မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့အား တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်အေးဇံ နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကို နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရကြောင်း ပြည်နယ် NLD တာဝန်ရှိသူများက ပြောသည်။
ဝန်ကြီးချုပ်နှင့် ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို ပုဒ်မ ၅၀၅(က)ဖြင့်လည်းကောင်း၊ သထုံမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကို ၅၀၅(က)နှင့် ၅၀၅(ခ) ဖြင့်လည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက တရားစွဲထားသည်ဟု ပြောသည်။
ဝန်ကြီးချုပ်အား CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှတဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတို့တွင် ပါ ဝင်ခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။
“ကိုယ်စားလှယ်တွေက ဆန္ဒဖော်ထုတ်တဲ့ နေရာမှာ ပါဝင်လို့ အဲဒါကို ၅၀၅(က) တရားစွဲထားတယ်၊ ဖမ်းခံထားရ တာရှိတယ်၊ တချို့ကလည်း ရှောင်နေရတယ်။ ဝန်ကြီးချုပ်ကျတော့ ဖမ်းခံထိထားတယ်လေ သူ့ကိုလည်း တရား စွဲ ထားတယ်” ဟု မွန်ပြည်နယ် NLD ပါတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) စာထုတ်ပြန်ခဲ့သည့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်အားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်ကို လည်း ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲထားသည်။
လက်ရှိတွင် တရားစွဲခံထားရသူများအနက်မှ ဝန်ကြီးချုပ်နှင့် ဒေါ်မာမာခိုင်တို့ကို ဖမ်းဆီးခံထားရပြီး ကျန် လွှတ် တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်းမရှိပဲ တိမ်းရှောင်နေကြရသည်။
NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုဒ်မ ၅၀၅(က)(ခ) တို့သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်ကျခံရနိုင်ပြီး ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ချမှတ်ခံရနိုင် သည့် ပြစ်မှုများ ဖြစ်သည်။
*** ZAWGYI ***
မြန္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္ အခ်ိဳ႕အား တရားစြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃ ရက္။
မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္ေအးဇံ ႏွင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕တို႔ကို ႏိုင္ငံေတာ္အၾကည္ ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲခံထားရေၾကာင္း ျပည္နယ္ NLD တာဝန္ရွိသူမ်ားက ေျပာသည္။
ဝန္ႀကီးခ်ဳပ္ႏွင့္ ဘီးလင္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသီရိရတနာႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းတို႔ကို ပုဒ္မ ၅၀၅(က)ျဖင့္လည္းေကာင္း၊ သထုံၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚမာမာခိုင္ကို ၅၀၅(က)ႏွင့္ ၅၀၅(ခ) ျဖင့္လည္းေကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးက တရားစြဲထားသည္ဟု ေျပာသည္။
ဝန္ႀကီးခ်ဳပ္အား CDM တြင္ ပါဝင္သည့္ဝန္ထမ္းမ်ားႏွင့္ ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ video ျဖင့္ ေျပာၾကားခဲ့ျခင္းေၾကာင့္ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲတို႔တြင္ ပါ ဝင္ခဲ့ျခင္းေၾကာင့္ တရားစြဲဆိုျခင္းျဖစ္သည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။
“ကိုယ္စားလွယ္ေတြက ဆႏၵေဖာ္ထုတ္တဲ့ ေနရာမွာ ပါဝင္လို႔ အဲဒါကို ၅၀၅(က) တရားစြဲထားတယ္၊ ဖမ္းခံထားရ တာရွိတယ္၊ တခ်ိဳ႕ကလည္း ေရွာင္ေနရတယ္။ ဝန္ႀကီးခ်ဳပ္က်ေတာ့ ဖမ္းခံထိထားတယ္ေလ သူ႔ကိုလည္း တရား စြဲ ထားတယ္” ဟု မြန္ျပည္နယ္ NLD ပါတီက တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ထို႔အျပင္ ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ (ကိုယ္စား) စာထုတ္ျပန္ခဲ့သည့္ မြန္ျပည္နယ္အစိုးရ အဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္အားအရင္းအျမစ္ဝန္ႀကီး ဦးထြန္းမင္းေအာင္ကို လည္း ပုဒ္မ ၅၀၅(ခ) ျဖင့္ တရားစြဲထားသည္။
လက္ရွိတြင္ တရားစြဲခံထားရသူမ်ားအနက္မွ ဝန္ႀကီးခ်ဳပ္ႏွင့္ ေဒၚမာမာခိုင္တို႔ကို ဖမ္းဆီးခံထားရၿပီး က်န္ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား ဖမ္းဆီးခံထားရျခင္းမရွိပဲ တိမ္းေရွာင္ေနၾကရသည္။
NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တရားစြဲဆိုခံရၿပီး ဖမ္းဆီးမႈရွိလာျခင္းေၾကာင့္ လက္ရွိတြင္ NLD ပါတီဝင္ႏွင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။
ပုဒ္မ ၅၀၅(က)(ခ) တို႔သည္ အျမင့္ဆုံးေထာင္ဒဏ္ ၂ ႏွစ္က်ခံရႏိုင္ၿပီး ေထာင္ဒဏ္ေရာ၊ ေငြဒဏ္ပါ ခ်မွတ္ခံရႏိုင္ သည့္ ျပစ္မႈမ်ား ျဖစ္သည္။