ကချင်တကျော့ပြန် စစ်ရှောင်များ မူလ စစ်ရှောင်စခန်းတွင် နေခွင့်ရပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်။

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်ထဲက ကချင်စစ်ရှောင်များ မူလနေရပ် စစ်ရှောင်စခန်းများသို့ ပြန်နေထိုင်ခွင့်ရ ပြီဟု စစ်ရှောင်များက ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက မူလ IDPs စစ်ရှောင်စခန်းများကို ပြန်နေရန် ခွင့်မပြုခဲ့သည့်အတွက် ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ရာ ယမန်နေ့ ည ၁၀ ခွဲ အချိန်ခန့်က ပြန် လည်ဝင်ရောက်နေထိုင်ခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်ရှောင်တစ်ဦး “ဟုတ်ကဲ့ ကျနော်တို့ ဒီစစ်ရှောင်စခန်းတွေကို မနေ့ည ၁၀ နာရီနောက်ပိုင်းလောက်မှာ ပြန်ရောက် တာ ပေါ့နော်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ညှိနှိုင်းပေးလို့ ပြန်နေထိုင်ခွင့်ရတာပါ” ဟု ပြောသည်။

စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကလည်း “PCG က လူကြီးတွေနဲ့ ကချင်ပြည်နယ် ညှိနှိုင်းရေး ကော်မတီလား အဲ့ဒါ ဒီ ဦးဖောင်လားဂမ်ဖန်တို့ကရောပေါ့ သူတို့က ညှိနှိုင်းပေးလို့ ပြန်လို့ရခဲ့တာပါ။ သက်ဆိုင်ရာကို ပြန်ညှိပေးတာမျိုးပေါ့။ အဲ့ဒါကြောင့် အခုအကုန်လုံး စစ်ရှောင်စခန်းကို ပြန်ရောက်နေပါပြီ။ ပလန စိန့်ဂျိုးဇက် စစ် ရှောင်စခန်းနဲ့ ပလန တြီနတီစစ်ရှောင်စခန်းတွေမှာ ပြန်နေနေကြပါပြီ။ အခုစစ်ရှောင်က ၁၉၈ ယောက် ရှိတယ်လို့ စာရင်းရထားတယ်” ဟု ဆက်ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်တို့အကြား မတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် အင်ဂျန်းယန်မြို့နယ်အတွင်း က ဂွေထောင်၊ တန်ဘောင်ယန်၊ ပစီဇွပ် နှင့် ဆနီတူယန်ကျေးရွာတို့မှ ရွာသား ၂၀၀ နီးပါးခန့် စစ်ရှောင်စခန်းများသို့ ပြန်လာကြခြင်း ဖြစ်သည်။

“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မနေ့ညကတော့ ၁၁ နာရီ၊ ၁၂ နာရီအထိ တိုက်ပွဲတွေဖြစ်နေတယ်။ ဒီမနက်တော့ ဖုန်း မရသေးတော့မသိသေးဘူး။ ဒါပေမယ့် ဒီမနက်မှာပဲ ရွာမှာကျန်ခဲ့တဲ့လူတွေလည်း တန်ဖဲကို ပြန်ရောက်လာကြဗျ။ တိုက်ပွဲက ဂွေထောင်မှာ ဖြစ်နေတာပါ။ အခုက အခြေအနေက ဆိုးလာလို့ ကျန်ခဲ့တဲ့လူတွေလည်း အကုန်ပြန်လာကြ တာလို့ ပြောတယ်” ဟု စစ်ရှောင်တစ်ဦး က ပြောသည်။

အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာက စစ်ရှောင် ၂၀၀ နီးပါးမှာ ယမန်နေ့ည ၁၀ ခွဲ အချိန်ခန့်ကစပြီး ပလန ကျေးရွာအုပ်စုအတွင်းက တြီနတီနှင့် စိန့်ဂျိုးဇက် စစ်ရှောင်စခန်းများသို့ ပြန်ရောက်လာကြခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ၂၀၁၈ ခုနှစ်ကတည်းက ၎င်းတို့ဒေသအတွင်းက တိုက်ပွဲများကြောင့် မြစ်ကြီးနား ပလန ကျေးရွာအုပ်စုအတွင်းက စစ်ဘေးဒုက္ခသည် စခန်းနှစ်ခုတွင် ခိုလှုံခဲ့သူများဖြစ်သည်။ ထို့နောက် ပြီးခဲ့ ၂၀၂၀ ခုနှစ်က ဖြစ်ပွားလာသည့် COVID-19 ကပ်ရောဂါကြောင့် နေထိုင်လုပ်ကိုင်စားသောက်ရေး အဆင်မပြေလာသည့်အတွက် မိသားစု စားဝတ်နေရေး အတွက် နေရပ်ပြန်ကာ တောင်ယာလုပ်ငန်းများ သွားရောက် လုပ်ကိုင်နေသူများဖြစ်သည်။

မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက စတင်ပြီး ကချင်ပြည်နယ်မြောက်ပိုင်း မြစ်ဆုံအထက်ဘက်၊ ဧရာဝတီမြစ်အရှေ့ ဘက်ခြမ်းတွင် KIA တပ်မဟာ (၁) တပ် ရင်း ၄ နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းတို့ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်အတွက် ထပ်မံစစ်ရှောင်လာကြသူများ ဖြစ်ကြသည်။

ယခုစစ်ရှောင်လာကြသူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် လသားအရွယ် ကလေးငယ်များလည်း ပါဝင်သည်။

*** ZAWGYI ***
ကခ်င္တေက်ာ့ျပန္ စစ္ေရွာင္မ်ား မူလ စစ္ေရွာင္စခန္းတြင္ ေနခြင့္ရၿပီ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၇ ရက္။

ကခ်င္ျပည္နယ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္ထဲက ကခ်င္စစ္ေရွာင္မ်ား မူလေနရပ္ စစ္ေရွာင္စခန္းမ်ားသို႔ ျပန္ေနထိုင္ခြင့္ရ ၿပီဟု စစ္ေရွာင္မ်ားက ေျပာသည္။

ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးက မူလ IDPs စစ္ေရွာင္စခန္းမ်ားကို ျပန္ေနရန္ ခြင့္မျပဳခဲ့သည့္အတြက္ ကခ်င္ ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္ PCG ၏ ၾကားဝင္ေစ့စပ္ညႇိႏႈိင္းေပးခဲ့ရာ ယမန္ေန႔ ည ၁၀ ခြဲ အခ်ိန္ခန႔္က ျပန္ လည္ဝင္ေရာက္ေနထိုင္ခြင့္ ရခဲ့ျခင္း ျဖစ္သည္ဟု ေျပာသည္။

စစ္ေရွာင္တစ္ဦး “ဟုတ္ကဲ့ က်ေနာ္တို႔ ဒီစစ္ေရွာင္စခန္းေတြကို မေန႔ည ၁၀ နာရီေနာက္ပိုင္းေလာက္မွာ ျပန္ေရာက္ တာ ေပါ့ေနာ္။ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက ညႇိႏႈိင္းေပးလို႔ ျပန္ေနထိုင္ခြင့္ရတာပါ” ဟု ေျပာသည္။

စစ္ေရွာင္မ်ားအား ကူညီေဆာင္႐ြက္ေပးေနသူ တစ္ဦးကလည္း “PCG က လူႀကီးေတြနဲ႔ ကခ်င္ျပည္နယ္ ညႇိႏႈိင္းေရး ေကာ္မတီလား အဲ့ဒါ ဒီ ဦးေဖာင္လားဂမ္ဖန္တို႔ကေရာေပါ့ သူတို႔က ညႇိႏႈိင္းေပးလို႔ ျပန္လို႔ရခဲ့တာပါ။ သက္ဆိုင္ရာကို ျပန္ညႇိေပးတာမ်ိဳးေပါ့။ အဲ့ဒါေၾကာင့္ အခုအကုန္လုံး စစ္ေရွာင္စခန္းကို ျပန္ေရာက္ေနပါၿပီ။ ပလန စိန႔္ဂ်ိဳးဇက္ စစ္ ေရွာင္စခန္းနဲ႔ ပလန ႀတီနတီစစ္ေရွာင္စခန္းေတြမွာ ျပန္ေနေနၾကပါၿပီ။ အခုစစ္ေရွာင္က ၁၉၈ ေယာက္ ရွိတယ္လို႔ စာရင္းရထားတယ္” ဟု ဆက္ေျပာသည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္တို႔အၾကား မတ္လ ၁၅ ရက္ေန႔က စတင္ျဖစ္ပြားလာသည့္ တိုက္ပြဲမ်ားေၾကာင့္ အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္း က ေဂြေထာင္၊ တန္ေဘာင္ယန္၊ ပစီဇြပ္ ႏွင့္ ဆနီတူယန္ေက်း႐ြာတို႔မွ ႐ြာသား ၂၀၀ နီးပါးခန႔္ စစ္ေရွာင္စခန္းမ်ားသို႔ ျပန္လာၾကျခင္း ျဖစ္သည္။

“တိုက္ပြဲက ဆက္ျဖစ္ေနတယ္။ မေန႔ညကေတာ့ ၁၁ နာရီ၊ ၁၂ နာရီအထိ တိုက္ပြဲေတြျဖစ္ေနတယ္။ ဒီမနက္ေတာ့ ဖုန္း မရေသးေတာ့မသိေသးဘူး။ ဒါေပမယ့္ ဒီမနက္မွာပဲ ႐ြာမွာက်န္ခဲ့တဲ့လူေတြလည္း တန္ဖဲကို ျပန္ေရာက္လာၾကဗ်။ တိုက္ပြဲက ေဂြေထာင္မွာ ျဖစ္ေနတာပါ။ အခုက အေျခအေနက ဆိုးလာလို႔ က်န္ခဲ့တဲ့လူေတြလည္း အကုန္ျပန္လာၾက တာလို႔ ေျပာတယ္” ဟု စစ္ေရွာင္တစ္ဦး က ေျပာသည္။

အင္ဂ်န္းယန္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေလး႐ြာက စစ္ေရွာင္ ၂၀၀ နီးပါးမွာ ယမန္ေန႔ည ၁၀ ခြဲ အခ်ိန္ခန႔္ကစၿပီး ပလန ေက်း႐ြာအုပ္စုအတြင္းက ႀတီနတီႏွင့္ စိန႔္ဂ်ိဳးဇက္ စစ္ေရွာင္စခန္းမ်ားသို႔ ျပန္ေရာက္လာၾကျခင္းျဖစ္သည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားမွာ ၂၀၁၈ ခုႏွစ္ကတည္းက ၎တို႔ေဒသအတြင္းက တိုက္ပြဲမ်ားေၾကာင့္ ျမစ္ႀကီးနား ပလန ေက်း႐ြာအုပ္စုအတြင္းက စစ္ေဘးဒုကၡသည္ စခန္းႏွစ္ခုတြင္ ခိုလႈံခဲ့သူမ်ားျဖစ္သည္။ ထို႔ေနာက္ ၿပီးခဲ့ ၂၀၂၀ ခုႏွစ္က ျဖစ္ပြားလာသည့္ COVID-19 ကပ္ေရာဂါေၾကာင့္ ေနထိုင္လုပ္ကိုင္စားေသာက္ေရး အဆင္မေျပလာသည့္အတြက္ မိသားစု စားဝတ္ေနေရး အတြက္ ေနရပ္ျပန္ကာ ေတာင္ယာလုပ္ငန္းမ်ား သြားေရာက္ လုပ္ကိုင္ေနသူမ်ားျဖစ္သည္။

မတ္လ ၁၅ ရက္ေန႔ ညေနပိုင္းက စတင္ၿပီး ကခ်င္ျပည္နယ္ေျမာက္ပိုင္း ျမစ္ဆုံအထက္ဘက္၊ ဧရာဝတီျမစ္အေရွ႕ ဘက္ျခမ္းတြင္ KIA တပ္မဟာ (၁) တပ္ ရင္း ၄ ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏ ခလရ ၁၄၂ တပ္ရင္းတို႔ အၾကား တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္အတြက္ ထပ္မံစစ္ေရွာင္လာၾကသူမ်ား ျဖစ္ၾကသည္။

ယခုစစ္ေရွာင္လာၾကသူမ်ားထဲတြင္ ကေလးငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ လသားအ႐ြယ္ ကေလးငယ္မ်ားလည္း ပါဝင္သည္။