အာဏာသိမ်းကောင်စီအား တရားမဝင်အဖွဲ့အဖြစ် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်။
လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခြင်းကို လုပ်ဆောင်နေသည့် စစ်တပ်နှင့်ရဲ တပ်ဖွဲ့များကို အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့အဖြစ်နှင့် အာဏာသိမ်းယူထားသည့် စစ်ကောင်စီအား တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်သည် ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ပြောဆိုလိုက်သည်။
မတ်လ ၂ ရက်နေ့ (ယနေ့)တွင် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ် ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “အရပ်သား အစိုးရထံမှ မတရားအာဏာသိမ်းယူထားသည့် စစ်ကောင်စီကို တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ်သည်။အကြမ်းမဖက်သည့် နည်းလမ်းများဖြင့် ဆန္ဒထုတ်ဖော်နေ သော တနိုင်ငံလုံးရှိ ပြည်သူလူထု အားလုံးကို စစ်လက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်း နှိမ်နင်းခြင်းကို ပြုလုပ်နေ သည့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အဖြစ် သတ်မှတ်သည်” ဟု ပြောဆိုထားသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အကြမ်းဖက် ခံနေရသည့် လူထုများကို ကာ ကွယ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ပေးရန် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီမှ ထုတ်ပြန်ချက် ထဲတွင် ထည့်သွင်း တောင်းဆိုထားသည်။
၎င်းတို့က “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ ပြည်သူများကို လက် နက်အားကိုးဖြင့် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်/ရဲတပ်ဖွဲ့များကို ပြန်လည်တုန့်ပြန်နိုင်ရန်အတွက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တပ်ပေါင်းစုအားဖြင့် ပြည်သူ၏ အသက်အန္တရာယ်များကို ကာ ကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားရန် တောင်းဆိုသည်” ဟု ပြောသည်။
ထို့အတူ တရားဝင် နိုင်ငံခေါင်းဆောင်များဖြစ်သော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်အပါအဝင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းအပြင် စစ်အာဏာ သိမ်းခြင်းမှုကို မလို လားသည့် ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို လက်နက်ဖြင့် အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းသည့် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီအား ပြည်ထောင် စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က အကြမ်းဖက် အဖွဲ့အ စည်း အဖြင့် သတ်မှတ်ကြောင်း မတ်လ ၁ ရက်နေ့ (ယမန်နေ့) ကလည်း ထုတ်ပြန် ကြေညာထားသည်။
တဖက်တွင်လည်း အာဏာသိမ်းကောင်စီဖြစ်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီအား စင်ပြိုင် အစိုးရကို ဖြိုခွင်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ပြည်သူလူထုများကို အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းနေသည့် အာ ဏာသိမ်းစစ်ကောင်စီအား မတရားအသင်းအဖြင့် သတ်မှတ်ကြေညာကြောင်း ကရင်လူငယ် ကွန်ရက်အဖွဲ့က လည်း ထုတ်ပြန်ထားသည်။
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီမှ ယနေ့ ထုတ်ပြန်ချက်ထဲတွင် အဆိုပါအချက်များအပါအဝင် အ ချက် ၅ ချက်ကို ထည့်သွင်းထုတ်ပြန်ထားပြီး တရားမဝင် အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီနှင့် အကြမ်းဖက် သောင်းကျန်းသူ စစ်တပ်/ရဲတပ်ဖွဲ့အား International Court Of Justice (ICJ) တွင် အရေးယူမည့်အပေါ် ထောက်ခံကြိုဆိုသည်ဟု ဆိုသည်။
လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ အနေဖြင့် အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် CDM နှင့် ပြည်သူ လူထုအားလုံး၏ အခန်းကဏ္ဍမှ အလွန်အရေးကြီးသောကြောင့် မိမိတို့ ကော်မတီမှာ CDM ကို အပြည့် အ၀ ထောက်ခံ အားပေးကြောင်းနှင့် အလုံးစုံ ကူညီနိုင်သည့်ဘက်မှ အလုံးစုံ ကူညီထောက်ပံ့နိုင်အောင် အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားမည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရားအာဏာသိမ်းခြင်းကို ၃ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှု ကာလတလျှောက်တွင်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသော ပြည်သူများကို စစ်လက်နက်များဖြင့် အကြမ်းဖက် နည်းလမ်းများ အသုံးပြု ဖြိုခွင်းခဲ့ရာ ယနေ့ အခင်းအကျင်းတွင်လည်း ၎င်းတို့ဘက်မှ စစ်လက် နက်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ရပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀၀၀ ကျော်ရှိပြီ ဖြစ်သည်ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီက ဆိုသည်။
*** ZAWGYI ***
အာဏာသိမ္းေကာင္စီအား တရားမဝင္အဖြဲ႔အျဖစ္ လူမ်ဳိးေပါင္းစံု အေထြေထြသပိတ္ေကာ္မတီက ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၂ ရက္။
လက္နက္ျဖင့္ အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္နင္းျခင္းကို လုပ္ေဆာင္ေနသည့္ စစ္တပ္ႏွင့္ရဲ တပ္ဖြဲ႔မ်ားကို အၾကမ္းဖက္ ေသာင္း က်န္းသူအဖြဲ႔အျဖစ္ႏွင့္ အာဏာသိမ္းယူထားသည့္ စစ္ေကာင္စီအား တရားမ၀င္ အဖြဲ႔အစည္းအျဖစ္ သတ္မွတ္လိုက္သည္ ဟု လူမ်ိဳးေပါင္းစံု အေထြေထြ သပိတ္ေကာ္မတီမွ ေျပာဆိုလိုက္သည္။
မတ္လ ၂ ရက္ေန႔ (ယေန႔)တြင္ လူမ်ိဳးေပါင္းစံု အေထြေထြ သပိတ္ေကာ္မတီမွ ထုတ္ျပန္ေျပာဆိုလိုက္ျခင္း ျဖစ္ ၿပီး ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ “အရပ္သား အစိုးရထံမွ မတရားအာဏာသိမ္းယူထားသည့္ စစ္ေကာင္စီကို တရားမ၀င္ အဖြဲ႔အစည္း အျဖစ္ သတ္မွတ္သည္။အၾကမ္းမဖက္သည့္ နည္းလမ္းမ်ားျဖင့္ ဆႏၵထုတ္ေဖာ္ေန ေသာ တႏိုင္ငံလံုးရွိ ျပည္သူလူထု အားလံုးကို စစ္လက္နက္ျဖင့္ အၾကမ္းဖက္ ၿဖိဳခြင္း ႏွိမ္နင္းျခင္းကို ျပဳလုပ္ေန သည့္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႔ကို အၾကမ္းဖက္ ေသာင္းက်န္းသူအဖြဲ႔အျဖစ္ သတ္မွတ္သည္” ဟု ေျပာဆိုထားသည္။
ထို႔အျပင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားကလည္း အၾကမ္းဖက္ ခံေနရသည့္ လူထုမ်ားကို ကာ ကြယ္ေပးႏိုင္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေပးရန္ လူမ်ိဳးေပါင္းစံု အေထြေထြ သပိတ္ေကာ္မတီမွ ထုတ္ျပန္ခ်က္ ထဲတြင္ ထည့္သြင္း ေတာင္းဆိုထားသည္။
၎တို႔က “ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနၾကသည့္ ျမန္မာျပည္ အနယ္နယ္ အရပ္ရပ္ရွိ ျပည္သူမ်ားကို လက္ နက္အားကိုးျဖင့္ အၾကမ္းဖက္ေနသည့္ ျမန္မာစစ္တပ္/ရဲတပ္ဖြဲ႔မ်ားကို ျပန္လည္တုန္႔ျပန္ႏိုင္ရန္အတြက္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားဘက္မွ တပ္ေပါင္းစုအားျဖင့္ ျပည္သူ၏ အသက္အႏၲရာယ္မ်ားကို ကာ ကြယ္ႏိုင္ရန္ ႀကိဳးစားေဆာင္ရြက္သြားရန္ ေတာင္းဆိုသည္” ဟု ေျပာသည္။
ထို႔အတူ တရား၀င္ ႏိုင္ငံေခါင္းေဆာင္မ်ားျဖစ္ေသာ သမၼတ ဦး၀င္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္အပါအ၀င္ တက္ႂကြလႈပ္ရွားသူမ်ားကို ဖမ္းဆီးျခင္းအျပင္ စစ္အာဏာ သိမ္းျခင္းမႈကို မလို လားသည့္ ျပည္သူမ်ား၏ ဆႏၵထုတ္ေဖာ္မႈကို လက္နက္ျဖင့္ အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္နင္းသည့္ ႏိုင္ငံေတာ္ စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအား ျပည္ေထာင္ စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က အၾကမ္းဖက္ အဖြဲ႔အ စည္း အျဖင့္ သတ္မွတ္ေၾကာင္း မတ္လ ၁ ရက္ေန႔ (ယမန္ေန႔) ကလည္း ထုတ္ျပန္ ေၾကညာထားသည္။
တဖက္တြင္လည္း အာဏာသိမ္းေကာင္စီျဖစ္ေသာ နိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီအား စင္ၿပိဳင္ အစိုးရကို ျဖိဳခြင္းသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကလည္း ျပည္သူလူထုမ်ားကို အၾကမ္းဖက္ ၿဖိဳခြင္းႏွိမ္နင္းေနသည့္ အာ ဏာသိမ္းစစ္ေကာင္စီအား မတရားအသင္းအျဖင့္ သတ္မွတ္ေၾကညာေၾကာင္း ကရင္လူငယ္ ကြန္ရက္အဖြဲ႔က လည္း ထုတ္ျပန္ထားသည္။
လူမ်ိဳးေပါင္းစံု အေထြေထြသပိတ္ေကာ္မတီမွ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ အဆိုပါအခ်က္မ်ားအပါအ၀င္ အ ခ်က္ ၅ ခ်က္ကို ထည့္သြင္းထုတ္ျပန္ထားၿပီး တရားမ၀င္ အဖြဲ႔အစည္းျဖစ္ေသာ စစ္ေကာင္စီႏွင့္ အၾကမ္းဖက္ ေသာင္းက်န္းသူ စစ္တပ္/ရဲတပ္ဖြဲ႔အား International Court Of Justice (ICJ) တြင္ အေရးယူမည့္အေပၚ ေထာက္ခံႀကိဳဆိုသည္ဟု ဆိုသည္။
လူမ်ိဳးေပါင္းစံု အေထြေထြ သပိတ္ေကာ္မတီ အေနျဖင့္ အာဏာရွင္ ဆန္႔က်င္လႈပ္ရွားမႈတြင္ CDM ႏွင့္ ျပည္သူ လူထုအားလံုး၏ အခန္းက႑မွ အလြန္အေရးႀကီးေသာေၾကာင့္ မိမိတို႔ ေကာ္မတီမွာ CDM ကို အျပည့္ အ၀ ေထာက္ခံ အားေပးေၾကာင္းႏွင့္ အလံုးစံု ကူညီႏိုင္သည့္ဘက္မွ အလံုးစံု ကူညီေထာက္ပံ့ႏိုင္ေအာင္ အစြမ္းကုန္ ဆက္လက္ ႀကိဳးပမ္းသြားမည္ဟု ေျပာသည္။
ျမန္မာႏိုင္ငံတြင္ စစ္တပ္မွ မတရားအာဏာသိမ္းျခင္းကို ၃ ႀကိမ္တိုင္တိုင္ လုပ္ေဆာင္ခဲ့ၿပီး စစ္အာဏာသိမ္းမႈ ကာလတေလွ်ာက္တြင္လည္း ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္လ်က္ရွိေသာ ျပည္သူမ်ားကို စစ္လက္နက္မ်ားျဖင့္ အၾကမ္းဖက္ နည္းလမ္းမ်ား အသံုးျပဳ ၿဖိဳခြင္းခဲ့ရာ ယေန႔ အခင္းအက်င္းတြင္လည္း ၎တို႔ဘက္မွ စစ္လက္ နက္ျဖင့္ ပစ္ခတ္မႈေၾကာင့္ အျပစ္မဲ့ျပည္သူ ၃၀ ၀န္းက်င္ ေသဆံုးခဲ့ရၿပီး မတရားဖမ္းဆီး ထိန္းသိမ္းခံရသူ ၁၀၀၀ ေက်ာ္ရွိၿပီ ျဖစ္သည္ဟု လူမ်ိဳးေပါင္းစံု အေထြေထြ သပိတ္ေကာ္မတီက ဆိုသည္။