မတရားသင်းပယ်ဖျက်ခြင်းက အနာဂတ်ပြည်ထောင်စုအတွက် အလားအလာကောင်း ဖြစ်စေသည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က မတရားသင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းသည် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွက် အလားအလာကောင်းများ ဖြစ်စေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူအချို့က သုံးသပ်သည်။

အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်း ဥပဒေအဟန့်အတားများ မရှိတော့သည့်အတွက် တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေးအဖွဲ့များ၊ ပြည်သူများနှင့် CRPH တို့၏ ဖက်ဒရယ် တပ်မတော်နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆွေးနွေးမှုမှာ ပိုမိုအားကောင်း လွယ်ကူလာနိုင်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီ စင် တာ၏ Program Director နိုင်ဗညားမွန်က ပြောသည်။

“ယေဘုယျအနေနဲ့က ကျနော်မြင်တာက ဒါက အကောင်းဖက်ကို ဦးတည်နိုင်တဲ့ဦးတည်သွား တဲ့ ခြေလှမ်း တစ်ရပ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျနော်တို့ သွားတဲ့ ဖက်ဒရယ် ပြည်ထောင်စု အတွက်သော်လည်းကောင်း နောက်ထပ်ပြောဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည် ဆောက်ရေးအတွက် သူတို့ ဆွေးနွေးမှုတွေက အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က သူတို့ဆွေးနွေးမှု အပေါ်မှာ ဖြစ်ရှိနေတဲ့ ဥပဒေက အဲဒီပုံစံမျိုးကို ပယ်ဖျက်လိုက်တဲ့အခါကျတော့ ဆွေးနွေးမှုက ပိုပြီးတော့ လွယ်ကူ လိမ့် မယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျနော်အမြင်က ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ကျနော်ယူဆပါ တယ်” ဟု ပြောသည်။

မတ်လ ၁၇ ရက်နေ့ (ယမန်နေ့) က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို CRPH မှ အကြမ်းဖက်အဖွဲ့အစည်းနှင့် မတရားအသင်းများအဖြစ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာ လိုက် သည့်အပေါ် နိုင်ဗညားမွန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

CRPH ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း KIO ဗဟိုကော်မတီ၏ သဘောထားကို ကိုယ်စားပြု၍ ပြောဆိုခြင်းမျိုး မဟုတ်ပဲ ၎င်းတစ်ဦးတည်း၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

၎င်းက “ဖက်ဒရယ် ပြည်ထောင်စု ဖက်ဒရယ် Army တည်ဆောက်ဖို့ အားလုံးကလည်း ပြည်သူလူထုလက်မှာပဲ ရှိပါတယ်။ စည်းလုံးပြီးမှ အားလုံးပါဝင် ဆောင်ရွက်နေတဲ့ မူပိုင်းပေါ်လစီတွေ ချမှတ်ပြီးမှ အားလုံး တစ်ညီ တစ်ညွှတ်တည်း လုပ်ဆောင်လို့ရှိရင်တော့ ဖြစ်လာမှာပါ။ ဒါမှမဟုတ်လို့ရှိရင်တော့ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ တည်ဆောက်ဖို့ဟာလည်း အခက်အခဲတွေ အဟန့်အတားတွေတော့ အများကြီးရှိမှာ ပါ။ ကျနော်အဲလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

CRPH ၏ ထုတ်ပြန်ချက်ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးသည် တရားမဝင် အဖွဲ့အစည်းများမှ တရားဝင် အဖွဲ့အစည်းများ ဖြစ်လာသည့်အတွက် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ များ၏ ထိတွေ့ဆက်ဆံမှုမှာ ယခင်ကထက် ပို၍ နီးစပ်လာနိုင်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီ စင်တာ၏ Program Director က ဆိုသည်။

နိုင်ဗညားမွန်က “ဟိုအရင်က ချ မှတ်ထားတဲ့ ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူမှုကို တရားဝင်ဆက်ဆံမှု ရ သွားတဲ့ အနေအထားမျိုးကို ဖြစ်သွား တယ်ပေါ့။ ဒါက ပူးပေါင်းဆောင်ရွက်မှုက ကြားထဲမှာ ဖြစ်ရှိနေတဲ့ အဟန့် အတားတွေကို ပယ်ဖျက်သွားတဲ့ သဘောဖြစ်တဲ့အခါကျနော့် CRPH အနေနဲ့သော်လည်းကောင်း ပြည်သူအနေ နဲ့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ လွယ်ကူ လာလိမ့်မယ်။ ပိုပြီးတော့ နီးစပ်လာလိမ့်မယ် အဲဒီပုံစံမျိုး ကျနော်သုံးသပ်ရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ ခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို လုပ်ဆောင်သွားမည်ဟု ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို ထုတ်ပြန်ကြေ ညာထားသည်။

နိုင်ဗညားမွန်က “ကျနော်တို့က ဘုံလုပ်ငန်း စဉ်တွေ ဘယ်လိုချမှတ်မလဲ အဲဒါအပါ်မှာ မူတည်ပါလိမ့်မယ်။ CRPH ကတော့ သူလုပ်ဆောင်ရမယ့် လုပ်ငန်း တွေ သူလုပ်ဆောင်ပေးဖို့ လိုသလို တိုင်းရင်းသား ဖက်ကလည်း ပူး ပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်း တွေ ပါဝင်နိုင်မှသာလျှင် အခုန ကျနော်တို့ ပြောတဲ့ ဘုံရည်မှန်းချက်ကို ကျနော်တို့က အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။တစ်ဖက်တော့ ကျနော်တို့ တစ်ဖက်တည်းဖော်ဆောင် မယ် ဆိုတဲ့ဟာက ကျနော်ထင်တယ် အားလုံး ၂ ဖက်စလုံးပူးပေါင်းဆောင်ရွက်မှုက ပိုပြီး ထိရောက်မယ်လို့ အဲ လိုပဲ ကျနော်သုံးသပ်ချင်ပါတယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များသာ မက ဗမာတိုင်းရင်းသား လူမျိုးစုများပါ အာဏာရှင်ဖြုတ်ချရေးကို အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဆို ပါက ရည်မှန်းထားသည့် ပန်းတိုင်ကို ရောက်ရှိနိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ ကလည်း ၎င်း၏ အမြင်ကို ပြော သည်။

၎င်းက “ကျနော်တို့ တိုင်းရင်း သားတွေက လက်နက်ကိုင်ပြီးတော့ တော်လှန်တာ နှစ်ပေါင်း ခြောက်ဆယ် ခုနှစ် ဆယ်ရှိပါပြီ တစ်ချို့ ဗမာ ပြည်သူလူထုတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လက်နက်ကိုင်ပြီးမှ တော် လှန်တာကို နားမလည်တဲ့ဟာတွေလည်း အများကြီးရှိခဲ့ပါတယ်။ အခုလည်း ဆက်ပြီးတော့ ဗမာပြည်သူ လူထု တွေ ကိုယ်တိုင် အားလုံးပါဝင် လုပ်ဆောင်လို့ဆိုရင်တော့ ဒီစစ်အာဏာရှင် ဖြုတ်ချရေးကတော့ အောင်မြင်မှာပါ။ သူတို့မ ပါလို့ရှိရင်တော့ အာဏာရှင်ဖြုတ်ချရေးကတော့ အောင်မြင်မှာ မဟုတ်ဘူး ဆိုတော့ CRPH အနေနဲ့ လည်း မြန်မာနိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ပြည်သူလူထုအားလုံးကို ဦးဆောင်ပြီးမှ အားလုံး ပါဝင်နိုင်တဲ့ မူဝါဒတွေ ချမှတ်ပြီးမှ လှုပ်ရှားလို့ရှိရင်တော့ ဒါကတော့ တကယ် အောင်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်က အဲလိုပဲ သုံးသပ် ထားပါတယ်” ဟုပြောသည်။

CRPH ၏ မတ်လ ၁၇ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့် အတွက် တိုက်ပွဲဝင်နိုင်ရန် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်သောကြောင့် ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီး အရေးယူမှု အားလုံးသည် တရားဝင်မှုမရှိကြောင်း နှင့် ၎င်း ဖမ်းဆီးအရေးယူမှုအားလုံးကို ရှုံ့ချကြောင်း ကြေညာလိုက်သည် ဟု ဆိုသည်။
CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ခိုင်မာသော သန္နိဋ္ဌာန်ချ မှတ်ကာ ညီရင်း အစ်ကို၊ မောင်ရင်းနှစ်မ စိတ်ထားများဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြု ပါ သည် ဟု ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

ထို့အပြင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသောအမိန့်အာဏာများကို ဖီဆန်သည့် ပြည်သူ့ လှုပ် ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများ၊ အကြမ်းဖက်စစ်ကောင်စီ၏ မတ ရားမှုများ၊ အကြမ်းဖက်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေကြသော ပြည်သူများကို စောင့်ရှောက်ကာကွယ် မှုများ ဆောင်ရွက်ပေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါသည် CRPH က ပြောသည်။

*** ZAWGYI ***
မတရားသင္းပယ္ဖ်က္ျခင္းက အနာဂတ္ျပည္ေထာင္စုအတြက္ အလားအလာေကာင္း ျဖစ္ေစသည္

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၁၈ ရက္။

တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားကို ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က မတရားသင္းအျဖစ္မွ ပယ္ဖ်က္လိုက္ျခင္းသည္ အနာဂတ္ ဖက္ဒရယ္ ျပည္ေထာင္စုအတြက္ အလားအလာေကာင္းမ်ား ျဖစ္ေစသည္ဟု နိုင္ငံေရး ေလ့လာသုံးသပ္သူအခ်ိဳ႕က သုံးသပ္သည္။

အၾကမ္းဖက္အဖြဲ႔ႏွင့္ မတရားအသင္း ဥပေဒအဟန္႔အတားမ်ား မရွိေတာ့သည့္အတြက္ တိုင္းရင္းသားလက္နက္ ကိုင္ ေတာ္လွန္ေရးအဖြဲ႔မ်ား၊ ျပည္သူမ်ားႏွင့္ CRPH တို႔၏ ဖက္ဒရယ္ တပ္မေတာ္ႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ ေရး ေဆြးေႏြးမႈမွာ ပိုမိုအားေကာင္း လြယ္ကူလာႏိုင္သည္ဟု ဖက္ဒရယ္ေရးရာႏွင့္ ေပၚလစီ စင္ တာ၏ Program Director ႏိုင္ဗညားမြန္က ေျပာသည္။

“ေယဘုယ်အေနနဲ႔က က်ေနာ္ျမင္တာက ဒါက အေကာင္းဖက္ကို ဦးတည္ႏိုင္တဲ့ဦးတည္သြား တဲ့ ေျခလွမ္း တစ္ရပ္လို႔ က်ေနာ္တို႔ ေျပာလို႔ရတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ထပ္က်ေနာ္တို႔ သြားတဲ့ ဖက္ဒရယ္ ျပည္ေထာင္စု အတြက္ေသာ္လည္းေကာင္း ေနာက္ထပ္ေျပာဆိုေနတဲ့ ဖက္ဒရယ္တပ္မေတာ္ တည္ ေဆာက္ေရးအတြက္ သူတို႔ ေဆြးေႏြးမႈေတြက အခုထုတ္လိုက္တဲ့ ထုတ္ျပန္ခ်က္က သူတို႔ေဆြးေႏြးမႈ အေပၚမွာ ျဖစ္ရွိေနတဲ့ ဥပေဒက အဲဒီပံုစံမ်ိဳးကို ပယ္ဖ်က္လိုက္တဲ့အခါက်ေတာ့ ေဆြးေႏြးမႈက ပိုၿပီးေတာ့ လြယ္ကူ လိမ့္ မယ္။ ေနာက္ၿပီးေတာ့ ပိုၿပီးေတာ့ က်ေနာ္အျမင္က ပိုၿပီးေတာ့ အေထာက္အကူျဖစ္မယ္လို႔ က်ေနာ္ယူဆပါ တယ္” ဟု ေျပာသည္။

မတ္လ ၁၇ ရက္ေန႔ (ယမန္ေန႔) က တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားအားလံုးကို CRPH မွ အၾကမ္းဖက္အဖြဲ႔အစည္းႏွင့္ မတရားအသင္းမ်ားအျဖစ္မွ ပယ္ဖ်က္ေၾကာင္း ထုတ္ျပန္ေၾကညာ လိုက္ သည့္အေပၚ ႏိုင္ဗညားမြန္က ေျပာဆိုလိုက္ျခင္းျဖစ္သည္။

CRPH ၏ ထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ကခ်င္လြတ္လပ္ေရးအဖြဲ႔ KIO/KIA သတင္းႏွင့္ ျပန္ၾကားေရး တာ၀န္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူကလည္း KIO ဗဟိုေကာ္မတီ၏ သေဘာထားကို ကိုယ္စားျပဳ၍ ေျပာဆိုျခင္းမ်ိဳး မဟုတ္ပဲ ၎တစ္ဦးတည္း၏ အျမင္ကို ယခုကဲ့သို႔ ေျပာသည္။

၎က “ဖက္ဒရယ္ ျပည္ေထာင္စု ဖက္ဒရယ္ Army တည္ေဆာက္ဖို႔ အားလံုးကလည္း ျပည္သူလူထုလက္မွာပဲ ရွိပါတယ္။ စည္းလံုးၿပီးမွ အားလံုးပါ၀င္ ေဆာင္ရြက္ေနတဲ့ မူပိုင္းေပၚလစီေတြ ခ်မွတ္ၿပီးမွ အားလံုး တစ္ညီ တစ္ၫႊတ္တည္း လုပ္ေဆာင္လို႔ရွိရင္ေတာ့ ျဖစ္လာမွာပါ။ ဒါမွမဟုတ္လို႔ရွိရင္ေတာ့ ဖက္ဒရယ္ ျပည္ေထာင္စုတို႔ ဖက္ဒရယ္ တပ္မေတာ္တို႔ တည္ေဆာက္ဖို႔ဟာလည္း အခက္အခဲေတြ အဟန္႔အတားေတြေတာ့ အမ်ားႀကီးရွိမွာ ပါ။ က်ေနာ္အဲလိုပဲ သံုးသပ္ပါတယ္” ဟု ေျပာသည္။

CRPH ၏ ထုတ္ျပန္ခ်က္ေၾကာင့္ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားအားလံုးသည္ တရားမ၀င္ အဖြဲ႔အစည္းမ်ားမွ တရား၀င္ အဖြဲ႔အစည္းမ်ား ျဖစ္လာသည့္အတြက္ လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔အစည္းမ်ားႏွင့္ ျပည္သူ မ်ား၏ ထိေတြ႕ဆက္ဆံမႈမွာ ယခင္ကထက္ ပို၍ နီးစပ္လာႏိုင္သည္ဟု ဖက္ဒရယ္ေရးရာႏွင့္ ေပၚလစီ စင္တာ၏ Program Director က ဆိုသည္။

ႏိုင္ဗညားမြန္က “ဟိုအရင္က ခ် မွတ္ထားတဲ့ ပုဒ္မ ၁၇/၁ အရ ဖမ္းဆီးအေရးယူမႈကို တရား၀င္ဆက္ဆံမႈ ရ သြားတဲ့ အေနအထားမ်ိဳးကို ျဖစ္သြား တယ္ေပါ့။ ဒါက ပူးေပါင္းေဆာင္ရြက္မႈက ၾကားထဲမွာ ျဖစ္ရွိေနတဲ့ အဟန္႔ အတားေတြကို ပယ္ဖ်က္သြားတဲ့ သေဘာျဖစ္တဲ့အခါက်ေနာ့္ CRPH အေနနဲ႔ေသာ္လည္းေကာင္း ျပည္သူအေန နဲ႔ေရာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ ဆက္ဆံတဲ့အခါမွာ ပိုၿပီးေတာ့ လြယ္ကူ လာလိမ့္မယ္။ ပိုၿပီးေတာ့ နီးစပ္လာလိမ့္မယ္ အဲဒီပံုစံမ်ိဳး က်ေနာ္သံုးသပ္ရပါတယ္” ဟု ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္ မတ္လ ၅ ရက္ေန႔တြင္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH သည္ ႏိုင္ငံေရးရည္မွန္းခ်က္မ်ားျဖစ္ေသာ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းေရး၊ သမၼတႀကီးဦးဝင္းျမင့္ ႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံရသူမ်ားအားလုံး လြတ္ေျမာက္ေရး၊ ဒီမိုကေရစီရရွိေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းေရး ႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ဖြဲ႕စည္းပုံ ေျခခံဥပေဒေပၚေပါက္ေရး တို႔ကို လုပ္ေဆာင္သြားမည္ဟု ၎တို႔၏ ႏိုင္ငံေရး ရည္မွန္းခ်က္ကို ထုတ္ျပန္ေၾက ညာထားသည္။

ႏိုင္ဗညားမြန္က “က်ေနာ္တို႔က ဘံုလုပ္ငန္း စဥ္ေတြ ဘယ္လိုခ်မွတ္မလဲ အဲဒါအပၚမွာ မူတည္ပါလိမ့္မယ္။ CRPH ကေတာ့ သူလုပ္ေဆာင္ရမယ့္ လုပ္ငန္း ေတြ သူလုပ္ေဆာင္ေပးဖို႔ လိုသလို တိုင္းရင္းသား ဖက္ကလည္း ပူး ေပါင္းေဆာင္ရြက္ရမယ့္ လုပ္ငန္း ေတြ ပါ၀င္ႏိုင္မွသာလွ်င္ အခုန က်ေနာ္တို႔ ေျပာတဲ့ ဘံုရည္မွန္းခ်က္ကို က်ေနာ္တို႔က အေကာင္အ ထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။တစ္ဖက္ေတာ့ က်ေနာ္တို႔ တစ္ဖက္တည္းေဖာ္ေဆာင္ မယ္ ဆိုတဲ့ဟာက က်ေနာ္ထင္တယ္ အားလံုး ၂ ဖက္စလံုးပူးေပါင္းေဆာင္ရြက္မႈက ပိုၿပီး ထိေရာက္မယ္လို႔ အဲ လိုပဲ က်ေနာ္သံုးသပ္ခ်င္ပါတယ္” ဟု ေျပာသည္။

လက္ရွိျဖစ္ေပၚေနသည့္ ႏိုင္ငံေရး အခင္းအက်င္းတြင္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႔မ်ားသာ မက ဗမာတိုင္းရင္းသား လူမ်ိဳးစုမ်ားပါ အာဏာရွင္ျဖဳတ္ခ်ေရးကို အတူတကြ ပူးေပါင္းပါ၀င္ လုပ္ေဆာင္မည္ဆို ပါက ရည္မွန္းထားသည့္ ပန္းတိုင္ကို ေရာက္ရွိႏိုင္သည္ဟု ဗိုလ္မႉးႀကီးေနာ္ဘူ ကလည္း ၎၏ အျမင္ကို ေျပာ သည္။

၎က “က်ေနာ္တို႔ တိုင္းရင္း သားေတြက လက္နက္ကိုင္ၿပီးေတာ့ ေတာ္လွန္တာ ႏွစ္ေပါင္း ေျခာက္ဆယ္ ခုႏွစ္ ဆယ္ရွိပါၿပီ တစ္ခ်ိဳ႕ ဗမာ ျပည္သူလူထုေတြကေတာ့ က်ေနာ္တို႔ တိုင္းရင္းသားေတြ လက္နက္ကိုင္ၿပီးမွ ေတာ္ လွန္တာကို နားမလည္တဲ့ဟာေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။ အခုလည္း ဆက္ၿပီးေတာ့ ဗမာျပည္သူ လူထု ေတြ ကိုယ္တိုင္ အားလံုးပါ၀င္ လုပ္ေဆာင္လို႔ဆိုရင္ေတာ့ ဒီစစ္အာဏာရွင္ ျဖဳတ္ခ်ေရးကေတာ့ ေအာင္ျမင္မွာပါ။ သူတို႔မ ပါလို႔ရွိရင္ေတာ့ အာဏာရွင္ျဖဳတ္ခ်ေရးကေတာ့ ေအာင္ျမင္မွာ မဟုတ္ဘူး ဆိုေတာ့ CRPH အေနနဲ႔ လည္း ျမန္မာႏိုင္ငံ တစ္ခုလံုးမွာ ရွိတဲ့ ျပည္သူလူထုအားလံုးကို ဦးေဆာင္ၿပီးမွ အားလံုး ပါ၀င္ႏိုင္တဲ့ မူဝါဒေတြ ခ်မွတ္ၿပီးမွ လႈပ္ရွားလို႔ရွိရင္ေတာ့ ဒါကေတာ့ တကယ္ ေအာင္ႏိုင္မွာ ျဖစ္ပါတယ္။ က်ေနာ္က အဲလိုပဲ သံုးသပ္ ထားပါတယ္” ဟုေျပာသည္။

CRPH ၏ မတ္လ ၁၇ ရက္ေန႔ (ယမန္ေန႔) ထုတ္ျပန္ခ်က္ထဲတြင္ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္း ခြင့္ အတြက္ တိုက္ပြဲဝင္ႏိုင္ရန္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရး အဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ ေဆာင္႐ြက္ေသာေၾကာင့္ ပုဒ္မ ၁၇ (၁) ျဖင့္ ဖမ္းဆီး အေရးယူမႈ အားလုံးသည္ တရားဝင္မႈမရွိေၾကာင္း ႏွင့္ ၎ ဖမ္းဆီးအေရးယူမႈအားလုံးကို ရႈံ႕ခ်ေၾကာင္း ေၾကညာလိုက္သည္ ဟု ဆိုသည္။
CRPH အေနျဖင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီး တည္ေဆာက္ေရးအတြက္ ခိုင္မာေသာ သႏၷိ႒ာန္ခ် မွတ္ကာ ညီရင္း အစ္ကို၊ ေမာင္ရင္းႏွစ္မ စိတ္ထားမ်ားျဖင့္ အတူတကြ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားအားလုံးကို ေလးနက္စြာ မွတ္တမ္းတင္ ဂုဏ္ျပဳ ပါ သည္ ဟု ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။

ထို႔အျပင္ တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီ၏ မတရားေသာအမိန႔္အာဏာမ်ားကို ဖီဆန္သည့္ ျပည္သူ႔ လႈပ္ ရွားမႈ (Civil Disobedience Movement) တြင္ ပါဝင္ေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အၾကမ္းဖက္စစ္ေကာင္စီ၏ မတ ရားမႈမ်ား၊ အၾကမ္းဖက္မႈမ်ားကို ဆန႔္က်င္တိုက္ပြဲဝင္ေနၾကေသာ ျပည္သူမ်ားကို ေစာင့္ေရွာက္ကာကြယ္ မႈမ်ား ေဆာင္႐ြက္ေပးေနၾကသည့္ တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားအားလုံးကို အထူး ေက်းဇူးတင္ရွိပါသည္ CRPH က ေျပာသည္။