တက္ကသိုလ်နှင့် ကျောင်းများတွင် တပ်စွဲခြင်းသည် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၀ ရက်။

စာသင်ကျောင်းနှင့် တက္ကသိုလ်များတွင် တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု Save the Children၊ ယူနက်စကိုနှင့် ယူနီဆက်တို့က မတ်လ ၁၉ ရက်နေ့တွင် ပူးတွဲထုတ်ပြန် ကြေညာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁၉ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် လုံခြုံရေး တပ်ဖွဲ့များသည် စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်တွင် တပ်စွဲထားကြောင်း သိရှိရသည် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့များက ပြောသည်။

မြစ်ကြီးနားရှိ ဇီးလွန် အထက ကျောင်းနှင့် တက္ကသိုလ်အတွင်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့သည့် ကိစ္စ နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “တက္ကသိုလ်ထဲကို ဝင်တုန်းကဆိုရင်လည်း ပြည်သူတွေက လက်မ ခံဘူး။ သူတို့က လုံခြုံရေးအရလို့ပြောတယ်။ ကျနော်တို့က သူတို့ဝင်တာနဲ့ကို လုံခြုံရေးက မရှိတော့တာ။ မြစ်ကြီးနား ပြည်သူ့ဆေးရုံထဲမှာလည်း ဝင်နေတယ်လေ။ နောက်တစ်ခါ ဇီးလွန်မှာရှိတဲ့ အထက ကျောင်း ထဲကိုလည်း သူတို့ဝင်သေးတယ်။ တစ်ညအိပ်တယ်။ ပြည်သူက အဲ့ဒီညဆို အိပ်လို့တောင် မရတော့ဘူး။ ကျ နော်တို့ကတော့ သူတို့ကို အဲ့လိုမျိုး ပြည်သူတွေနဲ့ဆိုင်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေမှာ လုံးဝ မနေစေ ချင် ဘူး။ နောက်ပြီး ဘဏ်တွေမှာနော် ဒီနေ့ထိ စောင့်တယ်” ဟု ပြောသည်။

မတ်လ ၆ ရက်နေ့က မြစ်ကြီးနား တက္ကသိုလ်ဝန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ် ဖွဲ့ဝင်များ ဝင်ရောက်လာခဲ့သည့်အတွက် ပြည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆို ပါ ဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသူ အနည်းဆုံး ၃ ဦးခန့် ရှိခဲ့သည်။

မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက် အစိုးရရုံးများတွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထား သည်သာမက၊ ဘဏ်များ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံများ၊ တက္ကသိုလ်တို့တွင် တပ်စွဲခဲ့ပြီး အခြေခံပညာ သင်ကြားရေးကျောင်းများတွင် ရံဖန်ရံခါ ဝင်ရောက်နေထိုင်ခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြော သည်။

Save the Children၊ ယူနက်စကိုနှင့် ယူနီ ဆက်တို့၏ ထုတ်ပြန်ထဲတွင် “နဂိုကတည်းကပင် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှု များကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမို ဆိုးရွားသွားစေမည်ဖြစ်သည်” ဟု ထည့် သွင်း ထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှစတင်၍ ယနေ့အချိန်ထိ ၎င်းတို့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြည် နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် တပ်စွဲထားသည်များ ရှိနေသည်။

ထို့ကြောင့် “လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှား ပေး ကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်” ဟု ထုတ်ပြန်တောင်းဆိုထားသည်။

ဖြစ်ရပ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အအုံ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ ဆရာမနှစ်ဦးအား ရိုက်နှက်ပြီး အခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု သိရှိရသည်။ ဆေးရုံများအပါအဝင် အခြားအများပြည်သူပိုင်အဆောက်အအုံများတွင်လည်း တပ်စွဲထားကြသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူညီစာချုပ် (CRC)၊ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အ ရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေနှင့် အမျိုးသားပညာရေး ဥပဒေတို့အရ ယခုလုပ်ရပ် များသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာ ရောက်သည့် အတွက် မည်သည့်အခြေအနေမျိုးတွင်မဆို ကျောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုဖို့ တောင်းဆိုထားသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများအားလုံးကို စောင့်ထိန်းလိုက်နာရမည့်ဝတ္တရားများကို လုံခြုံရေးတပ်ဖွဲ့များအားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်ရပြီး အမြင့်ဆုံး ကန့် သတ်ထိန်းချုပ်မှုကို ကျင့်သုံးရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများ၊ ကျောင်းသားများ နှင့် အခြားအများပြည်သူပိုင် အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ဝင်ရောက်နှောင့်ယှက်ခြင်း ပုံစံမျိုးစုံ ကို အဆုံးသတ်ရန် Save the Children၊ ယူနက်စကိုနှင့် ယူနီ ဆက်တို့က မတ်လ ၁၉ ရက်နေ့က ထုတ်ပြန် တောင်းဆို လိုက်သည်။

*** ZAWGYI ***
တကၠသိုလ္ႏွင့္ ေက်ာင္းမ်ားတြင္ တပ္စြဲျခင္းသည္ ကေလးသူငယ္ အခြင့္အေရး ခ်ိဳးေဖာက္ျခင္းျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၀ ရက္။

စာသင္ေက်ာင္းႏွင့္ တကၠသိုလ္မ်ားတြင္ တပ္စြဲထားျခင္းသည္ ကေလးသူငယ္အခြင့္အေရးကို ႀကီးေလးစြာ ခ်ိဳးေဖာက္ျခင္းျဖစ္သည္ဟု Save the Children၊ ယူနက္စကိုႏွင့္ ယူနီဆက္တို႔က မတ္လ ၁၉ ရက္ေန႔တြင္ ပူးတြဲထုတ္ျပန္ ေၾကညာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လ ၁၉ ရက္အထိ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၁၃ ခုတြင္ လုံၿခဳံေရး တပ္ဖြဲ႕မ်ားသည္ စာသင္ေက်ာင္းႏွင့္ တကၠသိုလ္ပရိဝုဏ္ ၆၀ေက်ာ္တြင္ တပ္စြဲထားေၾကာင္း သိရွိရသည္ ကုလသမဂၢဆိုင္ရာ အဖြဲ႕မ်ားက ေျပာသည္။

ျမစ္ႀကီးနားရွိ ဇီးလြန္ အထက ေက်ာင္းႏွင့္ တကၠသိုလ္အတြင္း စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား ဝင္ေရာက္ခဲ့သည့္ ကိစၥ ႏွင့္ ပတ္သက္၍ ေဒသခံတစ္ဦးက “တကၠသိုလ္ထဲကို ဝင္တုန္းကဆိုရင္လည္း ျပည္သူေတြက လက္မ ခံဘူး။ သူတို႔က လုံၿခဳံေရးအရလို႔ေျပာတယ္။ က်ေနာ္တို႔က သူတို႔ဝင္တာနဲ႔ကို လုံၿခဳံေရးက မရွိေတာ့တာ။ ျမစ္ႀကီးနား ျပည္သူ႔ေဆး႐ုံထဲမွာလည္း ဝင္ေနတယ္ေလ။ ေနာက္တစ္ခါ ဇီးလြန္မွာရွိတဲ့ အထက ေက်ာင္း ထဲကိုလည္း သူတို႔ဝင္ေသးတယ္။ တစ္ညအိပ္တယ္။ ျပည္သူက အဲ့ဒီညဆို အိပ္လို႔ေတာင္ မရေတာ့ဘူး။ က် ေနာ္တို႔ကေတာ့ သူတို႔ကို အဲ့လိုမ်ိဳး ျပည္သူေတြနဲ႔ဆိုင္တဲ့ ေက်ာင္းေတြ၊ ေဆး႐ုံေတြမွာ လုံးဝ မေနေစ ခ်င္ ဘူး။ ေနာက္ၿပီး ဘဏ္ေတြမွာေနာ္ ဒီေန႔ထိ ေစာင့္တယ္” ဟု ေျပာသည္။

မတ္လ ၆ ရက္ေန႔က ျမစ္ႀကီးနား တကၠသိုလ္ဝန္းအတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ ဖြဲ႕ဝင္မ်ား ဝင္ေရာက္လာခဲ့သည့္အတြက္ ျပည္သူမ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အဆို ပါ ျဖစ္စဥ္အတြင္း ဖမ္းဆီးခံခဲ့ရသူ အနည္းဆုံး ၃ ဦးခန႔္ ရွိခဲ့သည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ စစ္အာဏာသိမ္းၿပီးေနာက္ အစိုးရ႐ုံးမ်ားတြင္ အာဏာသိမ္းစစ္ေကာင္စီက တပ္စြဲထား သည္သာမက၊ ဘဏ္မ်ား၊ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ား၊ တကၠသိုလ္တို႔တြင္ တပ္စြဲခဲ့ၿပီး အေျခခံပညာ သင္ၾကားေရးေက်ာင္းမ်ားတြင္ ရံဖန္ရံခါ ဝင္ေရာက္ေနထိုင္ျခင္းမ်ား ရွိေနသည္ဟု ေဒသခံမ်ားက ေျပာ သည္။

Save the Children၊ ယူနက္စကိုႏွင့္ ယူနီ ဆက္တို႔၏ ထုတ္ျပန္ထဲတြင္ “နဂိုကတည္းကပင္ ကိုဗစ္ – ၁၉ ကပ္ေရာဂါႏွင့္ ေနရာအႏွံ႔ ေက်ာင္းမ်ားပိတ္ထားၾကရသည့္ အက်ိဳးဆက္ေၾကာင့္ ႀကီးမားလွေသာ ဖိစီးမႈ မ်ားႀကဳံေနၾကရသည့္ ျမန္မာႏိုင္ငံမွ ကေလးသူငယ္မ်ားႏွင့္ လူငယ္မ်ား ၁၂ သန္းနီးပါးအတြက္ ယင္းကဲ့သို႔ ကိစၥရပ္မ်ားသည္ သင္ယူေလ့လာေရး အၾကပ္အတည္းကို ပိုမို ဆိုး႐ြားသြားေစမည္ျဖစ္သည္” ဟု ထည့္ သြင္း ထုတ္ျပန္ထားသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္မွစတင္၍ ယေန႔အခ်ိန္ထိ ၎တို႔၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ျပည္ နယ္ႏွင့္ တိုင္းေဒသႀကီး အသီးသီးရွိ ေက်ာင္းမ်ား၊ တကၠသိုလ္မ်ားတြင္ တပ္စြဲထားသည္မ်ား ရွိေနသည္။

ထို႔ေၾကာင့္ “လုံၿခဳံေရးတပ္ဖြဲ႕မ်ားအား တပ္စြဲထားေသာ အေဆာက္အအုံဥပစာမ်ားမွ ခ်က္ခ်င္းဖယ္ရွား ေပး ၾကရန္ႏွင့္ ေက်ာင္းမ်ားႏွင့္ ပညာေရးအေဆာက္အအုံမ်ားကို စစ္တပ္ သို႔မဟုတ္ လုံၿခဳံေရး ဝန္ထမ္းမ်ားမွ အသုံးမျပဳၾကပါရန္ ကြၽႏ္ုပ္တို႔အေနျဖင့္ ေတာင္းဆိုလိုက္သည္” ဟု ထုတ္ျပန္ေတာင္းဆိုထားသည္။

ျဖစ္ရပ္တစ္ခုတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားသည္ အေဆာက္အအုံ ဥပစာမ်ားအတြင္း ဝင္ေရာက္ခ်ိန္တြင္ ဆရာ/ ဆရာမႏွစ္ဦးအား ႐ိုက္ႏွက္ၿပီး အျခားလူေပါင္းမ်ားစြာကို ထိခိုက္ဒဏ္ရာမ်ား ရရွိေစခဲ့သည္ဟု သိရွိရသည္။ ေဆး႐ုံမ်ားအပါအဝင္ အျခားအမ်ားျပည္သူပိုင္အေဆာက္အအုံမ်ားတြင္လည္း တပ္စြဲထားၾကသည္။

ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ သေဘာတူညီစာခ်ဳပ္ (CRC)၊ ျမန္မာႏိုင္ငံ ကေလးသူငယ္ အခြင့္အ ေရးမ်ားဆိုင္ရာ ဥပေဒႏွင့္ အမ်ိဳးသားပညာေရး ဥပေဒႏွင့္ အမ်ိဳးသားပညာေရး ဥပေဒတို႔အရ ယခုလုပ္ရပ္ မ်ားသည္ ကေလးသူငယ္မ်ား၏ အခြင့္အေရးမ်ားကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ရာ ေရာက္သည့္ အတြက္ မည္သည့္အေျခအေနမ်ိဳးတြင္မဆို ေက်ာင္းမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အသုံးမျပဳဖို႔ ေတာင္းဆိုထားသည္။

ျမန္မာႏိုင္ငံရွိ ကေလးသူငယ္မ်ားႏွင့္ လူငယ္မ်ား၏ အခြင့္အေရးမ်ားအားလုံးကို ေစာင့္ထိန္းလိုက္နာရမည့္ဝတၱရားမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕မ်ားအားလုံးက ေစာင့္ထိန္းလိုက္နာရန္ သတိေပးလိုက္ရၿပီး အျမင့္ဆုံး ကန႔္ သတ္ထိန္းခ်ဳပ္မႈကို က်င့္သုံးရန္ႏွင့္ ပညာေရးဆိုင္ရာ အေဆာက္အအုံမ်ား၊ ဝန္ထမ္းမ်ား၊ ေက်ာင္းသားမ်ား ႏွင့္ အျခားအမ်ားျပည္သူပိုင္ အေဆာက္အအုံမ်ားကို သိမ္းပိုက္ျခင္းႏွင့္ ဝင္ေရာက္ေႏွာင့္ယွက္ျခင္း ပုံစံမ်ိဳးစုံ ကို အဆုံးသတ္ရန္ Save the Children၊ ယူနက္စကိုႏွင့္ ယူနီ ဆက္တို႔က မတ္လ ၁၉ ရက္ေန႔က ထုတ္ျပန္ ေတာင္းဆို လိုက္သည္။