မတရားသင်းပယ်ဖျက်ခြင်းက အနာဂတ်ပြည်ထောင်စုအတွက် အလားအလာကောင်းဟု နိုင်ဗညားမွန်ပြော(အင်တာဗျူး)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား မတရားသင်းအဖြစ်မှ ပယ်ဖျက်လိုက်ခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွင် ယင်းအဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်မည်ဟု နိုင်ငံရေး လေ့ လာသုံးသပ်သူ အချို့က ဆိုသည်။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းကနေ မတ်လ ၁၇ ရက်နေ့ (ယမန်) နေ့က ပယ် ဖျက်လိုက်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

CRPH ၏ ထုတ်ပြန်ချက်ကြောင့် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု မည်ကဲ့သို့ အားကောင်းလာနိုင်ပါသလဲ၊ တိုင်းရင်းသားတွေ မျှော်မှန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ဖြစ်လာ နိုင်မည့် အလားအလာ ရှိပါလား၊ ထိုသို့ ဖြစ်လာနိုင်ရန် CRPH အနေဖြင့် ဘာတွေ လုပ်ဆောင်သင့်သလဲ စသည့် အကြောင်းအရာ သုံးသပ်ချက်များကို ဖက်ဒရယ်ရေးရာနှင့်မူဝါဒရေးရာ စင်တာ အစီအစဉ် ဒါရိုက်တာ နိုင်ဗညားမွန်ကို ဆက်သွယ်မေးမြန်းထားရာ မတရားသင်း ပယ်ဖျက်မှုအပေါ် သူ့သဘောထားကို ခုလို ပြောပြသည်။

နိုင်ဗညားမွန် – နံပါတ်တစ်အချက်ပေါ့နော CRPH ကနေ ဒီ အဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အဖွဲ့ကနေ ဖြစ် စေပေါ့ မတရားအသင်းအဖြစ်ကနေ ဖြစ်စေ သူက ပယ်ဖျက်လိုက်တဲ့ လုပ်ဆောင်မှုက ကျနော်အမြင်အ ရဆိုရင် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိရောက်တဲ့ ဆက်ဆံရေး ထိတွေ ဆက်ဆံမှုမှာ ပိုပြီး တော့ ဥပဒေအကြောင်းအရ တရားဝင်တယ် အဲလိုပဲ သုံးသပ်မိပါတယ်။

မေး – ဒီလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းနှင့် မတရားအသင်း က နေ ပယ်ဖျက်လိုက်တဲ့အတွက် CRPH နှင့် ပြည်သူတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ပူး ပေါင်း လုပ်ဆောင်မှုက ပိုပြီးတော့ အားကောင်းလာနိုင်လား။

နိုင်ဗညားမွန် – ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို မတရားအသင်းပဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့ဖြစ်ဖြစ် ပယ်ဖျက်တဲ့ ကြေညာတဲ့အပေါ်မှာကျတော့ ပြည်သူနဲ့သော်လည်းကောင်း CRPH နဲ့သော်လည်းကောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆက်ဆံတဲ့အခါမှာ ဟိုအရင်က ချ မှတ်ထားတဲ့ ပုဒ်မ ၁၇/၁ အရ ဖမ်းဆီးအရေးယူမှုကို တရားဝင်ဆက်ဆံမှု ရသွားတဲ့ အနေအထားမျိုးကို ဖြစ်သွား တယ်ပေါ့။ ဒါက ပူးပေါင်းဆောင်ရွက်မှုက ကြားထဲမှာ ဖြစ်ရှိနေတဲ့ အဟန့်အတားတွေကို ပယ်ဖျက်သွားတဲ့ သဘောဖြစ်တဲ့အခါကျနော့် CRPH အနေနဲ့သော်လည်းကောင်း ပြည်သူအနေနဲ့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပိုပြီးတော့ လွယ်ကူလာလိမ့်မယ်။ ပိုပြီးတော့ နီးစပ်လာလိမ့်မယ် အဲဒီပုံစံမျိုး ကျနော်သုံးသပ်ရပါတယ်။

မေး – CRPH ကနေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖွဲ့တို့ မတရား အသင်း တို့ကနေ ပယ်ဖျက်လိုက်ခြင်းက တိုင်းရင်းသားတွေ မျှော်မှန်းနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုတို့ ဖက်ဒရယ် တပ်မတော်တို့ ဆိုတဲ့ အနေအထားမျိုးအထိ ရောက်လာနိုင်သလား။
နိုင်ဗညားမွန် – ယေဘုယျအနေနဲ့က ကျနော်မြင်တာက ဒါက အကောင်းဖက်ကို ဦးတည်နိုင်တဲ့ ဦးတည်သွားတဲ့ ခြေလှမ်းတစ်ရပ်လို့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ထပ်ကျနော်တို့ သွားတဲ့ ဖက် ဒရယ် ပြည်ထောင်စု အတွက်သော်လည်းကောင်း နောက်ထပ်ပြောဆိုနေတဲ့ ဖက်ဒရယ်တပ်မတော် တည် ဆောက်ရေးအတွက် သူတို့ ဆွေးနွေးမှုတွေက အခုထုတ်လိုက်တဲ့ ထုတ်ပြန်ချက်က သူတို့ဆွေးနွေးမှု အပေါ်မှာ ဖြစ်ရှိနေတဲ့ ဥပဒေက အဲဒီပုံစံမျိုးကို ပယ်ဖျက်လိုက်တဲ့အခါကျတော့ ဆွေးနွေးမှုက ပိုပြီးတော့ လွယ်ကူ လိမ့် မယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျနော်အမြင်က ပိုပြီးတော့ အထောက်အကူဖြစ်မယ်လို့ ကျနော်ယူဆပါ တယ်။ ဆိုတော့ လာမယ့် ဒီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ထပ်တူပဲ နောက်ထပ် သူတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးမှု ရလဒ်အပေါ်မှာ ကျနော်တို့ မူတည်လိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

မေး – စစ်အာဏာရှင် အမြစ်ပြတ်အောင် လုပ်ဆောင်ဖို့အတွက် CRPH အနေနဲ့က တိုင်းရင်းသား အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ဘယ်အပိုင်းတွေကို အဓိကထား လုပ်ဆောင်ဖို့ လိုအပ်သလဲ။

နိုင်ဗညားမွန် – ကျနော်မြင်တာကတော့ ၂ ပိုင်းဖြစ်တယ်ပေါ့နော။ ၂ ပိုင်းဖြစ်တဲ့အပေါ်မှာကျတော့ အခု CRPH ရဲ့ ဒီ သွားချင်တဲ့ ဒီမိုကရေစီ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံအမတ်အားလုံး လွှတ် မြောက်ရေး ဒီမိုကရေစီ ရရှိရေးနဲ့ ၂၀၀၈ ဖျက်သိမ်းရေးပေါ့ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု အခြေခံ ဥပဒေပေါ်ပေါက်ရေး ရည်မှန်းချက်က တိုင်းရင်းသား လက်နက်ကိုင် အပါအဝင်ပေါ့ တိုင်းရင်းသား လူမျိုး အား လုံး တောင်းဆိုနေတဲ့ ဒီ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး ဖက်ဒရယ် ပြည်ထောင်စု ဥပ ဒေ ပေါ်ပေါက်ရေးတွေဟာ တိုင်းရင်းသား လူမျိုးများ တောင်းဆိုနေတဲ့ ဒီတောင်းဆိုချက်နဲ့ ကိုက်ညီတယ်။ ဒါက နံပါတ်တစ်အချက်ပေါ့လေ။ ဆိုတော့ ဒီအပေါ်မှာ အခြေပြုပြီးမှ ကျနော်တို့က ဘုံလုပ်ငန်း စဉ်တွေ ဘယ်လိုချ မှတ်မလဲ အဲဒါအပါ်မှာ မူတည်ပါလိမ့်မယ်။ CRPH ကတော့ သူလုပ်ဆောင်ရမယ့် လုပ်ငန်းတွေ သူလုပ်ဆောင် ပေးဖို့ လိုသလို တိုင်းရင်းသား ဖက်ကလည်း ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပါဝင်နိုင်မှသာလျှင် အခုန ကျနော်တို့ ပြောတဲ့ ဘုံရည်မှန်းချက်ကို ကျနော်တို့က အကောင်အ ထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။တစ်ဖက်တော့ ကျနော်တို့ တစ်ဖက်တည်းဖော်ဆောင်မယ် ဆိုတဲ့ဟာက ကျနော်ထင်တယ် အားလုံး ၂ ဖက် စလုံးပူးပေါင်းဆောင် ရွက်မှုက ပိုပြီး ထိရောက်မယ်လို့ အဲလိုပဲ ကျနော်သုံးသပ်ချင်ပါတယ်။

မေး – နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွတ်ပြောစရာရှိသေးသလဲ။

နိုင်ဗညားမွန် – တစ်အချက်ကတော့ ဝမ်းတော့ ဝမ်းသာပါတယ်။ ကြိုဆိုတယ်ပေါ့။ နောက်ဆက်လက် လုပ် ဆောင်ရမယ့် လုပ်ငန်းတွေက CRPH အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဥပဒေကြောင်းအရ ပြည်သူတွေ ရထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အပေါ်မှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဒီ နိုင်ငံရေး အနေနဲ့ သော်လည်းကောင်းနောက် ပြီးတော့ တိုင်းရင်းသားနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ ကျတော့ ဒီထက်ပိုမိုပြီးတော့ ပိုမိုတဲ့ ဆွေးနွေးမှု သဘော ထားရယူနိုင်ရေးက အမြန်ဆုံးပြုလုပ်နိုင်ပါစေလို့ ကျနော်အဲလိုပဲ ဆုတောင်းပါတယ်။ အမြန်ဆုံး လုပ်ပါလို့ ကျနော်အဲလိုပဲ တိုက်တွန်းချင်ပါတယ်။

*** zawgyi ***
မတရားသင္းပယ္ဖ်က္ျခင္းက အနာဂတ္ျပည္ေထာင္စုအတြက္ အလားအလာေကာင္းဟု နိုင္ဗညားမြန္ေျပာ(အင္တာဗ်ူး)

သတင္းနွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုနွစ္၊ မတ္လ ၁၈ ရက္။

တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအား မတရားသင္းအျဖစ္မွ ပယ္ဖ်က္လိုက္ျခင္းျဖင့္ အာဏာရွင္ဆန႔္က်င္ေရး တိုက္ပြဲတြင္ ယင္းအဖြဲ႕အစည္းမ်ား ပိုမိုပါဝင္လာႏိုင္မည္ဟု ႏိုင္ငံေရး ေလ့ လာသုံးသပ္သူ အခ်ိဳ႕က ဆိုသည္။

ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ အစည္းမ်ား အားလုံးကို အၾကမ္းဖက္အဖြဲ႕ႏွင့္ မတရားအသင္းကေန မတ္လ ၁၇ ရက္ေန႔ (ယမန္) ေန႔က ပယ္ ဖ်က္လိုက္ေၾကာင္း ထုတ္ျပန္ေျပာဆိုခဲ့သည္။

CRPH ၏ ထုတ္ျပန္ခ်က္ေၾကာင့္ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈ မည္ကဲ့သို႔ အားေကာင္းလာႏိုင္ပါသလဲ၊ တိုင္းရင္းသားေတြ ေမွ်ာ္မွန္းထားသည့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုႏွင့္ ဖက္ဒရယ္ တပ္မေတာ္ ျဖစ္လာ ႏိုင္မည့္ အလားအလာ ရွိပါလား၊ ထိုသို႔ ျဖစ္လာႏိုင္ရန္ CRPH အေနျဖင့္ ဘာေတြ လုပ္ေဆာင္သင့္သလဲ စသည့္ အေၾကာင္းအရာ သုံးသပ္ခ်က္မ်ားကို ဖက္ဒရယ္ေရးရာႏွင့္မူဝါဒေရးရာ စင္တာ အစီအစဥ္ ဒါ႐ိုက္တာ ႏိုင္ဗညားမြန္ကို ဆက္သြယ္ေမးျမန္းထားရာ မတရားသင္း ပယ္ဖ်က္မႈအေပၚ သူ႔သေဘာထားကို ခုလို ေျပာျပသည္။

ႏိုင္ဗညားမြန္ – နံပါတ္တစ္အခ်က္ေပါ့ေနာ CRPH ကေန ဒီ အဖြဲ႕အစည္းအားလုံးကို အၾကမ္းဖက္အဖြဲ႕ကေန ျဖစ္ ေစေပါ့ မတရားအသင္းအျဖစ္ကေန ျဖစ္ေစ သူက ပယ္ဖ်က္လိုက္တဲ့ လုပ္ေဆာင္မႈက က်ေနာ္အျမင္အ ရဆိုရင္ က်ေနာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ထိေရာက္တဲ့ ဆက္ဆံေရး ထိေတြ ဆက္ဆံမႈမွာ ပိုၿပီး ေတာ့ ဥပေဒအေၾကာင္းအရ တရားဝင္တယ္ အဲလိုပဲ သုံးသပ္မိပါတယ္။

ေမး – ဒီလို တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို အၾကမ္းဖက္ အဖြဲ႕အစည္းႏွင့္ မတရားအသင္း က ေန ပယ္ဖ်က္လိုက္တဲ့အတြက္ CRPH ႏွင့္ ျပည္သူေတြ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ပူး ေပါင္း လုပ္ေဆာင္မႈက ပိုၿပီးေတာ့ အားေကာင္းလာႏိုင္လား။

ႏိုင္ဗညားမြန္ – ဒါကေတာ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္း အားလုံးကို မတရားအသင္းပဲျဖစ္ျဖစ္ အၾကမ္းဖက္အဖြဲ႕ျဖစ္ျဖစ္ ပယ္ဖ်က္တဲ့ ေၾကညာတဲ့အေပၚမွာက်ေတာ့ ျပည္သူနဲ႔ေသာ္လည္းေကာင္း CRPH နဲ႔ေသာ္လည္းေကာင္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းနဲ႔ ဆက္ဆံတဲ့အခါမွာ ဟိုအရင္က ခ် မွတ္ထားတဲ့ ပုဒ္မ ၁၇/၁ အရ ဖမ္းဆီးအေရးယူမႈကို တရားဝင္ဆက္ဆံမႈ ရသြားတဲ့ အေနအထားမ်ိဳးကို ျဖစ္သြား တယ္ေပါ့။ ဒါက ပူးေပါင္းေဆာင္႐ြက္မႈက ၾကားထဲမွာ ျဖစ္ရွိေနတဲ့ အဟန႔္အတားေတြကို ပယ္ဖ်က္သြားတဲ့ သေဘာျဖစ္တဲ့အခါက်ေနာ့္ CRPH အေနနဲ႔ေသာ္လည္းေကာင္း ျပည္သူအေနနဲ႔ေရာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ဆက္ဆံတဲ့အခါမွာ ပိုၿပီးေတာ့ လြယ္ကူလာလိမ့္မယ္။ ပိုၿပီးေတာ့ နီးစပ္လာလိမ့္မယ္ အဲဒီပုံစံမ်ိဳး က်ေနာ္သုံးသပ္ရပါတယ္။

ေမး – CRPH ကေန တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြကို အၾကမ္းဖက္အဖြဲ႕တို႔ မတရား အသင္း တို႔ကေန ပယ္ဖ်က္လိုက္ျခင္းက တိုင္းရင္းသားေတြ ေမွ်ာ္မွန္းေနတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုတို႔ ဖက္ဒရယ္ တပ္မေတာ္တို႔ ဆိုတဲ့ အေနအထားမ်ိဳးအထိ ေရာက္လာႏိုင္သလား။
ႏိုင္ဗညားမြန္ – ေယဘုယ်အေနနဲ႔က က်ေနာ္ျမင္တာက ဒါက အေကာင္းဖက္ကို ဦးတည္ႏိုင္တဲ့ ဦးတည္သြားတဲ့ ေျခလွမ္းတစ္ရပ္လို႔ က်ေနာ္တို႔ ေျပာလို႔ရတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ထပ္က်ေနာ္တို႔ သြားတဲ့ ဖက္ ဒရယ္ ျပည္ေထာင္စု အတြက္ေသာ္လည္းေကာင္း ေနာက္ထပ္ေျပာဆိုေနတဲ့ ဖက္ဒရယ္တပ္မေတာ္ တည္ ေဆာက္ေရးအတြက္ သူတို႔ ေဆြးေႏြးမႈေတြက အခုထုတ္လိုက္တဲ့ ထုတ္ျပန္ခ်က္က သူတို႔ေဆြးေႏြးမႈ အေပၚမွာ ျဖစ္ရွိေနတဲ့ ဥပေဒက အဲဒီပုံစံမ်ိဳးကို ပယ္ဖ်က္လိုက္တဲ့အခါက်ေတာ့ ေဆြးေႏြးမႈက ပိုၿပီးေတာ့ လြယ္ကူ လိမ့္ မယ္။ ေနာက္ၿပီးေတာ့ ပိုၿပီးေတာ့ က်ေနာ္အျမင္က ပိုၿပီးေတာ့ အေထာက္အကူျဖစ္မယ္လို႔ က်ေနာ္ယူဆပါ တယ္။ ဆိုေတာ့ လာမယ့္ ဒီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးနဲ႔ ထပ္တူပဲ ေနာက္ထပ္ သူတို႔ရဲ႕ ပူးေပါင္း ေဆာင္႐ြက္မႈ ေဆြးေႏြးမႈ ရလဒ္အေပၚမွာ က်ေနာ္တို႔ မူတည္လိမ့္မယ္လို႔ က်ေနာ္တို႔ ျမင္ပါတယ္။

ေမး – စစ္အာဏာရွင္ အျမစ္ျပတ္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ CRPH အေနနဲ႔က တိုင္းရင္းသား အဖြဲ႕အစည္း ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္တဲ့အခါမွာ ဘယ္အပိုင္းေတြကို အဓိကထား လုပ္ေဆာင္ဖို႔ လိုအပ္သလဲ။

ႏိုင္ဗညားမြန္ – က်ေနာ္ျမင္တာကေတာ့ ၂ ပိုင္းျဖစ္တယ္ေပါ့ေနာ။ ၂ ပိုင္းျဖစ္တဲ့အေပၚမွာက်ေတာ့ အခု CRPH ရဲ႕ ဒီ သြားခ်င္တဲ့ ဒီမိုကေရစီ ေနာက္ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ထိန္းသိမ္းခံအမတ္အားလုံး လႊတ္ ေျမာက္ေရး ဒီမိုကေရစီ ရရွိေရးနဲ႔ ၂၀၀၈ ဖ်က္သိမ္းေရးေပါ့ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စု အေျခခံ ဥပေဒေပၚေပါက္ေရး ရည္မွန္းခ်က္က တိုင္းရင္းသား လက္နက္ကိုင္ အပါအဝင္ေပါ့ တိုင္းရင္းသား လူမ်ိဳး အား လုံး ေတာင္းဆိုေနတဲ့ ဒီ အထူးသျဖင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဖ်က္သိမ္းေရး ဖက္ဒရယ္ ျပည္ေထာင္စု ဥပ ေဒ ေပၚေပါက္ေရးေတြဟာ တိုင္းရင္းသား လူမ်ိဳးမ်ား ေတာင္းဆိုေနတဲ့ ဒီေတာင္းဆိုခ်က္နဲ႔ ကိုက္ညီတယ္။ ဒါက နံပါတ္တစ္အခ်က္ေပါ့ေလ။ ဆိုေတာ့ ဒီအေပၚမွာ အေျချပဳၿပီးမွ က်ေနာ္တို႔က ဘုံလုပ္ငန္း စဥ္ေတြ ဘယ္လိုခ် မွတ္မလဲ အဲဒါအပၚမွာ မူတည္ပါလိမ့္မယ္။ CRPH ကေတာ့ သူလုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြ သူလုပ္ေဆာင္ ေပးဖို႔ လိုသလို တိုင္းရင္းသား ဖက္ကလည္း ပူးေပါင္းေဆာင္႐ြက္ရမယ့္ လုပ္ငန္းေတြ ပါဝင္ႏိုင္မွသာလွ်င္ အခုန က်ေနာ္တို႔ ေျပာတဲ့ ဘုံရည္မွန္းခ်က္ကို က်ေနာ္တို႔က အေကာင္အ ထည္ေဖာ္ႏိုင္မွာ ျဖစ္ပါတယ္။တစ္ဖက္ေတာ့ က်ေနာ္တို႔ တစ္ဖက္တည္းေဖာ္ေဆာင္မယ္ ဆိုတဲ့ဟာက က်ေနာ္ထင္တယ္ အားလုံး ၂ ဖက္ စလုံးပူးေပါင္းေဆာင္ ႐ြက္မႈက ပိုၿပီး ထိေရာက္မယ္လို႔ အဲလိုပဲ က်ေနာ္သုံးသပ္ခ်င္ပါတယ္။

ေမး – ေနာက္ဆုံးအေနနဲ႔ ဘာမ်ား ျဖည့္စြတ္ေျပာစရာရွိေသးသလဲ။

ႏိုင္ဗညားမြန္ – တစ္အခ်က္ကေတာ့ ဝမ္းေတာ့ ဝမ္းသာပါတယ္။ ႀကိဳဆိုတယ္ေပါ့။ ေနာက္ဆက္လက္ လုပ္ ေဆာင္ရမယ့္ လုပ္ငန္းေတြက CRPH အေနနဲ႔ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရထားတဲ့ ဥပေဒေၾကာင္းအရ ျပည္သူေတြ ရထားတဲ့ အဖြဲ႕အစည္းျဖစ္တဲ့အေပၚမွာ အခုလက္ရွိျဖစ္ေပၚေနတဲ့ ဒီ ႏိုင္ငံေရး အေနနဲ႔ ေသာ္လည္းေကာင္းေနာက္ ၿပီးေတာ့ တိုင္းရင္းသားနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးမွာ က်ေတာ့ ဒီထက္ပိုမိုၿပီးေတာ့ ပိုမိုတဲ့ ေဆြးေႏြးမႈ သေဘာ ထားရယူႏိုင္ေရးက အျမန္ဆုံးျပဳလုပ္ႏိုင္ပါေစလို႔ က်ေနာ္အဲလိုပဲ ဆုေတာင္းပါတယ္။ အျမန္ဆုံး လုပ္ပါလို႔ က်ေနာ္အဲလိုပဲ တိုက္တြန္းခ်င္ပါတယ္။