အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့များ တရားမဝင်ကြောင်း ပြည်ထောင်စု အစိုးရ ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်။

အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့အစည်းများအားလုံးသည် တရားမဝင်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှ ထုတ်ပြန်ပြောဆိုလိုက်သည်။

မတ်လ ၃ ရက်(ယနေ့) တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ် မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ထဲတွင် “စစ်အာဏာသိမ်း အကြမ်းဖက်အုပ်စု၏ အုပ်ချုပ်ရေး အာဏာများသည် တရားဝင်မှုမရှိသဖြင့် ၎င်းက ခန့်အပ် ဖွဲ့စည်းသော အုပ်ချုပ်ရေး အဖွဲ့အစည်းအားလုံးကို တရားမဝင်ကြောင်း ကြေညာလိုက်သည်” ဟု ဆိုသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ က ဖေဖော်ဝါရီလ ၂၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်နှင့်အညီ ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ကို တရားဝင် ဒေသန္တရ အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးခွင့်ရှိသော အဖွဲ့များအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက အတည်ပြုလိုက်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရန် အ တွက် လိုက်နာလုပ်ဆောင်ရမည် လုပ်ငန်းစဉ်များကိုလည်း ခေတ္တပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်က ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

အဆိုပါ လုပ်ဆောင်ရမည့် အချက်များမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ ဖွဲ့စည်းရန် ကျန်ရှိနေသော ဒေသများ တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ၂၀၂၀၁ ခုနှစ် မတ်လ ၁၀ ရက်နေ့ နောက် ဆုံးထား၍ ဖွဲ့စည်းရန်၊ စစ်အာဏာသိမ်း အကြမ်းဖက် အုပ်စုက ခန့်အပ်သော အုပ်ချုပ်ရေးမှူးများ အပါအဝင် မည့်သည့် အုပ်ချုပ်ရေး အဖွဲ့အစည်း၏ အုပ်ချုပ်မှုကို လက်မခံဘဲ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အားလုံးကို ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များအနေဖြင့် ဒီမိုကရေစီလိုလားသော ရပ်မိရပ်ဖများ၊ Civil Disobedience Movement (CDM) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၏ ပေါင်းစပ်အင်အားဖြင့် လွှဲပြောင်း ရယူဆောင်ရွက်ကြ ရမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များသည် လတ်တလောကာလ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ် ပါ လုပ်ငန်းတာဝန်များကို စုပေါင်းအင်အား ဖြင့် ညီညွှတ်စွာ စီမံဆောင်ရွက် ကြရန်နှင့် အရေးအပေါ် ဆောင် ရွက်ရန် လိုအပ်သော လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနက ချိတ် ဆက်ညွှန်ကြားသွားမည်ဟု ပြောဆိုထားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော အမိန့်၊ အမိန့်ကြေညာစာနှင့် ညွှန်ကြားချက် များကို ဆက်လက် ထုတ်ပြန်သွားမည်ဟု သိရသည်။

မတ်လ ၃ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က နိုင်ငံတော် အစိုး ရ၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ ဝန်ကြီး ဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ခေတ္တပြည်ထောင်စုဝန်ကြီးများမှာ ဒေါ်ဇင်မာအောင် ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဦးလွင်ကိုလတ် ကို သမ္မတ ရုံးဝန်ကြီး ဌာန ပြည်ထောင်စုအစိုးရ အဖွဲ့ ရုံးဝန်ကြီးဌာန၊ ဦးတင်ထွန်းနိုင် ကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှု ဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာန၊ ဒေါက်တာဇော်ဝေစိုး ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန တို့ဖြစ်သည်။

CRPH မှ ခေတ္တပြည်ထောင်စု ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးအပ်လိုက်သည့် နောက်တစ်ရက် မတ်လ ၃ ရက်နေ့တွင် ခေတ္တပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အာဏာသိမ်း စစ်အုပ်စု၏ အုပ်ချုပ်ရေး အဖွဲ့အ စည်းများအားလုံးသည် တရားမဝင်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

*** ZAWGYI ***
အာဏာသိမ္း စစ္အုပ္စု၏ အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ား တရားမ၀င္ေၾကာင္း ျပည္ေထာင္စု အစိုးရ ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၃ ရက္။

အာဏာသိမ္း စစ္အုပ္စု၏ အုပ္ခ်ဳပ္ေရး အဖြဲ႔အစည္းမ်ားအားလံုးသည္ တရားမ၀င္ေၾကာင္း ျပည္ေထာင္စု အစိုးရ အဖြဲ႔ရံုးမွ ထုတ္ျပန္ေျပာဆိုလိုက္သည္။

မတ္လ ၃ ရက္(ယေန႔) တြင္ ျပည္ေထာင္စု အစိုးရအဖြဲ႕ရံုးမွ ေခတၱျပည္ေထာင္စု ၀န္ႀကီး ဦးလြင္ကိုလတ္ မွ ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္ထဲတြင္ “စစ္အာဏာသိမ္း အၾကမ္းဖက္အုပ္စု၏ အုပ္ခ်ဳပ္ေရး အာဏာမ်ားသည္ တရား၀င္မႈမရွိသျဖင့္ ၎က ခန္႔အပ္ ဖြဲ႔စည္းေသာ အုပ္ခ်ဳပ္ေရး အဖြဲ႔အစည္းအားလံုးကို တရားမ၀င္ေၾကာင္း ေၾကညာလိုက္သည္” ဟု ဆိုသည္။

ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ က ေဖေဖာ္ဝါရီလ ၂၂ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့ေသာ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္ႏွင့္အညီ ဖြဲ႔စည္းထားေသာ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ား ကို တရား၀င္ ေဒသႏၲရ အုပ္ခ်ဳပ္ေရး အာဏာကို က်င့္သံုးခြင့္ရွိေသာ အဖြဲ႔မ်ားအျဖစ္ ျပည္ေထာင္စု အစိုးရအဖြဲ႔ရံုး ၀န္ႀကီးဌာနက အတည္ျပဳလိုက္သည္ဟုလည္း ထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။

ႏိုင္ငံေတာ္အတြင္း တရားဥပေဒစိုးမိုးေရးႏွင့္ ေဒသႏၲရအုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေဆာင္ရြက္ရန္ အ တြက္ လိုက္နာလုပ္ေဆာင္ရမည္ လုပ္ငန္းစဥ္မ်ားကိုလည္း ေခတၱျပည္ေထာင္စု ၀န္ႀကီး ဦးလြင္ကိုလတ္က ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

အဆိုပါ လုပ္ေဆာင္ရမည့္ အခ်က္မ်ားမွာ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ား ဖြဲ႔စည္းရန္ က်န္ရွိေနေသာ ေဒသမ်ား တြင္ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ားကို ၂၀၂၀၁ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔ ေနာက္ ဆံုးထား၍ ဖြဲ႔စည္းရန္၊ စစ္အာဏာသိမ္း အၾကမ္းဖက္ အုပ္စုက ခန္႔အပ္ေသာ အုပ္ခ်ဳပ္ေရးမႉးမ်ား အပါအ၀င္ မည့္သည့္ အုပ္ခ်ဳပ္ေရး အဖြဲ႔အစည္း၏ အုပ္ခ်ဳပ္မႈကို လက္မခံဘဲ ေဒသႏၲရ အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ား အားလံုးကို ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ားအေနျဖင့္ ဒီမိုကေရစီလိုလားေသာ ရပ္မိရပ္ဖမ်ား၊ Civil Disobedience Movement (CDM) တြင္ ပါ၀င္ေသာ ႏိုင္ငံ့၀န္ထမ္းမ်ား၏ ေပါင္းစပ္အင္အားျဖင့္ လႊဲေျပာင္း ရယူေဆာင္ရြက္ၾက ရမည္ဟု ေဖာ္ျပထားသည္။

ထို႔အျပင္ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ားသည္ လတ္တေလာကာလ ၾကားကာလ ျပည္သူ႔အုပ္ခ်ဳပ္ေရး အစီအစဥ္ ပါ လုပ္ငန္းတာ၀န္မ်ားကို စုေပါင္းအင္အား ျဖင့္ ညီၫႊတ္စြာ စီမံေဆာင္ရြက္ ၾကရန္ႏွင့္ အေရးအေပၚ ေဆာင္ ရြက္ရန္ လိုအပ္ေသာ လုပ္ငန္းေဆာင္တာမ်ားႏွင့္ စပ္လ်ဥ္း၍ ျပည္ေထာင္စု အစိုးရ အဖြဲ႔ရံုး၀န္ႀကီးဌာနက ခ်ိတ္ ဆက္ၫႊန္ၾကားသြားမည္ဟု ေျပာဆိုထားသည္။

ျပည္ေထာင္စု အစိုးရအဖြဲ႔ ရံုး၀န္ႀကီးဌာနအေနျဖင့္ လိုအပ္ေသာ အမိန္႔၊ အမိန္႔ေၾကညာစာႏွင့္ ၫႊန္ၾကားခ်က္ မ်ားကို ဆက္လက္ ထုတ္ျပန္သြားမည္ဟု သိရသည္။

မတ္လ ၃ ရက္ေန႔ (ယမန္ေန႔) က ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ႏိုင္ငံေတာ္ အစိုး ရ၏ လုပ္ငန္းတာဝန္မ်ားကို သက္ဆိုင္ရာ ျပည္ေထာင္စုဝန္ႀကီးမ်ား၏ကိုယ္စား ေဆာင္႐ြက္ရန္အလို႔ငွာ ဝန္ႀကီး ဌာန အသီးသီးတြင္ ေခတၱျပည္ေထာင္စုဝန္ႀကီးမ်ားကို ခန္႔အပ္တာ၀န္ေပးအပ္ခဲ့သည္။

ေခတၱျပည္ေထာင္စု၀န္ႀကီးမ်ားမွာ ေဒၚဇင္မာေအာင္ ကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ဦးလြင္ကိုလတ္ ကို သမၼတ ႐ုံးဝန္ႀကီး ဌာန ျပည္ေထာင္စုအစိုးရ အဖြဲ႕ ႐ုံးဝန္ႀကီးဌာန၊ ဦးတင္ထြန္းႏိုင္ ကို စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈ ဝန္ႀကီးဌာန၊ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ ေရး ဝန္ႀကီးဌာန၊ ေဒါက္တာေဇာ္ေဝစိုး ကို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီး ဌာန က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန တို႔ျဖစ္သည္။

CRPH မွ ေခတၱျပည္ေထာင္စု ၀န္ႀကီးမ်ားကို ခန္႔အပ္တာ၀န္ေပးအပ္လိုက္သည့္ ေနာက္တစ္ရက္ မတ္လ ၃ ရက္ေန႔တြင္ ေခတၱျပည္ေထာင္စု၀န္ႀကီး ဦးလြင္ကိုလတ္က အာဏာသိမ္း စစ္အုပ္စု၏ အုပ္ခ်ဳပ္ေရး အဖြဲ႔အ စည္းမ်ားအားလံုးသည္ တရားမ၀င္ေၾကာင္း ထုတ္ျပန္ေျပာဆိုလိုက္ျခင္းျဖစ္သည္။