အစိုးရ ဝန်ကြီးများ CRPH ခန့်အပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်။

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ခေတ္တပြည်ထောင်စု ဝန်ကြီးများကို ပြည်ထောင် စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ် တာဝန်ပေးအပ်လိုက်သည်။

ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ခန့်အပ်လိုက်သည့် ပြည်ထောင်စု ဝန်ကြီးများမှာ “ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားက စားဝန်ကြီးဌာန” တို့ ဖြစ်သည်။

တပ်မတော်မှ အာဏာသိမ်းယူပြီး တစ်လနှင့် နှစ်ရက်ပြည့်သည့် မတ်လ နှစ်ရက်နေ့ (ယနေ့) တွင် CRPH က ပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ (ယနေ့ ) ရက်စွဲဖြင့် CRPH က ထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အဆိုပါပုဂ္ဂိုလ် များအား ယှဉ်တွဲပါ ဝန်ကြီးဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည် ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် ယမန်နေ့က ထုတ်ပြန်သည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်ကောင်စီသည် အကြမ်း မဖက်နည်းဖြင့် အာဏာဖီဆန်ကြသော နိုင်ငံ့ဝန်ထမ်းများ၊ စစ်အာဏာ သိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြ ကြသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လက်နက်မဲ့ ပြည်သူများကို လမ်းမများပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဥပဒေမဲ့ ဖမ်း ဆီးခြင်း၊ ရာဇဝတ်သားများစေလွှတ်၍ ရပ်ရွာတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုအပေါ်တွင် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသား များအပေါ် အကြမ်းဖက် စစ်ကြေညာခြင်းဖြစ်သည်ဟု ထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူသည့်အခါတွင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ် စားလှယ် များကို ဖမ်းဆီးထားပြီးနောက် လူထုက ရွေး ချယ်တင်မြောက်ထားသည့် အစိုးရအဖွဲ့မှာလည်း ပျက်ပြယ်သွားပြီ ဟု အာဏာသိမ်းယူထားသည့် တပ်မတော် မှ ကြေညာခဲ့သည်။

သို့သော် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် NLD လွှတ်တော်ကိုယ်စား လှယ်များက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၏ လက်ရှိအချိန်အထိ သမ္မတမှာ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ဒေါ်ဆောင်ဆန်းစုကြည် ဖြစ် သည်ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

*** ZAWGYI ***
အစိုးရ ဝန္ႀကီးမ်ား CRPH ခန႔္အပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂ ရက္။

ႏိုင္ငံေတာ္အစိုးရ၏ လုပ္ငန္းတာဝန္မ်ားကို ေဆာင္ရြက္ႏိုင္ရန္ ေခတၱျပည္ေထာင္စု ၀န္ႀကီးမ်ားကို ျပည္ေထာင္ စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ခန္႔အပ္ တာ၀န္ေပးအပ္လိုက္သည္။

ျပည္ ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ခန္႔အပ္လိုက္သည့္ ျပည္ေထာင္စု ၀န္ႀကီးမ်ားမွာ “ေဒၚဇင္မာေအာင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဦးလြင္ကိုလတ္ သမၼတ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုအစိုးရ အဖြဲ႕ ႐ုံးဝန္ႀကီးဌာန၊ ဦးတင္ထြန္းႏိုင္ စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာန ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ေဒါက္တာေဇာ္ေဝစိုး အလုပ္ သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန က်န္းမာေရး ႏွင့္ အားက စားဝန္ႀကီးဌာန” တို႔ ျဖစ္သည္။

တပ္မေတာ္မွ အာဏာသိမ္းယူၿပီး တစ္လႏွင့္ ႏွစ္ရက္ျပည့္သည့္ မတ္လ ႏွစ္ရက္ေန႔ (ယေန႔) တြင္ CRPH က ျပည္ေထာင္စု ၀န္ႀကီးမ်ားကို ခန္႔အပ္ေၾကာင္း ေၾကညာလိုက္ျခင္းျဖစ္သည္။

မတ္လ ၂ ရက္ေန႔ (ယေန႔ ) ရက္စြဲျဖင့္ CRPH က ထုတ္ျပန္ထားၿပီး ထုတ္ျပန္ခ်က္ထဲတြင္ ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံေတာ္၏ တရားဝင္အစိုးရျဖစ္ေသာ သမၼတ ဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္တို႔ ဦးေဆာင္သည့္ ျပည္သူ႔အစိုးရအား စစ္အာဏာသိမ္းအုပ္စုက အဓမၼနည္းျဖင့္ ဖယ္ရွား၍ အာဏာသိမ္းယူထားသည္ျဖစ္ရာ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္ ျပည္ေထာင္စုဝန္ႀကီးမ်ားသည္ တာဝန္မ်ားကို ထမ္းေဆာင္ႏိုင္ရန္ အေျခအေန မရွိေသာေၾကာင့္ ႏိုင္ငံေတာ္အစိုးရ၏ လုပ္ငန္းတာဝန္မ်ားကို သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးမ်ား၏ကိုယ္စား ေဆာင္႐ြက္ရန္အလို႔ငွာ အဆိုပါပုဂၢိဳလ္ မ်ားအား ယွဥ္တြဲပါ ဝန္ႀကီးဌာန အသီးသီးတြင္ ေခတၱျပည္ေထာင္စုဝန္ႀကီးမ်ားအျဖစ္ ခန႔္အပ္တာဝန္ေပးလိုက္သည္ ဟု ဆိုသည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ၏ လုပ္ငန္းတာဝန္မ်ားကို ထိေရာက္စြာ ေဆာင္႐ြက္ရန္ အတြက္ သင့္ေလ်ာ္သည့္ ပုဂၢိဳလ္မ်ားအား လိုအပ္သလို ဆက္လက္ တာဝန္ေပးအပ္သြားမည္ ျဖစ္သည္ဟု CRPH ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ထု႔ိအျပင္ ယမန္ေန႔က ထုတ္ျပန္သည့္ CRPH ၏ ထုတ္ျပန္ခ်က္ထဲတြင္ အာဏာသိမ္းစစ္ေကာင္စီသည္ အၾကမ္း မဖက္နည္းျဖင့္ အာဏာဖီဆန္ၾကေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ စစ္အာဏာ သိမ္းမႈကို ၿငိမ္းခ်မ္းစြာ ကန႔္ကြက္ ဆႏၵျပ ၾကသူမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ ေခါင္းေဆာင္မ်ား၊ ရဟန္းသံဃာမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အပါအဝင္ လက္နက္မဲ့ ျပည္သူမ်ားကို လမ္းမမ်ားေပၚတြင္ ပစ္ခတ္သတ္ျဖတ္ျခင္း၊ ႐ိုက္ႏွက္ျခင္း၊ ဥပေဒမဲ့ ဖမ္း ဆီးျခင္း၊ ရာဇဝတ္သားမ်ားေစလႊတ္၍ ရပ္႐ြာတည္ၿငိမ္မႈႏွင့္ တရားဥပေဒစိုးမိုးမႈအေပၚတြင္ ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ေနျခင္းသည္ ႏိုင္ငံေတာ္ ႏွင့္ ႏိုင္ငံသူ ႏိုင္ငံသား မ်ားအေပၚ အၾကမ္းဖက္ စစ္ေၾကညာျခင္းျဖစ္သည္ဟု ထုတ္ျပန္ ထားသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က အာဏာသိမ္းယူသည့္အခါတြင္ ႏိုင္ငံေတာ္ သမၼတ၊ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အစိုးရအဖြဲ႔၀င္ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ျပည္နယ္ႏွင့္ တိုင္းေဒသအသီးသီးရွိ ၀န္ႀကီးမ်ားႏွင့္ လႊတ္ေတာ္ကိုယ္ စားလွယ္ မ်ားကို ဖမ္းဆီးထားၿပီးေနာက္ လူထုက ေရြး ခ်ယ္တင္ေျမာက္ထားသည့္ အစိုးရအဖြဲ႔မွာလည္း ပ်က္ျပယ္သြားၿပီ ဟု အာဏာသိမ္းယူထားသည့္ တပ္မေတာ္ မွ ေၾကညာခဲ့သည္။

သို႔ေသာ္ ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိထားသည့္ NLD လႊတ္ေတာ္ကိုယ္စား လွယ္မ်ားက ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို ဖြဲ႔စည္းခဲ့ၾကသည္။

ထို႔ေနာက္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ ၏ လက္ရွိအခ်ိန္အထိ သမၼတမွာ ဦး၀င္းျမင့္ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္မွာ ေဒၚေဆာင္ဆန္းစုၾကည္ ျဖစ္ သည္ဟု တရား၀င္ ထုတ္ျပန္ေၾကညာခဲ့သည္။