ပြန်လည်ထွက်ပြေးလာသည့် ကချင် စစ်ရှောင်များ မူလ စစ်ရှောင်စခန်းများသို့ သွားခွင့်မရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်။
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ထဲက ကချင်စစ်ရှောင်များကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက မူလ IDPs စစ်ရှောင်စခန်းများကို ပြန်နေရန် ခွင့်မပြုကြောင်း စစ်ရှောင်များက ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်များအကြား ယမန်နေ့က စတင် ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် မြစ်ဆုံ တန်ဖဲကျေးရွာသို့ အင်ဂျန်းယန်မြို့နယ် ဂွေထော်ကျေးရွာ နှင့် တန် ဘောင်ကျေးရွာတို့က စစ်ရှောင်များကို တြီနတီနှင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်းများသို့ ပြန်ခွင့် မပြုဟု ပြော သည်။
“အခုစစ်ရှောင်က ဂွေထောင်က ၃၇ ယောက်၊ တန်ဘောင်ရွာက ၇၀ ကျော် အားလုံးတစ်ရာကျော်ပါပဲ။ မပခက ပြောတယ်တဲ့၊ ဘုရားကျောင်းက Father က ပြောပြတာက နဂိုပလနက စစ်ရှောင်စခန်းကို ပြန် မဝင် ခိုင်းဘူး ပေါ့။ တိုင်းမှူးက အကြောင်းကြားလာတယ်တဲ့ သူတို့အရင်က နေခဲ့တဲ့ စခန်းထဲကို မသွားခိုင်းဘူးပေါ့။ အခု ရောက်နေတဲ့နေရာမှာပဲ နေပါလို့ ပြောထားတယ်တဲ့။ ဂိတ်မှာ တားတာမျိုးတော့ မဟုတ်ဘူး” ဟု စစ်ရှောင်များ အား သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြောသည်။
မြစ်ဆုံတန်ဖရဲတွင် ခိုလှုံရောက်ရှိလာသည့် IDP များအား မပခတိုင်းမှူးက မူလ IDP စခန်းများသို့ ပြန်ခွင့် မပြု သည့်အတွက် စစ်ရှောင်များ နေရေးထိုင်ရေးနှင့် လုံခြုံရေးအတွက် အခက်အခဲရှိသည်ဟု စစ်ရှောင်များ က ပြော သည်။
“ကျနော်က အရင်ကလည်း စစ်ရှောင်ပဲ၊ တောင်ယာတွေဘာတွေ ခုတ်ဖို့ ရွာဟောင်းမှာပြန်နေတာပါ။ အခု က စစ်ပြန်ဖြစ်လာတော့ နေလို့မရလို့ ကိုယ့်အရင်က စစ်ရှောင်စခန်းကို ပြန်တာလေ၊ အခုက ပြန်ခွင့်မပြုဘူး ဆို တော့ ဒီမှာ အခက်အခဲဖြစ်တယ်။ အခုက တန်ဖဲဘုရားကျောင်းဝန်းထဲက အဆောင်မှာနေနေရတာပါ။ ကျနော် တို့က ရွာမှာလည်းမလုံခြုံဘူး၊ အဲ့စစ်ရှောင်စခန်းမှာလည်း နေလို့မရဘူး ဆိုတော့ ကျနော်တို့က စစ်ရှောင်မှာ လည်း စာရင်းကရှိတယ် အခုလည်းရှိသေးတယ်။ ကျနော်တို့က Camp မှာပဲ ရောက်အောင် သွားနေချင်တာပေါ့။”
ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံအထက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့်အတွက် စစ်ဘေးဒုက္ခ သည် များသည် ၎င်းတို့ခိုလှုံခဲ့သည့် ပလနရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ ပြန်လည် ခိုလှုံနေထိုင်ရန် ရွာဟောင်းမှ ပြန် ထွက်ပြေးလာခဲ့သော်လည်း မြောက်ပိုင်းတိုင်း တိုင်းမှူးက ခွင့်မပြုကြောင်း သတင်းရရှိသည်။
ထိုစစ်ဘေးရှောင်များမှာ ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့ဒေသအတွင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနား ပလန စစ်ဘေးဒုက္ခသည် စခန်းတွင် ခိုလှုံခဲ့သူများဖြစ်သည်။ ထို့နောက် ပြီးခဲ့ ၂၀၂၀ ခုနှစ်က ဖြစ်ပွားလာသည့် COVID-19 ကပ်ရောဂါကြောင့် နေထိုင်လုပ်ကိုင်စားသောက်ရေး အဆင်မပြေလာသည့်အတွက် မိသားစု စားဝတ်နေရေး အတွက် နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်နေသူများဖြစ်သည်ဟု ပြောသည်။
ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် KIA တပ်မဟာ (၁) တပ် ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား ယမန်နေ့ ညနေပိုင်းကစတင်၍ ယနေ့ အချိန်ထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု စစ်ရှောင်များက ပြောသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့မှ မိုင် ၂၀ ကျော် အကွာက တန်ဖဲကျေးရွာသို့ စစ်ဘေးတိန်းရှောင်လာကြခြင်း ဖြစ် သည်ဟု စစ်ရှောင်များ က ပြောသည်။
*** ZAWGYI ***
ျပန္လည္ထြက္ေျပးလာသည့္ ကခ်င္ စစ္ေရွာင္မ်ား မူလ စစ္ေရွာင္စခန္းမ်ားသို႔ သြားခြင့္မရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၇ ရက္။
ကခ်င္ျပည္နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္ထဲက ကခ်င္စစ္ေရွာင္မ်ားကို ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးက မူလ IDPs စစ္ေရွာင္စခန္းမ်ားကို ျပန္ေနရန္ ခြင့္မျပဳေၾကာင္း စစ္ေရွာင္မ်ားက ေျပာသည္။
ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္မ်ားအၾကား ယမန္ေန႔က စတင္ ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ ျမစ္ဆုံ တန္ဖဲေက်း႐ြာသို႔ အင္ဂ်န္းယန္ၿမိဳ႕နယ္ ေဂြေထာ္ေက်း႐ြာ ႏွင့္ တန္ ေဘာင္ေက်း႐ြာတို႔က စစ္ေရွာင္မ်ားကို ႀတီနတီႏွင့္ စိန႔္ဂ်ိဳးဇက္ စစ္ေရွာင္စခန္းမ်ားသို႔ ျပန္ခြင့္ မျပဳဟု ေျပာ သည္။
“အခုစစ္ေရွာင္က ေဂြေထာင္က ၃၇ ေယာက္၊ တန္ေဘာင္႐ြာက ၇၀ ေက်ာ္ အားလုံးတစ္ရာေက်ာ္ပါပဲ။ မပခက ေျပာတယ္တဲ့၊ ဘုရားေက်ာင္းက Father က ေျပာျပတာက နဂိုပလနက စစ္ေရွာင္စခန္းကို ျပန္ မဝင္ ခိုင္းဘူး ေပါ့။ တိုင္းမႉးက အေၾကာင္းၾကားလာတယ္တဲ့ သူတို႔အရင္က ေနခဲ့တဲ့ စခန္းထဲကို မသြားခိုင္းဘူးေပါ့။ အခု ေရာက္ေနတဲ့ေနရာမွာပဲ ေနပါလို႔ ေျပာထားတယ္တဲ့။ ဂိတ္မွာ တားတာမ်ိဳးေတာ့ မဟုတ္ဘူး” ဟု စစ္ေရွာင္မ်ား အား သြားေရာက္ကူညီခဲ့သူ တစ္ဦးက ေျပာသည္။
ျမစ္ဆုံတန္ဖရဲတြင္ ခိုလႈံေရာက္ရွိလာသည့္ IDP မ်ားအား မပခတိုင္းမႉးက မူလ IDP စခန္းမ်ားသို႔ ျပန္ခြင့္ မျပဳ သည့္အတြက္ စစ္ေရွာင္မ်ား ေနေရးထိုင္ေရးႏွင့္ လုံၿခဳံေရးအတြက္ အခက္အခဲရွိသည္ဟု စစ္ေရွာင္မ်ား က ေျပာ သည္။
“က်ေနာ္က အရင္ကလည္း စစ္ေရွာင္ပဲ၊ ေတာင္ယာေတြဘာေတြ ခုတ္ဖို႔ ႐ြာေဟာင္းမွာျပန္ေနတာပါ။ အခု က စစ္ျပန္ျဖစ္လာေတာ့ ေနလို႔မရလို႔ ကိုယ့္အရင္က စစ္ေရွာင္စခန္းကို ျပန္တာေလ၊ အခုက ျပန္ခြင့္မျပဳဘူး ဆို ေတာ့ ဒီမွာ အခက္အခဲျဖစ္တယ္။ အခုက တန္ဖဲဘုရားေက်ာင္းဝန္းထဲက အေဆာင္မွာေနေနရတာပါ။ က်ေနာ္ တို႔က ႐ြာမွာလည္းမလုံၿခဳံဘူး၊ အဲ့စစ္ေရွာင္စခန္းမွာလည္း ေနလို႔မရဘူး ဆိုေတာ့ က်ေနာ္တို႔က စစ္ေရွာင္မွာ လည္း စာရင္းကရွိတယ္ အခုလည္းရွိေသးတယ္။ က်ေနာ္တို႔က Camp မွာပဲ ေရာက္ေအာင္ သြားေနခ်င္ တာ ေပါ့။”
ကခ်င္ျပည္နယ္ ဧရာဝတီျမစ္ဆုံအထက္တြင္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာသည့္အတြက္ စစ္ေဘးဒုကၡ သည္ မ်ားသည္ ၎တို႔ခိုလႈံခဲ့သည့္ ပလနရွိ စစ္ေဘးဒုကၡသည္စခန္းမ်ားသို႔ ျပန္လည္ ခိုလႈံေနထိုင္ရန္ ႐ြာေဟာင္းမွ ျပန္ ထြက္ေျပးလာခဲ့ေသာ္လည္း ေျမာက္ပိုင္းတိုင္း တိုင္းမႉးက ခြင့္မျပဳေၾကာင္း သတင္းရရွိသည္။
ထိုစစ္ေဘးေရွာင္မ်ားမွာ ၂၀၁၈ ခုႏွစ္ကတည္းက ၎တို႔ေဒသအတြင္းက တိုက္ပြဲမ်ားေၾကာင့္ ျမစ္ႀကီးနား ပလန စစ္ေဘးဒုကၡသည္ စခန္းတြင္ ခိုလႈံခဲ့သူမ်ားျဖစ္သည္။ ထို႔ေနာက္ ၿပီးခဲ့ ၂၀၂၀ ခုႏွစ္က ျဖစ္ပြားလာသည့္ COVID-19 ကပ္ေရာဂါေၾကာင့္ ေနထိုင္လုပ္ကိုင္စားေသာက္ေရး အဆင္မေျပလာသည့္အတြက္ မိသားစု စားဝတ္ေနေရး အတြက္ ေနရပ္ျပန္ကာ ေတာင္ယာလုပ္ငန္းမ်ား သြားေရာက္ လုပ္ကိုင္ေနသူမ်ားျဖစ္သည္ဟု ေျပာသည္။
ကခ်င္ျပည္နယ္ေျမာက္ပိုင္း ျမစ္ဆုံအထက္ဘက္၊ ဧရာဝတီျမစ္အေရွ႕ဘက္ျခမ္းတြင္ KIA တပ္မဟာ (၁) တပ္ ရင္း ၄ ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏ ခလရ ၁၄၂ တပ္ရင္းတို႔ အၾကား ယမန္ေန႔ ညေနပိုင္းကစတင္၍ ယေန႔ အခ်ိန္ထိ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။
ထို႔ေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕မွ မိုင္ ၂၀ ေက်ာ္ အကြာက တန္ဖဲေက်း႐ြာသို႔ စစ္ေဘးတိန္းေရွာင္လာၾကျခင္း ျဖစ္ သည္ဟု စစ္ေရွာင္မ်ား က ေျပာသည္။