နမ္မတူမြို့နယ်အတွင်း လက်နက်ကြီးကျ၊ အရပ်သားများ ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည် သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျခဲ့သည့် လက်နက်ပြီးကျည်ကြောင့် နမ္မတူမြို့နယ် မန်စံကျေးရွာက ဒေသခံ ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောငည်။

မန်စံကျေးရွာက ရပ်မိရပ်ဖတစ်ဦးက “၂၈ ရက်နေ့က ဖြစ်တာပါ။ လက်နက်ပြီးက ၇ လုံးလောက်တောင်မှ ရွာ ထဲကို ကျတာပါ။ လူတွေလည်းထိသွားတယ်။ ဒဏ်ရာရတဲ့လူတွေက အခု ဒီလားရှိုးဆေးရုံမှာပါ။ စစ်ဆေးရုံမှာ ပါ။ စိုးရိမ်ရတဲ့လူတွေလည်းပါတယ် အရမ်းစိုးရိမ်ရတာက ၂ ယောက်ပါ။ နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာ ရ တာတွေလည်းရှိတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲမှာ ရွာထဲတွင် ဖြစ်ပွားခြင်းမဟုတ် ဟုလည်း ဒေသခံများက ပြောသည်။

မန်စံကျေးရွာအနီးဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုများကြောင့် ရွာသားများ နမ္မတူမြို့ဘက်သို့ စစ်ဘေးရှောင်နေ ကြရသည်။

“ရွာထဲက ကျွဲ တွေလည်း ထိတယ်။ လက်နက်ကြီးထိပြီးသေသွားတာ။ ကျွဲက တစ်ကောင်၊ ဝက်က ၄-၅ ကောင် ရှိတယ် သေသွားတာ။ ခွေးလည်း ထိတာ ရှိတယ် သေသွားတယ်။ အိမ်မီးလောင်သွားတာလည်းရှိတယ်။ အိမ်ဆို တာက ရွာမှာ ပြောင်းဖူးတွေလှောင်ထားတဲ့ အိမ်ပေါ့ အဲ့ဒါမီးလောင်တယ်။ တချို့အိမ်တွေကတော့ လက်နက် ကြီးကျည်ဆမှန်တယ်။ တိုက်ပွဲက ၂၇ ရက်နေ့ကလည်း ဖြစ်တယ်၊ ၂၆ ရက်နေ့ကလည်း ဖြစ်တယ်။ ဆက်တိုက် ပွဲ ဒီရက်ပိုင်းဖြစ်တာ။ ရွာ ဘုန်းကြီးလည်း အရင်နေ့က ကျည်စထိသွားသေးတယ်။ သူကတော့ မစိုးရိမ်ရပါဘူး” ဟု မန်စံကျေးရွာက ဒေသခံတစ်ဦးက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက် ကလည်း မန်စံကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် မန်စံဘုရားကျောင်း ကို ကျည် ထိမှန်ခဲ့ပြီး၊ အဆိုပါကျောင်းမှ ကျောင်းထိုင်ဆရာတော် ကျည်စ ထိမှန်ခဲ့သည်ဟု မန်စံဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ လလယ်ခန့်က စတင်ပြီး တအန်းတပ်တော် PSLF/TNLA၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP/SSA ပူးပေါင်းတပ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA တို့အကြား နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွားအချို့တို့တွင်လည်း အဆိုပါတပ်များ အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသခံများ နေရပ်စွန့်ခွာ စစ်ဘေးတိန်းရှောင်နေရသည်မှာ ယနေ့အချိန်ထိ ဖြစ် သည်။

နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်အတွင်းက တအန်းတပ်တော် PSLF/TNLA၊ ရှမ်းပြည်တပ်မတော် (မြောက် ပိုင်း) SSPP/SSA နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA တို့အကြား ဖြစ်ပွားနေသည့် အဆိုပါ တိုက် ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါးခန့် စစ်ဘေးလွတ်ရာ နေရာများ သို့ ထွက်ပြေး နေရှောင်နေကြရပြီး စားနပ်ရိက္ခာများလည်း လိုအပ်နေသည်ဟု အကူအညီပေးသူများနှင့် ဒေသခံများက ပြော သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း တပ်မတော်မှ အာဏာသိမ်းပြီး ရက်ပေါင်း ၂၀ အကြာခန့်ကစတ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ် ပွားခဲ့ပြီး ယနေ့အချိန်ထိလည်း နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။

*** ZAWGYI ***
နမၼတူၿမိဳ႕နယ္အတြင္း လက္နက္ႀကီးက်၊ အရပ္သားမ်ား ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂ ရက္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ နမၼတူၿမိဳ႕နယ္အတြင္း လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေဒသခံ ျပည္ သူအခ်ိဳ႕ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ က်ခဲ့သည့္ လက္နက္ၿပီးက်ည္ေၾကာင့္ နမၼတူၿမိဳ႕နယ္ မန္စံေက်း႐ြာက ေဒသခံ ႐ြာသား ၆ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာငည္။

မန္စံေက်း႐ြာက ရပ္မိရပ္ဖတစ္ဦးက “၂၈ ရက္ေန႔က ျဖစ္တာပါ။ လက္နက္ၿပီးက ၇ လုံးေလာက္ေတာင္မွ ႐ြာ ထဲကို က်တာပါ။ လူေတြလည္းထိသြားတယ္။ ဒဏ္ရာရတဲ့လူေတြက အခု ဒီလားရႈိးေဆး႐ုံမွာပါ။ စစ္ေဆး႐ုံမွာ ပါ။ စိုးရိမ္ရတဲ့လူေတြလည္းပါတယ္ အရမ္းစိုးရိမ္ရတာက ၂ ေယာက္ပါ။ နည္းနည္းပါးပါး ထိခိုက္ဒဏ္ရာ ရ တာေတြလည္းရွိတယ္” ဟု ေျပာသည္။

အဆိုပါ တိုက္ပြဲမွာ ႐ြာထဲတြင္ ျဖစ္ပြားျခင္းမဟုတ္ ဟုလည္း ေဒသခံမ်ားက ေျပာသည္။

မန္စံေက်း႐ြာအနီးျဖစ္ပြားခဲ့သည့္ အဆိုပါ ပစ္ခတ္မႈမ်ားေၾကာင့္ ႐ြာသားမ်ား နမၼတူၿမိဳ႕ဘက္သို႔ စစ္ေဘးေရွာင္ေန ၾကရသည္။

“႐ြာထဲက ကြၽဲ ေတြလည္း ထိတယ္။ လက္နက္ႀကီးထိၿပီးေသသြားတာ။ ကြၽဲက တစ္ေကာင္၊ ဝက္က ၄-၅ ေကာင္ ရွိတယ္ ေသသြားတာ။ ေခြးလည္း ထိတာ ရွိတယ္ ေသသြားတယ္။ အိမ္မီးေလာင္သြားတာလည္းရွိတယ္။ အိမ္ဆို တာက ႐ြာမွာ ေျပာင္းဖူးေတြေလွာင္ထားတဲ့ အိမ္ေပါ့ အဲ့ဒါမီးေလာင္တယ္။ တခ်ိဳ႕အိမ္ေတြကေတာ့ လက္နက္ ႀကီးက်ည္ဆမွန္တယ္။ တိုက္ပြဲက ၂၇ ရက္ေန႔ကလည္း ျဖစ္တယ္၊ ၂၆ ရက္ေန႔ကလည္း ျဖစ္တယ္။ ဆက္တိုက္ ပြဲ ဒီရက္ပိုင္းျဖစ္တာ။ ႐ြာ ဘုန္းႀကီးလည္း အရင္ေန႔က က်ည္စထိသြားေသးတယ္။ သူကေတာ့ မစိုးရိမ္ရပါဘူး” ဟု မန္စံေက်း႐ြာက ေဒသခံတစ္ဦးက ဆက္ေျပာသည္။

ေဖေဖာ္ဝါရီ ၂၇ ရက္ ကလည္း မန္စံေက်း႐ြာအနီးျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ မန္စံဘုရားေက်ာင္း ကို က်ည္ ထိမွန္ခဲ့ၿပီး၊ အဆိုပါေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ က်ည္စ ထိမွန္ခဲ့သည္ဟု မန္စံေဒသခံမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ လလယ္ခန႔္က စတင္ၿပီး တအန္းတပ္ေတာ္ PSLF/TNLA၊ ရွမ္းျပည္တပ္မေတာ္ (ေျမာက္ပိုင္း) SSPP/SSA ပူးေပါင္းတပ္မ်ားႏွင့္ ရွမ္းျပည္တပ္မေတာ္ (ေတာင္ပိုင္း) RCSS/SSA တို႔အၾကား နမၼတူၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္း ျဖစ္သည္။

အလားတူ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္အတြင္းက ေက်း႐ြားအခ်ိဳ႕တို႔တြင္လည္း အဆိုပါတပ္မ်ား အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ရာ ေဒသခံမ်ား ေနရပ္စြန႔္ခြာ စစ္ေဘးတိန္းေရွာင္ေနရသည္မွာ ယေန႔အခ်ိန္ထိ ျဖစ္ သည္။

နမၼတူၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္းက တအန္းတပ္ေတာ္ PSLF/TNLA၊ ရွမ္းျပည္တပ္မေတာ္ (ေျမာက္ ပိုင္း) SSPP/SSA ႏွင့္ ရွမ္းျပည္တပ္မေတာ္ (ေတာင္ပိုင္း) RCSS/SSA တို႔အၾကား ျဖစ္ပြားေနသည့္ အဆိုပါ တိုက္ ပြဲမ်ား၊ စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ေဒသခံျပည္သူ ၂၀၀၀ နီးပါးခန႔္ စစ္ေဘးလြတ္ရာ ေနရာမ်ား သို႔ ထြက္ေျပး ေနေရွာင္ေနၾကရၿပီး စားနပ္ရိကၡာမ်ားလည္း လိုအပ္ေနသည္ဟု အကူအညီေပးသူမ်ားႏွင့္ ေဒသခံမ်ားက ေျပာ သည္။

ထို႔အျပင္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္အတြင္း တပ္မေတာ္မွ အာဏာသိမ္းၿပီး ရက္ေပါင္း ၂၀ အၾကာခန႔္ကစတ္ၿပီး ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ျပန္လည္ျဖစ္ ပြားခဲ့ၿပီး ယေန႔အခ်ိန္ထိလည္း ႏွစ္ဖက္ၾကား စစ္ေရးတင္းမာမႈမ်ား ရွိေနဆဲျဖစ္သည္။