ကချင်ပြည်နယ်အနှံ့တိုက်ပွဲများ ဖြစ်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်။
ကချင်ပြည်နယ် မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် KIA နှင့် အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များအကြား ယနေ့ မတ်လ ၁၅ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ကချင်ပြည်နယ် အနောက်ပိုင်း တနိုင်းလီဒိုလမ်းမပေါ်ရှိ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာ အနီးရှိ ဌာနေပြည်သူ့စစ် စခန်းတစ်ခုဖြစ်သည့် စံပြပြည်သူ့စစ် စခန်း အား KIA က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
ထို့အပြင် ကချင်ပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၁) နယ်မြေအတွင်းရှိ မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် လည်း KIA တပ်ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။
အလားတူ ကချင်ပြည်နယ် တောင်ပိုင်းဒေသ ဖားကန့်ခရိုင် ကားမိုင်းမြို့နယ်၊ နမ့်ရှမ်ကျေးရွာ အနောက်ဘက်တွင်လည်း KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်းဖြစ်သည့် ရင်း ၄၄ နှင့် တပ်မတော် ခမရ ၃၈၁ တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်ဟုလည်း သိရသည်။
ရှဒူးဇွပ်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “မနက်ပိုင်းမှာ ဖြစ် တာပါ။ ဒီနေ့မနက်မှာ ဒီ KIA က လာပစ်တာပေါ့နော်။ အဲ့လိုပြောလို့ ရ တယ်။ မနက် အစောကြီးကနေ ဖြစ် တာ။ ဒီနေ့မနက် ၅ နာရီလောက်မှ ပြန်ငြိမ်သွားကြတာ။ လက်နက်ကြီး သံတွေလည်း ကြား တယ်။ ဒီတိုင်းပဲ ပစ်ကြတာပဲ။ အသံတွေကြားနေရတာ။ ရွာကနေ သေနတ်သံ၊ လက်နက် ကြီးသံတွေက ကြား နေရတာပဲ” ဟု ပြောသည်။
“တိုက်ပွဲကလည်း မနက် ၂ နာရီလောက်မှာဖြစ်တယ်။ သူတို့ဟာ သူတို့ အပြင်မှာဖြစ်ကြတယ်။ ရွာထဲမှာတော့ ဘာမှ ဖြစ်တာ မရှိဘူး။ ကျနော်တို့က တိုက်ပွဲအသံကြားတော့ အခြေအနေတော့ စောင့်ကြည့်ရတာပေါ့။ ထွက် ပြေးရမလား၊ ဘယ်လိုလုပ်ရမလဲနော်။ ဟိုး မနက် ၅ နာရီကျော်ကျော်လောက်ကြတော့ ပြန်ငြိမ်သွားတယ်။ ဘာသံမှ မကြားတော့ဘူး။”
ရှဒူးဇွပ်ကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်ရင်း ခလရ (၂၉၇) နှင့် ရှမ်းနီပြည်သူ့စစ်များ အခြေ စိုက်သည့်နေရာဖြစ်သည်။
အဆိုပါနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်ရင်း ၁၄ နှင့် နီးစပ်သည့် နေရာလည်း ဖြစ်သည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ယနေ့ နံနက်ပိုင်းတွင်လည်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် စစ်တပ်၏ ရဟတ်ယာဉ် ပျံဝဲ လျှက်ရှိသည်။
ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သာမက က ချင်ပြည်နယ်တွင်ပါ ယခုလ ၁၁ ရက်နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားနေသည်ဟု KIO/KIA က ပြောသည်။
*** ZAWGYI ***
ကခ်င္ျပည္နယ္အႏွံ႔တိုက္ပြဲမ်ား ျဖစ္
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၅ ရက္။
ကခ်င္ျပည္နယ္ ေျမာက္ပိုင္း၊ အေနာက္ပိုင္းႏွင့္ ေတာင္ပိုင္းေဒသမ်ားတြင္ KIA ႏွင့္ အာဏာသိမ္းစစ္အုပ္စု တပ္ဖြဲ႕မ်ားအၾကား ယေန႔ မတ္လ ၁၅ ရက္ေန႔တြင္ တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္။
ကခ်င္ျပည္နယ္ အေနာက္ပိုင္း တႏိုင္းလီဒိုလမ္းမေပၚရွိ ျပည္သူ႔စစ္တပ္စခန္းတစ္ခုကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က မတ္လ ၁၅ ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္တိုက္ခိုက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ လီဒိုလမ္းမေပၚရွိ ရွဒူးဇြပ္ေက်း႐ြာ အနီးရွိ ဌာေနျပည္သူ႔စစ္ စခန္းတစ္ခုျဖစ္သည့္ စံျပျပည္သူ႔စစ္ စခန္း အား KIA က ဝင္ေရာက္ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ ။
ထို႔အျပင္ ကခ်င္ျပည္နယ္ေျမာက္ပိုင္း KIA တပ္မဟာ (၁) နယ္ေျမအတြင္းရွိ ျမစ္ဆုံအထက္ဘက္၊ ဧရာဝတီျမစ္အေရွ႕ဘက္ျခမ္းတြင္ လည္း KIA တပ္ရင္း ၄ ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏ ခလရ ၁၄၂ တပ္ရင္းတို႔ အၾကား တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့သည္ဟု ေဒသခံအခ်ိဳ႕က ေျပာသည္။
အလားတူ ကခ်င္ျပည္နယ္ ေတာင္ပိုင္းေဒသ ဖားကန႔္ခ႐ိုင္ ကားမိုင္းၿမိဳ႕နယ္၊ နမ့္ရွမ္ေက်း႐ြာ အေနာက္ဘက္တြင္လည္း KIA တပ္မဟာ ၉ လက္ေအာက္ခံ တပ္ရင္းျဖစ္သည့္ ရင္း ၄၄ ႏွင့္ တပ္မေတာ္ ခမရ ၃၈၁ တပ္ဖြဲ႕တို႔အၾကား တိုက္ပြဲျဖစ္ပြားေနသည္ဟုလည္း သိရသည္။
ရွဒူးဇြပ္ေက်း႐ြာအနီးျဖစ္ပြားခဲ့သည့္ တိုက္ပြဲအေျခအေနႏွင့္ ပတ္သက္၍ ေဒသခံတစ္ဦးက “မနက္ပိုင္းမွာ ျဖစ္ တာပါ။ ဒီေန႔မနက္မွာ ဒီ KIA က လာပစ္တာေပါ့ေနာ္။ အဲ့လိုေျပာလို႔ ရ တယ္။ မနက္ အေစာႀကီးကေန ျဖစ္ တာ။ ဒီေန႔မနက္ ၅ နာရီေလာက္မွ ျပန္ၿငိမ္သြားၾကတာ။ လက္နက္ႀကီး သံေတြလည္း ၾကား တယ္။ ဒီတိုင္းပဲ ပစ္ၾကတာပဲ။ အသံေတြၾကားေနရတာ။ ႐ြာကေန ေသနတ္သံ၊ လက္နက္ ႀကီးသံေတြက ၾကား ေနရတာပဲ” ဟု ေျပာသည္။
“တိုက္ပြဲကလည္း မနက္ ၂ နာရီေလာက္မွာျဖစ္တယ္။ သူတို႔ဟာ သူတို႔ အျပင္မွာျဖစ္ၾကတယ္။ ႐ြာထဲမွာေတာ့ ဘာမွ ျဖစ္တာ မရွိဘူး။ က်ေနာ္တို႔က တိုက္ပြဲအသံၾကားေတာ့ အေျခအေနေတာ့ ေစာင့္ၾကည့္ရတာေပါ့။ ထြက္ ေျပးရမလား၊ ဘယ္လိုလုပ္ရမလဲေနာ္။ ဟိုး မနက္ ၅ နာရီေက်ာ္ေက်ာ္ေလာက္ၾကေတာ့ ျပန္ၿငိမ္သြားတယ္။ ဘာသံမွ မၾကားေတာ့ဘူး။”
ရွဒူးဇြပ္ေက်း႐ြာတြင္ အာဏာသိမ္း စစ္ေကာင္စီ၏ တပ္ရင္း ခလရ (၂၉၇) ႏွင့္ ရွမ္းနီျပည္သူ႔စစ္မ်ား အေျခ စိုက္သည့္ေနရာျဖစ္သည္။
အဆိုပါေနရာသည္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ၏ တပ္ရင္း ၁၄ ႏွင့္ နီးစပ္သည့္ ေနရာလည္း ျဖစ္သည္။
တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ၏ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကို ဆက္သြယ္ခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။
ယေန႔ နံနက္ပိုင္းတြင္လည္း ကခ်င္ျပည္နယ္၏ ၿမိဳ႕ေတာ္ ျမစ္ႀကီးနားတြင္ စစ္တပ္၏ ရဟတ္ယာဥ္ ပ်ံဝဲ လွ်က္ရွိသည္။
ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ တပ္မေတာ္တို႔ အၾကား ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ သာမက က ခ်င္ျပည္နယ္တြင္ပါ ယခုလ ၁၁ ရက္ေန႔ကစၿပီး တိုက္ပြဲမ်ား ျပင္းထန္စြာ ျပန္လည္ျဖစ္ပြားေနသည္ဟု KIO/KIA က ေျပာသည္။