နစအက အုပ်ချုပ်ရေးကို KNU ခရိုင်များ လက်ခံမည်မဟုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်လာမည့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်သည့် ခရိုင်များက ပြောဆိုလိုက်သည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်ခရိုင်) နှင့် တပ်မ ဟာ ၆ ဒူးပလာယာခရိုင် မှ တာဝန်ရှိများက ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က “နံပါတ်တစ်အနေနဲ့ ဒီ အာဏသိမ်းစစ် ကောင်စီကျတော့ ဒါ နိုင်ငံတကာလည်းကန့်ကွက်တယ် ကျနော်တို့ တိုင်းသူပြည်သားတွေလည်း ကန့်ကွက်နေ တယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အဲဒီလို စစ်အာဏာရှင်ပဲ ပြောပြော အာဏာရှင်ပဲ ပြောပြော ကျနော်တို့ က အဲလိုအာဏာရှင်စနစ်မျိုးကို တိုက်လာတာ နှစ် ၇၀ ကျော်ရှိပါပြီ ဒါကြောင့်မို့လို့ ကျနော်တို့ အနေနဲ့ကတော့ အဲဒီကိစ္စကတော့ အထူးပြောစရာ ဘာမှ မရှိပါဘူး။ အာဏာသိမ်းတဲ့ ကောင်စီကိုတော့ ကျနော်တို့က သူတို့ အုပ်ချုပ်ရေးကို ကျနော်တို့ နယ်မြေထဲမှာ လာမချဖို့ ဆိုတာကို ကျနော်တို့ရှင်းရှင်းလင်းလင်းကန့်ကွက်တာဖြစ် တယ်။” ဟု ပြောသည်။

ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အုပ်ချုုပ်ရေး ယန္တယားများ လာရောက်ချထား ပါကလည်း လက်ခံမည်မဟုတ်ဟု စောလစ္စတန် ကပြောသည်။

KNU တပ်မဟာ အသီးသီးရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များသည် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟို၏ သဘောထား ရပ်တည်ချက်အပေါ်အခြေခံသည်ဟု KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ဆိုသည်။

စောလစ္စတန်က “ဗဟိုကတော့ ဘယ်လိုပြောမလဲ ဆိုတော့ သူက ခြုံငုံပြီးတော့ ၇ ခရိုင်စလုံးကို ခြုံငုံပြီးတော့ ထုတ်ပြန်ရတာ ဖြစ်တော့ ဒေသထဲက အသေးစိတ် အသေးစိတ်အချက်အလက်တွေကိုလည်း သူတို့တွေက အချိန်နဲ့ တစ်ပြေးညီ မရတဲ့ အနေအထားမျိုးလည်း ပြတ်တောက်တာပေါ့နော်။ ရှိတာပေါ့နော်။ အဲဒီအခါကျ တော့ သူတို့က ကျနော်တို့အပေါ်မှာ ခွင့်ပြုချက်ပေးထားတာ ဒေသအခြေအနေနဲ့ ဗဟိုက ထုတ်တဲ့ ထုတ်ပြန် ချက် ကိုလည်း ပယ်ဖျက်ခြင်းမရှိပဲ နောက်ပြီးဒေသရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့ ထုတ်ပြန်နိုင်ပါ တယ် ဆိုတာမျိုးအခြေခံပြီးတော့ အဲဒီအပေါ်မှာ ကျနော်တို့သည် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

KNU တပ်မဟာ ၂ ၊ ၅ ၊ ၆ ရှိ ခရိုင်များ၏ ထုတ်ပြန်ချက်များထဲတွင် စစ်အာဏာသိမ်းပြီးနောက်ဆက်တွဲ အနေ ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ပြည်ထောင်စု အဆင့်၊ တိုင်းနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ဖြင့် စီမံအုပ်ချုပ်ရေး ကောင်စီများအား အုပ်ချုပ်ရေး ပုံစံချမှတ်ပြီး အာဏာလုယူမှုအပေါ်တွင် မိမိတို့ လုံး၀ လက် ခံခြင်းမရှိပဲ မိမိတို့ ခရိုင်နယ်မြေဒေသအတွင်းတွင် ချမှတ်လာမည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အုပ်ချုပ် ရေး ယန္တရားများကို ကန့်ကွက်သွားမည်ဖြစ်ပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်အသက်သွင်းရန် အကောင်အထည်ဖော်နေသည့် ပြည် သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ချမှတ်လာမည့် အုပ်ချုပ်ရေး အစီအမံများကို မိမိတို့ ခရိုင်နယ် မြေတွင် လက်ခံမည် မဟုတ်ပဲ နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ်မှုစံနစ်အတိုင်း စီမံဆောင် ရွက်သွားမည် ဟု ဆိုသည်။

သို့သော်လည်း မိမိတို့ ကေအဲန်ယူ- အုပ်ချုပ်နယ်မြေ ပြင်ပဒေသတွင် ကြားကာလ အုပ်ချုပ်ရေး အပြင် CRPH မှ လမ်းညွှွှန်သည့် ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်များကို အားပေးထောက်ခံကြောင်းနှင့် လိုအပ်သည့်အုပ် ချုပ်ရေး ဆိုင်ရာ အစီအမံများ နယ်မြေလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေး ကျန်းမာရေး ဆိုင်ရာ စသည့် ဝန် ဆောင်မှု လုပ်ငန်းများ အပါအဝင် မိမိတို့ လိုအပ်သလို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီပံ့ပိုး သွားမည်ဖြစ်သည် ဟု ပြောသည်။

ထို့ကြောင့် မိမိတို့ ခရိုင်အတွင်း အုပ်ချုပ်ရေး ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နဂိုရှိထားသည့် ကော်သူး လေ အုပ်ချုပ်ရေး စံနစ်အတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ် ပေါ်ပေါက်လာသည့်အထိ ကြိုးပမ်းသွားမည် ဖြစ်သည်ဟု KNU ခရိုင် အသီးသီးက ဆိုသည်။

*** ZAWGYI ***
နစအက အုပ္ခ်ဳပ္ေရးကို KNU ခရိုင္မ်ား လက္ခံမည္မဟုတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္။

ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ခ်မွတ္လာမည့္ အုပ္ခ်ဳပ္ေရး ဆိုင္ရာ ယႏၲရားမ်ားကို လံုး၀လက္ခံမည္ မဟုတ္ေၾကာင္း ကရင္အမ်ိဳးသားအစည္းအရံုး KNU ထိန္းခ်ဳပ္သည့္ ခ႐ိုင္မ်ားက ေျပာဆိုလိုက္သည္။

ကရင္အမ်ိဳးသား အစည္းအရံုး KNU တပ္မဟာ ၂ ေတာင္ငူခ႐ိုင္၊ တပ္မဟာ ၅ ဖာပြန္(မူေၾတာ္ခ႐ိုင္) ႏွင့္ တပ္မ ဟာ ၆ ဒူးပလာယာခ႐ိုင္ မွ တာ၀န္ရွိမ်ားက ထုတ္ျပန္ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ အတြင္းေရးမႉး ေစာလစၥတန္က “နံပါတ္တစ္အေနနဲ႔ ဒီ အာဏသိမ္းစစ္ ေကာင္စီက်ေတာ့ ဒါ ႏိုင္ငံတကာလည္းကန္႔ကြက္တယ္ က်ေနာ္တို႔ တိုင္းသူျပည္သားေတြလည္း ကန္႔ကြက္ေန တယ္။ က်ေနာ္တို႔ ကိုယ္တိုင္ကလည္း အဲဒီလို စစ္အာဏာရွင္ပဲ ေျပာေျပာ အာဏာရွင္ပဲ ေျပာေျပာ က်ေနာ္တို႔ က အဲလိုအာဏာရွင္စနစ္မ်ိဳးကို တိုက္လာတာ ႏွစ္ ၇၀ ေက်ာ္ရွိပါၿပီ ဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ အေနနဲ႔ကေတာ့ အဲဒီကိစၥကေတာ့ အထူးေျပာစရာ ဘာမွ မရွိပါဘူး။ အာဏာသိမ္းတဲ့ ေကာင္စီကိုေတာ့ က်ေနာ္တို႔က သူတို႔ အုပ္ခ်ဳပ္ေရးကို က်ေနာ္တို႔ နယ္ေျမထဲမွာ လာမခ်ဖို႔ ဆိုတာကို က်ေနာ္တို႔ရွင္းရွင္းလင္းလင္းကန္႔ကြက္တာျဖစ္ တယ္။” ဟု ေျပာသည္။

ထို့အတူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH) က အုပ္ခ်ုဳပ္ေရး ယႏၱယားမ်ား လာေရာက္ခ်ထား ပါကလည္း လက္ခံမည္မဟုတ္ဟု ေစာလစၥတန္ ကေျပာသည္။

KNU တပ္မဟာ အသီးသီးရွိ ခ႐ိုင္မ်ား၏ ထုတ္ျပန္ခ်က္မ်ားသည္ ကရင္အမ်ိဳးသား အစည္းအရံုး KNU ဗဟို၏ သေဘာထား ရပ္တည္ခ်က္အေပၚအေျခခံသည္ဟု KNU ဒူးပလာယာခ႐ိုင္ အတြင္းေရးမႉး ဆိုသည္။

ေစာလစၥတန္က “ဗဟိုကေတာ့ ဘယ္လိုေျပာမလဲ ဆိုေတာ့ သူက ၿခံဳငုံၿပီးေတာ့ ၇ ခ႐ိုင္စလံုးကို ၿခံဳငံုၿပီးေတာ့ ထုတ္ျပန္ရတာ ျဖစ္ေတာ့ ေဒသထဲက အေသးစိတ္ အေသးစိတ္အခ်က္အလက္ေတြကိုလည္း သူတို႔ေတြက အခ်ိန္နဲ႔ တစ္ေျပးညီ မရတဲ့ အေနအထားမ်ိဳးလည္း ျပတ္ေတာက္တာေပါ့ေနာ္။ ရွိတာေပါ့ေနာ္။ အဲဒီအခါက် ေတာ့ သူတို႔က က်ေနာ္တို႔အေပၚမွာ ခြင့္ျပဳခ်က္ေပးထားတာ ေဒသအေျခအေနနဲ႔ ဗဟိုက ထုတ္တဲ့ ထုတ္ျပန္ ခ်က္ ကိုလည္း ပယ္ဖ်က္ျခင္းမရွိပဲ ေနာက္ၿပီးေဒသရဲ႕ အေျခအေနအေပၚမွာ မူတည္ၿပီးေတာ့ ထုတ္ျပန္ႏိုင္ပါ တယ္ ဆိုတာမ်ိဳးအေျခခံၿပီးေတာ့ အဲဒီအေပၚမွာ က်ေနာ္တို႔သည္ ထုတ္ျပန္ရျခင္းျဖစ္ပါတယ္” ဟု ေျပာသည္။

KNU တပ္မဟာ ၂ ၊ ၅ ၊ ၆ ရွိ ခ႐ိုင္မ်ား၏ ထုတ္ျပန္ခ်က္မ်ားထဲတြင္ စစ္အာဏာသိမ္းၿပီးေနာက္ဆက္တြဲ အေန ျဖင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီအား ျပည္ေထာင္စု အဆင့္၊ တိုင္းႏွင့္ ျပည္နယ္အဆင့္၊ ၿမိဳ႕နယ္အဆင့္ ျဖင့္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီမ်ားအား အုပ္ခ်ဳပ္ေရး ပံုစံခ်မွတ္ၿပီး အာဏာလုယူမႈအေပၚတြင္ မိမိတို႔ လံုး၀ လက္ ခံျခင္းမရွိပဲ မိမိတို႔ ခ႐ိုင္နယ္ေျမေဒသအတြင္းတြင္ ခ်မွတ္လာမည့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ အုပ္ခ်ဳပ္ ေရး ယႏၲရားမ်ားကို ကန္႔ကြက္သြားမည္ျဖစ္ပါသည္ဟု ေဖာ္ျပထားသည္။

ထို႔အျပင္ ၂၀၀၈ ဖြဲ႔စည္းပံု အေျခခံဥပေဒအား ျပန္လည္အသက္သြင္းရန္ အေကာင္အထည္ေဖာ္ေနသည့္ ျပည္ သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH မွ ခ်မွတ္လာမည့္ အုပ္ခ်ဳပ္ေရး အစီအမံမ်ားကို မိမိတို႔ ခ႐ိုင္နယ္ ေျမတြင္ လက္ခံမည္ မဟုတ္ပဲ နဂိုရွိထားသည့္ ေကာ္သူးေလ အုပ္ခ်ဳပ္မႈစံနစ္အတိုင္း စီမံေဆာင္ ရြက္သြားမည္ ဟု ဆိုသည္။

သို႔ေသာ္လည္း မိမိတို႔ ေကအဲန္ယူ- အုပ္ခ်ဳပ္နယ္ေျမ ျပင္ပေဒသတြင္ ၾကားကာလ အုပ္ခ်ဳပ္ေရး အျပင္ CRPH မွ လမ္းၫႊႊန္သည့္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္မ်ားကို အားေပးေထာက္ခံေၾကာင္းႏွင့္ လိုအပ္သည့္အုပ္ ခ်ဳပ္ေရး ဆိုင္ရာ အစီအမံမ်ား နယ္ေျမလံုျခံဳေရး ဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပညာေရး က်န္းမာေရး ဆိုင္ရာ စသည့္ ၀န္ ေဆာင္မႈ လုပ္ငန္းမ်ား အပါအ၀င္ မိမိတို႔ လိုအပ္သလို အတတ္ႏိုင္ဆံုး ဝိုင္း၀န္းကူညီပံ့ပိုး သြားမည္ျဖစ္သည္ ဟု ေျပာသည္။

ထို႔ေၾကာင့္ မိမိတို႔ ခ႐ိုင္အတြင္း အုပ္ခ်ဳပ္ေရး ကာကြယ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရး နဂိုရွိထားသည့္ ေကာ္သူး ေလ အုပ္ခ်ဳပ္ေရး စံနစ္အတိုင္း စီမံေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဖက္ဒရယ္ ဖြဲ႔စည္းပံု အေျခခံဥပေဒသစ္ တစ္ရပ္ ေပၚေပါက္လာသည့္အထိ ႀကိဳးပမ္းသြားမည္ ျဖစ္သည္ဟု KNU ခ႐ိုင္ အသီးသီးက ဆိုသည္။