြောင်းကြားစာတွင် သာယာတောသုဿန်သို့ ဝင်ရောက်စစ်ဆေးရှာဖွေရာ မီး သဂြိုလ်စက်ဘေးတွင် နာရေးကူညီမှုအသင်းမှ ကိုကျော်ဇင်ဦးနှင့် ဦးမိုညီညီထွန်းနှစ်ဦးတို့ကို တွေ့ရှိရကြောင်း၊ Nikon ကင်မရာတစ်လုံး၊ Sony ကင်မရာတစ်လုံးနှင့် ဖုန်းတစ်လုံးတို့အား သိမ်းယူခဲ့ရာ၊ စစ်အစိုးရ ဆန့်ကျင် ဆန္ဒပြသည့် ဓါတ်ပုံများအား အချက်အလက်ယူထားသည်ကို တွေ့ရှိရသည်ဟု ရေးသားထားသည်ဟု ဆိုသည်။

၎င်းမှတ်တမ်းဓါတ်ပုံများအရ ၎င်းတို့နှစ်ဦးမှာ ဖေဖော်ဝါရီလ ၁၈ ရက် တွင် ဆန္ဒပြသူများကို ဦးဆောင်ခဲ့ကြကြောင်းနှင့် မှတ်တမ်းဓါတ်ပုံကိုလည်း ၎င်းတို့ကိုယ်တိုင် ရိုက်ယူခဲ့ကြောင်း ဓါတ်ပုံမှတ်တမ်းများအရတွေ့ရှိရကြောင်း ထို့ကြောင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု တရားလိုဘက်က ဆိုကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ မိုးညှင်းမြို့က ဒေသခံတစ်ဦး က ဆက်ပြော သည်။

“ဦးမိုးညီညီထွန်း(ခ) ကိုညီ အသက်က ၃၉ နှစ်၊ နောက်တစ်ယောက်ကတော့ ကိုကျော်ဇင်ဦး(ခ) ကိုညီကောင်း အသက် ၃၁ နှစ် ပေါ့နော်၊ သူတို့နှစ်ယောက်ပေါ့။ တရားလိုအဖြစ်တရားစွဲတာက ရဲမှူးစောဖိုးထူးဆိုတဲ့ တစ် ယောက်က တရားစွဲတာဖြစ်ပါတယ်။ အမှတ် ၉၀၄ အမြှောက်စစ်ဆင်ရေး ကွပ်ကဲရေးမှုဌာနချုပ် စစ်ဦးစီး ပထ မတန်း ဒုတိယဗိုလ်မှူးကြီး မင်းအောင်နိုင်ကနေပြီးမှ သူတို့ကိုယ်တိုင်ဝင်ဖမ်းပြီးမှ တရားလိုကတော့ ရဲမှူးစောဖိုးထူး ကနေပြီးတော့ တရားစွဲတာပေါ့နော်” အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ က ပြောသည်။

“စစ်အာဏာရှင်၊ စစ်အစိုးရပြောတော့ သူတို့က မကြိုက်ဘူးပြောတယ်။ အခုကြည့် ရဲစခန်းကိုသွားတယ် ရဲ စခန်းက သူတို့ကိုယ်တိုင်က အမှုမဖွင့်ချင်ဘူး။ ဒါပေမယ့် အပေါ်က ဖိအားကြောင့် အမှုဖွင့်ရတယ်။ စကားတွေ အရ ကြားရတယ်။ ပြီးတော့ ဒီအမှုနဲ့စွဲတာကို ရှေ့နေတွေက လိုက်ပြီး သွားပြောတဲ့အခါမှာ ဥပဒေရုံးက အရာရှိ တွေ ကိုယ်တိုင်က ပြောင်းလဲလို့မရပါဘူးဆိုတော့ ဒါဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးက တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးရော စစ်အောက်ထဲ လုံးဝရောက်သွားတာ သေချာသလောက်ဖြစ်နေပြီ။ ဘာဖြစ်လို့လည်းဆိုရင် တရားစီရင်ရေးဌာနကလည်း သူတို့ကို ကြောက်နေရတယ်။ ဥပဒေအရာရှိတွေတောင် ဒီဥစ္စာလုပ်လို့မရဘူး ပြော လို့မရဘူးဖြစ်လာတယ်။”

ဖမ်းဆီး တရားစွဲခံထားရသည့် ဦးမိုးညီညီထွန်း (ခ) ကိုညီနှင့် ကိုကျောင်ဇင်ဦး(ခ) ကိုညီကောင်းတို့ နှစ်ဦးမှာ We Love Mohnyin အဖွဲ့ဝင်များ ဖြစ်သည်။ ထို့အပြင် ၎င်းတို့နှစ်ဦးမှာ အပျော်တမ်းဓါတ်ပုံဆရာများ ဖြစ်သလို ပရဟိတသမားများ၊ COVID-19 ကာလတွင်လည်း Volunteer၊ အဖြစ်လုပ်ကိုင်နေသူများဖြစ်သည်ဟု မိုးညှင်း ဒေသခံများ က ပြောသည်။

COVID-19 စေတနာ့ဝန်ထမ်းများအဖြစ်လုပ်ကိုင်သူများဖြစ်သည့်အတွက် ထိုကာလများကတည်းက နေအိမ်သို့ မပြန်ပဲ သာယာတော သုဿန်တွင်သာ နေထိုင်နေသူများ ဖြစ်သည်။ အဆိုပါ သုဿန်သည် စည်ပင်သာယာဝန်ကြီးဌာနအောက်တွင်မရှိပဲ ပရဟိတအသင်းများက ထောင်ထားသည့် သုသာန်ဖြစ်သည်။

ပရဟိတသမား အပြစ်မဲ့ပြည်သူ နှစ်ဦးကို ယခုကဲ့သို့ မတရားဖမ်းဆီးပြီး ပုဒ်မများတပ် တရားစွဲဆိုလိုက်ခြင်း အပေါ် ကန့်ကွက်ကြောင်း၊ တရားသူကြီးများအနေဖြင့် အမှန်တရားဘက်က ရပ်တည်ပေးသင့်သည်ဟု ဒေသခံ များ က ပြောသည်။

*** ZAWGYI ***
မိုးညႇင္းတြင္ ပရဟိတ ဓါတ္ပုံဆရာႏွစ္ဦးကို တရားဆြဲဆိုမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၄ ရက္။

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ထဲက ဆႏၵျပ လႈပ္ရွားမႈ ဓါတ္ပုံမ်ားေတြ႕ရွိၿပီး ဖမ္းဆီးခံရသည့္ ပရဟိတသမား အေပ်ာ္တမ္းဓါတ္ပုံဆရာႏွစ္ဦးကို ပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုၿပီး ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ ႐ုံးထုတ္စစ္ေဆးမည္ဟု သိရသည္။

မိုးညႇင္းၿမိဳ႕ရွိ သာယာေတာ သုႆန္မွ ဖမ္းဆီးသြားသူ ၃ ဦး ရွိသည့္အနက္ ၁ ဦးကို ျပန္လႊတ္ေပးခဲ့ၿပီျဖစ္ေသာ္ လည္း က်န္ႏွစ္ဦးကို သဘာဝေဘးစီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲခံထားရျခင္း ျဖစ္သည္ဟု သိရသည္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ညက သာယာေတာ သုႆန္တြင္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ားက ဆႏၵျပ ေခါင္းေဆာင္မ်ားဟု စြပ္စြဲထားသူ ဦးေက်ာ္ခိုင္ဝင္းႏွင့္ ကိုျမင့္ေဇာ္ဆိုသူ ႏွစ္ဦးအား လာေရာက္ရွာေဖြရာ ၎တို႔ကို မေတြ႕ရွိေသာေၾကာင့္ သုသာန္ဝင္းအတြင္း ရွိ ကိုေက်ာ္ဇင္ဦးႏွင့္ ဦးမိုးညီညီထြန္းတို႔ ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

“အခုဖမ္းဆီးခံထားရတဲ့ ႏွစ္ေယာက္ မိုးညႇင္းၿမိဳ႕ရဲ႕ လႈပ္ရွားမႈနဲ႔ ဘာမွ မပတ္သက္ ဘူး။ သူတို႔က အေပ်ာ္တမ္းဓါတ္ပုံဆရာေတြပါ။ ကိုဗစ္ကာလတုန္းက သူတို႔က ေစတနာ့ဝန္ထမ္းေတြပါ။” ဟု မိုးညႇင္းၿမိဳ႕ က ေဒသခံတစ္ဦးက ေျပာသည္။ “သူတို႔ႏွစ္ေယာက္က သုသာန္မွာပဲ ညအိပ္ၾကတယ္။ သြားရွာတာေတာ့ အမႈဖြင့္ထား တဲ့ ဦးေက်ာ္ခိုင္ဝင္းနဲ႔ ကိုျမင့္ေဇာ္ကို သြားရွာတယ္။ မေတြ႕တဲ့အခါၾကေတာ့ အဲ့ေကာင္ေလးႏွစ္ေယာက္ကို ေခၚ သြားၿပီးမွ ပုဒ္မ ၂၅ တပ္ၿပီး တရားစြဲတာျဖစ္ပါတယ္။ ၂၅ ရက္ေန႔ ႐ုံးထုတ္မယ္လို႔ေတာ့ ေျပာတယ္”

၎တို႔ႏွစ္ဦး၏ ကင္မရာမ်ားကိုလည္း သိမ္းဆည္းသြားသည္ဟု ဆက္ေျပာသည္။

“အဲ့ေကာင္ေလးႏွစ္ေယာက္က အေပ်ာ္တမ္းဓါတ္ပုံဆရာေတြဆိုေတာ့ မိုးညႇင္းၿမိဳ႕မွာ ဆႏၵျပတဲ့ဟာေတြ ႐ိုက္ထား တာေတြရွိေတာ့ ကင္မရာေတြလည္း အသိမ္းခံရတယ္။ Sony ကင္မရာတစ္လုံး၊ Nikon ကင္မရာတစ္လုံး အ ဖမ္း ခံရတဲ့အခ်ိန္ တခါတည္းသိမ္းသြားတာေပါ့ၿပီးေတာ့ မီသၿဂိဳလ္တဲ့ေနရာမွာ ေစာင့္တဲ့ အစ္ကိုႀကီး တစ္ ေယာက္ကိုလည္း ဖမ္းသြားတယ္။”

အဆိုပါအမႈႏွင့္ပတ္သက္၍ အေၾကာင္းၾကားစာတြင္ သာယာေတာသုႆန္သို႔ ဝင္ေရာက္စစ္ေဆးရွာေဖြရာ မီး သၿဂိဳလ္စက္ေဘးတြင္ နာေရးကူညီမႈအသင္းမွ ကိုေက်ာ္ဇင္ဦးႏွင့္ ဦးမိုညီညီထြန္းႏွစ္ဦးတို႔ကို ေတြ႕ရွိရေၾကာင္း၊ Nikon ကင္မရာတစ္လုံး၊ Sony ကင္မရာတစ္လုံးႏွင့္ ဖုန္းတစ္လုံးတို႔အား သိမ္းယူခဲ့ရာ၊ စစ္အစိုးရ ဆန႔္က်င္ ဆႏၵျပသည့္ ဓါတ္ပုံမ်ားအား အခ်က္အလက္ယူထားသည္ကို ေတြ႕ရွိရသည္ဟု ေရးသားထားသည္ဟု ဆိုသည္။

၎မွတ္တမ္းဓါတ္ပုံမ်ားအရ ၎တို႔ႏွစ္ဦးမွာ ေဖေဖာ္ဝါရီလ ၁၈ ရက္ တြင္ ဆႏၵျပသူမ်ားကို ဦးေဆာင္ခဲ့ၾကေၾကာင္းႏွင့္ မွတ္တမ္းဓါတ္ပုံကိုလည္း ၎တို႔ကိုယ္တိုင္ ႐ိုက္ယူခဲ့ေၾကာင္း ဓါတ္ပုံမွတ္တမ္းမ်ားအရေတြ႕ရွိရေၾကာင္း ထို႔ေၾကာင့္ တရားစြဲဆိုထားျခင္းျဖစ္သည္ဟု တရားလိုဘက္က ဆိုေၾကာင္း အမႈအား လိုက္ပါေဆာင္႐ြက္ေပးေနသူ မိုးညႇင္းၿမိဳ႕က ေဒသခံတစ္ဦး က ဆက္ေျပာ သည္။

“ဦးမိုးညီညီထြန္း(ခ) ကိုညီ အသက္က ၃၉ ႏွစ္၊ ေနာက္တစ္ေယာက္ကေတာ့ ကိုေက်ာ္ဇင္ဦး(ခ) ကိုညီေကာင္း အသက္ ၃၁ ႏွစ္ ေပါ့ေနာ္၊ သူတို႔ႏွစ္ေယာက္ေပါ့။ တရားလိုအျဖစ္တရားစြဲတာက ရဲမႉးေစာဖိုးထူးဆိုတဲ့ တစ္ ေယာက္က တရားစြဲတာျဖစ္ပါတယ္။ အမွတ္ ၉၀၄ အေျမႇာက္စစ္ဆင္ေရး ကြပ္ကဲေရးမႈဌာနခ်ဳပ္ စစ္ဦးစီး ပထ မတန္း ဒုတိယဗိုလ္မႉးႀကီး မင္းေအာင္ႏိုင္ကေနၿပီးမွ သူတို႔ကိုယ္တိုင္ဝင္ဖမ္းၿပီးမွ တရားလိုကေတာ့ ရဲမႉးေစာဖိုး ထူး ကေနၿပီးေတာ့ တရားစြဲတာေပါ့ေနာ္” အမႈအား လိုက္ပါေဆာင္႐ြက္ေပးေနသူ က ေျပာသည္။

“စစ္အာဏာရွင္၊ စစ္အစိုးရေျပာေတာ့ သူတို႔က မႀကိဳက္ဘူးေျပာတယ္။ အခုၾကည့္ ရဲစခန္းကိုသြားတယ္ ရဲ စခန္းက သူတို႔ကိုယ္တိုင္က အမႈမဖြင့္ခ်င္ဘူး။ ဒါေပမယ့္ အေပၚက ဖိအားေၾကာင့္ အမႈဖြင့္ရတယ္။ စကားေတြ အရ ၾကားရတယ္။ ၿပီးေတာ့ ဒီအမႈနဲ႔စြဲတာကို ေရွ႕ေနေတြက လိုက္ၿပီး သြားေျပာတဲ့အခါမွာ ဥပေဒ႐ုံးက အရာရွိ ေတြ ကိုယ္တိုင္က ေျပာင္းလဲလို႔မရပါဘူးဆိုေတာ့ ဒါဆိုရင္ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးက တရားစီရင္ေရးေရာ၊ အုပ္ခ်ဳပ္ေရးေရာ စစ္ေအာက္ထဲ လုံးဝေရာက္သြားတာ ေသခ်ာသေလာက္ျဖစ္ေနၿပီ။ ဘာျဖစ္လို႔လည္းဆိုရင္ တရားစီရင္ေရးဌာနကလည္း သူတို႔ကို ေၾကာက္ေနရတယ္။ ဥပေဒအရာရွိေတြေတာင္ ဒီဥစၥာလုပ္လို႔မရဘူး ေျပာ လို႔မရဘူးျဖစ္လာတယ္။”

ဖမ္းဆီး တရားစြဲခံထားရသည့္ ဦးမိုးညီညီထြန္း (ခ) ကိုညီႏွင့္ ကိုေက်ာင္ဇင္ဦး(ခ) ကိုညီေကာင္းတို႔ ႏွစ္ဦးမွာ We Love Mohnyin အဖြဲ႕ဝင္မ်ား ျဖစ္သည္။ ထို႔အျပင္ ၎တို႔ႏွစ္ဦးမွာ အေပ်ာ္တမ္းဓါတ္ပုံဆရာမ်ား ျဖစ္သလို ပရဟိတသမားမ်ား၊ COVID-19 ကာလတြင္လည္း Volunteer၊ အျဖစ္လုပ္ကိုင္ေနသူမ်ားျဖစ္သည္ဟု မိုးညႇင္း ေဒသခံမ်ား က ေျပာသည္။

COVID-19 ေစတနာ့ဝန္ထမ္းမ်ားအျဖစ္လုပ္ကိုင္သူမ်ားျဖစ္သည့္အတြက္ ထိုကာလမ်ားကတည္းက ေနအိမ္သို႔ မျပန္ပဲ သာယာေတာ သုႆန္တြင္သာ ေနထိုင္ေနသူမ်ား ျဖစ္သည္။ အဆိုပါ သုႆန္သည္ စည္ပင္သာယာဝန္ႀကီးဌာနေအာက္တြင္မရွိပဲ ပရဟိတအသင္းမ်ားက ေထာင္ထားသည့္ သုသာန္ျဖစ္သည္။

ပရဟိတသမား အျပစ္မဲ့ျပည္သူ ႏွစ္ဦးကို ယခုကဲ့သို႔ မတရားဖမ္းဆီးၿပီး ပုဒ္မမ်ားတပ္ တရားစြဲဆိုလိုက္ျခင္း အေပၚ ကန႔္ကြက္ေၾကာင္း၊ တရားသူႀကီးမ်ားအေနျဖင့္ အမွန္တရားဘက္က ရပ္တည္ေပးသင့္သည္ဟု ေဒသခံ မ်ား က ေျပာသည္။