တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း CRPH ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်။

တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရား အသင်းမှ ပယ်ဖျက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန် ကြေညာ လိုက်သည်။

မတ်လ ၁၇ ရက်နေ့ (ယနေ့) တွင် CRPH က ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် “ပြည် ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ် သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက် ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အကြမ်းဖက်အဖွဲ့ အ ဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်” ဟု ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အစိုးရသက်တမ်းတွင် ၂၀၂၀ ခုနှစ် မတ်လကုန်ပိုင်းက ရက္ခိုင့်တပ် တော် ULA/AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းဟု ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များအားလုံးသည်လည်း မတရားအသင်းများ ဖြစ်ကြသည်ဟု ဆိုသည်။

ထိုကဲ့သို့ သတ်မှတ်ကြေညာခံထားရသည့် တော်လှန်ရေးအင်အားစုများအားလုံးကို CRPH က အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရား အသင်းမှ ပယ်ဖျက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်း ၁၇/၁ ဖြင့် ဖမ်းဆီးအရေးယူမှုကို ရှုတ်ချကြောင်း CRPH က ဆိုသည်။

CRPH က “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး အရေး ယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်းဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက် သည်” ဟု ပြောသည်။

CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချ မှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြု ပါ သည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့ လှုပ် ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတ ရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ်မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည် CRPH က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် နိုင် ငံရေး ရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ထုတ်ပြန် ကြေ ညာထားသည်။

*** ZAWGYI ***
တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားကို မတရားသင္းအျဖစ္မွ ပယ္ဖ်က္ေၾကာင္း CRPH ေၾကညာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၇ ရက္။

တိုင္းရင္းသား ေတာ္လွန္ေရး လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလုံးကို အၾကမ္းဖက္အဖြဲ႕အစည္းႏွင့္ မတရား အသင္းမွ ပယ္ဖ်က္ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က ထုတ္ျပန္ ေၾကညာ လိုက္သည္။

မတ္လ ၁၇ ရက္ေန႔ (ယေန႔) တြင္ CRPH က ထုတ္ျပန္ေၾကညာခဲ့ၿပီး ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ “ျပည္ ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္အတြင္း၌ အၾကမ္းဖက္အဖြဲ႕အျဖစ္ေသာ္လည္းေကာင္း၊ မတရားအသင္း အျဖစ္ ေသာ္လည္းေကာင္း ေၾကညာခံထားရသည့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေထာင္ေရးအတြက္ တိုက္ ပြဲဝင္ေနၾကေသာ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားအားလုံးကို အၾကမ္းဖက္အဖြဲ႕ အ ျဖစ္မွ ျဖစ္ေစ၊ မတရားအသင္းမွ ျဖစ္ေစ ပယ္ဖ်က္ေၾကာင္း ေၾကညာလိုက္သည္” ဟု ပါရွိသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ၏ အစိုးရသက္တမ္းတြင္ ၂၀၂၀ ခုႏွစ္ မတ္လကုန္ပိုင္းက ရကၡိဳင့္တပ္ ေတာ္ ULA/AA ကို အၾကမ္းဖက္အဖြဲ႕ႏွင့္ မတရားအသင္းဟု ထုတ္ျပန္ေၾကျငာခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ တစ္ ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္မေရးထိုးရေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားအားလုံးသည္လည္း မတရားအသင္းမ်ား ျဖစ္ၾကသည္ဟု ဆိုသည္။

ထိုကဲ့သို႔ သတ္မွတ္ေၾကညာခံထားရသည့္ ေတာ္လွန္ေရးအင္အားစုမ်ားအားလုံးကို CRPH က အၾကမ္းဖက္ အဖြဲ႕အစည္းႏွင့္ မတရား အသင္းမွ ပယ္ဖ်က္ေၾကာင္း ယေန႔ ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။

ထို႔အျပင္ ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ တိုက္ပြဲဝင္ေနသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို မတရားအသင္း ၁၇/၁ ျဖင့္ ဖမ္းဆီးအေရးယူမႈကို ရႈတ္ခ်ေၾကာင္း CRPH က ဆိုသည္။

CRPH က “အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ တိုက္ပြဲဝင္ႏိုင္ရန္ တိုင္းရင္းသား လက္နက္ ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေသာေၾကာင့္ ပုဒ္မ ၁၇ (၁) ျဖင့္ ဖမ္းဆီး အေရး ယူမႈ အားလုံးသည္ တရားဝင္မႈမရွိေၾကာင္း ႏွင့္ ၎ဖမ္းဆီးအေရးယူမႈအားလုံးကို ရႈံ႕ခ်ေၾကာင္း ေၾကညာလိုက္ သည္” ဟု ေျပာသည္။

CRPH အေနျဖင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီး တည္ေဆာက္ေရးအတြက္ ခိုင္မာေသာ သႏၷိ႒ာန္ခ် မွတ္ကာ ညီရင္း အစ္ကို၊ ေမာင္ရင္းႏွစ္မ စိတ္ထားမ်ားျဖင့္ အတူတကြ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားအားလုံးကို ေလးနက္စြာ မွတ္တမ္းတင္ ဂုဏ္ျပဳ ပါ သည္ ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ထို႔အျပင္ တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီ၏ မတရားေသာအမိန႔္အာဏာမ်ားကို ဖီဆန္သည့္ ျပည္သူ႔ လႈပ္ ရွားမႈ (Civil Disobedience Movement) တြင္ ပါဝင္ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အၾကမ္းဖက္စစ္ေကာင္စီ၏ မတ ရားမႈမ်ား၊ အၾကမ္းဖက္မႈမ်ားကို ဆန႔္က်င္တိုက္ပြဲဝင္ေနၾကေသာ ျပည္သူမ်ားကို ေစာင့္ေရွာက္ကာကြယ္မႈမ်ား ေဆာင္႐ြက္ေပးေနၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားအားလုံးကို အထူး ေက်းဇူးတင္ရွိပါသည္ CRPH က ဆိုသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ မတ္လ ၅ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH သည္ ႏိုင္ ငံေရး ရည္မွန္းခ်က္မ်ားျဖစ္ေသာ စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းေရး၊ သမၼတႀကီးဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားအားလုံး လြတ္ေျမာက္ေရး၊ ဒီမိုကေရစီရရွိေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းေရး ႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒေပၚေပါက္ေရး တို႔ကို လုပ္ေဆာင္သြားမည္ဟု ၎တို႔၏ ႏိုင္ငံေရး ရည္မွန္းခ်က္ကို ထုတ္ျပန္ ေၾက ညာထားသည္။