မော်လမြိုင်မှ တတိယမြောက် လူငယ်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် မော်လမြိုင်မြို့မှ အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး မတ်လ ၁၆ ရက်နေ့ (ယမန်နေ့) က သေဆုံးသွားသည်။

“မနေ့က ဆုံးသွားတာပါ။ ဒီနေ့ (မတ်လ ၁၇ ရက်) တော့ မော်လမြိုင်ကို ပြန်သယ်လာမယ်” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သေဆုံးသူ မောင်တောက်ထွန်း၏ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံမှ မတ်လ ၁၇ ရက်နေ့တွင် မော်လမြိုင်သို့ ပြန်လည်သယ် ဆောင်လာမည် ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့တွင် သဂြိုလ်မည် ဖြစ်သည်။

မောင်တောက်ထွန်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က မော်လမြိုင်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ပါဝင်ခဲ့ရာ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ က ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် လည်ပင်းကျည်ထိမှန်ပြီး ဆေးရုံတွင် ဆေးဝါးကုသမှု ခံနေရသူဖြစ်သည်။

ထိုနေ့က ဆန္ဒပြပွဲတွင် မောင်တောက်ထွန်းအပြင် အခြား ဦးခေါင်းကျည်ထိမှန်သူတစ်ဦး ရှိ ခဲ့သည်။

ဦးခေါင်းကျည်ထိသူ လူငယ်သည် ယင်းနေရာ၌ပင် သေဆုံးသွားခဲ့ပြီး လည်ပင်းထိမှန်ထားသည့် မောင်တောက် ထွန်းအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ခေါ်ဆောင်သွားပြီး မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံတွင် ထားရှိ ခဲ့သည်။

ထိုမှတဆင့် ရန်ကုန် မင်္ဂလာဒုံ ကုတင် ၅၀၀ စစ်ဆေးရုံသို့ ပြောင်းရွေ့ဆေးကုသခဲ့ရာ မတ်လ ၁၆ ရက်နေ့ နေ့ လည်ခန့် က သေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မတ်လ ၃ ရက်နေ့ကလည်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ စစ်တပ်နှင့် ရဲ တပ်ဖွဲ့များ ပစ်ခတ်ခြင်းကြောင့် ဘူမိဗေဒ တတိယနှစ် ကျောင်းသားတစ်ဦးလည်း သေဆုံးသွားခဲ့သည်။

ထိုကြောင့် မော်လမြိုင်မြို့တွင် မတ်လ ၁၇ ရက်နေ့အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးအထိရှိပြီ ဖြစ်သည်။

မော်လမြိုင်မြို့တွင် စစ်အာဏာဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဖြိုခွင်းရာတွင် ရာဘာကျည်များ၊ မျက်ရည်ယိုဗုံးများအပြင် ကျည်အစစ်များ အသုံးပြုကာ လိုက်လံဖြိုးခွင်းနေသည့်အတွက် လူ သေဆုံးမှုရှိလာသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူလည်း အများအပြားရှိ နေသည်။

ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသည့် ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက အမြဲစောင့်ကြည့်ကာ အကြမ်း ဖက် ဖြိုခွဲမှုများရှိနေသော်လည်း မော်လမြိုင်ပြည်သူများက ဆန္ဒပြမှုများကို နည်းမျိုးစုံဖြင့် ယနေ့အချိန်ထိ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များ၏ မတရား အကြမ်းဖက် ဖြိုခွင်းခံရ၍ ကျဆုံးသွားခဲ့သူ (၂၀၂) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
ေမာ္လၿမိဳင္မွ တတိယေျမာက္ လူငယ္ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၁၇ ရက္။

အာဏာသိမ္း စစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား ပစ္ခတ္မႈေၾကာင့္ လည္ပင္းက်ည္ထိမွန္ၿပီး ေဆး႐ုံတြင္ တက္ေရာက္ေဆးကုသေနသည့္ ေမာ္လၿမိဳင္ၿမိဳ႕မွ အသက္ ၂၁ ႏွစ္အ႐ြယ္ လူငယ္တစ္ဦး မတ္လ ၁၆ ရက္ေန႔ (ယမန္ေန႔) က ေသဆုံးသြားသည္။

“မေန႔က ဆုံးသြားတာပါ။ ဒီေန႔ (မတ္လ ၁၇ ရက္) ေတာ့ ေမာ္လၿမိဳင္ကို ျပန္သယ္လာမယ္” ဟု ေသဆုံးသူ၏ မိသားစုႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ေသဆုံးသူ ေမာင္ေတာက္ထြန္း၏ ႐ုပ္အေလာင္းကို မဂၤလာဒုံ စစ္ေဆး႐ုံမွ မတ္လ ၁၇ ရက္ေန႔တြင္ ေမာ္လၿမိဳင္သို႔ ျပန္လည္သယ္ ေဆာင္လာမည္ ျဖစ္ၿပီး မတ္လ ၁၈ ရက္ေန႔တြင္ သၿဂိဳလ္မည္ ျဖစ္သည္။

ေမာင္ေတာက္ထြန္းသည္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ေမာ္လၿမိဳင္ၿမိဳ႕ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပမႈတြင္ ပါဝင္ခဲ့ရာ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား က ပစ္ခတ္ၿဖိဳခြင္းခဲ့ျခင္းေၾကာင့္ လည္ပင္းက်ည္ထိမွန္ၿပီး ေဆး႐ုံတြင္ ေဆးဝါးကုသမႈ ခံေနရသူျဖစ္သည္။

ထိုေန႔က ဆႏၵျပပြဲတြင္ ေမာင္ေတာက္ထြန္းအျပင္ အျခား ဦးေခါင္းက်ည္ထိမွန္သူတစ္ဦး ရွိ ခဲ့သည္။
ဦးေခါင္းက်ည္ထိသူ လူငယ္သည္ ယင္းေနရာ၌ပင္ ေသဆုံးသြားခဲ့ၿပီး လည္ပင္းထိမွန္ထားသည့္ ေမာင္ေတာက္ ထြန္းအား စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က ေခၚေဆာင္သြားၿပီး ေမာ္လၿမိဳင္ ကုတင္ ၃၀၀ စစ္ေဆး႐ုံတြင္ ထားရွိ ခဲ့သည္။

ထိုမွတဆင့္ ရန္ကုန္ မဂၤလာဒုံ ကုတင္ ၅၀၀ စစ္ေဆး႐ုံသို႔ ေျပာင္းေ႐ြ႕ေဆးကုသခဲ့ရာ မတ္လ ၁၆ ရက္ေန႔ ေန႔ လည္ခန႔္ က ေသဆုံးသြားျခင္းျဖစ္သည္ဟု မိသားစုႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။

မတ္လ ၃ ရက္ေန႔ကလည္း အာဏာသိမ္းမႈကို ကန႔္ကြက္ဆႏၵျပေနၾကသည္ကို ထြက္ၾကည့္ရာမွ စစ္တပ္ႏွင့္ ရဲ တပ္ဖြဲ႕မ်ား ပစ္ခတ္ျခင္းေၾကာင့္ ဘူမိေဗဒ တတိယႏွစ္ ေက်ာင္းသားတစ္ဦးလည္း ေသဆုံးသြားခဲ့သည္။

ထိုေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ မတ္လ ၁၇ ရက္ေန႔အထိ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသူ ၃ ဦးအထိရွိၿပီ ျဖစ္သည္။

ေမာ္လၿမိဳင္ၿမိဳ႕တြင္ စစ္အာဏာဆန႔္က်င္ေရး ဆႏၵေဖာ္ထုတ္ေနသူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က ၿဖိဳခြင္းရာတြင္ ရာဘာက်ည္မ်ား၊ မ်က္ရည္ယိုဗုံးမ်ားအျပင္ က်ည္အစစ္မ်ား အသုံးျပဳကာ လိုက္လံၿဖိဳးခြင္းေနသည့္အတြက္ လူ ေသဆုံးမႈရွိလာသည့္အျပင္ ထိခိုက္ဒဏ္ရာရရွိသူႏွင့္ ဖမ္းဆီးခံရသူလည္း အမ်ားအျပားရွိ ေနသည္။

ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ေနၾကသည့္ ျပည္သူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ားက အၿမဲေစာင့္ၾကည့္ကာ အၾကမ္း ဖက္ ၿဖိဳခြဲမႈမ်ားရွိေနေသာ္လည္း ေမာ္လၿမိဳင္ျပည္သူမ်ားက ဆႏၵျပမႈမ်ားကို နည္းမ်ိဳးစုံျဖင့္ ယေန႔အခ်ိန္ထိ ဆက္လက္လုပ္ေဆာင္ေနၾကဆဲ ျဖစ္သည္။

အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွ မတ္လ ၁၆ ရက္ေန႔အထိ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ား၏ မတရား အၾကမ္းဖက္ ၿဖိဳခြင္းခံရ၍ က်ဆုံးသြားခဲ့သူ (၂၀၂) ဦးရွိၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP က ထုတ္ျပန္ထားသည္။