အာဏာသိမ်းကောင်စီ၏ သတ်ဖြတ်မှုများကို KNU က ရှုတ်ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်။
အာဏာသိမ်းစစ်ကောင်စီ က ငြိမ်းချမ်းစွာ ဆန္ဒပြကြသည့် ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိ စေခြင်းများကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။
ယမန်နေ့က ဖြစ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြ ကြသူများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချသည်ဟု KNU က ထုတ်ပြန်လိုက်သည်။
KNU ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် “မနေ့က လှိုင်သာယာနှင့် အခြားနေရာများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြ သူများကို သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရစေခြင်းအား ပြုလုပ်သည်များကို KNU မှ ပြင်းထန်စွာ ပြစ်တင် ရှုတ်ချပါသည်။ KNU သည် လက်ရှိအနေကို အနီးကပ်စောင့်ကြည့်ပြီး အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ အား အကန့်အသတ်ဖြင့် ထိန်းချုပ်ရန် တိုက်တွန်းသည်” ဟု ရေးသားထားသည်။
ထို့အပြင် “ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ အကြမ်းဖက်မှုများကို လက်မခံနိုင်ပါ” ဟုလည်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
KNU အနေဖြင့် တိုင်းပြည်၏ နိုင်ငံရေးစနစ်ပြောင်းလဲမှုနှင့် ၎င်းတို့၏ အခွင့်အရေးများကို ဆန္ဒပြပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေခြင်းများကို KNU က အပြည့်အဝထောက်ခံသည်ဟု ပြောသည်။
အဓိက ရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးကိစ္စရပ်များကို အာရုံမလွှဲကြစေရန်လည်း KNU က ဆန္ဒပြပြည်သူများကို တောင်းဆိုထားသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရင်း ကျဆုံးသွားကြသည့် လူငယ်များနင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အတွက်လည်း မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း KNU က ပြောသည်။
အလားတူ KNU အနေဖြင့် “ဖက်ဒရယ် ဒီမိုကရေစီ ရရှိသည်အထိ အတူတကွ တိုက်ပွဲဝင်သွားမည်ဟု ပြောကြား လိုပါသည်” ဟုလည်း မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် ပြောဆိုထား သည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ခရိုင်များကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်လာ မည့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ထုတ်ပြန်ပြောဆိုထားသည်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၂ တောင်ငူခရိုင်၊ တပ်မဟာ ၅ ဖာပွန်(မူတြော်ခရိုင်) နှင့် တပ်မ ဟာ ၆ ဒူးပလာယာခရိုင် မှ တာဝန်ရှိများက ထုတ်ပြန်ပြောဆိုထားခြင်း ဖြစ်သည်။
KNU ခရိုင်များအတွင်း အုပ်ချုပ်ရေး ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး နဂိုရှိထားသည့် ကော်သူးလေ အုပ်ချုပ် ရေး စံနစ်အတိုင်း စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တစ်ရပ် ပေါ်ပေါက်လာ သည့်အထိ ကြိုးပမ်းသွားမည် ဖြစ်သည်ဟု KNU ခရိုင် အသီးသီးက ပြောဆိုထားသည်။
ZAWGYI
အာဏာသိမ္းေကာင္စီ၏ သတ္ျဖတ္မႈမ်ားကို KNU က ရႈတ္ခ်
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၅ ရက္။
အာဏာသိမ္းစစ္ေကာင္စီ က ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကသည့္ ျပည္သူမ်ားကို သတ္ျဖတ္ျခင္းႏွင့္ ထိခိုက္ဒဏ္ရာ ရရွိ ေစျခင္းမ်ားကို ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) က ထုတ္ျပန္လိုက္သည္။
ယမန္ေန႔က ျဖစ္ခဲ့သည့္ ၿငိမ္းခ်မ္းစြာ ဆႏၵျပ ၾကသူမ်ား သတ္ျဖတ္ခံရျခင္းႏွင့္ ထိခိုက္ဒဏ္ရာ ရရွိခဲ့သည့္အတြက္ အာဏာသိမ္းစစ္ေကာင္စီ၏ လုပ္ရပ္ကို ျပင္းထန္စြာ ရႈတ္ခ်သည္ဟု KNU က ထုတ္ျပန္လိုက္သည္။
KNU ၏ ယေန႔ ထုတ္ျပန္ခ်က္ထဲတြင္ “မေန႔က လႈိင္သာယာႏွင့္ အျခားေနရာမ်ားတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾက သူမ်ားကို သတ္ျဖတ္ျခင္းႏွင့္ ထိခိုက္ဒဏ္ရာ ရေစျခင္းအား ျပဳလုပ္သည္မ်ားကို KNU မွ ျပင္းထန္စြာ ျပစ္တင္ ရႈတ္ခ်ပါသည္။ KNU သည္ လက္ရွိအေနကို အနီးကပ္ေစာင့္ၾကည့္ၿပီး အာဏာသိမ္းစစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား အား အကန႔္အသတ္ျဖင့္ ထိန္းခ်ဳပ္ရန္ တိုက္တြန္းသည္” ဟု ေရးသားထားသည္။
ထို႔အျပင္ “ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ားကို အာဏာသိမ္းစစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား၏ အၾကမ္းဖက္မႈမ်ားကို လက္မခံႏိုင္ပါ” ဟုလည္း အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။
KNU အေနျဖင့္ တိုင္းျပည္၏ ႏိုင္ငံေရးစနစ္ေျပာင္းလဲမႈႏွင့္ ၎တို႔၏ အခြင့္အေရးမ်ားကို ဆႏၵျပျပည္သူမ်ား အေနျဖင့္ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနျခင္းမ်ားကို KNU က အျပည့္အဝေထာက္ခံသည္ဟု ေျပာသည္။
အဓိက ရည္မွန္းခ်က္ျဖစ္သည့္ စစ္အာဏာရွင္အဆုံးသတ္ေရးႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ ေဆာက္ေရးကိစၥရပ္မ်ားကို အာ႐ုံမလႊဲၾကေစရန္လည္း KNU က ဆႏၵျပျပည္သူမ်ားကို ေတာင္းဆိုထားသည္။
စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္ရင္း က်ဆုံးသြားၾကသည့္ လူငယ္မ်ားနင့္ လူပုဂၢိဳလ္တစ္ဦးခ်င္းစီ အတြက္လည္း မိသားစုမ်ားႏွင့္ထပ္တူ ဝမ္းနည္းေၾကာင္း KNU က ေျပာသည္။
အလားတူ KNU အေနျဖင့္ “ဖက္ဒရယ္ ဒီမိုကေရစီ ရရွိသည္အထိ အတူတကြ တိုက္ပြဲဝင္သြားမည္ဟု ေျပာၾကား လိုပါသည္” ဟုလည္း မတ္လ ၁၅ ရက္ေန႔ ထုတ္ျပန္လိုက္သည့္ အဆိုပါထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထား သည္။
ထို႔အျပင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ၏ ခ႐ိုင္မ်ားကလည္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ခ်မွတ္လာ မည့္ အုပ္ခ်ဳပ္ေရးဆိုင္ရာ ယႏၲရားမ်ားကို လုံးဝလက္ခံမည္ မဟုတ္ေၾကာင္း ေဖေဖာ္ဝါရီလ ေနာက္ဆုံးအပတ္က ထုတ္ျပန္ေျပာဆိုထားသည္။
ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၂ ေတာင္ငူခ႐ိုင္၊ တပ္မဟာ ၅ ဖာပြန္(မူေၾတာ္ခ႐ိုင္) ႏွင့္ တပ္မ ဟာ ၆ ဒူးပလာယာခ႐ိုင္ မွ တာဝန္ရွိမ်ားက ထုတ္ျပန္ေျပာဆိုထားျခင္း ျဖစ္သည္။
KNU ခ႐ိုင္မ်ားအတြင္း အုပ္ခ်ဳပ္ေရး ကာကြယ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရး နဂိုရွိထားသည့္ ေကာ္သူးေလ အုပ္ခ်ဳပ္ ေရး စံနစ္အတိုင္း စီမံေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒသစ္ တစ္ရပ္ ေပၚေပါက္လာ သည့္အထိ ႀကိဳးပမ္းသြားမည္ ျဖစ္သည္ဟု KNU ခ႐ိုင္ အသီးသီးက ေျပာဆိုထားသည္။