မွန်ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးများ ခံဝန်ဖြင့် ပြန်လွှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ပြန်လွှတ်ပေးခဲ့သော်လည်း မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ဆက်လက်ထိန်းသိမ်းထားသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန် ကြီးအများစုတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာဝင်းတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက ဝန်ကြီးချုပ်ကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“နိုင်ငံရေးလှုပ်ရှားမှု တွေ ဆန္ဒပြတာတွေ လှုံ့ဆော်တာတွေမလုပ်ဖို့ ကတိခံဝန်ချက် လက်မှတ်ထိုးခိုင်းတယ်၊ ဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်ဆိုတာ ပါတယ်” ဟု ပြန်လွတ်လာသည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီး သီးက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုနှင့် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ အချို့တို့ကို ပြန်လွှတ်ပေးနေသော်လည်း နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ကို ဖမ်းဆီးခံထားရဆဲဖြစ်သည်။
တိုင်းနှင့် ပြည်နယ်အချို့က ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို တရားစွဲဆိုနေခြင်းလည်းရှိနေသည်။
*** ZAWGYI ***
မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠဌႏွင့္ ဝန္ႀကီးမ်ား ခံဝန္ျဖင့္ ျပန္လႊတ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၆ ရက္။
တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္းခံေနရသည့္ မြန္ျပည္နယ္လႊတ္ေတာ္ ဥကၠဌႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားကို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ ေန႔လည္ပိုင္းက ျပန္လႊတ္ေပးခဲ့ေသာ္လည္း မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ဆက္လက္ထိန္းသိမ္းထားသည္။
အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ နံနက္ပိုင္းတြင္ မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ အပါအဝင္ အစိုးရအဖြဲ႕ဝင္ ဝန္ ႀကီးအမ်ားစုတို႔ကို တပ္မေတာ္က ဖမ္းဆီးထိန္းသိမ္းခဲ့သည္။
ထိုေနာက္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားကို ျပန္လႊတ္ေပးခဲ့ၿပီး ျပည္နယ္အစိုးရဝန္ႀကီးအိမ္ရာဝင္းတြင္ ေနအိမ္ အက်ယ္ခ်ဳပ္ျဖင့္ ထိန္းသိမ္းခဲ့သည္။
ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ညက ဝန္ႀကီးခ်ဳပ္ကို ျပန္လည္ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။
“ႏိုင္ငံေရးလႈပ္ရွားမႈ ေတြ ဆႏၵျပတာေတြ လႈံ႕ေဆာ္တာေတြမလုပ္ဖို႔ ကတိခံဝန္ခ်က္ လက္မွတ္ထိုးခိုင္းတယ္၊ ေဖာက္ဖ်က္ရင္ တည္ဆဲဥပေဒနဲ႔ အေရးယူခံရမယ္ဆိုတာ ပါတယ္” ဟု ျပန္လြတ္လာသည့္ မြန္ျပည္နယ္အစိုးရ အဖြဲ႕ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္း က ေျပာသည္။
တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံေတာ္သမၼတ အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္ တိုင္းႏွင့္ ျပည္နယ္ အသီး သီးက ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးအမ်ားစုႏွင့္ NLD ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕တို႔ကို တပ္မေတာ္က ဖမ္းဆီးခဲ့သည္။
လက္ရွိတြင္ ဖမ္းဆီးခံထားရသူ အခ်ိဳ႕တို႔ကို ျပန္လႊတ္ေပးေနေသာ္လည္း ႏိုင္ငံေတာ္သမၼတ အတိုင္ပင္ခံပုဂၢိဳလ္ အပါအဝင္ NLD ထိပ္ပိုင္းေခါင္းေဆာင္အခ်ိဳ႕တို႔ကို ဖမ္းဆီးခံထားရဆဲျဖစ္သည္။
တိုင္းႏွင့္ ျပည္နယ္အခ်ိဳ႕က ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးအခ်ိဳ႕တို႔ကို တရားစြဲဆိုေနျခင္းလည္းရွိေနသည္။